menu

Sunday 12 January 2014

ဖားကန့်မြို့နယ်တွင်း ပစ်ခတ်မှု အစိုးရတပ်သားများ သေဆုံး

ဖားကန့်မြို့နယ်တွင်း ပစ်ခတ်မှု အစိုးရတပ်သားများ သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ နန့်ယားကျေးရွာ အောင်သုခ ဘုန်းကြီးကျောင်းမှာ အနောက်မြောက်တိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ ခလရ ၁၄၀ တပ်စွဲထားချိန် မနေ့က  မနက် လင်းအားကြီးချိန်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံရွာသားတွေက RFA ကို ပြောပါတယ်။

အဲဒီ ပစ်ခတ်မှုကြောင့်  ဗိုလ်ကြီးအဆင့် တစ်ဦးနဲ့ တပ်သား ၅ ဦး စုစုပေါင်း ၆ ယောက် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရတပ်သား၃ ဦးကို မြစ်ကြီးနားမြို့ တပ်မတော်စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး နန့်ယားကျေးရွာသားတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

“မနေ့မနက်ပေါ့ဗျာ၊ ၃ နာရီနဲ့ ၃၂ မိနစ်လောက်မှာပေါ့ ဒီမှာသေနတ်သံတွေ ကြားရတယ်၊ ၄၊ ၅ ချက်ကြားပြီးမှ နောက်မှ မိုင်းသံလိုလို ဘာလိုလို လက်နက်ကြီးသံတွေ ကြားရတယ်၊ ၁ဝ မိနစ်နီးပါးလောက် ခဏကြာရပ်ပြီးမှ နောက်တစ်ကြိမ် ထပ်ပစ်တယ်ခင်ဗျ၊ အဲဒီမှာ တော်တော်လေးကြာတယ် ပစ်ကြတယ်”

အဲဒီ ပစ်ခတ်မှုဟာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ရင်း ၆ က ၀င်ရောက်ပစ်ခတ်တာလို့ ပြောဆိုနေကြတာရှိသလို ခလရ ၁၄၀ တပ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှုလို့လည်း ပြောနေကြပါတယ်။

မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က ဒါဟာအစိုးရတပ်မတော်သားတွေ အချင်းချင်း မှားယွင်းပစ်ခတ်မှုသာ ဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

“ကျနော်တို့ မနေ့က သေချာလူထုကိုလည်း မေးကြည့်တော့ အချင်းချင်း ပစ်ကြခတ်ကြတဲ့ သဘောတော့ရှိပါတယ်၊ ကျနော်တို့လည်း ကေအိုင်အိုကိုလည်း စုံစမ်း၊ ပြည်သူလူထုကိုလည်း စုံစမ်းပြီးပါပြီ၊ အဲဒီလမ်းကလည်း ကေအိုင်အိုဘက်က လုံးလုံးမရှိဘူးလို့ပြောတယ်၊ ကေအိုင်အိုနဲ့ တော်တော်ဝေးတဲ့နေရာဖြစ်တယ်လေ၊ စခန်းထဲမှာလည်း ကေအိုင်အိုက ဝင်စရာအကြောင်း မရှိဘူး”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ်ထံ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်မရခဲ့ပါဘူး။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ နန့်ယားကျေးရွာ အောင်သုခ ဘုန်းကြီးကျောင်းမှာ အနောက်မြောက်တိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ ခလရ ၁၄၀ တပ်စွဲထားချိန် မနေ့က မနက် လင်းအားကြီးချိန်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံရွာသားတွေက RFA ကို ပြောပါတယ်။

အဲဒီ ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးအဆင့် တစ်ဦးနဲ့ တပ်သား ၅ ဦး စုစုပေါင်း ၆ ယောက် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရတပ်သား၃ ဦးကို မြစ်ကြီးနားမြို့ တပ်မတော်စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး နန့်ယားကျေးရွာသားတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

“မနေ့မနက်ပေါ့ဗျာ၊ ၃ နာရီနဲ့ ၃၂ မိနစ်လောက်မှာပေါ့ ဒီမှာသေနတ်သံတွေ ကြားရတယ်၊ ၄၊ ၅ ချက်ကြားပြီးမှ နောက်မှ မိုင်းသံလိုလို ဘာလိုလို လက်နက်ကြီးသံတွေ ကြားရတယ်၊ ၁ဝ မိနစ်နီးပါးလောက် ခဏကြာရပ်ပြီးမှ နောက်တစ်ကြိမ် ထပ်ပစ်တယ်ခင်ဗျ၊ အဲဒီမှာ တော်တော်လေးကြာတယ် ပစ်ကြတယ်”

အသစ်စက်စက် ထာဝရ.....(ဂျူး)



မင်းထွက်ခွာသွားချိန်တုန်းက အိမ်ရှေ့မှာ လေးနာရီပန်းတွေပွင့်နေခဲ့သည်။မင်းစိုက်ပျိုးခဲ့သည့် ပန်းပင်တွေပါပဲ။
ညနေခင်း။

တိမ်နီရောင်ဖြင့် ကောင်းကင်တစ်ခွင်မှာ လိမ္မော်ရောင်တောက်ပနေခဲ့သည်။သစ်ရွက်တွေရော တိမ်တွေရော  မေလ၏ မိုးစက်မိုးပေါက်များကို တမ်းတနေခဲ့ချိန်။

မင်းဘယ်တော့မှ ပြန်ရောက်မည်ဟုမသိနိုင်ပါ။ ပြန်လာချင်မှလည်း လာတော့မည်။စောင့်မနေတော့ဘူးဟု ကိုယ်မှာလိုက်သော်လည်း မင်းမသိအောင် မင်းကို စောင့်နေခဲ့မိသည်။

 ဘယ်အချိန်ပွင့်လာမည်မှန်းမသိနိုင်သော ပိတ်ထားသည့် တံခါးတစ်ချက်ကို ငေးမောကြည့်နေသလို၊ ညိုးရော်လို့ ငုံသွားသော ပန်းတစ်ပွင့်ကို ရေထဲမှာစိမ်ပြီး ပြန်ပွင့်လန်းလာလေနိုးနဲ့ မျှော်လင့်တကြီး စောင့်နေသလို။
ငြိမ်ငြိမ်သက်သက် တိတ်တိတ်ဆိတ်ဆိတ်။

ဝေးပြီဆိုမှတော့ တိတ်ဆိတ်စွာ ဝေးကွာခဲ့ရတာ ကောင်းပါသည်။

ကိုယ်က ညမှောင်မှောင်မှာ မျက်နှာကို ကောင်းကင်ဆီမော့လျက် ကြယ်တွေကိုရေတွက်ဖို့ နှစ်သက်သည်။ မင်းက နံနက်ခင်း ဆန်းစနေခြည်အောက်မှာ နှင်းမှုန်တွေနောက် ပြေးလိုက်ဖို့ နှစ်သက်သည်။
မတူခြားနားမှုတိုင်းသည် စိတ်ပျက်စရာ စိတ်ရှုပ်ထွေးစရာမဟုတ်။ တူညီမှုတိုင်းသည်လည်း ပျော်ရွှင်ချမ်းမြေ့စရာမဟုတ်။
အခုကိုပဲကြည့်။ကိုယ်တို့ဖောက်ခဲ့ကြသည့်လမ်းက အတော်လေးပီပြင်လာခဲ့ပြီ။
ကိုယ့်အသက် ဆယ့်ရှစ်နှစ်အရွယ်၊တောင်တန်းတစ်ခု၏ အရိပ်အောက်မှာ ညချမ်းညိုသည်အထိ ကိုယ်မတ်တပ်ရပ်နေခဲ့ချိန်တုန်းက နှစ်ပေါင်းများစွာအဝေးမှာ မင်းရှိနေလိမ်မည်ဟု နည်းနည်းမျှပင် စိတ်ကူးယဉ်မကြည့်ခဲ့မိပါ။

ရေဗက္ကာဝင်းပြောတဲ့ မြန်မာပြည်က လိင်ခွဲခြားမှု

ရေဗက္ကာဝင်းပြောတဲ့ မြန်မာပြည်က လိင်ခွဲခြားမှု
Sunday, January 12, 2014

မြန်မာနိုင်ငံတွင် အမျိုးသားနှင့် အမျိုး သမီး ခွဲခြားမှု သိပ်မရှိဟု ထင်ရသည့် အနေ အထား ရှိကြောင်း ရေဗက္ကဝင်းက ပြောသည်။

”အမျိုးသမီးငယ်တွေ မှာလည်း ပညာသင် ခွင့်ရတယ်။ အလုပ်အကိုင် အခွင့်အလမ်း လည်း ရလာကြတယ်။ နေရာ တော်တော်များ များမှာ ကြည့်လိုက်ရင် ဒေါက်တာဘွဲ့၊ မာစတာ ဘွဲ့ တို့မှာ အမျိုးသမီးတွေ ရတာများတယ်။ အလုပ်အကိုင် ခွင့်လမ်းလည်း အမျိုးသမီးတွေ ပိုများလာကြပါတယ်” ဟု ရေဗက္ကဝင်း က ပြော သည်။

”အမျိုးသမီးတွေကို ဘာမှ လုပ်မပေးနိုင် ရင်တောင် စာနာနှစ်သိမ့်ပေးချင်တဲ့ စိတ်၊ ဖေးမ ကူညီပေးချင်တဲ့ စိတ်ကြောင့် အမျိုးသမီး ဖိုရမ်မှာ အမျိုးသမီး သံတမန် အဖြစ် ပါဝင်တာ ပါ” ဟု ရေဗက္ကဝင်း က ပြောသည်။

ရေဗက္ကာဝင်းကို ပထမ အကြိမ် အမျိုးသမီး ဖိုရမ်မှ (အထက်မြန်မာပြည်) အမျိုးသမီး သံတမန် အဖြစ် ”အမျိုးသမီး များ၏ အရေးကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားရန်နှင့် အမျိုးသမီး များ၏ အခွင့်အရေးကို မြှင့်တင်ရန်၊ ကာကွယ် စောင့်ရှောက်ရန်၊ ပြည်သူ များထံ သတင်းစကား ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ပြီး ခန့်အပ် ထားကြောင်း သိရသည်။

”တကယ်တမ်း ကြည့်လိုက်ရင် အမျိုးသမီး တွေဟာ တန်းတူ အခွင့်အရေး မရကြဘူး။ ရချင်ကြတယ်။ အဲဒီမေးခွန်းက ဘာဖြစ်လို့ ဖြစ်လာရလဲ ဆိုတော့ ဥပမာ အမျိုးသမီး တစ် ယောက်မွေးလာရင် ယောက်ျားလေးနှင့် မိန်းကလေး ခွဲခြားတဲ့ စိတ်ရှိသလိုမျိုး မိန်းကလေး ကလည်း ငါ မိန်းကလေးပဲ။ ယောက်ျားလေး တွေကတော့ ငါယောက်ျား ပဲဆိုတဲ့ စိတ်တွေ ရှိကြတယ်။ ညီအစ်ကို မောင်နှမ ပတ်ဝန်းကျင် အသိုင်းအဝိုင်း က ယောက်ျားလေးတွေ ဆိုရင် ပိုပြီး အလေးပေးထားတာ ငယ်စဉ်ကလေး ကတည်း ကပဲ။ မိန်းကလေး ယောက်ျားလေး မွေးလာခါစ ကတည်းက ခွဲခြား ဆက်ဆံ ခံရရင် ကြီးလာရင်လည်း အဲဒီစိတ်က ကြီးစိုးနေ မှာဖြစ်တယ်”ဟု ၄င်းက ပြောသည်။

”အမျိုးသမီးတွ မှာလည်း နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေမှာ နေရာရ ကြပါတယ်။ နိုင်ငံရေး နယ်ပယ်ဘက် ပြောရင် အမျိုးသား၊ အမျိုးသမီး ပဲဖြစ်ဖြစ် ပါတီ ဝင်တွေရဲ့ ယုံကြည် အားကိုးမှု၊ ပြည်သူ လူထုတွေရဲ့ အားကိုးယုံကြည်မှုကို ရရှိဖို့ အတွက် အမျိုးသမီး တစ်ယောက်ထက် အမျိုးသား တစ်ယောက်က ယုံကြည် အားကိုးမှု ရဖို့က ရာခိုင်နှုန်း များတာပေါ့။ သူက ယောက်ျား ဆိုတော့ ဦးဆောင်နိုင်တယ်လေ။ အမျိုးသမီးတွေ အတွက် ပတ်ဝန်းကျင်၊ ကျောင်း၊ မိဘ၊ ဆွေမျိုး အသိုင်း အဝိုင်းတွေ က ဝိုင်းဝန်း ဆောင် ရွက်မှသာလျှင် အမျိုးသမီး တွေက ပိုပြီးယုံကြည်မှု ရလာ မှာ ဖြစ်တယ်” ၄င်းက ဆို သည်။

ထူးထူး

Popular Myanmar

Sunday, January 12, 2014

မြန်မာနိုင်ငံတွင် အမျိုးသားနှင့် အမျိုး သမီး ခွဲခြားမှု သိပ်မရှိဟု ထင်ရသည့် အနေ အထား ရှိကြောင်း ရေဗက္ကဝင်းက ပြောသည်။

”အမျိုးသမီးငယ်တွေ မှာလည်း ပညာသင် ခွင့်ရတယ်။ အလုပ်အကိုင် အခွင့်အလမ်း လည်း ရလာကြတယ်။ နေရာ တော်တော်များ များမှာ ကြည့်လိုက်ရင် ဒေါက်တာဘွဲ့၊ မာစတာ ဘွဲ့ တို့မှာ အမျိုးသမီးတွေ ရတာများတယ်။ အလုပ်အကိုင် ခွင့်လမ်းလည်း အမျိုးသမီးတွေ ပိုများလာကြပါတယ်” ဟု ရေဗက္ကဝင်း က ပြော သည်။

”အမျိုးသမီးတွေကို ဘာမှ လုပ်မပေးနိုင် ရင်တောင် စာနာနှစ်သိမ့်ပေးချင်တဲ့ စိတ်၊ ဖေးမ ကူညီပေးချင်တဲ့ စိတ်ကြောင့် အမျိုးသမီး ဖိုရမ်မှာ အမျိုးသမီး သံတမန် အဖြစ် ပါဝင်တာ ပါ” ဟု ရေဗက္ကဝင်း က ပြောသည်။

ရေဗက္ကာဝင်းကို ပထမ အကြိမ် အမျိုးသမီး ဖိုရမ်မှ (အထက်မြန်မာပြည်) အမျိုးသမီး သံတမန် အဖြစ် ”အမျိုးသမီး များ၏ အရေးကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားရန်နှင့် အမျိုးသမီး များ၏ အခွင့်အရေးကို မြှင့်တင်ရန်၊ ကာကွယ် စောင့်ရှောက်ရန်၊ ပြည်သူ များထံ သတင်းစကား ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ပြီး ခန့်အပ် ထားကြောင်း သိရသည်။

ရှပ်နီများက ဘန်ကောက်မြို့ ပြန်လည်သိမ်းပိုက်ရေး လှုပ်ရှား

ရှပ်နီများက ဘန်ကောက်မြို့ ပြန်လည်သိမ်းပိုက်ရေး လှုပ်ရှား
*********************************
   တနင်္လာနေ့တွင် ဘန်ကောက်မြို့ကို သိမ်းပိုက်ရန် လှုပ်ရှားနေ ကြသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ဆန့်ကျင်မှုအ စအဖြစ် နိုင်ငံအတွင်းရှိ နေရာ အများအပြားတွင် ထိုင်းအစိုးရ ထောက်ခံသော ရှပ်နီအဖွဲ့အ တိုက်အခံများ စုရုံးကြမည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

ဖြူထိုင်းပါတီဝင်ဟောင်း ဗိုရာချိုင်ဟီမာသည် တနင်္ဂနွေ နေ့တွင် ဒေသဆိုင်ရာခန်းမ၌ လူစုရုံးရန် ဆင်ခြေဖုံးဒေသဖြစ် သော ဆာမက်ပရာခန်ပြည်နယ် ရှိ လူများကို ဦးဆောင်မည်ဟု ပြောခဲ့သည်။ ဟာသလူရွှင်တော်အဖြစ် လူ သိများသော ဂျန်ဒေါရှစ်ခေါ် ရိုဝါရစ်ချက်လွမ်နှင့် အန်နဝတ် သင်ရက်တို့သည် ခန်းမနှင့်ဈေး သို့ မချီတက်မီ ခွန်သာဘူရီရှိ Thaicom ဂြိုဟ်တုစခန်းတွင်စု ရုံးရန် တခြားသော အစိုးရ ထောက်ခံသည့်အဖွဲ့ကို ဦးဆောင် မည်ဖြစ်ကြောင်း သိရသည်။

Prachuab Ramsoi ဦး ဆောင်သော တခြားရှပ်နီအဖွဲ့ သည် ဘန်ကောက်မြို့၏ ဆင် ခြေဖုံးဒေသဖြစ်သော ပသမ် သန်နီပြည်နယ်တွင် စုရုံးကြမည် ဖြစ်သည်။ ဖြူထိုင်းပါတီဝင် ဟောင်းဗိုရာချိုင်၏ ပြောကြား ချက်အရ ရှပ်နီအဖွဲ့ဝင်များသည် တနင်္လာနေ့တွင် နိုင်ငံတစ်ဝန်း ကို သိမ်းပိုက်မည်ဖြစ်ပြီး ဘန် ကောက်တွင် တက်ကြလှုပ်ရှား သူများမရှိချိန် အဓိကပြည်နယ် လေးခုဖြစ်သော Chiang Mai, Ubon Ratchthani, khon kaen နှင့် Ayutthaya တို့ကို ပြန်လည်သိမ်းပိုက်သွားမည်ဟု သိရသည်။

ဆူသတ် ဦးဆောင်သော ပြည်သူ့ဒီမိုကရက်တစ် ပြန်လည် တည်ဆောက်ရေးကော်မတီ (PDRC)၏ အစိုးရဆန့်ကျင် ရေးလှုပ်ရှားမှုသည် ပြည်သူများ ၏ နေ့စဉ်ဘဝကို အကျိုးသက် ရောက်စေမည်ဖြစ်ကြောင်း ဗို ရာချိုင်ကပြောခဲ့သည်။

Ref: Xinhua
Yangon Media Group..

တနင်္လာနေ့တွင် ဘန်ကောက်မြို့ကို သိမ်းပိုက်ရန် လှုပ်ရှားနေ ကြသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ဆန့်ကျင်မှုအ စအဖြစ် နိုင်ငံအတွင်းရှိ နေရာ အများအပြားတွင် ထိုင်းအစိုးရ ထောက်ခံသော ရှပ်နီအဖွဲ့အ တိုက်အခံများ စုရုံးကြမည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

ဖြူထိုင်းပါတီဝင်ဟောင်း ဗိုရာချိုင်ဟီမာသည် တနင်္ဂနွေ နေ့တွင် ဒေသဆိုင်ရာခန်းမ၌ လူစုရုံးရန် ဆင်ခြေဖုံးဒေသဖြစ် သော ဆာမက်ပရာခန်ပြည်နယ် ရှိ လူများကို ဦးဆောင်မည်ဟု ပြောခဲ့သည်။ ဟာသလူရွှင်တော်အဖြစ် လူ သိများသော ဂျန်ဒေါရှစ်ခေါ် ရိုဝါရစ်ချက်လွမ်နှင့် အန်နဝတ် သင်ရက်တို့သည် ခန်းမနှင့်ဈေး သို့ မချီတက်မီ ခွန်သာဘူရီရှိ Thaicom ဂြိုဟ်တုစခန်းတွင်စု ရုံးရန် တခြားသော အစိုးရ ထောက်ခံသည့်အဖွဲ့ကို ဦးဆောင် မည်ဖြစ်ကြောင်း သိရသည်။

အလှကြိုက်သူ မိန်းကလေးများနှင့် ခြေစွယ်ငုပ်ခြင်း အကြောင်း

Photo: အလှကြိုက်သူ မိန်းကလေးများနှင့် ခြေစွယ်ငုပ်ခြင်း အကြောင်း

မေး။   ။ ဒေါက်တာရှင့် သမီးဟာ မိန်းကလေးဖြစ်ပြီး ခြေထောက်မလှ ဖြစ်နေပါတယ်။ ခြေမမှာ ခြေစွယ် မကြာခဏ ငုပ်ပါတယ်။ ငုပ်ရင်လည်း ဒေါက်ဖိနပ် မစီးနိုင်အောင်ကို နာနေပါတယ် ဆရာ။

တစ်ခါတလေဆို ပြည်ပါတည် တတ်လို့ စိတ်ညစ်ရပါတယ်။ ခြေစွယ်မငုပ်အောင် ဆိုင်သွားပြီး Nail Health လုပ်လည်း ခဏပဲခံတယ် ဆရာရယ်။ သမီးဘယ်လို လုပ်ရမလဲ။ ကူညီ ဖြေကြားပေးပါ။

မီးမီးချော(အမရပူရ)

ဖြေ။ ။ အမရပူရက သမီးချောက အလှကြိုက်ပါလျက် ခြေစွယ်ငုပ်ရလို့ စိတ်ညစ် နေရပါသတဲ့။ ဟုတ်ကဲ့ပါ၊ သမီးလို အလှကြိုက်လျက် ခြေမကဖျက် နေတဲ့ အလှကြိုက် သူလေးတွေ သိဖို့ ခြေစွယ်ငုပ်ခြင်း အကြောင်း ဆရာရှင်း ပြလိုပါတယ်။

ခြေစွယ်ငုပ်တယ် ဆိုတာက ခြေသည်းညှပ်စဉ်က ကျန်ခဲ့တဲ့ ခြေစွယ်က အသားထဲ တိုးဝင်ရာက ခြေစွယ်ဝန်းကျင်မှာ အနာဖြစ်လာတာပါ။ အဲဒီအနာက ပြည်ပါ လိုက်လာပြီး ပို၍ ဆိုးဝါးစေပါ တယ်။ ခြေသည်းညှပ်ရာမှာ ခြေစွယ်ကျန်ခြင်းနဲ့ ရှူးဖိနပ်ကျပ်ကျပ် စီးခြင်းတို့ဟာ ခြေချောင်းများကို စုညှစ်သလို ဖြစ်နေတာကြောင့် ခြေစွယ် ငုပ်တတ်ပါတယ်။

ကဲ ခြေစွယ် ငုပ်လာပြီဆိုပါစို့။ ဘာစလုပ်ကြမလဲ။

(၁)     ခြေစွယ်ငုပ်နေတဲ့ ခြေထောက်ကို ရေနွေးထဲမှာ ဆားထမင်းစား ဇွန်းနှစ်ဇွန်းခန့် ထည့်မွှေထားတဲ့ ဆားရေနွေးနဲ့ ဆယ်မိနစ်ခန့် စိမ်ပါ။(တစ်နေ့ နှစ်ကြိမ်ခန့် စိမ်ပါ) နာနေတဲ့ နေရာကို ပလာစတာ ကပ်ထားပါ။ ခြေညှပ်ဖိနပ်၊ ကွင်းထိုး ဖိနပ်စီးပါ။

(၂)     ခြေစွယ်နာ လုံးဝ ပျောက်ကင်းသွားမှ ခြေသည်းညှပ်ပါ။

(၃)     ခြေသည်းဆိုးခြင်း၊ ကြေးချွတ်ခြင်းတို့ကို ခြေစွယ်ငုပ်နေစဉ် မလုပ်သင့်ပါ။

ခြေစွယ် ငုပ်လေ့ရှိတဲ့ သမီး မီးမီးချောအနေနဲ့ ခြေစွယ်မငုပ်အောင် ကာကွယ် နည်းတွေရှိပါတယ်။

(၁)     နေ့စဉ် ခြေဆေးပါ။ ဆေးပြီးတာနဲ့ ရေစင်အောင် သုတ်ပါ။

(၂)     ရှေ့ဘက်မှာ ခြေချောင်းလေးများကို စုညစ်ထားတဲ့ ဦးချွန် ဒေါက်မြင့်မျိုး မစီးသင့်ပါ။

(၃)     ခြေဦးပိုင်း ဖွင့်ထားတဲ့ ချည်ထည်ခြေစွပ်၊ စတော်ကင်များကိုသာ ဝတ်ပါ။ နေ့စဉ်လဲပါ။

(၄) ခြေသည်းမညှပ်မီ ခြေသည်းနူးပျော့လာရန် ခြေထောက်ကို ရေနွေးထဲမှာ ၁ဝ မိနစ်ခန့်စိမ်ပြီးမှ လက်သည်းညှပ် ကောင်းကောင်းနဲ့ ခြေစွယ်မကျန်အောင် ညှပ်ပါ။ ထောင့်ဘက် အဖျားများကို တံစဉ်းတိုက်ပါ။ ခြေစွယ် ကုပ်နေလျှင် ထိုနေရာကို အချွန်အထက်ဖြင့် အတင်းမကော်ပါနဲ့။ ရေနွေးစိမ်ပြီး ခြေသည်းပျော့သွားမှ ခြေစွယ်ကို ညှပ်ပါ။

http://www.myawady.net.mm/healthinterview/item/22875-2013-08-20-09-57-14

မေး။ ။ ဒေါက်တာရှင့် သမီးဟာ မိန်းကလေးဖြစ်ပြီး ခြေထောက်မလှ ဖြစ်နေပါတယ်။ ခြေမမှာ ခြေစွယ် မကြာခဏ ငုပ်ပါတယ်။ ငုပ်ရင်လည်း ဒေါက်ဖိနပ် မစီးနိုင်အောင်ကို နာနေပါတယ် ဆရာ။

တစ်ခါတလေဆို ပြည်ပါတည် တတ်လို့ စိတ်ညစ်ရပါတယ်။ ခြေစွယ်မငုပ်အောင် ဆိုင်သွားပြီး Nail Health လုပ်လည်း ခဏပဲခံတယ် ဆရာရယ်။ သမီးဘယ်လို လုပ်ရမလဲ။ ကူညီ ဖြေကြားပေးပါ။

မီးမီးချော(အမရပူရ)

ဖြေ။ ။ အမရပူရက သမီးချောက အလှကြိုက်ပါလျက် ခြေစွယ်ငုပ်ရလို့ စိတ်ညစ် နေရပါသတဲ့။ ဟုတ်ကဲ့ပါ၊ သမီးလို အလှကြိုက်လျက် ခြေမကဖျက် နေတဲ့ အလှကြိုက် သူလေးတွေ သိဖို့ ခြေစွယ်ငုပ်ခြင်း အကြောင်း ဆရာရှင်း ပြလိုပါတယ်။

ခြေစွယ်ငုပ်တယ် ဆိုတာက ခြေသည်းညှပ်စဉ်က ကျန်ခဲ့တဲ့ ခြေစွယ်က အသားထဲ တိုးဝင်ရာက ခြေစွယ်ဝန်းကျင်မှာ အနာဖြစ်လာတာပါ။ အဲဒီအနာက ပြည်ပါ လိုက်လာပြီး ပို၍ ဆိုးဝါးစေပါ တယ်။ ခြေသည်းညှပ်ရာမှာ ခြေစွယ်ကျန်ခြင်းနဲ့ ရှူးဖိနပ်ကျပ်ကျပ် စီးခြင်းတို့ဟာ ခြေချောင်းများကို စုညှစ်သလို ဖြစ်နေတာကြောင့် ခြေစွယ် ငုပ်တတ်ပါတယ်။

ကွန်ပျူတာ အကြည့်များပြီး အကြောတက်ရင်....(ကျန်းမာရေး ဆိုင်ရာမေး၊ဖြေများ)

Photo: ကွန်ပျူတာ အကြည့်များပြီး အကြောတက်ရင်
========================

မြဝတီ စာဖတ်ပရိသတ် အတွက် ကျန်းမာရေး ဆိုင်ရာမေး၊ဖြေများ အကြောင်းကို ဖော်ပြလိုက်ပါတယ်။

မေး     ။        ။        ကွန်ပျူတာ အကြည့်များပြီး အကြောတက်ရင် ဘာလုပ်သင့်လဲ ဆရာ။       

ဖြေ     ။        ။        မျက်စိ အနားပေးပါ၊ မိနစ် အနည်းငယ်ကြာ မျက်စိကို ပိတ်(မှိတ်)ထားပါ။ လည်ပင်းနဲ့ ခေါင်းကို မိနစ် အနည်းငယ်ကြာ လေ့ကျင့်ခန်း လုပ်ပေးပါ။ သွေးပူ လေ့ကျင့်ခန်း လုပ်တာဟာ အကြောတက် တာကို သက်သာ စေပါတယ်။

မေး     ။        ။        ခြေထိပ်၊ လက်ထိပ် ကျဉ်လာရင် ဘာလုပ် ရမလဲဆရာ။

ဖြေ     ။        ။        ခြေထိပ်၊ လက်ထိပ်ကျဉ်တာ ရောဂါအခံ ရှိသူကလွဲပြီး ဖြစ်နိုင်ခြေ ရှိတာက အာရုံကြော အားနည်းလို့ပါ။ ခန္ဓာကိုယ်မှာ ဘီဝမ်းဓာတ် ချို့တဲ့လာရင်  ထုံ၊ ကျဉ်၊ ကြွက်တက် တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးမွေးပြီးစ မိခင်တွေမှာ ဖြစ်လေ့ ရှိတယ်။ အရက် သောက်သုံးသူ တွေမှာလည်း ဖြစ်တတ်တယ်။ ဒီလို လက္ခဏာတွေ ပြရင် ဘီဝမ်း ချို့တဲ့မှုကြောင့် ဖြစ်ပြီး၊ ကယ်လ်စီယမ် ဘီဝမ်းဓာတ်ပါတဲ့ ပဲပင်ပေါက်၊ ပဲပြား၊ အုန်းစိမ်းရည်၊ဆန်လုံးညို စတဲ့ အစားအစာတွေ စားပေးဖို့ လိုပါတယ်။

မေး     ။        ။        လိပ်ခေါင်းကြောင့် သွေးထွက်များရင် ဘာလုပ် သင့်သလဲဆရာ။

ဖြေ     ။        ။        ဝမ်းချုပ်တာများပြီး၊ လိပ်ခေါင်း ထွက်ရာကနေ ပိုဆိုးပြီး သွေးပါ လာရင် သတိထားသင့်ပြီ။ လိပ်ခေါင်းသွေး ပါလာပြီဆိုရင် သွေးအား နည်းတာပါ ဖြစ်လာနိုင်တယ်။ အသက်ကြီးတဲ့ လူတွေဆိုရင် မူးဝေတာပါ ဖြစ်လာနိုင်တယ်။ ဒါကြောင့် လိပ်ခေါင်းရှိသူတွေ ဝမ်းချုပ်တာမျိုး မဖြစ်အောင် ဂရုစိုက်သင့်တယ်။ အရက်၊ ဘီယာ သောက်တာများရင် နဂိုလိပ်ခေါင်း ရှိသူတွေမှာ ရုတ်တရက် ဝမ်းသွားရင် သွေးပါ ပါလာတတ်တယ်။ အခုလို မဖြစ်အောင် အရက် အလွန်အကျွံ သောက်တာ ရှောင်သင့်တယ်။ ဒါ့အပြင် ဝမ်းပျော့ စေမယ့် အစာစားပြီး ရေအိမ်ထဲမှာ ကြာကြာထိုင်တာကို ရှောင်သင့်တယ်။

မေး     ။        ။        ရောဂါအခံ ရှိသူတွေ ဆရာဝန် ညွှန်ကြားချက် မပါဘဲ ကိုယ်ဝန်တား ဆေး မသောက်သင့်တာ ဘာကြောင့်လဲ။

ဖြေ  ။   ။   နှလုံးသွေးကြောကျဉ်း ရောဂါအခံ ရှိသူ၊ အသည်းရောဂါဖြစ်သူ အဲဒီလို လူမျိုးတွေဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက် မပါဘဲ  တား ဆေးမသောက်သင့်ဘူး။ တားဆေးတွေကြောင့် သွေးပြန်ကြော ပိတ်တာ၊ သွေးခဲတာတွေ ဖြစ်တတ် သလို  နှလုံး သွေးကြော ကျဉ်း ရောဂါ နဲ့ နှလုံးသွေးကြောပိတ် ရောဂါလည်း ဖြစ်တတ်တယ်။ တားဆေးကို နှစ်ရှည်လများ သောက်ရင်လည်း အန္တရာယ် ရှိနိုင်တယ်။ ရေရှည် သောက်နေရင် ကင်ဆာ အလုံးအကျိတ်တွေ ထွက်လာ တာမျိုး ဖြစ်တတ်တယ်။ ဒါကြောင့် အိမ်ထောင်ရှင် အမျိုးသမီးတွေ တားဆေးကို ကိုယ့်သဘောနဲ့ကိုယ် အပြင်ဆေးဆိုင် ကနေ ဝယ် သောက်တာမျိုး မလုပ်ဘဲ၊ တတ်ကျွမ်းတဲ့ ဆရာဝန်ထံ မိမိဖြစ်နေတဲ့ ရောဂါ အကြောင်းကို တိုင်ပင်ပြီး သုံးသင့်တယ်။

မေး     ။        ။        မိုးရာသီမှာ ပင်လယ်စာ ဘာလို့ သတိထား စားသုံး သင့်သလဲ ဆရာ။

ဖြေ ။  ။  မိုးရာသီမှာ ပင်လယ်စာ အစားများရင် အသက်ကြီးပိုင်းနဲ့ ကလေး တွေ အစာ အဆိပ်သင့်သလိုမျိုး ခံစားရတယ်။ ပူလိုက်၊ အေးလိုက်၊ ခြောက်လိုက်၊ စိုလိုက်နဲ့ အစာအိမ်က ချက်အားမကောင်းလို့ ဗိုက်နာ၊ မူးဝေ၊ အော့အန်၊ ဝမ်းသွား၊ ဝမ်းလျှောတာမျိုး ဖြစ်တတ်တယ်။ မကျက်တကျက် ချက်ပြုတ် စားသောက်လို့လည်း ဖြစ်နိုင်ပါ တယ်။ ဒါ့အပြင် ရက်လွန်ပြီး မသန့်တဲ့ ပစ္စည်း (သိုးနေတာမျိုး) ဝယ်ယူ စားသုံးမိရင်လည်း ဖြစ်နိုင်ပါတယ်။ ရာသီဥတုနဲ့ ကိုက်ညီ တဲ့ အစားအသောက် တွေကို ရွေးပြီး စားသင့်တယ်။

မေး     ။        ။        လူနေရပ်ကွက်ထဲ ဆေးခန်းဖွင့်ရင် ဘာတွေ ဆင်ခြင်သင့်သလဲ ဆရာ။

ဖြေ ။  ။ လူနေများတဲ့ ရပ်ကွက်ထဲ ဆေးခန်းဖွင့်ရင် ပတ်ဝန်းကျင် သန့်ရှင်း မှုရှိရမယ်။ အကြော်ဆိုင်၊ ထမင်းဆိုင်၊ အရက်၊ ဘီယာဆိုင်တွေနဲ့ ဝေးရမယ့်အပြင် လေကောင်းလေသန့် ရသင့်တယ်။ ရှိသင့် ရှိထိုက်တဲ့ အကျယ်အဝန်းမှာ လေဝင်လေထွက် ကောင်းကောင်း၊ အလင်းရောင် ကောင်းကောင်း ရှိရမယ်။ ဆေးခန်းသုံး ဆေးထိုးပြွန်နဲ့ အပ်၊ လူနာအတွက် သုံးပြီးဖြစ်တဲ့ ဂွမ်း၊ ပတ်တီး၊ အနာက အညစ်အကြေး တွေကို  သီးသန့် အမှိုက်ပုံး ထားပြီး မြေမြှုပ်ပစ်ခြင်း သို့မဟုတ် စနစ်တကျ စွန့်ပစ်ရမယ်။ အမှိုက်ပုံး တွေကိုလည်း  အမြဲ သန့်ရှင်း နေစေရမယ်။      ။

http://www.myawady.net.mm/healthqna/item/22483-2013-08-15-14-59-56

မြဝတီ စာဖတ်ပရိသတ် အတွက် ကျန်းမာရေး ဆိုင်ရာမေး၊ဖြေများ အကြောင်းကို ဖော်ပြလိုက်ပါတယ်။

မေး ။ ။ ကွန်ပျူတာ အကြည့်များပြီး အကြောတက်ရင် ဘာလုပ်သင့်လဲ ဆရာ။

ဖြေ ။ ။ မျက်စိ အနားပေးပါ၊ မိနစ် အနည်းငယ်ကြာ မျက်စိကို ပိတ်(မှိတ်)ထားပါ။ လည်ပင်းနဲ့ ခေါင်းကို မိနစ် အနည်းငယ်ကြာ လေ့ကျင့်ခန်း လုပ်ပေးပါ။ သွေးပူ လေ့ကျင့်ခန်း လုပ်တာဟာ အကြောတက် တာကို သက်သာ စေပါတယ်။

မေး ။ ။ ခြေထိပ်၊ လက်ထိပ် ကျဉ်လာရင် ဘာလုပ် ရမလဲဆရာ။

ဖြေ ။ ။ ခြေထိပ်၊ လက်ထိပ်ကျဉ်တာ ရောဂါအခံ ရှိသူကလွဲပြီး ဖြစ်နိုင်ခြေ ရှိတာက အာရုံကြော အားနည်းလို့ပါ။ ခန္ဓာကိုယ်မှာ ဘီဝမ်းဓာတ် ချို့တဲ့လာရင် ထုံ၊ ကျဉ်၊ ကြွက်တက် တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးမွေးပြီးစ မိခင်တွေမှာ ဖြစ်လေ့ ရှိတယ်။ အရက် သောက်သုံးသူ တွေမှာလည်း ဖြစ်တတ်တယ်။ ဒီလို လက္ခဏာတွေ ပြရင် ဘီဝမ်း ချို့တဲ့မှုကြောင့် ဖြစ်ပြီး၊ ကယ်လ်စီယမ် ဘီဝမ်းဓာတ်ပါတဲ့ ပဲပင်ပေါက်၊ ပဲပြား၊ အုန်းစိမ်းရည်၊ဆန်လုံးညို စတဲ့ အစားအစာတွေ စားပေးဖို့ လိုပါတယ်။

ထိုင်းဆန္ဒပြပွဲတွင် မြန်မာအလုပ်သမားများကို ထိုင်းအလုပ်ရှင်များက ခေါ်ဆောင်ခြင်းမပြုရန် အစိုးရတောင်ဆို

ထိုင်းဆန္ဒပြပွဲတွင် မြန်မာအလုပ်သမားများကို ထိုင်းအလုပ်ရှင်များက ခေါ်ဆောင်ခြင်းမပြုရန် အစိုးရတောင်ဆို

မောင်သင်တုန်း| တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ 

ရန်ကုန်၊မဇ္ဈိမ။       ။  ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများတွင် မြန်မာအလုပ်သမားများကို အလုပ်ရှင်အနေဖြင့် ပါဝင်ဖို့ တိုက်တွန်းမှုများ မပြုလုပ်ရန် မြန်မာအစိုးရက ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာန ညွှန်ကြားရေးမှုးချူပ်ကို တောင်ဆိုးထားသည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က ဇန်န၀ါရီ ၁၂ရက်တွင် မဇ္ဈိမကိုပြောသည်။

ထိုင်းနိုင်ငံအစိုးရကို ထောက်ခံသည့် အလုပ်ရှင်များနှင့် မထောက်ခံသည့် အလုပ်ရှင် နှစ်ဖွဲ့ကွဲလွဲမှုများ ရှိလာသောကြောင့် အလုပ်ရှင်များက အလုပ်သမားများကို ဖိအားပေးကာ ဆန္ဒပြပွဲများ မဖြစ်မနေ သွားရောက်ရန် တွန်းအားပေး ဆောင်ရွက်ခိုင်းမည်ကို စိုးရိမ်သဖြင့် နှစ်နိုင်ငံ ညွှန်ကြားရေးမှုးချူပ်များ ဇန်န၀ါရီ ၁၁ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။ 

"ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာနက ညွှန်ကြားရေးမှုးချူပ်ကို မနေ့က ထိုင်းအလုပ်ရှင်တွေကို မြန်မာအလုပ်သမားများ ဆန္ဒပြပွဲတွေမှာ မပါဝင်နိုင်အောင် အလုပ်ရှင်တွေကို ဖိအားပေးရန် တောင်းဆိုတယ်။ တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးသွားမယ်လို့တော့ ပြန်ပြောတယ်။ လုံးဝကြီးတော့ အာမခံသွားတာမရှိဘူး”ဟု ဦးမျိုးအောင်ကပြောသည်။

ဆန္ဒပြပွဲများတွင် မြန်မာနိုင်ငံသား အနည်းအငယ်သာပါဝင်ပြီး ကမ္ဘောဒီယား၊ လာအိုစသည့် နိုင်ငံသားများလည်း ဝင်ရောက်ဆန္ဒပြမှုများ ရှိသည်ဟု နှစ်နိုင်ငံတွေ့ဆုံ ညှိနှိုင်းပွဲတွင် ထိုင်နိုင်ငံ ညွှန်ကြားရေးမှုးချူပ်က ပြောသွားကြောင်း ဦးမျိုးအောင်က ရှင်းပြသည်။

ဇန်နဝါရီလ ၁၃ရက်တွင် ပြုလုပ်မည့် ဘန်ကောက်တစ်မြို့လုံး ပိတ်ဆို့ဆန္ဒပြမည့် Bangokok Shutdown လှုပ်ရှားမှုအတွက် မြန်မာအလုပ်သမားများကို တစ်ရက် ဘတ်ငွေသုံးရာ(၉၀၀၀ကျပ်ဝန်းကျင်)ကနေ ငါးရာ(ကျပ်တစ်သောင်းခွဲဝန်းကျင်) ပေးပြီး ဆန္ဒပြပွဲများတွင် ပါဝင်နိုင်ရန် ခေါ်ယူမှုများ ရှိနေသည်ဟု မြန်မာမီဒီယာအချို့တွင် ဖော်ပြထားသည်။ သို့သော် ထိုင်းရွှေ့ပြောင်းအလုပ်သမားများကို ကူညီဆောင်ရွက်ပေးရေးအဖွဲ့မှ စီမံကိန်းမန်နေဂျာ ဦးစိန်ဌေး ကမူ ဗန်ကောက်မြို့ရှိ မြန်မာအလုပ်သမား ခေါင်ဆောင်များနှင့် ဆက်သွယ်မေးမြန်းချက်အရ မြန်မာလုပ်သားများကို ငွေကြေးပေးကာ ဆန္ဒပြပွဲ ခေါ်ယူခြင်းသည် အတည်မပြုနိုင်သော ကောလဟလသတင်းများသာဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။ 

Bangkok Shutdown လှုပ်ရှားမှုတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိလုံးခြုံရေးအတွက် ဂရုစိုက်နေထိုင်ကြရန်နှင့် ဆန္ဒပြပွဲများတွင် ပါဝင်းခြင်းမပြုလုပ်ရန် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးက ဇန်နဝါရီ ၆ရက်က သတိပေး တိုက်တွန်းထားသည်။ 

ထိုင်းရွှေ့ပြောင်းအလုပ်သမား ကူညီဆောင်ရွက်ပေးရေးအဖွဲ့ စီးမံကိန်းမန်နေဂျာ ဦးစိန်ဌေးက "ကျွန်တော်တို့ အနေနဲ့ သံရုံးက ထုက်ပြန်ချက်တွေလည်း အလုပ်သမားတွေသိအောင် ဆောင်ရွက်ပေးထားတယ်။
နောက် အလုပ်ရှင်တွေက ဖိအားပေးပြီး ဆန္ဒပြပွဲတွင် ပါဝင်လာအောင် ခိုင်းလာတယ်ဆိုရင် မြန်မာသံရုံးကို တိုင်ကြားပေးရန် ပြောဆိုထားတယ်” ဟု ပြောသည်။
     
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများအနေဖြင့် တရားဝင် သွားရောက်လုပ်ကိုင်နေသူ သုံးသန်းကျော်ရှိပြီး တရားမဝင် လုပ်သား အပါအဝင် စုစုပေါင်း လေးသန်းဝန်ကျင်အထိ ရှိနိုင်သည်ဟု  အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူးလုံးရေး ဝန်ကြီးဌာနက ခန့်မှန်ထားသည်။

မောင်သင်တုန်း| တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊မဇ္ဈိမ။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများတွင် မြန်မာအလုပ်သမားများကို အလုပ်ရှင်အနေဖြင့် ပါဝင်ဖို့ တိုက်တွန်းမှုများ မပြုလုပ်ရန် မြန်မာအစိုးရက ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာန ညွှန်ကြားရေးမှုးချူပ်ကို တောင်ဆိုးထားသည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှုးချူပ် ဦးမျိုးအောင်က ဇန်န၀ါရီ ၁၂ရက်တွင် မဇ္ဈိမကိုပြောသည်။

ထိုင်းနိုင်ငံအစိုးရကို ထောက်ခံသည့် အလုပ်ရှင်များနှင့် မထောက်ခံသည့် အလုပ်ရှင် နှစ်ဖွဲ့ကွဲလွဲမှုများ ရှိလာသောကြောင့် အလုပ်ရှင်များက အလုပ်သမားများကို ဖိအားပေးကာ ဆန္ဒပြပွဲများ မဖြစ်မနေ သွားရောက်ရန် တွန်းအားပေး ဆောင်ရွက်ခိုင်းမည်ကို စိုးရိမ်သဖြင့် နှစ်နိုင်ငံ ညွှန်ကြားရေးမှုးချူပ်များ ဇန်န၀ါရီ ၁၁ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။

"ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာနက ညွှန်ကြားရေးမှုးချူပ်ကို မနေ့က ထိုင်းအလုပ်ရှင်တွေကို မြန်မာအလုပ်သမားများ ဆန္ဒပြပွဲတွေမှာ မပါဝင်နိုင်အောင် အလုပ်ရှင်တွေကို ဖိအားပေးရန် တောင်းဆိုတယ်။ တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးသွားမယ်လို့တော့ ပြန်ပြောတယ်။ လုံးဝကြီးတော့ အာမခံသွားတာမရှိဘူး”ဟု ဦးမျိုးအောင်ကပြောသည်။

ပက်လက်ကုလားထိုင်

(Written by: မောင်ကြည်)

ကျွန်တော်တို့အိမ်မှာ ဧည့်သည်လာလျှင် ဧည့်ခံဖို့ရာ ဧည့်ခန်းသီးသန့်မရှိပါ။ ထို့ကြောင့် ဧည့်ခန်းနှင့်သာ လိုက်ဖက်တင့်တယ်သည့် ဆိုဖာဆက်တီခုံများလည်း မရှိပါ။ ကျွန်တော်တို့အိမ်မှာ ဘုန်းကြီးများ ဆွမ်းခံကြွလျှင် ထိုင်စရာကုလားထိုင်နှစ်လုံးသာ ရှိပါသည်။ သို့သော် ထိုကုလားထိုင်နှစ်လုံးကလည်း ဆွမ်းခံကြွချိန်မှလွဲ၍ ကျန်အချိန်များတွင် ထိုင်ဖို့အတွက် အသုံးပြုလေ့မရှိဘဲ တစ်ခါတစ်ရံ စားစရာသောက်စရာများ တင်သည့်စားပွဲ၊ တစ်ခါတစ်ရံ စာရေးစားပွဲအဖြစ်သာ အသုံးပြုလေ့ရှိပါသည်။

ကျွန်တော်တို့အိမ်တွင် ထိုင်စရာဆိုလို့ ပက်လက်ကုလားထိုင်တစ်လုံးသာ ရှိပါသည်။ ထိုပက်လက်ကုလားထိုင်သည် အမြဲတစေ အဖေသာထိုင်လေ့ရှိသောကြောင့် ကျွန်တော်အပါအ၀င် ကျန်အိမ်သူအိမ်သားများနှင့် လားလားမျှမဆိုင်သောအရာ ဖြစ်ပါသည်။ အဖေအိမ်မှာရှိသည့်အချိန်များတွင်သာ ထိုင်လေ့ရှိသောကြောင့် အဖေမရှိသည့်အချိန်များတွင် ထိုပက်လက်ကုလားထိုင်ကား ထိုင်သူမဲ့နေပါတော့သည်။ ထိုအချိန်မျိုးတွင် ထိုပက်လက်ကုလားထိုင်ကို ၀င်ထိုင်လေ့ရှိသူမှာ ကျွန်တော်သာလျှင်ဖြစ်ပါသည်။ ကျွန်တော်သည် ထိုပက်လက်ကုလားထိုင်ပေါ်မှာ တစ်ခါတစ်ရံ စာရေးစာဖတ်လုပ်၏။ တစ်ခါတစ်ရံ အခွေထိုးကာ ဗီဒီယိုထိုင်ကြည့်လေ့ရှိ၏။ အဖေမရှိသည့်အချိန်များ၌ ထိုပက်လက်ကုလားထိုင်ကို ကျွန်တော်ပိုင်ဆိုင်ခွင့်ရသည်ဟု ပြောလို့ရပါသည်။

အသေခံဗုံးသမားကို အသက်ပေး တားဆီးသွားသည့် ပါကစ္စတန် လူငယ်လေး

အသေခံဗုံးသမားကို အသက်ပေး တားဆီးသွားသည့် ပါကစ္စတန် လူငယ်လေး
Saturday, January 11, 2014

အသက်(၁၅)နှစ်သာ ရှိသေးသည့် အိုင်ဇက်ဇ်ဟာဆန်သည် မိမိ၏ကျောင်းကို ဦးတည်တိုက်ခိုက်ရန် ကြံရွယ်ခဲ့သော အကြမ်းဖက်သမားကို လုံးထွေးတားဆီးရင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်

ပါကစ္စတန် နိုင်ငံတွင် အသေခံ ဗုံးသမား တစ်ဦးကို တားဆီးရန် ကြိုးစားရင်း အသက်ပေးသွားရသည့် ဆယ်ကျော်သက် လူငယ်လေး တစ်ဦးအတွက် ဝမ်းနည်းကြေကွဲမှု အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရသည်။ အသက်(၁၅)နှစ်သာ ရှိသေးသည့် အိုင်ဇက်ဇ်ဟာဆန်သည် မိမိ၏ကျောင်းကို ဦးတည်တိုက်ခိုက်ရန် ကြံရွယ်ခဲ့သော အကြမ်းဖက်သမားကို လုံးထွေးတားဆီးရင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ဟန်ဂူဒေသတွင် နေထိုင်သော အိုင်ဇက်ဇ်သည် တနင်္လာနေ့က သူငယ်ချင်းများနှင့်အတူ ကျောင်းအပြင်ဘက်သို့ ထွက်လာစဉ် ဖောက်ခွဲရေး ပစ္စည်းများ တွယ်ဆက်ထားသည့် ဝတ်စုံနှင့် ဗုံးသမားကို သတိပြုမိသွားသည်။ ထို့နောက် သူငယ်ချင်းများက တားဆီးနေသည့်တိုင် အိုင်ဇက်ဇ်က ဗုံးသမားကို အမိဖမ်းနိုင်ရန် အားထုတ် ကြိုးပမ်းခဲ့သည်။ ထိုအခါ ဗုံးသမားက စနက်တံဖြုတ် ဖောက်ခွဲလိုက်ပြီး နှစ်ဦးလုံး သေဆုံးသွားခြင်း ဖြစ်သည်။

အိုင်ဇက်ဇ်၏ စွန့်လွှတ်မှုကို ပါကစ္စတန်ရှိ Social Mediaများတွင် သူရဲကောင်း တစ်ဦးသဖွယ် ဝမ်းနည်းကြေကွဲစွာ ချီးကျူးဂုဏ်ပြုနေကြသည်။ ထို့အပြင် ပါကစ္စတန် စစ်ဘက်၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုမျိုး ပေးအပ်ရန် တောင်းဆိုမှုများလည်း ထွက်ပေါ်လာခဲ့သည်။ ယင်းဆုသည် နိုင်ငံအတွက် မိမိကိုယ်ကိုယ် အနစ်နာခံ စွန့်လွှတ်သူများကို ပေးအပ်ခြင်း ဖြစ်သည်။ သို့သော်လည်း အိုင်ဇက်ဇ်က စစ်မှုထမ်းတစ်ဦး မဟုတ်သဖြင့် ယင်းဆုကို ပေးနိုင်ခွင့် ရှိမရှိမူ မသေချာသေးချေ။

"ဘယ်လိုပဲဖြစ်ဖြစ် ပါကစ္စတန်နိုင်ငံသားတွေ အနေနဲ့ အိုင်ဇက်ဇ်ကို နီရှန်အီဟိုင်ဒါ ဆုပေးအပ်ဖို့အတွက် အလေးအနက် ထောက်ခံကြပါလိမ့်မယ်"ဟု Twitterတွင် ရေးသားခဲ့သည်။ အိုင်ဘရာဟင်မ်ဇိုင်းရှိ အိုင်ဇက်ဇ်၏ကျောင်းတွင် ကျောင်းသူကျောင်းသား (၂၀၀၀)ကျော်ရှိနေသည်။ အဆိုပါကျောင်းသည် ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် တည်ရှီပြီး ရှီးယိုက်မွတ်ဆလင် အများစု နေထိုင်သည့် ဒေသဟုလည်း သိရှိရသည်။ 

Planet Myanmar Network

================================================
သတင်းထူး၊ သတင်းဦး၊ မှုခင်း၊ ရာသီဥတုအခြေအနေ၊ ဟာသ၊ ရသစာပေ၊ ကျန်းမာရေး၊ အားကစား၊ ဂျာနယ်များ၊ IT နည်းပညာများ၊ ထူးဆန်းထွေလာများ စသည်တို့ အသစ်တင်တိုင်း သိရှိလိုပါက https://www.facebook.com/ibloggermm ကို Add (သို့) Follow လုပ်ထားပေးပါ။ 
================================================

Saturday, January 11, 2014

အသက်(၁၅)နှစ်သာ ရှိသေးသည့် အိုင်ဇက်ဇ်ဟာဆန်သည် မိမိ၏ကျောင်းကို ဦးတည်တိုက်ခိုက်ရန် ကြံရွယ်ခဲ့သော အကြမ်းဖက်သမားကို လုံးထွေးတားဆီးရင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်

ပါကစ္စတန် နိုင်ငံတွင် အသေခံ ဗုံးသမား တစ်ဦးကို တားဆီးရန် ကြိုးစားရင်း အသက်ပေးသွားရသည့် ဆယ်ကျော်သက် လူငယ်လေး တစ်ဦးအတွက် ဝမ်းနည်းကြေကွဲမှု အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရသည်။ အသက်(၁၅)နှစ်သာ ရှိသေးသည့် အိုင်ဇက်ဇ်ဟာဆန်သည် မိမိ၏ကျောင်းကို ဦးတည်တိုက်ခိုက်ရန် ကြံရွယ်ခဲ့သော အကြမ်းဖက်သမားကို လုံးထွေးတားဆီးရင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ဟန်ဂူဒေသတွင် နေထိုင်သော အိုင်ဇက်ဇ်သည် တနင်္လာနေ့က သူငယ်ချင်းများနှင့်အတူ ကျောင်းအပြင်ဘက်သို့ ထွက်လာစဉ် ဖောက်ခွဲရေး ပစ္စည်းများ တွယ်ဆက်ထားသည့် ဝတ်စုံနှင့် ဗုံးသမားကို သတိပြုမိသွားသည်။ ထို့နောက် သူငယ်ချင်းများက တားဆီးနေသည့်တိုင် အိုင်ဇက်ဇ်က ဗုံးသမားကို အမိဖမ်းနိုင်ရန် အားထုတ် ကြိုးပမ်းခဲ့သည်။ ထိုအခါ ဗုံးသမားက စနက်တံဖြုတ် ဖောက်ခွဲလိုက်ပြီး နှစ်ဦးလုံး သေဆုံးသွားခြင်း ဖြစ်သည်။

သမီးဖြစ်သူ၏ မွေးနေ့ပွဲကို တိရစ္ဆာန်ရုံတစ်ရုံလုံး ငှားရမ်းပြီး ဘီယွန်းစ်နှင့်ဂျေဇီ ကျင်းပ

သမီးဖြစ်သူ၏ မွေးနေ့ပွဲကို  တိရစ္ဆာန်ရုံတစ်ရုံလုံး ငှားရမ်းပြီး ဘီယွန်းစ်နှင့်ဂျေဇီ ကျင်းပ

မိုင်ယာမီ၊ ဇန်နဝါရီ ၁၁

ကမ္ဘာကျော် တေးသံရှင် ဇနီးမောင်နှံ ဖြစ်တဲ့ ဘီယွန်းစ်နဲ့ ဂျေဇီတို့ဟာ သူတို့ သမီးလေးရဲ့ မွေးနေ့ပွဲကို တိရစ္ဆာန်ရုံ တစ်ရုံလုံး ငှားရမ်းပြီး ကျင်းပခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

ဘီယွန်းစ်နဲ့ ဂျေဇီတို့ဟာ ဇန်နဝါရီလ ၇  ရက်နေ့မှာ ကျရောက်တဲ့ သူတို့ သမီးလေး Blue Ivy ရဲ့ ၂ နှစ်ပြည့် မွေးနေ့ပွဲကို မိုင်ယာမီမြို့မှာ ရှိတဲ့ Jungle Island လို့ အမည်ရတဲ့ တိရစ္ဆာန်ရုံကို ငှားရမ်းပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဘီယွန်းစ်တို့ ဇနီးမောင်နှံဟာ သူတို့ ရဲ့ သမီးလေး Blue Ivy အနှောင့်အယှက် ကင်းကင်းနဲ့ တိရစ္ဆာန်ရုံထဲမှာ လှည့်လည် ကြည့်ရှုနိုင်ဖို့အတွက် အခုလို တိရစ္ဆာန်ရုံ တစ်ရုံလုံးကို ငှားရမ်းပြီး မွေးနေ့ပွဲ ကျင်းပပေးခဲ့တာ ဖြစ်ပေမယ့် သူတို့ရဲ့သမီးလေးဟာ ယခုမှ ၂ နှစ်သာ ရှိသေးတဲ့အတွက် သူမြင်ရ၊ တွေ့ရတာတွေကို မှတ်မိနိုင်မယ် မထင်ဘူးလို့ အမေရိကန် သတင်းမီဒီယာတွေက ရေးသားခဲ့ကြပါတယ်။

ဘီယွန်းစ်နဲ့ ဂျေဇီဟာ Blue Ivy ရဲ့ မွေးနေ့ပွဲကို သူတို့ရဲ့ အခင်မင်ဆုံး မိတ်ဆွေတွေကိုသာ ရွေးချယ် ဖိတ်ကြားခဲ့တာ ဖြစ်ပြီး သူတို့ မိသားစုဟာ တိရစ္ဆာန်ရုံထဲမှာ စိတ်တိုင်းကျ လှည့်လည် ကြည့်ရှုပြီးတဲ့ နောက်မှာ အီတလီ စားသောက်ဆိုင် တစ်ဆိုင်ကို သွားရောက် စားသောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ဘီယွန်းစ်တို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ တစ်ဦးတည်းသော သမီးလေးကို မွေးနေ့လက်ဆောင်အဖြစ် ရွှေဆွဲကြိုးတစ်ကုံးနဲ့ ဒေါ်လာ ၇၅,၀၀၀ တန် အာရေဘီယန်မြင်း တစ်ကောင်လည်း လက်ဆောင် ပေးခဲ့သေးတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

Jungle Island တိရစ္ဆာန်ရုံ တစ်ရုံလုံးအတွက် ငှားရမ်းခ ဘယ်လောက် ပေးချေခဲ့ရတယ် ဆိုတာကိုတော့ ဘီယွန်းစ်တို့ ဇနီးမောင်နှံက ပြောကြားခဲ့ခြင်း မရှိသလို တိရစ္ဆာန်ရုံ ဝန်ထမ်းတွေကလည်း ထုတ်ဖော် ကြေညာခဲ့ခြင်း မရှိပါဘူး။

မိုင်ယာမီ၊ ဇန်နဝါရီ ၁၁

ကမ္ဘာကျော် တေးသံရှင် ဇနီးမောင်နှံ ဖြစ်တဲ့ ဘီယွန်းစ်နဲ့ ဂျေဇီတို့ဟာ သူတို့ သမီးလေးရဲ့ မွေးနေ့ပွဲကို တိရစ္ဆာန်ရုံ တစ်ရုံလုံး ငှားရမ်းပြီး ကျင်းပခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

ဘီယွန်းစ်နဲ့ ဂျေဇီတို့ဟာ ဇန်နဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ သူတို့ သမီးလေး Blue Ivy ရဲ့ ၂ နှစ်ပြည့် မွေးနေ့ပွဲကို မိုင်ယာမီမြို့မှာ ရှိတဲ့ Jungle Island လို့ အမည်ရတဲ့ တိရစ္ဆာန်ရုံကို ငှားရမ်းပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဘီယွန်းစ်တို့ ဇနီးမောင်နှံဟာ သူတို့ ရဲ့ သမီးလေး Blue Ivy အနှောင့်အယှက် ကင်းကင်းနဲ့ တိရစ္ဆာန်ရုံထဲမှာ လှည့်လည် ကြည့်ရှုနိုင်ဖို့အတွက် အခုလို တိရစ္ဆာန်ရုံ တစ်ရုံလုံးကို ငှားရမ်းပြီး မွေးနေ့ပွဲ ကျင်းပပေးခဲ့တာ ဖြစ်ပေမယ့် သူတို့ရဲ့သမီးလေးဟာ ယခုမှ ၂ နှစ်သာ ရှိသေးတဲ့အတွက် သူမြင်ရ၊ တွေ့ရတာတွေကို မှတ်မိနိုင်မယ် မထင်ဘူးလို့ အမေရိကန် သတင်းမီဒီယာတွေက ရေးသားခဲ့ကြပါတယ်။

အဖျားရောဂါနဲ့ ဓာတ်စာ


ကိုယ်အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၉၈ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုရင် အဖျားတက်ခြင်းလို့ သတ်မှတ်ပါတယ်။ အဖျားတက်ခြင်းဟာ နေထိုင် မကောင်းခြင်းရဲ့ လက္ခဏာ ဖြစ်ပြီး ခန္ဓာကိုယ်မှာ ရောဂါပိုး တစ်ခုခု ဝင်နေရင် အဲဒီ ရောဂါပိုးက သွေးဖြူဥထဲက ဖျားစေတဲ့ ပစ္စည်းတချို့ ထွက်လာအောင် လှုံ့ဆော် စေတယ်။ သာမန် အအေးမိလို့ ဖျားရင် နှစ်ရက်ကနေ လေးရက်ပဲ ကြာပေမဲ့ ရေကျောက် ပေါက်ရင်တော့ ၁ဝ ရက်ကနေ ရက် ၂ဝ လောက် ကြာတတ်တယ်။

ဖျားနာချိန်

ဖျားနာချိန်မှာ အနားယူဖို့ လိုပါတယ်။ ယပ်ခတ်ခြင်း၊ ရေဖတ်တိုက်ခြင်း၊ ပါးလွှာတဲ့ ချည်သား အိပ်ရာခင်းမှာ အိပ်စက်ခြင်း၊ လေအေးစက် တပ်ထားတဲ့ အခန်းထဲ ဝင်ရောက် နေထိုင်ခြင်းတို့ ပြုလုပ် နိုင်ပါတယ်။

အဖျားဆေးများ

တစ်နှစ်အောက် ကလေးတွေကို အက်စပရင် မတိုက်ရပါဘူး။ ပါရာစီတမောကို တိုက်နိုင်ပါတယ်။ အိုင်ဗျူ ဟိုဗင်က ကလေးအတွက် သင့်လျော်တယ်။ အဖျားတက်ရတဲ့ အကြောင်းအရင်းကို ရှာဖို့ လိုပါတယ်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် မိတ္ထီလာ လူသတ်မှု ပါဝင်ပတ်သတ်သူ သုံးဦးအား ထိန်းသိမ်းထား

မဇ္ဈိမသတင်းဌာန| တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။မိတ္ထီလာမြို့တွင် ဇန်နဝါရီလ ၁၁ရက် ညနေက ဖြစ်ပွားခဲ့သော လူသတ်မှုတွင် ပါဝင်သူ ၃ဦးကို မိတ္ထီလာမြို့နယ် ရဲစခန်းက ထိန်းသိမ်းထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၂ရက်တွင် ထုတ်ပြန်လိုက်သည်။

ဇန်နဝါရီ ၁၁ရက် ညနေ ၅နာရီခွဲက မိတ္ထီလာမြို့ ပြည်သာယာတောင်ရပ်ကွက် (၁) ပတ်လမ်းတွင် ဆွေမျိုးချင်း ရန်ဖြစ်ရာမှ ဓားဖြင့် အပြန်အလှန်ထိုးပြီး တစ်ဦးသေဆုံးခဲ့သည်။ သေဆုံးသူ အိမ်ရှင် ဖိုးပြူး(ခေါ်) ဝင်းကိုကိုက ဓားဖြင့် စတင်ထိုးခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဆေးစစ်ချက် မှတ်တမ်းအရ သိရသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် ဓားဒဏ်ရာရရှိခဲ့သူ ဖိုးနီကို မိတ္ထီလာ ဆေးရုံတွင် အချုပ်ဖြင့် ဆေးကုသပေးလျက်ရှိပြီး ကျန်နှစ်ဦးကိုမူ မိတ္ထီလာအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

ထိုကဲ့သို့ ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားခြင်း မရှိစေရန်လည်း မိတ္ထီလာမြို့ အနီးတဝိုက်တွင် လုံခြုံရေး စနစ်တကျ ဆောင်ရွက်ထားပြီး အဆိုပါဖြစ်စဉ်သည် လူမျိုးရေး ဘာသာရေးနှင့် သက်ဆိုင်ခြင်း မရှိဘဲ မိသားစုချင်း အချင်းပွားခြင်းသာဖြစ်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 


Mizzima News

နိုင်ငံကျော် ဟာသလူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသပဒေသာ ကပွဲကြီး ကျင်းပမည်

Photo: နိုင်ငံကျော် ဟာသလူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသပဒေသာ ကပွဲကြီး ကျင်းပမည်

ပန်းမြတ်ဇော်| တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ 

ရန်ကုန်၊ မဇ္ဈိမ။       ။နိုင်ငံကျော် ဟာသ လူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသ ပဒေသာ ကပွဲကြီးကို လူရွှေင်တော်အသင်း(ရန်ကုန်)နှင့် အကယ်ဒမီမော့စ်၏ မိသားစုတို့က ပူးပေါင်း လုပ်ဆောင်မည်ဟု ဟာသပဒေသာ ကပွဲပြုလုပ်ရန် ဇန်နဝါရီ ၁၂ရက် နံနက်က City Star Hotelတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။ 

ထိုဟာသပဒေသာကပွဲတွင် လူရွှင်တော်များစွာ ပါဝင်မည်ဖြစ်ပြီး သရုပ်ဆောင် မော့စ်၏ တစ်ချိန်က ကပြတင်ဆက်ခဲ့သည့် ပြဇာတ်တွေကို ပြန်လည်ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ရက်တွင် ပြည်သူရင်ပြင်၌ ကျင်းပမည်ဖြစ်သည်။ 


"လူရွှင်တော်အသင်းက ဒီပွဲ မလုပ်ခင် ရန်ပုံငွေပွဲ တစ်ခု လုပ်ဖို့ စီစဉ်ထားတာ။ အဲဒီအချိန်မှာ ကိုမော့စ် ရဲ့ မိသားစုက ဒီလိုလေး လုပ်ချင်တယ် လာပြောတော့ ကောင်းတာပေါ့ အားလုံး လုပ်ကြမယ် ဆိုပြီး လုပ်ဖြစ် သွားတာပါ ။ ဒီပွဲကို ကိုမော့စ်ကို အခုချိန်ထိ မမေ့ဘဲ အားပေးနေတဲ့ ပရိသတ်တွေ ကိုမော့စ်ရဲ့ ပြဇာတ်တွေကို ကြိုက်နှစ်သက်တဲ့ သူတွေ အတွက် ကိုယ်မော့စ် ကခဲ့တဲ့ ပြဇာတ် ၇ခု၊ ၈ခု လောက်ထိ ကျွန်တော်တို့ ကပြဖျော်ဖြေ ကြမှာပါ။ ဒီပွဲ တစ်ခုလုံးကိုလဲ ကိုမော့စ်ရဲ့ ပုံရိပ်တွေနဲ့ပဲ ပြုလုပ်ထားမှာပါ" ဟု လူရွှင်တော်အသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌ ကိုခင်လှိုင်က ပြောသည်။ 

ဦးမော့စ်အလွမ်းပြေ ဟာသပဒေသာ ကပွဲ၏ အဝင်အဝတွင် အကယ်ဒမီ မော့စ်၏ လူရွှင်တော်ဝတ်စုံဖြင့် အကယ်ဒမီဆု ကိုင်ထားသည့် ပုံကို ထားရှိမည်ဖြစ်ပြီး LEDဖြင့် မော့စ်၏ ဇာတ်လမ်းတိုများကို ပြသသွားမည်ဖြစ်သည်။ 

ထို့အပြင် ပဒေသာကပွဲ၌ အကယ်ဒမီမော့စ်၏ ပုံတူရွေးပွဲကို ပြုလုပ်မည်ဖြစ်ပြီး မော့စ်နှင့် တူသည့်သူများကို ပထမ၊ ဒုတိယ၊ တတိယရွေးချယ်ကာ ဆုချီးမြှင့်မည်ဟုလည်း ဆိုသည်။ 

ပဒေသာကပွဲ လက်မှတ်များအနေဖြင့် ကျပ် ငါးထောင်၊ ခုနှစ်ထောင်၊ တစ်သောင်း သတ်မှတ်ထားသည်။ 

အကယ်ဒမီ မော့စ်သည် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်တွင် အသည်းရောဂါဖြင့် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ SSCဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် မော့စ်သည် အသက် ၅၉နှစ်ရှိပြီဖြစ်သည်။ 


ဓာတ်ပုံအညွှန်း>>>> ၂၀၁၁ခုနှစ်အတွက် အကောင်းဆုံး အကယ်ဒမီ ဇတ်ပို့ဆု ရယူခဲ့သော အကယ်ဒမီမော့စ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်)

ပန်းမြတ်ဇော်| တနင်္ဂနွေနေ့၊ ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။နိုင်ငံကျော် ဟာသ လူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသ ပဒေသာ ကပွဲကြီးကို လူရွှေင်တော်အသင်း(ရန်ကုန်)နှင့် အကယ်ဒမီမော့စ်၏ မိသားစုတို့က ပူးပေါင်း လုပ်ဆောင်မည်ဟု ဟာသပဒေသာ ကပွဲပြုလုပ်ရန် ဇန်နဝါရီ ၁၂ရက် နံနက်က City Star Hotelတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ထိုဟာသပဒေသာကပွဲတွင် လူရွှင်တော်များစွာ ပါဝင်မည်ဖြစ်ပြီး သရုပ်ဆောင် မော့စ်၏ တစ်ချိန်က ကပြတင်ဆက်ခဲ့သည့် ပြဇာတ်တွေကို ပြန်လည်ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ရက်တွင် ပြည်သူရင်ပြင်၌ ကျင်းပမည်ဖြစ်သည်။


"လူရွှင်တော်အသင်းက ဒီပွဲ မလုပ်ခင် ရန်ပုံငွေပွဲ တစ်ခု လုပ်ဖို့ စီစဉ်ထားတာ။ အဲဒီအချိန်မှာ ကိုမော့စ် ရဲ့ မိသားစုက ဒီလိုလေး လုပ်ချင်တယ် လာပြောတော့ ကောင်းတာပေါ့ အားလုံး လုပ်ကြမယ် ဆိုပြီး လုပ်ဖြစ် သွားတာပါ ။ ဒီပွဲကို ကိုမော့စ်ကို အခုချိန်ထိ မမေ့ဘဲ အားပေးနေတဲ့ ပရိသတ်တွေ ကိုမော့စ်ရဲ့ ပြဇာတ်တွေကို ကြိုက်နှစ်သက်တဲ့ သူတွေ အတွက် ကိုယ်မော့စ် ကခဲ့တဲ့ ပြဇာတ် ၇ခု၊ ၈ခု လောက်ထိ ကျွန်တော်တို့ ကပြဖျော်ဖြေ ကြမှာပါ။ ဒီပွဲ တစ်ခုလုံးကိုလဲ ကိုမော့စ်ရဲ့ ပုံရိပ်တွေနဲ့ပဲ ပြုလုပ်ထားမှာပါ" ဟု လူရွှင်တော်အသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌ ကိုခင်လှိုင်က ပြောသည်။

ဆိုင်ကယ် ဖြည်းဖြည်းမောင်းရန် ပြောသဖြင့် ရပ်ကွက်ဓမ္မာရုံဒု-ဥက္ကဋ္ဌကို အုတ်ခဲကျိုးဖြင့် ဝိုင်းထု


ရန်ကုန်၊ ဇန်နဝါရီ ၁၁

မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက် မဉ္ဇူလမ်းရှိ ဆွမ်းလောင်းဓမ္မာရုံ ဒု-ဥက္ကဋ္ဌက လမ်းအတွင်း မော်တော်ဆိုင်ကယ် ဖြည်းဖြည်းမောင်းရန် ပြောဆို ခဲ့သည်ကို မကျေနပ်သော လူငယ်များက အုတ်ခဲကျိုးများဖြင့် အဆိုပါ ဓမ္မာရုံ ဒုတိယဥက္ကဋ္ဌကို ဝိုင်းထုခဲ့သောကြောင့် ဦးခေါင်းနှင့် မျက်နှာတွင် ဒဏ်ရာများရရှိခဲ့ပြီး ၂၂ ချက် ချုပ်ခဲ့ရကြောင်း ဓမ္မာရုံ နာယက ဦးကျော်လတ်က ပြောကြားသည်။

မဉ္ဇူလမ်းတွင်နေသူ ဓမ္မာရုံ ဒုဥက္ကဋ္ဌ ဦးတင်ထွန်းသည် ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်က အပတ်စဉ် ကောက်ခံ ရရှိသော အလှူငွေများကို စာရင်းရှင်းတမ်း ပြုလုပ်ရန် ဓမ္မာရုံသို့ လာရောက်စဉ် ဓမ္မာရုံ မဖွင့်သေးသောကြောင့် ယင်းအနီးဝိုင်းခြင်း ကစားနေသူများနှင့် ဦးတင်ထွန်းက ဝင်ရောက် ကစားနေစဉ် လမ်းလယ်သို့ ခြင်းလုံး လွင့်စင် သွားသောကြောင့် သွားကောက်ချိန် လူငယ်သုံးဦး စီးနင်းလာသော ဆိုင်ကယ်တစ်စီးနှင့် တိုက်လုနီးပါး ဖြစ်ခဲ့ရာမှ ဦးတင်ထွန်းက ဖြည်းဖြည်းမောင်းရန် ပြောဆိုခဲ့ရာမှ စတင်ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဆိုင်ကယ်ပေါ်က လူငယ်တွေက ဘာမှပြန်မပြောဘဲ (ခ) ဈေးဘက်မှာရှိတဲ့ အရက်ဆိုင်က သူတို့ သူငယ်ချင်းတွေကို သွားခေါ်ပြီး ဆိုင်ကယ်တွေနဲ့ ပြန်လာပြီးတော့ ဦးတင်ထွန်းကို အုတ်ခဲကျိုးတွေနဲ့ ဝင်ထုတာ။ ဖြစ်ဖြစ်ချင်း ရပ်ကွက်ထဲက လူတွေလည်း ကြောင်ပြီး ကြည့်နေမိတာ။ နောက်မှ သတိရလို့ ရပ်ကွက်ထဲကလူတွေ စုပြီးရောက်လာချိန်မှာ သူတို့အဖွဲ့က ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားတာ။ ဦးတင်ထွန်းကို ကြည့်လိုက်တော့ သွေးအိုင်ထဲ လဲနေပြီ” ဟု အဆိုပါ လမ်းအတွင်းမှ မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ရှင်းပြသည်။

ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်ဆောက်လိုသူများကို ငွေချေးမည့်ဘဏ် စတင်ဖွင့်လှစ်

Photo: ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်ဆောက်လိုသူများကို ငွေချေးမည့်ဘဏ် စတင်ဖွင့်လှစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ အိမ်ဆောက်လိုသည့် မြေပိုင်ရှင်များနှင့် အိမ်ဝယ်လိုသူများ အတွက် ငွေထုတ်ချေးမည့် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။

ယင်းဘဏ်သည် ကျပ် ၁၀၀ ဘီလီယံဖြင့် မတည်ထားသည့် အများပိုင် ဘဏ်ဖြစ်ပြီး ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့ ဘဏ်ဖွင့်ရက်မှ စတင်ကာ ငွေချေးလိုသူများ လာရောက် ဆွေးနွေးနိုင်ကာ ဘဏ်ခွဲများကိုလည်း နိုင်ငံအဝန်း ဆောက်လုပ်ရေးလုပ်ငန်း ပိုမိုတွင်ကျယ်မည့် နေရာများတွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်တွင်း လိုအပ်နေသော တန်ဖိုးမျှ၊ တန်ဖိုးနည်း အိမ်ရာများ တိုးတက် ဆောက်လုပ်နိုင်ရန် ဗဟိုဘဏ်က ဦးဆောင် ကြီးကြပ်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ ဘဏ်လုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းဘဏ် ဥက္ကဋ္ဌ ညွန်ကြားရေးမှူးချုပ်က ပြောကြားသည်။

အဆိုပါဘဏ်သည် အိမ်ရာ ဆောက်လုပ်ရေး အထောက်အကူ ဖြစ်စေမည့် ချေးငွေများ ထုတ်ချေးခြင်းအပြင် ပုံမှန် ဘဏ်လုပ်ငန်းများ ဖြစ်သည့် ငွေစုခြင်း၊ ငွေချေးခြင်း၊ ငွေလွှဲခြင်း လုပ်ငန်းများနှင့် အငှားဝယ် စနစ်ဖြင့် ငွေစိုက်ထုတ်ပေးခြင်း စသည့် ဝန်ဆောင်မှုများလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း လက်ကမ်း ကြော်ငြာတွင် ဖော်ပြထားသည်။

MPU အဖွဲ့ဝင် ဘဏ်လည်းဖြစ်ရာ ATM တိုင်းတွင် ငွေထုတ်ယူနိုင်မည် ဖြစ်ပြီး မကြာမီ VISA၊ Master card များ၊ JCP၊ CUP Card များဖြင့်လည်း ချိတ်ဆက်သွားမည် ဖြစ်ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ပြောကြားသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်း အိမ်ရာ ယူနစ် ပေါင်း ၃၅,၀၀၀ ခန့် ဖော်ထုတ်သွားမည် ဖြစ်ရာ ပြည်သူများ အိမ် ပိုင်ဆိုင်ခွင့် မြှင့်တင်ပေးရန်၊ အိမ်ရာ ချေးငွေစနစ်တစ်ခု ထူထောင်ပေးခြင်းနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အဆိုပါ ဘဏ်ဖွင့်ပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁

ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ အိမ်ဆောက်လိုသည့် မြေပိုင်ရှင်များနှင့် အိမ်ဝယ်လိုသူများ အတွက် ငွေထုတ်ချေးမည့် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။

ယင်းဘဏ်သည် ကျပ် ၁၀၀ ဘီလီယံဖြင့် မတည်ထားသည့် အများပိုင် ဘဏ်ဖြစ်ပြီး ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့ ဘဏ်ဖွင့်ရက်မှ စတင်ကာ ငွေချေးလိုသူများ လာရောက် ဆွေးနွေးနိုင်ကာ ဘဏ်ခွဲများကိုလည်း နိုင်ငံအဝန်း ဆောက်လုပ်ရေးလုပ်ငန်း ပိုမိုတွင်ကျယ်မည့် နေရာများတွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်တွင်း လိုအပ်နေသော တန်ဖိုးမျှ၊ တန်ဖိုးနည်း အိမ်ရာများ တိုးတက် ဆောက်လုပ်နိုင်ရန် ဗဟိုဘဏ်က ဦးဆောင် ကြီးကြပ်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ ဘဏ်လုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းဘဏ် ဥက္ကဋ္ဌ ညွန်ကြားရေးမှူးချုပ်က ပြောကြားသည်။

Miss တစ်ယောက် အနေနဲ့ ရေရှည်ရပ်တည် သွားဖို့က လက်ရှိနေရာမှာ အဆင်မပြေဘူး နန်းခင်ဇေယျာ

Miss တစ်ယောက် အနေနဲ့ ရေရှည်ရပ်တည် သွားဖို့က လက်ရှိနေရာမှာ အဆင်မပြေဘူး နန်းခင်ဇေယျာ

ဇာတ်ညွှန်း အရင် ဖတ်ကြည့်ပြီး ကိုယ်လည်း လုပ်နိုင်မယ့် ဇာတ်ကား မျိုးဆိုရင်တော့  ရိုက်ဖြစ်မှာ ပါဆိုတဲ့ မော်ဒယ်နန်းခင်ဇေယျာက "လတ် တလောမှာ ကြော်ငြာတွေရိုက်ဖြစ် တယ်။ ပြီးတော့ ဇန်နဝါရီလ၊ ၁၅ ရက်နေ့မှာ ညီမရဲ့ ဒုတိယမြောက် ဗီဒီယိုကား စရိုက်မယ်။ ပုံစံလေးက တော့ သင်္ကြန်ကားလေးဖြစ်တဲ့အ တွက် ပေါ့ပေါ့ပါးပါးပုံစံမျိုးလေးလို့ ပြောတယ်။
ရိုက်ပြီးခဲ့တဲ့ ပထမကား မှာရော အသစ်တစ်ယော က်အနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ ရလဲဆိုတော့ ညီမက ကြော်ငြာတွေ ပဲရိုက်ဖူးတယ်။ ကြော်ငြာ ရိုက်တာနဲ့ ကားရိုက်က အရမ်းကွာတဲ့အပြင် တိုင်းရင်းသူလည်းဖြစ်တော့ စကား လည်း နည်းနည်းဝဲတယ်။ အဲဒီအ တွက်သတိထားရတယ်။ ရိုက်ရတဲ့ ကားကပေါ့ပေါ့ပါးပါးကားမျိုးမဟုတ် ဘူး။ ကိုခန့်ထက် ညီမ sence က ပိုများပြီး လုံးဝအငြိမ် ဆရာဝန်မတစ် ယောက်ကာရိုက်တာကို အစအဆုံး Mood သွင်းပြီး အရမ်းကြိုးစားခဲ့ရ တယ်။ ဒါပေမဲ့ ဦးညွန့်မြန်မာညီညီ အောင်နဲ့ ကိုခန့်ကလည်း သင်ပေး ပါတယ်။
Miss တစ်ယောက်အနေနဲ့ သရုပ်ဆောင်လုပ်ဖြစ်တာကလည်း Miss တစ်ယောက်အနေနဲ့ဆိုရင် ရေရှည်ရပ်တည်ဖို့က အဆင်မပြေ ဘူး။ ပရိသတ်တွေကလည်း ဗီဒီယို ကားလေးတွေကြည့်ချင်တယ်ဆိုပြီး Mail တွေနဲ့စာတွေပို့ကြတယ်။ ကိုယ်ကလည်းဝါသနာပါပြီးဆန္ဒရှိတဲ့ အတွက်လုပ်ဖြစ်သွားတာပါ။ ရေ ရှည်မှာလုပ်သွားဖို့ရော အစီအစဉ် ရှိလားဆိုတော့ဇာတ်ကားတွေကို တော့ စရိုက်နေပါပြီ။ လုပ်နိုင်သ လောက်ကာရိုက်တာမရွေးဘဲလုပ် သွားမယ်။ ပရဟိတနဲ့ပတ်သက်ပြီး တော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက နာ ရေးကူညီမှုအသင်းနဲ့အတူ ပြည်မြို့ ကိုသွားတယ်။ အဲဒီမတိုင်ခင် နွား ထိုးကြီးမြို့သွားတယ်။

သရုပ်ဆောင် ပြေတီဦးနှင့် တွေ့ဆုံခြင်း

Written by  သန့်ဇင်ဦး

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် လက်ပံ ရုပ်ရှင်ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သော သရုပ်ဆောင် ပြေတီဦးနှင့် တွေ့ဆုံပြီး အကယ်ဒမီဆု ရရှိသည့်အတွက် ခံစားမှု၊ အဆင့်မီ မြန်မာရုပ်ရှင် ဇာတ်ကားများ ထွက်ပေါ်လာရေးအပေါ် သူ၏ အမြင်နှင့် ဇာတ်ကောင် စရိုက်များအပေါ် သူ၏အာရုံဝင်စား သရုပ်ဆောင်မှုတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice : ပြန်ကြားရေးဝန်ကြီးဌာနက နောက်ဆုံး တာဝန်ယူ ချီးမြှင့်ပေးခဲ့တဲ့ အကယ်ဒမီပေးပွဲက နောက်ဆက်တွဲ ဂယက်တွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဂယက်တွေထဲက တစ်ခုဖြစ်တဲ့ အမျိုးသား ဇာတ်ပို့ဆု၊ ဇာတ်ညွှန်းဆုနဲ့ ဇာတ်ကားဆုတွေ မချီးမြှင့်ခဲ့တာနဲ့ ပတ်သက်ပြီး ကိုပြေတီဦးရဲ့ အမြင်လေးကို ပြောပြပေးပါဦး။

PTO : အစ်ကို့ အမြင်ကတော့ ဆုတွေအားလုံး အပြည့်အစုံပေးမယ် ဆိုရင်တော့ ပွဲကပိုကောင်းပြီး ပိုလှတာပေါ့နော်။ ပရိသတ်လည်းပိုပြီး ကျေနပ်တာပေါ့။ ဒါပေမဲ့ သူတို့မှာလည်း ဘယ်လိုစည်းမျဉ်း၊ စည်းကမ်းတွေ ဘယ်လို ဆုံးဖြတ်ချက်တွေရှိလဲ အစ်ကိုတို့ မမြင်ရဘူးလေ။ တကယ်ဆုံးဖြတ်ခဲ့တဲ့ သူတွေပဲ သေချာ ပြောပြနိုင်ပါလိမ့်မယ်။ အစ်ကိုတို့ကျတော့ ဘာကိုမှ သေချာမသိထားတဲ့အတွက် အစ်ကို့အမြင်ကို ပြောပြဖို့ ခက်ပါတယ်။

Voice : အကယ်ဒမီ ပွဲမှာတုန်းက ဒီဆုက မမျှော်လင့်ဘဲ ရတဲ့ဆုပါလို့ အစ်ကိုပြောခဲ့ဖူးတယ်။ အစ်ကို့ တစ်ယောက်တည်း အမြင်က အမျိုးသား ဇာတ်ဆောင်ဆုကို ဘယ်သူတွေရမယ်လို့ ထင်ထားခဲ့တာလဲ။

PTO : အကယ်ဒမီပေးပွဲ မတိုင်ခင် ဆုရမယ်လို့ သတင်းထွက်တာက ကိုလူမင်းပေါ့နော်။ ဦးကျော်ဟိန်းလည်း ရနိုင်တယ်လို့ ကြားတယ်။ ဟိုအရင်ကလည်း ဦးညွန့်ဝင်းလည်း ရနိုင်တယ်လို့ သတင်းထွက်ခဲ့သေးတယ်လေ။ အဲဒီလို ရနိုင်တဲ့သူတွေ အများကြီးရှိတဲ့အတွက် အစ်ကို့ရဲ့စိတ်ကို လျှော့ထားခဲ့ပါတယ်။

နွားအငှားမောင်းသူ သေဆုံးမှု လူသတ်မှုအဖြစ် စစ်ဆေးရန် အမိန့်ချ

မီတ္ထီလာ၊ ဇန်နဝါရီ ၁၁

မိတ္ထီလာမြို့နယ် ကျွန်းဖိုပင်အုပ်စု ကျွန်းဖိုပင်ရွာမှ အခကြေးငွေယူ၍ နွားအငှားမောင်းသူ ဦးဇော်ထွန်း နွားပို့ သွားရင်း သေဆုံးခဲ့မှုကို ရဲစခန်းက သေမှုသေခင်း ဖွင့်သော်လည်း မြို့နယ်တရားရုံးက ပုဒ်မ ၃၀၂ ဖြင့် ပြန်လည် စစ်ဆေးရန် ဇန်နဝါရီလ ၈ ရက်နေ့က အမိန့် ချမှတ်လိုက်ကြောင်း ကျွန်းဖိုပင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးက ပြောကြားသည်၊

မိတ္ထီလာမြို့နယ် ကျွန်းဖိုပင်အုပ်စု ကျွန်းဖိုပင်ရွာမှ ဦးဇော်ထွန်း (၃၆) နှစ်သည် အောက်တိုဘာလ ၁၄ ရက် ညနေ ၅ နာရီက သာစည်မြို့နယ် ဟံဇားကျေးရွာနေ ဦးနန်းတင် ဝယ်လာသော နွားမ (ဝါညိုရောင်) ကို မိတ္ထီလာဈေးမှ ဟံဇားရွာသို့ ၅၀၀၀ ကျပ်ဖြင့် ပို့ဆောင်ပေးရန် ထွက်ခွာ သွားခဲ့ကြောင်း၊ နွား အငှားမောင်းသူထံတွင် ဒိုင်မှ ဝယ်ယူခဲ့သည့် စာရွက် ပါသွားခဲ့ကြောင်း၊ ထိုည ၁၀ နာရီ အချိန်တွင် ထီလာ စက်မှုဇုန် ရဲကင်းမှ သေဆုံးသူတွင် ဦးညွန့်အောင်ကျွန်းဖိုပင် အမည်ပါ စနေဒိုင် စာရွက်ပါရှိသဖြင့် ကျွန်းဖိုပင် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သတင်းပေးခဲ့ကြောင်း ရဲစခန်း မှတ်တမ်းများအရ သိရသည်။

သေမင်းခံတွင်းနှင့် အလောင်းအစားလုပ်သူလေး..

IBlogger Myanmar's photo.
IBlogger Myanmar's photo.

" အား !!!! " လို့ အော်မိမှာတော့ အသေအချာပါပဲ.... မြင်ကွင်းကတော့ မိန်းမလှလေးတစ်ယောက် တောရိုင်းတိရိစ္ဆာန် မိကျောင်းကြီးတစ်ကောင်နှင့် အသက်ကိုရင်းပြီး အလောင်းအစားလုပ်နေသည့် အသည်းယားစရာအခိုက်အတန့်  ပြကွက်တစ်ခုပဲဖြစ်ပါတယ်... အသက် ၂၇ နှစ်အရွယ်ရှိ လှပျိုဖြူလေးကတော့ အချိုသာဆုံးအပြုံးနဲ့  သာမန်လူတစ်ယောက် တွေးပင်မတွေးဝံ့ လောက်သည့် လုပ်ရပ်အဖြစ် သေမင်းတမန် မိကျောင်းကြီး၏ ပါးစပ်အတွင်းသို့ သူမရဲ့ ဦးခေါင်းကို
ထည့်ပြနေတာပဲဖြစ်ပါတယ်... သစ်သားအပိုင်းအစကလေးတစ်ခုကို အသုံးပြုကာ ထိုင်းမလေး တွင်ဂျိုင်ပင်ဆန် ဟာ မိကျောင်းကြီးကို၎င်းရဲ့ ပါးစပ်ကို ဟခိုင်းစေပြီး သူမရဲ့ ဦးခေါင်းကို ထိုပါးစပ်အတွင်း စက္ကန့် ၃၀ ကြာမျှထားပြ ခဲ့ ပါတယ်...

သူမနှင့် ရေသတ္တ၀ါတို့ ရဲ့ ဘုရင် မိကျောင်းကြီးတို့ အကြား နားလည်ယုံကြည်စိတ်ချမှုကြောင့်  Snappy လို့  တိစ္ဆာန်ရုံ ၀န်ထမ်းများကချစ်စနိုးခေါ်ကြတဲ့ မိကျောင်းကြီးရဲ့ ပါးစပ်ထဲကနေ မိန်းမလှလေး တွင်ဂျိုင် ဟာ အံ့သြစရာ ကောင်းလောက် အောင်ပင် ဘေးမသီရန်မခ၊ အထိအခိုက်မရှိ ပြန်ထွက်ပြနိုင်ခဲ့ ပါတယ်...အဆိုပါ မိကျောင်းနဲ့ လှပျိုဖြူလေးတို့ ဟာ မယုံကြည်နိုင်ဖွယ်ရာ ပြကွက်ကို တစ်ပတ်လျှင် နှစ်ကြိမ်မျှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အနီးရှိ ဆရီရာချာ တိရိစ္ဆာန်ရုံမှာ တင်ဆက်ပြသလျှက်ရှိနေပါတယ်...

မြ၀တီနယ်စပ်တွင် ဇန်န၀ါရီလပထမတစ်ပတ်အတွင်း ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် အလုပ်သမား ၉၀ ကျော် အလိမ်ခံရ

Photo: မြ၀တီနယ်စပ်တွင် ဇန်န၀ါရီလပထမတစ်ပတ်အတွင်း ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် အလုပ်သမား  ၉၀ ကျော် အလိမ်ခံရ

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မကြာခဏလိမ်လည်ခံရလျက်ရှိကာ မြ၀တီနယ်စပ်တွင် ဇန်န၀ါရီလ ပထမတစ်ပတ်အတွင်းကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၉၀ ကျော် အလိမ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါအလုပ်သမားများအနက် ဇန်န၀ါရီ  ၅ ရက်နေ့တွင် ၁၃ဦး၊ ဇန်န၀ါရီ ၆ ရက်နေ့တွင် ၄၀ဦးတို့အား မဲဆောက်မှ တာဝန်ရှိသူများက မြ၀တီနယ်စပ်ရှိ နှစ်နိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံး (မြ၀တီ)သို့ ပို့ဆောင်ပေးခဲ့ပြီး ဇန်န၀ါရီ ၈ ရက်နေ့တွင် ပိုင်ရှင်မဲ့ ယာယီနိုင်ငံကူးလက်မှတ်စာအုပ်  ၃၃ အုပ်တို့ကိုလည်း တာ့ခရိုင်  Police Captain Palhapor Onroal  နှင့် Apirados Chantokol တို့ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ပြည်ပသို့ တရားဝင်သွားရောက်လုပ်ကိုင်ရန် ယာယီနိုင်ငံကူးလက်မှတ်အတွက်  ၆ လကျော် အချိန်ကြာမြင့်ခဲ့ပြီး အေးဂျင့်ဖြစ်သူ နေမင်း၏ ပို့ဆောင်ပေးမှုကြောင့် ဇန်န၀ါရီ ၆ ရက်တွင် အလုပ်သမား ၄၀  ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိခဲ့သော်လည်း  ကားဂိတ်တစ်ခုတွင် နေရာချထားပြီး ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ ဒုက္ခဖြစ်နေစဉ် တာ့ခရိုင်မှ တာဝန်ရှိသူများက မြ၀တီမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းကြောင့် မြ၀တီမြို့ရှိ တာဝန်ရှိအဖွဲ့အစည်းများမှ လက်ခံကာ ဘုရားကြီးကျောင်းတိုက်တွင် စောင့်ရှောက်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ကို နေမင်းနဲ့၊ ကြည်နိုင်ဆိုတဲ့ အေးဂျင့်တို့က တစ်ယောက်ကို ငွေကျပ် လေးသိန်းခွဲနဲ့  တစ်ဖက်နိုင်ငံမှာ အလုပ်ရတဲ့အထိ ဆောင်ရွက်ပေးမယ်ပြောပြီး တာဝန်ယူလုပ်ဆောင်ခဲ့တာပါ။ စာအုပ်ရတဲ့အထိ ၆ လကျော်ကြာပါတယ်။ ကုန်ကျငွေက တစ်ယောက် အနည်းဆုံး ၁၀ သိန်းအထက် ကုန်ကျပါတယ်။ တချို့က လယ်ပေါင်၊ ချေးငှား တချို့ဆို နွားရောင်းပြီးလာခဲ့တာပါ။ ရွာကို ဘယ်လိုပြန်ကြမလဲ၊ သွားစရာမြေမရှိ၊ ပေးစရာငွေမရှိဆိုတော့ ကြုံရာအလုပ်ဝင်လုပ်ဖို့ စိတ်ကူးကြပါတယ်”ဟု ဘုရားကြီးကျောင်း ၀င်းအတွင်း ရောက်ရှိနေသော မင်းဘူးရွာသားတစ်ဦးက ပြောကြားသည်။

အဆိုပါကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးဘသိန်းအောင်နှင့်အဖွဲ့ ဇန်န၀ါရီ ၅ ရက်နေ့တွင် ပို့ဆောင်သည့် စည်သူစိုး အပါအ၀င် ၁၃ ဦးတို့အား မိုးမိုးချမ်း အထွေထွေဝန်ဆောင်မှုကုမ္ပဏီမှ တစ်ဦးလျှင် ကျပ် ၄၅၀၀၀၀ ဖြင့် တာဝန်ယူပို့ဆောင်ပေးခဲ့ရာ တရားမ၀င်သောနည်းလမ်း(အောက်လမ်း)မှ ပို့ဆောင်ပေးရန် စီစဉ်နေမှုကို သိရှိရ၍ ၂၀၁၄ ဇန်န၀ါရီ ၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လူကုန်ကူးရုံးသို့  စည်သူစိုးအပါအ၀င် ၁၃ ဦးနှင့်   ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေးဂျင့်များဖြစ်သော ဦးဘသိန်းအောင်နှင့် နေမင်း(ခ)ကျော်ကြီးတို့အား ခေါ်ယူပြီး နေမင်းထံမှ ပတ်စ်ပို့များအား တိုက်ဆိုင်စစ်ဆေးရာတွင် အထွက်တံဆိပ်တုံးမှာ အတုဖြစ်နေကြောင်း သိရှိရသဖြင့်  အခကြေးငွေယူပြီး တရားဝင်ဆောင်ရွက်ပေးခြင်းမရှိဘဲ လိမ်လည်ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် ဦးဘသိန်းအောင်(ကျောက် မြောင်း၊ ရန်ကုန်)၊ နေမင်း (ရွှေဝါထွန်းလမ်း၊ အမှတ်(၅)ရပ်ကွက်၊မြ၀တီ)၊ မမိုးမိုး(ကျောက်မြောင်း၊ ရန်ကုန်)၊ ကိုကျော်ဇင်နှင့် တံဆပ်တုံးအတုပြုလုပ်ပေးခဲ့သူ အောင်ကိုလတ် (ကျောက်လုံးကြီးဘုရားလမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြ၀တီ)တို့အား  ပြည်ပအလုပ်အကိုင် ပုဒ်မ ၂၆။ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈/၁၁၄ တို့ ဖြင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။       

(ထိုင်းတွင် အလုပ်မရရှိဘဲ  ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအားတွေ့ရစဉ်)

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မကြာခဏလိမ်လည်ခံရလျက်ရှိကာ မြ၀တီနယ်စပ်တွင် ဇန်န၀ါရီလ ပထမတစ်ပတ်အတွင်းကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၉၀ ကျော် အလိမ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါအလုပ်သမားများအနက် ဇန်န၀ါရီ ၅ ရက်နေ့တွင် ၁၃ဦး၊ ဇန်န၀ါရီ ၆ ရက်နေ့တွင် ၄၀ဦးတို့အား မဲဆောက်မှ တာဝန်ရှိသူများက မြ၀တီနယ်စပ်ရှိ နှစ်နိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံး (မြ၀တီ)သို့ ပို့ဆောင်ပေးခဲ့ပြီး ဇန်န၀ါရီ ၈ ရက်နေ့တွင် ပိုင်ရှင်မဲ့ ယာယီနိုင်ငံကူးလက်မှတ်စာအုပ် ၃၃ အုပ်တို့ကိုလည်း တာ့ခရိုင် Police Captain Palhapor Onroal နှင့် Apirados Chantokol တို့ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ပြည်ပသို့ တရားဝင်သွားရောက်လုပ်ကိုင်ရန် ယာယီနိုင်ငံကူးလက်မှတ်အတွက် ၆ လကျော် အချိန်ကြာမြင့်ခဲ့ပြီး အေးဂျင့်ဖြစ်သူ နေမင်း၏ ပို့ဆောင်ပေးမှုကြောင့် ဇန်န၀ါရီ ၆ ရက်တွင် အလုပ်သမား ၄၀ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိခဲ့သော်လည်း ကားဂိတ်တစ်ခုတွင် နေရာချထားပြီး ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ ဒုက္ခဖြစ်နေစဉ် တာ့ခရိုင်မှ တာဝန်ရှိသူများက မြ၀တီမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းကြောင့် မြ၀တီမြို့ရှိ တာဝန်ရှိအဖွဲ့အစည်းများမှ လက်ခံကာ ဘုရားကြီးကျောင်းတိုက်တွင် စောင့်ရှောက်ထားကြောင်း သိရသည်။

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ကျင်ဌေးအား ဌာနဆိုင်ရာမှ စုံစမ်းစစ်ဆေးခြင်းမပြုဘဲ မယူမနေရပင်စင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းအား ရှင်းလင်း

Photo: ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ကျင်ဌေးအား ဌာနဆိုင်ရာမှ စုံစမ်းစစ်ဆေးခြင်းမပြုဘဲ မယူမနေရပင်စင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းအား ရှင်းလင်း

ရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ကျင်ဌေးအား ပညာရေးဝန်ကြီးဌာနက ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းမရှိဘဲ မယူမနေရပင်စင်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါက်တာဒေါ်ကျင်ဌေးက ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၁ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ  (Myanmar Journalist Network) ရုံးခန်း၌ ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါပညာရေးဝန်ကြီးဌာန၏ နိုင်ငံ့ဝန်ထမ်းလုပ်သက် (၃၅)နှစ်ကျော်၊ ပညာရေးဝန်ထမ်းလုပ်သက် ၃၃ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာနတွင် ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ပြီး သုံးလအကြာတွင် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားခြင်းမရှိဘဲ ဌာနဆိုင်ရာမှ စုံစမ်းစစ်ဆေးခြင်းမရှိကာ မယူမနေရပင်စင်ပြစ်ဒဏ်အား နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်စွဲပါ စာအမှတ်- ၁၁၈(၃)၊ ၈၊ သမ္မတရုံးအရ နိုင်ငံဝန်ထမ်း ဥပဒေပုဒ်မ ၄၁ ပါ ပြဋ္ဌာန်းချက်နှင့်အတူ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်မှ စတင်ကာ မယူမနေရပင်စင်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ယခုကဲ့သို့ မယူမနေရပင်စင်ပေးခဲ့ခြင်းအား ပြန်လည်ကုစားမှုပြုပေးနိုင်ရန် ၂၀၁၃ ခုနှစ် အတွင်း နိုင်ငံတော်သမ္မတထံ အယူခံလွှာတင်သွင်းခြင်း၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌထံ မယူမနေရပင်စင်ပေးသည့် အမိန့်ကြော်ငြာစာအား ဥပဒေနှင့်အညီ စိစစ်ဆုံးဖြတ်ပေးရန်တင်ပြခြင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ထံနစ်နာခဲ့ရသည်အား တင်ပြခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိသောကြောင့် တရားမျှတစွာ စုံစမ်းစစ်ဆေးပြီး ပြန်လည်ကုစားပေးနိုင်ရေးအတွက် ရှင်းလင်းတင်ပြရခြင်း ဖြစ်ကြောင်း ကာယကံရှင်က ရှင်းလင်းပြောပြခဲ့သည်။

“ပညာရေးဝန်ကြီးဌာန၏ နိုင်ငံဝန်ထမ်း လုပ်သက်(၃၅)နှစ်ကျော်၊ ပညာရေးဝန်ထမ်း လုပ်သက် ၃၃ နှစ်ကျော် ပြစ်ချက်တစ်စုံတစ်ရာမရှိဘဲ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို နစ်နာစေတဲ့ အဆိုပါအမိန့်ကို ပြန်လည် ပယ်ဖျက်ပေးစေလိုပါတယ်၊ ပညာရေးဝန်ကြီးဌာနကနေ တာဝန်ရှိသူ အဆင့်ဆင့်က ပုဂ္ဂိုလ်ရေးအာဃာတဖြင့် အပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက် ရာထူးသို့ ပြန်လည်ခန့်အပ်တဲ့ ကုစားခွင့်ပေးစေလိုပါတယ်။ ပညာရေးဝန်ကြီးဌာနကနေ မယူမနေရပင်စင်ပြစ်ဒဏ်ကို ချမှတ်တဲ့အခါ စုံစမ်းစစ်ဆေးခြင်းမရှိတဲ့အတွက် ကျွန်မအနေနဲ့ ကိုယ်ရဲ့ပြစ်ချက်ကို ဘာမှန်းဆိုတာတောင်ကိုမသိရပါဘူး၊ ကျွန်မအပါအ၀င် မိသားစုဝင်အားလုံး ဂုဏ်သိက္ခာကျဆင်းခဲ့ရပါတယ်၊ ပြန်လည်ကုစားပေးဖို့ကိုလည်း နိုင်ငံတော်သမ္မတအပါအ၀င် သက်ဆိုင်ရာဌာနတွေကို တင်ပြခဲ့ပင်သော်လည်း ယခုအချိန်အထိ ပြန်လည်အကြောင်းကြားခြင်းမရှိတဲ့အတွက် နစ်နာမြဲနစ်နာနေရပါတယ်” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ကျင်ဌေးက ရှင်းလင်းပြောပြခဲ့သည်။

အဆိုပါ ပါမောက္ခ(ဌာနမှူး)အနေဖြင့် ပညာရေးတာဝန်များ ထမ်းဆောင်နေစဉ် ပြစ်မှုများ ထင်ရှားသောကြောင့် ဌာနဆိုင်ရာမှ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ခြင်းမပြုခဲ့ကြောင်း၊ ပညာရေးဆိုင်ရာလုပ်ငန်းများတွင် မည်သို့မျှ လက်တွဲဆောင်ရွက်မှုမရှိဘဲ အထက်အရာရှိများနှင့်သော် လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းများနှင့်သော်လည်းကောင်း၊ သင်ကြားပို့ချနေသောကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်များပူးတွဲ ဆောင်ရွက်စဉ် ပြဿနာများဖြစ်ပွားစေရန် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့သည်ကို စိစစ်တွေ့ရှိရသောကြောင့် ကျူးလွန်သည့် ပြစ်ဒဏ်များသည် ထင်ရှားပေါ်လွင်မှုရှိသောကြောင့် နိုင်ငံဝန်ထမ်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ ကြယ်ပွင့်မပြ မေးခွန်းအပေါ် ပြည်သူ့လွှတ်တော်ဌာန ပညာရေးဝန်ကြီးဌာန ဒေါက်တာမြအေးက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ပါမောက္ခ(ဌာနမှူး)အနေဖြင့် ၁၉၈၀ ခုနှစ်မှစတင်ကာ နည်းပြရာထူးမှ တွဲဖက်ပါမောက္ခအဆင့်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်မှ စတင်ကာ ရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာနတွင် ပါမောက္ခရာထူးတိုးမြှင့်ခြင်းခံရပြီး ပါမောက္ခရာထူးကို ငါးနှစ် လေးလကြာ ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် ပါမောက္ခ(ဌာနမှူး)အဖြစ် တာဝန်ထမ်းဆောင်ပြီး သုံးလအကြာတွင် မယူမနေရပင်စင် ပြစ်ဒဏ်အား ချမှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

(မယူမနေရပင်စင်ပြစ်ဒဏ်ချမှတ်ခံရခြင်းအပေါ် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ကျင်ဌေးမှ ရှင်းလင်းပြောကြားနေစဉ်)
ရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ကျင်ဌေးအား ပညာရေးဝန်ကြီးဌာနက ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းမရှိဘဲ မယူမနေရပင်စင်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါက်တာဒေါ်ကျင်ဌေးက ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၁ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ (Myanmar Journalist Network) ရုံးခန်း၌ ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါပညာရေးဝန်ကြီးဌာန၏ နိုင်ငံ့ဝန်ထမ်းလုပ်သက် (၃၅)နှစ်ကျော်၊ ပညာရေးဝန်ထမ်းလုပ်သက် ၃၃ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာနတွင် ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ပြီး သုံးလအကြာတွင် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားခြင်းမရှိဘဲ ဌာနဆိုင်ရာမှ စုံစမ်းစစ်ဆေးခြင်းမရှိကာ မယူမနေရပင်စင်ပြစ်ဒဏ်အား နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်စွဲပါ စာအမှတ်- ၁၁၈(၃)၊ ၈၊ သမ္မတရုံးအရ နိုင်ငံဝန်ထမ်း ဥပဒေပုဒ်မ ၄၁ ပါ ပြဋ္ဌာန်းချက်နှင့်အတူ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်မှ စတင်ကာ မယူမနေရပင်စင်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ယခုကဲ့သို့ မယူမနေရပင်စင်ပေးခဲ့ခြင်းအား ပြန်လည်ကုစားမှုပြုပေးနိုင်ရန် ၂၀၁၃ ခုနှစ် အတွင်း နိုင်ငံတော်သမ္မတထံ အယူခံလွှာတင်သွင်းခြင်း၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌထံ မယူမနေရပင်စင်ပေးသည့် အမိန့်ကြော်ငြာစာအား ဥပဒေနှင့်အညီ စိစစ်ဆုံးဖြတ်ပေးရန်တင်ပြခြင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ထံနစ်နာခဲ့ရသည်အား တင်ပြခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိသောကြောင့် တရားမျှတစွာ စုံစမ်းစစ်ဆေးပြီး ပြန်လည်ကုစားပေးနိုင်ရေးအတွက် ရှင်းလင်းတင်ပြရခြင်း ဖြစ်ကြောင်း ကာယကံရှင်က ရှင်းလင်းပြောပြခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis