ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ဖိတ်ခေါ်ချက်အရ ရွေးကောက်ပွဲ
စောင့်ကြည့်လေ့လာရေးအဖွဲ့ကို အမေရိကန်အစိုးရက စေလွှတ်မှာဖြစ်တယ်လို့
နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က
သတင်းထောက်တွေကို ပြောပါတယ်။
ဒီရွေးကောက်ပွဲ စောင့်ကြည့်ရေးကိစ္စကို မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ စံချိန် စံနှုန်းတွေနဲ့ အညီ၊ ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ဖို့ အမေရိကန်အစိုးရက အားပေး တိုက်တွန်းပါတယ်လို့ Victoria Nuland က ပြောသွားပါတယ်။
ဒီရွေးကောက်ပွဲ စောင့်ကြည့်ရေးကိစ္စကို မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ စံချိန် စံနှုန်းတွေနဲ့ အညီ၊ ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ဖို့ အမေရိကန်အစိုးရက အားပေး တိုက်တွန်းပါတယ်လို့ Victoria Nuland က ပြောသွားပါတယ်။



မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ်တွင် အမှုဆောင်များအဖြစ်
ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံ မည့်သူများ၏ စာရင်းကို မတ်လ ၁၇ ရက်နေ့တွင်
ထုတ်ပြန်ကြေညာထားခဲ့ပြီး အဓိက သရုပ်ဆောင်အလွှာ အနေဖြင့် သရုပ်ဆောင်
ကျော်သူလည်း ၀င်ရောက်ယှဉ်ပြိုင်ရန် ပါဝင်သည် ဟု သတင်းရရှိသည်။
Eleven Media Group က ရုံးခန်းထဲမှာ Smart Phone တစ်လုံးနဲ့ ကျွန်တော်
အလုပ်ရှုပ်နေတယ်။ မနက်က ရုံးအမီ ပြေးလာလို့ မပြီးခဲ့တာတွေကို အခုမှ
လုပ်နေရတယ်။ ပထမဆုံးအိမ်က CCTV တွေကို စစ်တယ်။ အိမ်မှာ ဘယ်သူမှ မရှိဘူးဆို
တာသေချာတော့ အ၀တ်လျော်စက်ထဲကို ပစ်ထည့်ခဲ့တဲ့ အင်္ကျီတွေကို
လျော်ပြီးအခြောက်ခံဖို့ အ၀တ်လျှော်စက်ကို လှမ်းခိုင်းတယ်။ ပြီးတော့
ဖုန်စုပ်စက်မှာပါတဲ့ CCTV ကိုသုံးပြီး အိမ်သန့်ရှင်းရေး
လှမ်းလုပ်တယ်။ကျွန်တော်ပိတ်ဖို့ မေ့နေခဲ့တဲ့ လေအေးပေးစက်ကို ပိတ်လိုက်တယ်။
အင်တာနက်ကလည်း မြန်တော့ စိတ်သွားတိုင်း ကိုယ်ပါနေတာပေါ့။ ဒါနဲ့
ကျွန်တော်ရဲ့ ဘဏ်အကောင့်ကို စစ်ပြီး စားစရာဝယ်ဖို့လုပ် . . .''မစ္စတာ
မစ္စတာ ...မစ္စတာ ... ''ရုတ်တရက် ကျွန်တော် လန့်နိုးသွားတယ်။ ထိုင်း
လေယာဉ်မယ်လေးက လေယာဉ်ဆင်းတော့မှာဖြစ်လို့ ကျွန်တော့်ကို ထိုင်ခုံ
ခါးပတ်ပတ်ဖို့ လာသတိပေးတာပါ။
မြန်မာသံစဉ် ဂီတဖျော်ဖြေပွဲ တစ်ခုကို ၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက်နေ့ကတော့
မြန်မာသံ နှစ်ခြိုက်သူများ အတွက် Bo Bo Entertainment က ‘ရွှေဂန္ထ၀င်
ဂီတပွဲတော်’အဖြစ် ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပခဲ့ပါတယ်။