menu

Tuesday 30 October 2012

ဤဆိုရိုးစကား၏ နောက်ဝယ် . . .(မင်းလွင် (အနကလ))




thn-10-28-5
ရန်ကုန်ပြည်သူ့ဆေးရုံတစ်နေရာ

မြန်မာလူမှုဝန်းကျင်တွင် ရှေးလူကြီးသူမများအစဉ်အဆက် အသုံးပြုလက်ဆင့်ကမ်းခဲ့သော ဆိုရိုးစကားများစွာရှိကြ၏။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစတဲ့ နယ်ပယ်များမှာ ဆုံးမစကားအသွင်ဖြင့်ရော၊ သတိမူစရာအမြင်မျိုးဖြင့်ရော မိန့်ဆိုထား ကြပါတယ်။ တရားသဘောအရ သံဝေဂအသွင်နှင့်တောင်ရှိပါသေးတယ်။ အဆိုပါဆိုရိုးတို့ကို သင့်လျော်သလို အသုံးချကြသူတွေရှိသလို အမှတ်တမဲ့မေ့လျော့နေသူတွေလည်း ရှိကြပါတယ်။ များစွာသော ဆိုရိုးစကားများထဲမှ တစ်ခုသော ဆိုရိုး စကားကတော့ နယ်ပယ်အားလုံးနှင့် သက်ဆိုင်လျက်ရှိနေတာကို တွေ့ရှိရပါတယ်။ ''အနာသိက ဆေးရှိ၏'' ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ ဒီဆိုရိုးနှင့် တိုက်ရိုက်ပတ်သက်မှုကတော့ ကျန်းမာရေးကို အခြေခံသော ဆိုရိုးစကားဖြစ်ပေမယ့် နယ်ပယ်စုံမှာ ဆွဲ ယူအသုံးပြုနိုင်သော ဆိုရိုးစကားလည်း ဖြစ်ပါတယ်။

ဝါးကိုအဓိကသုံးသည့် မိုင်းရှင်းဘောလုံး အာဖဂန်နွယ်ဖွားတစ်ဦး တီထွင်





29mt6
ဝါး၊ သံ၊ ပလတ်စတစ်တို့ဖြင့် ပြုလုပ်ထားသော ကုန်ကျစရိတ် သက်သာသည့် မြေမြှုပ် မိုင်းရှင်းကိရိယာတစ်မျိုးကို အာဖဂန်နွယ်ဖွား လူငယ်တစ်ဦးက ဖန်တီးခဲ့သည်။ သိပ္ပံဇာတ်ကားများမှ ထူးခြားသည့်အရာဝတ္ထု တစ်ခုခုဟု အမှတ်မှားနိုင်သည့် ဘောလုံးပုံ မိုင်းရှာကိရိယာတစ်ခုလျှင် နေရာအနေအထားပေါ်လိုက်ပြီး မိုင်းလေးလုံးအထိ ဖျက်စီးပစ်နိုင်သည်ဟု သိရသည်။ စစ်ပွဲဒဏ်ခံနေရသော အာဖဂန်နစ္စတန်မှ အသက် ၁၄ နှစ်အရွယ်တွင် ထွက်ပြေးခဲ့သူ မာဆွတ်ဟက်ဆာနီက မိုင်းရှင်းဘောလုံးကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဟက်ဆာနီသည် အာဖဂန်မှ ပါကစ္စတန်၊ ယင်းမှတစ်ဖန် ရုရှား သို့ တိမ်းရှောင်ခဲ့ပြီး နောက်ဆုံးတွင် ဟော်လန်နိုင်ငံရှိ Design Academy Eindhoven တွင် ဒီဇိုင်းပညာကို သင်ယူခွင့် ရခဲ့သူဖြစ်သည်။

သစ်အလုံးလိုက် ပြည်ပတင်ပို့နေခြင်းကို ၂၀၁၄ ခုနှစ်မှစ၍ လုံးဝ ရပ်ဆိုင်းမည်၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ နိုင်ငံဧရိယာ၏ ငါးပုံ တစ်ပုံသာကျန်




28mt
ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ရန် အေရှားဝေါလ်ဆိပ်ကမ်းသို့ သယ်ဆောင်လာသည့် သစ်လုံးတင်ယာဉ်များကို တွေ့ရစဉ်

မြန်မာနိုင်ငံအနေဖြင့် သစ်အလုံးလိုက် ပြည်ပတင်ပို့နေခြင်းအား ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ လုံးဝ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ် လုပ်ငန်း၏ စီမံချက်များအရ သိရှိ ရသည်။ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် စီမံချက်များ ရေးဆွဲထားရာတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ သစ်အလုံးပြည်ပတင်ပို့ခြင်းအား ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်းသွားမည်ဖြစ်ပြီး သစ်အခြေခံ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့သွားရန် ရှိသည်ဟု သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံမှ နှစ်စဉ် ကျွန်းနှင့် သစ်မာထုတ်ယူမှုကိုလည်း လျှော့ချသွားရန် စီစဉ်ထားပြီး ကျွန်းအား ၁၅ ရာခိုင်နှုန်း သစ်မာအား ၂၀ ရာခိုင်နှုန်း လျှော့ချထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် ပဲခူးရိုးမဒေသ၌ သစ်ထုတ်လုပ်ခြင်းအား အမြန်ဆုံးလျှော့ချ ထုတ်လုပ်ရန်အတွက် ဦးစားပေး သတ်မှတ်ထားကြောင်းနှင့်  ပဲခူးရိုးမတွင် ကျွန်းကို ၇၅ ရာခိုင်နှုန်းနှင့် သစ်မာကို ၂၂ ရာခိုင်နှုန်း အချိုးကျ လျှော့ထုတ်သွားရန်ရှိကြောင်း သိရသည်။

ယွန်းဝတီလွင်မိုး ပြောသမျှ သီတင်းကျွတ်အမှတ်တရ

Photo: ယွန်းဝတီလွင်မိုး ပြောသမျှ သီတင်းကျွတ်အမှတ်တရ

သီတင်းကျွတ်ရောက်တော့မှာ ဖြစ်တဲ့အတွက် သီတင်းကျွတ်ရောက်တိုင်း မိဘ၊ အဘိုး အဘွား တွေကို ကန်တော့လေ့ရှိသလို့ သီတင်းကျွတ်ပွဲတော်ဆို တအားပျော်တယ်လို့ ယွန်းဝတီလွင်မိုးက ပြောပြပါတယ်။ သီတင်းကျွတ်မှာ ခရီးထွက်ရတာကိုကြိုက်တဲ့ ယွန်းဝတီ လွင်မိုးရဲ့ သီတင်းကျွတ် အမှတ်တရ ကတော့” သီတင်းကျွတ်ဆို တအားပျော်တယ်။ အနုပညာ အလုပ်မလုပ်ခင် ကတည်းက ဒီအတိုင်းပဲ။ အခုလည်း ဒီအတိုင်းပါပဲ။ သူငယ်ချင်းတွေနဲ့ မီးရှူး၊ မီးပန်းတွေဖောက်တယ်။ ငယ်ငယ်တုန်းက ဖေဖေနဲ့ မေမေတို့ရဲ့ သူငယ်ချင်းတွေနဲ့ သီတင်း ကျွတ်ဆို ငပလီမှာ မီးပုံကြီး လုပ်ပြီး သီချင်းတွေ ဆိုတာ တအားပျော်တယ်။ အမှတ်တရပဲ။ ဒီနှစ်လည်း ရန်ကုန်မှာပဲ ဒီအတိုင်း သီတင်းကျွတ်ကို ဖြတ်သန်းမှာပါ” လို့ပြောပြပါတယ်။ 

ကြော်ငြာ၊ ဓာတ်ပုံ၊ အမ်တီ ဗီတွေ ရိုက်ကူးဖြစ်နေတဲ့ ယွန်းဝတီလွင်မိုးက လတ်တလော မှာတော့ ‘ဆည်းလည်းသံ’ ဗီစီဒီထဲမှာရှေးခေတ် ပုံစံသရုပ်ဆောင် ထားပါတယ်။ ဒီလို သရုပ်ဆောင်မှုအတွက် ကြိုက်တဲ့ ပရိသတ်ရော၊ မကြိုက်တဲ့ ပရိသတ်တွေရော ၅ဝ စီပါပဲ လို့ပြောပြပါတယ်။ “အိုက်တင်ကအစ အခုခေတ် ပုံစံမဟုတ် ဘဲ ရှေးခေတ်အိုက်တင်မျိုး ဒါရိုက်တာက သင်ပေးတယ်။ အင်္ကျီ၊ ဖိနပ်၊ မိတ်ကပ်၊ ဆံပင်ကအစ ရှေးခေတ်ပုံစံလုပ်ရတယ်။ မလိုက်ဘူးလို့ပြောတဲ့ ပရိသတ်တွေလည်း ရှိတယ်ဆိုတော့ နောက်တစ်ခါ ပရိသတ်အကြိုက် လုပ်ပေးပါ့မယ်”လို့ပြောပြပါတယ်။ ယွန်းဝတီ လွင်မိုးက အောက်တိုဘာ ၃၁ရက်နေ့၊ ဟော လိုးဝင်း နိုက်မှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အိမ်မှာပဲ သရဲကားထိုင်ကြည့်လေ့ ရှိပေ မယ့် ဟောလိုးဝင်း နိုက်က နိုင်ငံခြား မှာပဲလုပ်ကြတဲ့ ပွဲတော်ဖြစ်တာ ကြောင့် ဒီမှာတော့ သိပ်မလုပ်ဖြစ်ဘူးလို့လည်း
ပြောပြခဲ့ပါတယ်။

မေမွန်မောင် — 

အေးချမ်းမွန်မှ Popular Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Journal
သီတင်းကျွတ်ရောက်တော့မှာ ဖြစ်တဲ့အတွက် သီတင်းကျွတ်ရောက်တိုင်း မိဘ၊ အဘိုး အဘွား တွေကို ကန်တော့လေ့ရှိသလို့ သီတင်းကျွတ်ပွဲတော်ဆို တအားပျော်တယ်လို့ ယွန်းဝတီလွင်မိုးက ပြောပြပါတယ်။ သီတင်းကျွတ်မှာ ခရီးထွက်ရတာကိုကြိုက်တဲ့ ယွန်းဝတီ လွင်မိုးရဲ့ သီတင်းကျွတ် အမှတ်တရ ကတော့” သီတင်းကျွတ်ဆို တအားပျော်တယ်။ အနုပညာ အလုပ်မလုပ်ခင် ကတည်းက ဒီအတိုင်းပဲ။ အခုလည်း ဒီအတိုင်းပါပဲ။ သူငယ်ချင်းတွေနဲ့ မီးရှူး၊ မီးပန်းတွေဖောက်တယ်။ ငယ်ငယ်တုန်းက ဖေဖေနဲ့ မေမေတို့ရဲ့ သူငယ်ချင်းတွေနဲ့ သီတင်း ကျွတ်ဆို ငပလီမှာ မီးပုံကြီး လုပ်ပြီး သီချင်းတွေ ဆိုတာ တအားပျော်တယ်။ အမှတ်တရပဲ။ ဒီနှစ်လည်း ရန်ကုန်မှာပဲ ဒီအတိုင်း သီတင်းကျွတ်ကို ဖြတ်သန်းမှာပါ” လို့ပြောပြပါတယ်။

ရခိုင်ပြည်နယ်၌ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀၀ကျော်၊ နစကတပ်ဖွဲ့ဝင်အင်အား ၁၀၀၀ကျော်နှင့် တပ်မတော်တပ်ရင်း ၅၁ရင်းတို့ဖြင့် လုံခြုံရေးအင်အား ဖြန့်ကျက်ထားကြောင်း သိရ




 849
လုံခြုံရေးအခြေအနေကို စိုးရိမ်သောကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းဒေသနေ တိုင်းရင်းသားများအပါအဝင် မြို့ပေါ်သို့ရွှေ့ပြောင်းသူများ
လိုက်ပါလာသည့် ဘူးသီးတောင်မှ စစ်တွေသို့ထွက်ခွာမည့် သဘောင်္အား အောက်တိုဘာလ ၂၇ ရက်နေ့က တွေ့ရစဉ် ဓါတ်ပုံ- ဝင်းမောင် (မောင်တော)
 
ရခိုင်ပြည်နယ်၌ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀၀၀ကျော်၊ န.စ.ကတပ်ဖွဲ့ဝင်အင်အား ၁၀၀၀ကျော် နှင့် တပ်မတော်တပ် ရင်း ၅၁ရင်းတို့အား ဖြန့်ကျက်ထားပြီး ဆူပူအကြမ်းဖက်မှုများ ဖြိုခွဲနှိမ်နင်းရာတွင် အသုံးပြုသည့် မျက်ရည်ယိုဗုံးအပါအ၀င် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ကရိယာများ လုံလောက်စွာဖြန့်ဖြူးထားကြောင်း  အောက်တိုဘာလ ၂၈ရက်နေ့ ညနေပိုင်းက နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်) ၏ Facebookစာမျက်နှာတွင် ဖော်ပြထားသည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများ တစ်ကျော့ပြန်ဖြစ်ပွားလာသည့် အခြေအနေတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားမလုံလောက်မှုကို အဓိကဝေဖန် ပြောကြားလျက်ရှိကြောင်း မူလကလည်း လုံခြုံရေးအင်အား လုံလောက်စွာ ချထားပြီးဖြစ်သော်လည်း ဆူပူအကြမ်းဖက်မှု ဖြစ်နိုင်ဖွယ်ရာရှိသော Flash point နေရာများကို အဓိကထား၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရဲကင်းများထားရှိမှု၊ လုံခြုံရေးတာဝန်ဖြင့် ကင်းလှည့်မှုစသည်တို့ကို အလေးအနက်ထား ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား

ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား

၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်ဆုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် ဆုပ်ယူသော သတ္တုပြားများဟာ အင်မတန် ဈေးကြီးပါတယ်။ ယင်းအပြားက ဆုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီလီကွန် ဝါယာကြိုး တပ်ဆ်ပေးရတာကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် ဆံပင်မွေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက တီထွင်ခဲ့ပါတယ်။

သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ လေ့လာခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒ ပညာရှင် စတီဖန်ဟော့ကင်း ဖြစ်ပါတယ်။ လေးစားရတဲ့ ဟီးရီုးအနေနဲ့ကတော့ အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။

ဒါကြောင့် အချိန်တိုတွင်း လေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လို အသုံးဝင်တယ်ဆိုတာ သိရှိသွားပါတယ်။ ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများက အစ လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့ လုပ်ဆောင်နိုင်တာကို တွေ့ရှိခဲ့ပြီး ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ သူဖန်တီးတဲ့ လက် တစ်မစာ ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့် ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာကို တွေ့ ရှိ သွားပါတယ်။

အားလုံးပေါင်း ကုန်ကျစရိတ်က မြန်မာကျပ်ငွေနဲ့တွက်ရင် ၃သောင်းခွဲကျော်လေးပဲ ဖြစ်ပါတယ်။ ဒီလောက်ငွေနည်းနည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင်တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ ထူးခြားတဲ့ ဖန်တီးမှု တစ်ရပ် ဖြစ်ပါတယ်။

ယခုတော့ Milan ဟာ စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ ပက်သက်လို့ ပိုမို နက်နဲစွာ လေ့လာနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျ သက်သာစွာ မီးရရှိရေး ဖြစ်ပါတယ်။ ဆံပင်မွေးနဲ့ အလင်းပေးနိုင် တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက် ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာများ ရှာဖွေလေ့လာ ဖန်တီးနေပြီ ဖြစ်ပါတယ်။

ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ် ကျော်ပြီ ဖြစ်ပြီး ရူပဗေဒ ပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ ဖြစ်ပါတယ်။ BBC, Daily Mail, CNN တို့လို မီဒီယာများ သွားရောက် အင်တာဗျူးပြီး ကမ္ဘာက လေးစားရတဲ့ လူငယ် တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
----
Ref:Daily Mail

Aung Kham (TSJ team)

အေးချမ်းမွန်မှ TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journal
၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်ဆုပ်ယူပေတဲ့
ဆိုလာ/နေရောင်ခြည်စွမ်းအင် ဆုပ်ယူသော သတ္တုပြားများဟာ အင်မတန် ဈေးကြီးပါတယ်။ ယင်းအပြားက ဆုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီလီကွန် ဝါယာကြိုး တပ်ဆ်ပေးရတာကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် ဆံပင်မွေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက တီထွင်ခဲ့ပါတယ်။

ကော့သောင်း-ရနောင်းဒေသ လူနဲ့ကား အဖမ်းအဆီးသတင်း

Photo: ကော့သောင်း-ရနောင်းဒေသ လူနဲ့ကား အဖမ်းအဆီးသတင်း
Tuesday, October 30, 2012 

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ဘက် ထိုင်းမော်တော်ကားတွေ မှောင်ခိုပို့နေတယ်လို့ ယူဆရသူတွေကို ဒီနေ့ ဖမ်းမိတယ် တဲ့။

...ဒေသခံများက သတင်းပေးလို့ ရနောင်းမြို့ကနေ ကော့သောင်းမြို့ဘက်ကို စက်လှေ ၂ စင်းနဲ့ ကားတွေ သယ်နေချိန်မှာ သွားရောက်ဖမ်းခဲ့တယ် လို့ ဆိုတယ်။

သက်သေခံ ကား ၂ စီး၊ ထိုင်းနိုင်ငံသား ၃ ဦး၊ မြန်မာ နိုင်ငံသား ၄ ဦးတို့ကို ဖမ်းမိထားတယ်လို့ မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဥပဒေအရ အရေးယူမယ်၊ ဒီအဖွဲ့ကို ဦးဆောင်သူတွေက ထိုင်းနိုင်ငံသားများ ဖြစ်တယ်လို့ ထိုင်း အာဏာပိုင်များက ဆိုတယ်။

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားများက ကော့သောင်း၊ မော်လမြိုင်မြို့တို့က လာသူများဖြစ်တယ်၊ အဖမ်းခံရသူ အားလုံးကို ယခုအခါ ရနောင်းမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

“မကြာသေးခင်က ကြားသိရတဲ့ သတင်းတွေအရ ကော့သောင်းမြို့နယ်မှာ ကားလိုင်စင် အသစ်တွေ လုပ်ပေးနေချိန်မှာ ဒီလိုလုပ်ပြီး ရောက်ရှိသွားတဲ့ ကားတွေ အများကြီး ရှိနေပြီ” ဆိုပြီး ဟု ထိုင်းအရာရှိက ပြောကြောင်း မန်နေဂျာ အွန်လိုင်း http://manager.co.th/Local/ViewNews.aspx?NewsID=9550000132112 မှာ ရေးထားပါတယ်။

Irrawaddy

အေးချမ်းမွန်မှ ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ခေတ်သတင်း
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ဘက် ထိုင်းမော်တော်ကားတွေ မှောင်ခိုပို့နေတယ်လို့ ယူဆရသူတွေကို ဒီနေ့ ဖမ်းမိတယ် တဲ့။

...ဒေသခံများက သတင်းပေးလို့ ရနောင်းမြို့ကနေ ကော့သောင်းမြို့ဘက်ကို စက်လှေ ၂ စင်းနဲ့ ကားတွေ သယ်နေချိန်မှာ သွားရောက်ဖမ်းခဲ့တယ် လို့ ဆိုတယ်။
သက်သေခံ ကား ၂ စီး၊ ထိုင်းနိုင်ငံသား ၃ ဦး၊ မြန်မာ နိုင်ငံသား ၄ ဦးတို့ကို ဖမ်းမိထားတယ်လို့ မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဥပဒေအရ အရေးယူမယ်၊ ဒီအဖွဲ့ကို ဦးဆောင်သူတွေက ထိုင်းနိုင်ငံသားများ ဖြစ်တယ်လို့ ထိုင်း အာဏာပိုင်များက ဆိုတယ်။

ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်နှင့်ကနေဒါတွင် ၁၃ ဦး သေဆုံး

Photo: ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်နှင့်ကနေဒါတွင် ၁၃ ဦး သေဆုံး
ပီတာအောင် DVB ၃၀ အောက်တိုဘာ ၂၀၁၂

ဧရာမ ဟာရီကိန်းမုန်တိုင်း ဆန်ဒီဟာ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းခြေကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေမှာ မနေ့က အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ရပြီး သစ်ပင်တွေ၊ လျှပ်စစ်မီးကြိုးတွေ ပြိုလဲပျက်စီးခဲ့ပါတယ်။

...နယူးယောက်၊ နယူးဂျာစီ၊ မေရီလန်း၊ ပင်ဆယ်ဗေးနီးယား၊ ဗာဂျီးယားအနောက်ပိုင်းနဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေက ဒေသခံတာဝန်ရှိသူတွေရဲ့ သတင်းအစီရင်ခံချက် တွေအရ အင်အားကြီးမုန်တိုင်းကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး၊ သူတို့တွေဟာ သစ်ပင်ပိတာ၊ အိမ်ပြိုတာ၊ လေထဲလွင့်ပါပြီး တခုခုနဲ့ တိုက်မိ၊ ဆောင့်မိတာတွေကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

တိုရွန်တို ရဲတပ်ဖွဲ့ ပြောကြားချက်အရ ကနေဒါအမျိုးသမီးတဦးကတော့ လွင့်ပျံလာတဲ့ အပျက်အစီးတွေကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

နယူးဂျာစီပြည်နယ်ရောက် ရခိုင်တိုင်းရင်းသားတဦးဖြစ်တဲ့ ကိုလှဌေးက “State of Emergency ဆိုပြီး ကြေညာထားပြီ။ အခု ၀င်နေပြီ။ ကျနော်တို့နေတဲ့ မြို့အတွင်းပိုင်းတောင်မှ တံခါးဖွင့်လိုက်ရင် တ၀ုန်းဝုန်းနဲ့ ၀ုန်းဝုန်းနဲ့ လေတွေတိုက်နေတာ။ ကျနော်တို့တောင် အပြင်မထွက်ရဲဘူး။ ပင်လယ်ကမ်းခြေဒေသတွေဆိုရင် အပျက်အစီးတော်တော်များနေလောက်ပြီ။ လျှပ်စစ်မီးတွေလည်း ပြတ်သွားပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက ကာရစ်ဘီယံဒေသတလျှောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ဆန်ဒီကြောင့် အနည်းဆုံး လူ ၆၇ ဦး သေဆုံးခဲ့ရပြီး တနင်္လာနေ့မှာ ပိုပြင်းထန်မယ်လို့ ခန့်မှန်းထားခဲ့ကြတာပါ။

အသက်အိုးအိမ် စည်းစိမ်ကို မကြုံစဖူး ခြိမ်းခြောက်မှုလို့ အာဏာပိုင်တွေက သတိပေးထားပြီး နယူးအင်္ဂလန်မှ မြောက်ကယ်ရိုလိုင်းနားအထိ ဒေသခံပေါင်း ထောင်သောင်းကို အိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းခိုလှုံကြဖို့လည်း အမိန့်ထုတ် ညွှန်ကြားထားပါတယ်။

မုန်တိုင်းကြောင့် အမေရိကန် လူဦးရေ ၅ ပုံ ၁ ပုံ လောက် ဖြစ်တဲ့ သန်း ၆၀ ကျော်ကို ထိခိုက်ပြီး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးလောက်အထိ ပျက်စီးဆုံးရှူံးနိုင်တယ်လို့ ဘေးအန္တရာယ်ခန့်မှန်းရေး ကုမ္ပဏီ Eqecat က ကြိုတင်တွက်ချက် ခန့်မှန်းထားပါတယ်။

အေးချမ်းမွန်မှ DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :StormTeam4NY
ဧရာမ ဟာရီကိန်းမုန်တိုင်း ဆန်ဒီဟာ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းခြေကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေမှာ မ
နေ့က အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ရပြီး သစ်ပင်တွေ၊ လျှပ်စစ်မီးကြိုးတွေ ပြိုလဲပျက်စီးခဲ့ပါတယ်။

...နယူးယောက်၊ နယူးဂျာစီ၊ မေရီလန်း၊ ပင်ဆယ်ဗေးနီးယား၊ ဗာဂျီးယားအနောက်ပိုင်းနဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေက ဒေသခံတာဝန်ရှိသူတွေရဲ့ သတင်းအစီရင်ခံချက် တွေအရ အင်အားကြီးမုန်တိုင်းကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး၊ သူတို့တွေဟာ သစ်ပင်ပိတာ၊ အိမ်ပြိုတာ၊ လေထဲလွင့်ပါပြီး တခုခုနဲ့ တိုက်မိ၊ ဆောင့်မိတာတွေကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ကျောက်နီမော်လူထု တောင်းဆိုချက်(၃)ချက် အာဏာပိုင်တို့လိုက်လျော

Photo: ကျောက်နီမော်လူထု တောင်းဆိုချက်(၃)ချက် အာဏာပိုင်တို့လိုက်လျော

Written by အာရ်ကန်တိုင်းမ်စ်     Tuesday, 30 October 2012 17:51  
    
ယနေ့ ကျောက်ဖြူမြို့နယ်၊ ကျောက်နီမော်လူထုနှင့် ကျောက်နီမော် တစ်ဖက်ကမ်း စကုကျွန်းတို့မှ လူထုတောင်းဆိုချက် (၄)ချက်အနက် (၃)ချက်ကို ဒေသလုံခြုံရေး တာဝန်ယူထားသော အာဏာပိုင်တို့မှ ယနေ့ညနေ (၄)နာရီအချိန်တွင် သဘောတူလိုက်လျောလိုက်ပြီဖြစ်သည်။

ကျောက်နီမော်ဒေသခံ ကိုသိန်းဇော်က အာဏာပိုင်တို့ သဘောတူသည့်အချက်များကို "၁။ ကျောက်နီမော်ဒေသတွင် တရားမဝင် လာရောက်နေထိုင်သူ ဘင်္ဂလီများအား(၇)ရက်အတွင်း ပြောင်းရွှေ့နေရာချထားရန် ၂။ မတရားပစ်သတ်ခံခဲ့ရသူ ဦးဟန်တင်သေဆုံးခဲ့ရမှုအတွက် တရားခံဖြစ်သူ ကျောက်နီမော် ရဲစခန်းမှ ဒုရဲအုပ် သန်းတင့်ကို ဥပဒေကြောင်းအရ အရေးယူရန် ၃။ ဒဏ်ရာရရှိသူ ဦးမောင်သန်းရွှေအတွက် အစိုးရဖက်မှ အပြည့်အဝ တာဝန်ယူရန်" တို့ဖြစ်ပါတယ်ဟု  Arakantimes သတင်းဌာနသို့ ပြောကြားသွားသည်။

ယနေ့နံနက်(၈)နာရီအချိန်မှစ၍ ကျောက်နီမော်လူထု တစ်သောင်းကျော်ပါဝင်သော ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကိုပြုလုပ်နေစဉ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောက်နီမော် ရဲစခန်းမှ ပစ်ခတ်နှိမ်နင်းခဲ့မှုကြောင့် ဦးဟန်တင်(ဘ)ဦးကျော်ဟန် အသက်(၅၇)နှစ်မှာ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ဦးမောင်သန်းရွှေ(ဘ)ဦးချမ်းတင် အသက်(၄၂)နှစ်မှာ သေနတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့သဖြင့် ရမ်းဗြဲမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ နေရသည်။

အစိုးရ ရဲတပ်ဖွဲ့မှ သေနတ်ပစ်လူစုခွဲသော်လည်း လူစုမကွဲသွားဘဲ လူအင်အား ပိုမိုများပြားလာသည့်အတွက် ဒေသလုံခြုံရေး တာဝန်ယူထားသူ ခမရ(၃၂၆)မှ ဗိုလ်မှူးကျော်မင်းယု က ဆန္ဒပြသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ယခုလိုသဘောတူညီခဲ့ကြကြောင်း သိရသည်။ တောင်းဆိုချက်များကို အမြန်ဆုံးလိုက်လျောနိုင်စေရန်အတွက် သပိတ်စခန်းအဖြစ် ဆက်လက်ထားရှိရေးကိုမူ သဘောတူညီမှုမရရှိခဲ့ကြောင်း Arakantimes သတင်းဌာနမှ စုံစမ်းသိရှိရသည်။

အေးချမ်းမွန်မှ  Arakantimes တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Arakantimes
ယနေ့ ကျောက်ဖြူမြို့နယ်၊ ကျောက်နီမော်လူထုနှင့် ကျောက်နီမော် တစ်ဖက်ကမ်း စကုကျွန်းတို့မှ လူထုတောင်းဆိုချက် (၄)ချက်အနက် (၃)ချက်ကို ဒေသလုံခြုံရေး တာဝန်ယူထားသော အာဏာပိုင်တို့မှ ယနေ့ညနေ (၄)နာရီအချိန်တွင် သဘောတူလိုက်လျောလိုက်ပြီဖြစ်သည်။

ကျောက်နီမော်ဒေသခံ ကိုသိန်းဇော်က အာဏာပိုင်တို့ သဘောတူသည့်အချက်များကို "၁။ ကျောက်နီမော်ဒေသတွင် တရားမဝင် လာရောက်နေထိုင်သူ ဘင်္ဂလီများအား(၇)ရက်အတွင်း ပြောင်းရွှေ့နေရာချထားရန် ၂။ မတရားပစ်သတ်ခံခဲ့ရသူ ဦးဟန်တင်သေဆုံးခဲ့ရမှုအတွက် တရားခံဖြစ်သူ ကျောက်နီမော် ရဲစခန်းမှ ဒုရဲအုပ် သန်းတင့်ကို ဥပဒေကြောင်းအရ အရေးယူရန် ၃။ ဒဏ်ရာရရှိသူ ဦးမောင်သန်းရွှေအတွက် အစိုးရဖက်မှ အပြည့်အဝ တာဝန်ယူရန်" တို့ဖြစ်ပါတယ်ဟု Arakantimes သတင်းဌာနသို့ ပြောကြားသွားသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စ ညှိနှိုင်းမှုပျက်ကာ ဒေသခံ ၂၀၀၀ သပိတ်မှောက်


Photo: လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စ ညှိနှိုင်းမှုပြက်ပျက်ကာ ဒေသခံ ၂၀၀၀ သပိတ်မှောက်

October 30, 2012 

လက်ပံတောင်းတောင်ကြေး နီစီမံကိန်းနှင့်ပတ်သက်ပြီး ဦးပိုင် ကုမ္ပဏီဘက်မှ သက်ဆိုင်ရာ တာ ၀န်ရှိသူများက ဆားလင်းကြီးမြို့ နယ် ရွာ(၂၆)ရွာရှိ ရွာသူရွာသား များနှင့် တွေ့ဆုံပြီးညှိနှိုင်းရာကျေး ရွာနေသူ လူပေါင်း(၂၀၀၀)ကျော် ခန့်က လက်မခံဘဲ သပိတ်မှောက် ခဲ့ကြကြောင်း ရန်ကုန် ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုး၏ ပြောပြချက်အရ သိရသည်။
““ဦးပိုင်ကုမ္ပဏီဘက်က  သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရွာသူ၊ ရွာသားတွေကို အောက် တိုဘာ (၂၉)ရက်က ခေါ်ယူညှိ နှိုင်းခဲ့တယ်။ ဦးပိုင်ကုမ္ပဏီဘက် က တာဝန်ရှိသူတွေက လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း ဟာ နိုင်ငံတော် စီမံကိန်းဖြစ်တဲ့ အတွက် ဆက်လက်လုပ်ဆောင် မယ်ဆိုပြီး ပြောဆိုတဲ့အတွက် သွားရောက်ညှိနှိုင်းတဲ့ ရွာသူ၊ ရွာ သား (၂၀၀၀)ကျော်ခန့်က လုံး ၀လက်မခံပါဘူး””ဆိုပြီး အကျိုး ဆောင်ကွန်ရက်မှ ကိုအောင်စိုး က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံ ရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံ ပြည်သူများနှင့် မြန်မာ့စီးပွားရေး ဦးပိုင်၊ တရုတ်ဝမ်ဘိုကုမ္ပဏီတို့  ပဋိပက္ခ ဖြစ်နေသည်မှာ ယခု အချိန်အထိ ပြေလည်ခြင်းမရှိ သေးကြောင်း၊ နေ့စဉ် ဆန္ဒပြမှု များဖြစ်ပွားလျက် ရှိကြောင်း သိရ သည်။


မျိုးမြင့်၊တူးတူး

အေးချမ်းမွန်မှ The Hot Newsတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News
October 30, 2012

လက်ပံတောင်းတောင်ကြေး နီစီမံကိန်းနှင့်ပတ်သက်ပြီး ဦးပိုင် ကုမ္ပဏီဘက်မှ သက်ဆိုင်ရာ တာ ၀န်ရှိသူများက ဆားလင်းကြီးမြို့ နယ် ရွာ(၂၆)ရွာရှိ ရွာသူ
ရွာသား များနှင့် တွေ့ဆုံပြီးညှိနှိုင်းရာကျေး ရွာနေသူ လူပေါင်း(၂၀၀၀)ကျော် ခန့်က လက်မခံဘဲ သပိတ်မှောက် ခဲ့ကြကြောင်း ရန်ကုန် ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုး၏ ပြောပြချက်အရ သိရသည်။
““ဦးပိုင်ကုမ္ပဏီဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရွာသူ၊ ရွာသားတွေကို အောက် တိုဘာ (၂၉)ရက်က ခေါ်ယူညှိ နှိုင်းခဲ့တယ်။ ဦးပိုင်ကုမ္ပဏီဘက် က တာဝန်ရှိသူတွေက လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း ဟာ နိုင်ငံတော် စီမံကိန်းဖြစ်တဲ့ အတွက် ဆက်လက်လုပ်ဆောင် မယ်ဆိုပြီး ပြောဆိုတဲ့အတွက် သွားရောက်ညှိနှိုင်းတဲ့ ရွာသူ၊ ရွာ သား (၂၀၀၀)ကျော်ခန့်က လုံး ၀လက်မခံပါဘူး””ဆိုပြီး အကျိုး ဆောင်ကွန်ရက်မှ ကိုအောင်စိုး က ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးသည့် နေ့ ဖားကန့် တွင် တိုက်ပွဲဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၃ဝ

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် ကေအိုင်အို ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ တို့ ရွှေလီမြို့ တွင် တွေ့ဆုံ ဆွေးနွေး သည့် နေ့တွင် ဖားကန့် မြို့နယ် မှော်လဂင် ကျေးရွာ အနီးတွင် တပ်မတော် နှင့် ကေအိုင်အေ တို့ တိုက်ပွဲ များ ဖြစ်ပွား နေကြောင်း ထွက်ပြေး တိမ်းရှောင် လာရသည့် ဒေသခံ တို့က The Voice weekly သို့ ဆက်သွယ် ပြောကြားသည်။
“ သေနတ်သံ ရော အမြောက်သံ ရော အကုန် ကြားရတယ်” ဟု မှော်လဂင် ကျေးရွာမှ အသက် ၃ဝ အရွယ် တိမ်းရှောင် လာသူ တစ်ဦးက ဆိုသည်။

ယင်းတိုက်ပွဲ ကြောင့် ထွက်ပြေး တိမ်းရှောင် လာသူ တို့သည် ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာ အုပ်စု မှော်ရှန် ရပ်ကွက် ဘုန်းတော်ကြီး ကျောင်း တွင် ခိုလှုံ နေကြပြီး လူဦးရေ ၅ဝခန့် ရှိကြောင်း ယင်း ကျေးရွာရှိ လက်ဖက်ရည် ဆိုင်ပိုင်ရှင် တစ်ဦး က ပြောကြား သည်။
ထွက်ပြေး တိမ်းရှောင် လာသူ တစ်ဦး ကမူ “စစ်တပ် (တပ်မတော်) က ရွာကနေ အကုန် တိမ်းရှောင်ဖို့ လာပြော လို့ပါ”ဟု ဆိုသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO အဖွဲ့တို့ တရုတ်နိုင်ငံ၊ ရွှေလီ၌တွေ့ဆုံ

Photo: ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO အဖွဲ့တို့ တရုတ်နိုင်ငံ၊ ရွှေလီ၌တွေ့ဆုံ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်များ မတက်ရောက်ခဲ့၍ စစ်ရေးဆိုင်ရာ ထူးခြားသည့် အဖြေထွက်ပေါ်ခဲ့ခြင်းမရှိဘဲ နိုင်ငံရေးနည်းလမ်းအရ ဆက်လက်ဆွေးနွေးရန် သဘောတူ
  
TUESDAY, 30 OCTOBER 2012 16:30

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့သည်  အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန် (Jind Cheng) ဟိုတယ်၌ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြပါသည်။ အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နှစ်ဖက်တပ်များ နေရာရွှေ့ထားရေး ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်မည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ မတက်ရောက်ခဲ့သဖြင့် စစ်ရေးအခြေအနေနှင့် ပတ်သက် ပြီး ထူးခြားသော အဖြေထွက်ပေါ်ခဲ့ခြင်း မရှိခဲ့ဘဲ နိုင်ငံရေး နည်းလမ်းအရ ဆက်လက် ဆွေးနွေးကြရန် သဘောတူညီခဲ့ကြပါသည်။

ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တက် ရောက်ရန် မူလက စီစဉ်ခဲ့သော်လည်း KIA ဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် တက်ရောက်လာခြင်း မရှိသည့် အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခြင်း မပြုခဲ့ရာမှ စစ်ရေးအခြေအနေနှင့် ပတ်သက်သည့် အဖြေ မထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

"KIO က နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဖို့ကို တောက်လျှောက် ပြောလာတယ်။ အခုတစ်ကြိမ်မှာတော့ နိုင်ငံရေး နည်း လမ်းနဲ့ ဆက်လက် ဆွေးနွေးသွားဖို့ ဦးအောင်မင်းက အများရှေ့မှာ ကတိပေးခဲ့တယ်။ အများကြီး လုပ်စရာတွေတော့ ရှိ သေးတယ်။ ဒါပေမယ့် တိုးတက်လာပါတယ်”ဟု KIO ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ သမ္မတ ရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်ခဲ့ကာ KIO ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ကို ဦးဆွမ်လွတ်ဂွမ်က ဦး ဆောင်ခဲ့ပါသည်။ ဦးဆွမ်လွတ်ဂွမ်သည် KIO ၌ နံပါတ် ငါးအဆင့်ရှိသော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမြဲတန်း ဗဟိုကော် မတီဝင်လည်း ဖြစ်ပါသည်။

၂၀၁၂ခုနှစ်အတွင်း ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ကော်မတီနှင့် KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့သည် ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့၌ တစ်ကြိမ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မိုင်ဂျာ ယန်မြို့တွင် နှစ်ကြိမ် စုစုပေါင်း သုံကြိမ် အလွတ်သဘော တွေ့ဆုံခဲ့သည့်ပြီး ယခုဆွေးနွေးပွဲမှာ ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။  တတိယအကြိမ် အလွတ်သဘော ဆွေးနွေးစဉ်အချိန်က KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ဦးအောင်မင်းတို့ အကြား နှစ်ဘက်တပ်များ နေရာရွေ့ပြောင်းရေးနှင့် ပတ်သက်ပြီး တရားဝင်တွေ့ဆုံပွဲတွင် ဆွေးနွေးရန် စီစဉ်ခဲ့ကြောင်း သိရသည်။

“တတိယအကြိမ် အလွတ်သဘော တွေ့တုန်းမှာ ဗိုလ်ချုပ် ဂွမ်မော်နဲ့ ကျွန်တော်တို့ စပြီး ဆွေးနွေးခဲ့ပါတယ်။ တပ်တွေ တစ်နေရာနဲ့တစ်နေရာ ရှုပ်ထွေးနေတဲ့အတွက် နေရာ (၄၀) ရွှေ့ပေးရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော့် လုပ်ဆောင် ချက်ကတော့ ပြန်သွားပြီးတဲ့အခါ တပ်ပိုင်းဆိုင်ရာလည်း ကျွန်တော် ဆွေးနွေးပါတယ်။ သမ္မတကြီးလည်း ကျွန်တော် တင်ပြပါတယ်။ နောက်ဆုံး ဒီကို လာခါနီးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ထပ်ပြီး ဆွေးနွေးပါတယ်။ တစ်ချို့ နေရာလေးတွေမှာ ရွှေပေးဖို့အတွက် စီမံချက်ရှိပါတယ်။ အဲလို ရွေ့ပေးဖို့ စီမံတဲ့အခါမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တပ်ချုပ်ကြီးကနေ အာဏာကုန်လွှဲအပ်ပေးလိုက်တာကတော့ ကစထမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ဖြစ်ပါတယ်။ ဗိုလ် ချုပ်ကြီး မြင့်စိုးလည်း လိုက်လာပါတယ်။လိုက်လာပေမဲ့ တစ်ဖက်က ဗိုလ်ချုပ် ဂွမ်မော်မပါဘူးဆိုတာ သိရတော့ သူက အခု မူဆယ်မှာပဲ စောင့်ပြီးနေခဲ့တယ်။ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဆွေးနွေးမယ့် ဆွေးနွေးပွဲဖြစ်တဲ့အတွက် တပ်ဘက်ကဘဲ ဦးဆောင်ရမှာဖြစ်တယ်။ ဒီလိုပြောလို့လဲ ကျွန်တော်တို့က နိုင်ငံရေးကို ဆက်ပြီး မဆွေးနွေးဘူးလို့ မပြောပါဘူး။ ကြိုက်တဲ့ အချိန်မှာ နိုင်ငံရေး ဆွေးနွေးပွဲကို အပစ်အခတ်ရပ်စဲရေး မပြုလုပ်သေးသော်လည်း ဒါကို ဆက်လက်ပြီး ဆွေးနွေးလို့ ရပါတယ်”ဟု ဦးအောင်မင်းက ပြောပါ သည်။

ဆွေးနွေးပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးကိုယ်စား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီး ထွန်းထွန်းနောင်က တပ်မတော်၏ သဘောထားကို ပြောပြခဲ့ပြီး ၎င်းတို့ အနေဖြင့် နိုင်ငံတော် သမ္မတ၏ အမိန့်ညွှန်ကြားချက်ကို နာခံလိုက်နာလျက်ရှိကြောင်း ပြောကြားခဲ့သည်။

"တပ်မတော်ရဲ့ သဘောထားနဲ့ပတ်သက်ပြီးတော့ အရေးကြီးတဲ့ အချက်တစ်ချို့ကို တင်ပြလိုပါတယ်။ ဒီစကားက ဗိုလ်ချုပ်ကြီး မြင့်စိုးကိုယ်တိုင် တက်ရောက်ပြီးတော့ ပြောဖို့ လျာထားပေမယ့်လည်း KIA ဘက်က တပ်ပိုင်းဆိုင်ရာ အဆုံးအဖြတ်ပေးနိုင်တဲ့ ဗိုလ်ချုပ်ဂွမ်မော် မတက် ရောက်တဲ့အတွက် ဗိုလ်ချုပ်ကြီး မြင့်စိုး တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနဲ့ ဦးဂွမ်မော်တို့သာ တက်ရောက်နိုင်မယ်ဆိုရင် အဆုံးအဖြတ်များ ရရှိနိုင်သည်အထိ ဆွေးနွေးနိုင် မှာဖြစ်သော်လည်း ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးသွားတာ ဖြစ်တဲ့အတွက် အထူးပဲ စိတ်မကောင်းဖြစ်ရပါတယ်။  ကျွန်တော့်အနေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စတင် တာဝန်ထမ်းဆောင်ကတည်းက နှစ်ဖက်ပစ်ခတ်မှုတွေ လျော့ နည်းအောင် လုပ်ခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်လည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် အထူးအလေးထားသူ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော် သမ္မတကြီးရဲ့ အမိန့်နဲ့ ညွှန်ကြားချက်အတိုင်း နာခံလိုက်နာလျက်ရှိပါတယ်။ ဒီနေ့အချိန်အထိ မိမိကိုယ်ကိုယ်ကို မိမိ ခုခံကာကွယ်တာက လွဲရင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ခြင်း မရှိပါဘူး”ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ပြောပါသည်။

တပ်မတော်သည် တိုင်းရင်းသားလူမျိုးများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ်မတော်ဖြစ်ကြောင်း ဗိုလ်မှူး ချုပ်ထွန်းထွန်းနောင်က ဆက်လက် ပြောပါသည်။

“ကျွန်တော်တို့ တပ်မတော်ဟာ တိုင်းရင်းသားလူမျိုး အားလုံး ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တပ်မတော် ဖြစ်ပါတယ်။ ဒီနေ့ တပ်မတော်မှာ ထိပ်ပိုင်းခေါင်းဆောင်တွေက စပြီးတော့ အရာရှိ၊ အရာခံ အကြပ်စစ်သည်များထဲမှာ တိုင်းရင်းသား လူမျိုး အားလုံးပါဝင်ပြီးတော့ DSA များထဲမှာလည်း ရှိကြတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တပ်မတော်ကို ဗမာတပ် ဆိုတဲ့ အသုံးအနှုန်းနဲ့ သုံးစွဲတာ မသင့်တော်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ပြည်ထောင်စု တပ်မတော်ဖြစ်တဲ့ ကျွန် တော်တို့ တပ်မတော်ဟာ တို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့၊ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတာနဲ့အညီ ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ဆက်လက်ပြော ကြားသည်။

တပ်မတော်ဘက်မှ ခုခံကာကွယ်ရုံမှ လွဲပြီး ထိုးစစ်မဆင်ဟု ပြောသော်လည်း အကွာအဝေး အနည်းဆုံး ငါးမိုင်မှ ဆယ်မိုင် အထိရောက်ရှိနိုင်သော ၁၀၅ မမ၊ ၁၂၀ မမ လက်နက်ကြီးများ ပစ်ခတ်နေခြင်းမှာ နားမလည်စရာဖြစ်သည်ဟု KIO ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ဝင် ဦးလဖိုင်လက ပြောပါသည်။

ထို့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ဗိုလ်ချုပ် ဂွမ်မော် မတက်ရောက်နိုင်ခြင်းသည် KIA တပ်မဟာ (၄) အပါအ၀င် အခြား ဒေသများ သို့ ပြုလုပ်လာသည့် ထိုးစစ်များကြောင့် ဖြစ်သည်ဟု KIO ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ဝင် ဦးဇော်ရော်က ပြော သည်။

“ဒီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့မှာတင် တပ်မဟာ(၄) ကို ထိုးစစ်လုပ်ပါတယ်။ ထိုးစစ်တွေက ပိုပြီး များလာတဲ့အတွက် ဦးစီး ချုပ်တစ်ယောက်အနေနဲ့ တပ်ကို ပစ်ထားပြီး လိုက်လာလို့ မရတဲ့အတွက် ဗိုလ်ချုပ် ဂွမ်မော် ပါမလာတာပါ”ဟု ဦးဇော် ရော်က ပြော ပါသည်။

ယခုလအတွင်း တိုက်ပွဲပေါင်း(၉၀) ကျော် ဖြစ်ပွားခဲ့ကြောင်းနှင့် အောက်တိုဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့အထိ KIO ဗဟိုဌာနချုပ်သို့ လက်နက်ကြီး (၁၀၅ မမ) ဖြင့် ပစ်ခတ်မှု ၁၄ ကြိမ် ရှိခဲ့သည်ဟု ဦးဇော်ရော်က ဆက် လက်ပြောပြသည်။

၁၀၅ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကို ဦးအောင်မင်းက ပြန်လည်ရှင်းလင်းခဲ့ပြီး ၁၀၅ မမ များ ပစ်ခတ်မိန့်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ကသာ အမိန့်ပေးနိုင် ကြောင်းနှင့် အကယ်၍ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသာ ရှိနေ မည်ဆိုပါက ထိုကိစ္စရပ်ကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

သို့သော် နှစ်ဖက်စလုံးတွင် အမှားများ ရှိခဲ့ကြောင့်၊ ရှေ့ခရီးတွင် ငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်သွားမည်ဟု ကတိပြု ကြောင်းနှင့် နောက်ကြောင်း ပြန်အကြောင်းအရာများကို မပြောတော့ဘဲ ဆွေးနွေးမှုများ တိုးတက်မှုများရှိအောင် လုပ်ဆောင်လို သည်ဟု ဦးအောင်မင်း က ပြောပါသည်။

KIO အနေဖြင့် စစ်မှန်သော ပြည်ထောင်စုအတွင်း လုံခြုံစိတ်ချစွာ နေထိုင်ရန် ဆန္ဒရှိနေကြောင်း တော်လှန်ရေး လမ်းစဉ်၏ အရင်းခံသည် နိုင်ငံရေးကြောင့် ဖြစ်သည့်အတွက် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်သာ လိုအပ်မည်ဖြစ်သည်ဟု KIO ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ပြောကြားခဲ့သည်။

"KIO မှ တင်ပြနေသော တင်ပြခဲ့ပြီးသော အချက်များသည် ကချင်လူမျိုးများ ကချင်ပြည်နယ်သူ ပြည်နယ်သားအားလုံး ပင်လုံကတိ က၀တ်ကို အခြေခံသည့် စစ်မှန်သော ပြည်ထောင်စုအတွင်း၌ လုံခြုံစိတ်ချစွာ အတူတစ်ကွ နေထိုင်သွားကြရန် ဟူသော ရည်မှန်းချက်နှင့် ဆန္ဒအပေါ်တွင်သာ အခြေခံသည်။ တိုင်းရင်းသားများ၏ လက်နက်ကိုင်တော်လှန်ရေး အရင်းခံ အကြောင်းတရားများမှာ နိုင်ငံရေးစနစ်ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ နိုင်ငံရေးကြောင့် ဖြစ်ပွားနေခဲ့ရသော ပြည်တွင်းစစ် အား စစ်ရေးနည်းလမ်းဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုအပ်သည်”ဟု ဦးဆွမ်လွတ်ဂမ်က ဆွေးနွေးပွဲ အဖွင့်တွင် ပြောကြားခဲ့သည်။

"စစ်ပွဲတွေ ပြီးစေချင်ရင် နိုင်ငံရေးကို ဆွေးနွေးရပါမယ်။ နိုင်ငံရေး ပြဿနာ ပြေလည်ရင် တိုက်ပွဲတွေ မရှိတော့ပါဘူး။ နိုင်ငံရေး ပြဿနာ မပြေလည်ရင်တော့ တိုက်ပွဲတွေ ရှိနေမှာပါ”ဟု ဦးဆွမ်လွတ်ဂမ်က ပြောပါသည်။

ထို့နောက် တိုင်းရင်းသားများအားလုံး ဘေးကင်းလုံခြုံစွာ အဆင့်အတန်းတူ၊ အခွင့်အလန်းတူ၊ ရပိုင်ခွင့်တူညီစွာဖြင့် စစ်မှန် သော ပြည်ထောင်စုအတွင်း၌ စုပေါင်းနေထိုင်နိုင်သည့် အာမခံချက် ရရှိရန်အတွက် အငြင်းပွားဖွယ်ရာ ကြိုတင်ကန့်သတ် ချက်များမရှိသော နိုင်ငံရေးဆွေးနွေးမှုအား ယခုတွေ့ဆုံပွဲမှ စတင်လိုကြောင်း ဦးဆွမ်လွတ်ဂမ်က ဆက်လက်ပြော ကြားသည်။

KIO ဘက်မှ တင်ပြလာသော နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးလိုကြောင်းကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော် ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက သဘောတူခဲ့ပြီး ယခုဆွေးနွေးပွဲအား အဆုံးသတ်ခဲ့ပါသည်။ နောက်တစ်ကြိမ် ဆွေးနွေးမှုကို မူဆယ် သို့မဟုတ် ဗန်းမော်တွင် ပြုလုပ်ရန် ဦးအောင်မင်းက ကမ်းလှမ်းခဲ့ပြီး KIO အနေဖြင့် ဗဟိုကော်မတီနှင့် ဆွေးနွေးပြီး အကြောင်းပြန်သွားမည်ဟု သိရသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့၏ ငြိမ်းချမ်း ရေးဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ  ဦးအောင်မင်း ( သမ္မတရုံး ၀န်ကြီးဌာန) ၊  ဦးဝင်းထွန်း (ပြည်ထောင်စုဝန်ကြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန ၀န်ကြီး)၊ ဦးအုန်းမြင့် (ပြည်ထောင်စုဝန်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ၀န်ကြီး)၊ ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး) ၊ ဗိုလ်မှူးချုပ် အောင်စိုး ( အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး)၊  ဦးလဂျွန်ငန်ဆိုင်း ( ကချင်ပြည်နယ် ၀န်ကြီးချုပ်)၊ ဗိုလ်မှူးကြီး သန်းအောင် (ပြည်နယ်ဝန်ကြီး၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန) ၊ ဦးစ၀်အောင်မြတ် (ရှမ်းပြည်နယ် ၀န်ကြီးချုပ်) ၊ ဗိုလ်မှူးကြီး အောင်သူ (ပြည်နယ် ၀န်ကြီး၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန)၊  ဦးထွန်းထွန်းဦး( ဒုတိယ ရှေ့နေချုပ်) ၊ ဗိုလ်ချုပ် ဇော်ဝင်း (ပြည်ထောင်စု ဒုတိယ ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန)၊ ဗိုလ်မှူးကြီး ကျော်စွာဝင်း တို့ ပါဝင်ခဲ့ကြပြီး ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တွင် ဦးဆွတ်လွတ်ဂမ်၊ ဦးလဖိုင်လ၊ ဦးဇော်ရော်၊ ဦးခွန်နောင်၊ ဦးဂျီးနောင်၊ ဦးဇော်တောင်၊ ဦးနော်ထွယ်၊ ဦးခွန်ဆိုင်းနှင့် ဦးဆိင်းခေါတို့  ပါဝင်ခဲ့ကြပါသည်။

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Eleven Media Group
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့သည် အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန် (Jind Cheng) ဟိုတယ်၌ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြပါသည်။ အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နှစ်ဖက်တပ်များ နေရာရွှေ့ထားရေး ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်မည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ မတက်ရောက်ခဲ့သဖြင့် စစ်ရေးအခြေအနေနှင့် ပတ်သက် ပြီး ထူးခြားသော အဖြေထွက်ပေါ်ခဲ့ခြင်း မရှိခဲ့ဘဲ နိုင်ငံရေး နည်းလမ်းအရ ဆက်လက် ဆွေးနွေးကြရန် သဘောတူညီခဲ့ကြပါသည်။

ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တက် ရောက်ရန် မူလက စီစဉ်ခဲ့သော်လည်း KIA ဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် တက်ရောက်လာခြင်း မရှိသည့် အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခြင်း မပြုခဲ့ရာမှ စစ်ရေးအခြေအနေနှင့် ပတ်သက်သည့် အဖြေ မထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အဖြစ်ဆိုးခဲ့တဲ့ ၈ တန်းကျောင်းသူလေး

Photo: အဖြစ်ဆိုးခဲ့တဲ့ ၈ တန်းကျောင်းသူလေး


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ နယ်၊ ဇိုင်းဂနိုင်းကြီးကျေးရွာ၌ အောက်တိုဘာ (၁၆) ရက်က  ကျောင်းသူမိန်းကလေးတစ်ဦး အသတ်ခံရမှုဖြစ်ပွားပေါ်ပေါက်ခဲ့ ရာ လူသတ်မှုမှတရားခံကိုအခင်း ဖြစ်ချိန်မှစတင်ပြီးအချိန် ၆ နာရီ အကြာ၌ ပဲခူးအမှတ် (၂) ရဲတပ်  ဖွဲ့စခန်းက ဖမ်းဆီးရမိခဲ့သည်။
အောက်တိုဘာ ၁၆ ရက်  နံနက် (၇) နာရီအချိန်ခန့်က ဦးတင်  မြင့် ဇိုင်းဂနိုင်းကြီးကျေးရွာအရှေ့ ပိုင်းနေထိုင်သူ၏ သမီးဖြစ်သူမ (၁၃) နှစ်၊ ၈ တန်းကျောင်းသူ သည် အ.လ.က (၁) ကျောက် ကြီးစုကျောင်းသို့သွားရောက်ခဲ့ရာ ညနေ (၆)နာရီခန့်အချိန်အထိ နေအိမ်သို့ပြန်လည်၍ ရောက်မ  လာသောကြောင့်လိုက်လံစုံစမ်းရာ   ယင်းနေ့ကျောင်းမတက်ကြောင်း သိရသဖြင့် ဆက်လက်ပြီးရှာဖွေ  ကြရာမ(—)မှာ ဇိုင်းဂနိုင်း ကြီးကျေးရွာအုပ်စုအတွင်းရှိ ဦးထွန်းမြင့်၏ စပါးခင်းအစပ်တွင် ညိုမည်းပုပ်ပွ၍ သေဆုံးနေသည် ကို အောက်တိုဘာ ၁၇ ရက် ည ၇ နာရီခွဲအချိန်၌တွေ့ရှိရသဖြင့်  ရဲစခန်းသို့တိုင်ကြားခဲ့ကြောင်း သိရ သည်။
ရဲတပ်ဖွဲ့ကတရားခံဖော်ထုတ်  ဖမ်းဆီးရမိနိုင်ရေးအတွက် သတင်း  စုဆောင်းခဲ့ရာဇိုင်းဂနိုင်းကြီးကျေး ရွာနေမချော(ဈေးရောင်း)သည် အခင်းဖြစ်နေ့တွင် ဈေးရောင်းပြီး ဇိုင်းဂနိုင်းကြီးကျေးရွာသို့ပြန်လာ စဉ် နံနက် ၀၈း၃၀ နာရီအချိန်၌ အရပ်ပုပုဂင်တိုတိုအမျိုးသားတစ် ဦးရွှံ့နွံ့များပေကျံလျက်ကျောပိုး အိတ်တစ်လုံးကိုလွယ်ကာနောက်  လှည့်ကြည့်လှည့်ကြည့်နှင့်လာစဉ် ၎င်းင်းအားဝင်ရောက်တိုက်မိသွား ကြောင်း၊ ဇိုင်းဂနိုင်းကြီးကျေးရွာ နေမပုကြီးဆိုသူအမျိုးသမီးသည် အခင်းဖြစ်နေ့ နံနက်ပိုင်းတွင် ဇိုင်းဂနိုင်းကြီးကျေးရွာနှင့် ရေစက် ကုန်းရွာအကြားအခင်းဖြစ်နေရာ အနီးလမ်းမပေါ်တွင် အရက်မူး နေသည့်အရပ်ပုပုဂင်တိုတိုအမျိုး သားတစ်ဦးကိုတွေ့ကြောင်း၊ ၎င်းင်း  အမျိုးသားသည်ရွှေလှေကျောက် ပုံစုကျေးရွာနေဈေးရောင်းသူမ၀ါဝါ ဆိုသူအမျိုးသမီးကိုတွေ့၍ နောက်ပြောင်ပြောဆိုသဖြင့် မ၀ါဝါ  က ၎င်းင်းအားဆဲရေးတိုင်းထွာသွား သည်ကိုတွေ့မြင်ရကြောင်း၊ ဈေး ရောင်းသူမ၀ါဝါသည်အခင်းဖြစ် နေ့ နံနက်ပိုင်းဈေးရောင်းထွက်လာ  စဉ်လမ်း၌အရက်မူးနေသူလူတစ် ဦးက ၎င်းင်းအားနောက်ပြောင်ပြော  ဆိုသဖြင့်ဆဲရေးတိုင်းထွားရန်တွေ့ ခဲ့ကြောင်း၊ ထိုအချိန်မှာ မြို့ပေါ် ကျောင်းသို့ကျောင်းသွားတက်ကြ သော ကျောင်းဝတ်စုံနှင့် ကျောင်း သား၊ ကျောင်းသူများသွားလာနေ  ကြသည်ကိုတွေ့ရကြောင်း၊ ၎င်းင်း  အားနောက်ပြောင်ပြောဆိုခဲ့သူမှာ   ရွှေလှေကျေးရွာ၊ ရွာမပိုင်းနေသူ  ဦးတွတ်နီ၏သမက်တော်စပ်သူမင်း မင်းထွန်းဆိုသူဖြစ်ကြောင်းသိရသဖြင့် ရဲတပ်ဖွဲ့ဝင်များသည်ညတွင်းချင်း  ရွှေလှေကျေးရွာသို့သွားရောက်ကာ  မင်းမင်းထွန်းအား ဖမ်းဆီးခဲ့သည်။ မင်းမင်းထွန်း၏ အိပ်ရာအနီး ကျောပိုးအိတ်နှင့် ကျောင်းသုံးဘောပင် (၅) ချောင်း  ကို သက်သေခံပစ်္စည်းများအဖြစ် သိမ်းဆည်းခဲ့သည်။ မင်းမင်းထွန်း  အား ရဲစခန်းက (ပ) ၂၆၂/၁၂ ပုဒ်မ ၃၀၂ အရ စစ်ဆေးခဲ့ရာ ၎င်း ၏ အစစ်ခံထွက်ဆိုချက်များအရ မင်းမင်းထွန်းမှာ အောက်တိုဘာ ၆ ရက်က ရေစက်ကုန်းကျေးရွာရှိ နာရေးတစ်ခုတွင် ဖဲရှုံး၍ ရေစက် ကုန်းကျေးရွာမှ ဇိုင်းဂနိုင်းကြီးကျေး ရွာဘက်သို့အခင်းဖြစ်နေ့ နံနက် ၀၇း၃၀ နာရီအချိန်ခန့် လမ်း လျှောက်လာစဉ်လမ်းတွင် ကျောင်း သူမိန်းကလေးအားတွေ့၍ ပိုက်ဆံ  တောင်းကြောင်း၊မပေးသဖြင့် ပါးစပ်  ပိတ်ပြီး နောက်လမ်းနံဘေးလယ် ကွင်းထဲသို့ဆွဲခေါ်သွားကာ သေသူ  မိန်းကလေးပါးကို နှစ်ချက်ရိုက်၍ မုဒိမ်းကျင့်၊လည်ပင်းညှစ်ပြီးသတ်ခဲ့ ကြောင်း ထိုနောက်ကျောပိုးအိတ် အတွင်းမှ စာအုပ်များကိုအခင်းဖြစ်  ရပ်တွင် သွန်ချခဲ့ပြီးအဆိုပါအိတ် ကိုယူ၍ထွက်ပြေးခဲ့ကြောင်း၊ လမ်း တွင်အမျိုးသမီးတစ်ဦးအား ၀င်တိုက် မိခဲ့ကြောင်း အစစ်ခံထွက်ဆိုခဲ့ သည်။
အဆိုပါလူသတ်မှုအား ထိုက် သင့်သောပြစ်ဒဏ်များရရှိစေရေး အတွက် အမှုကိုခိုင်မာတည်ဆောက်   ကာတရားစွဲဆိုသွားမည်ဟုသတင်း  ရရှိသည်။

 မင်းခဏ့်

အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ နယ်၊ ဇိုင်းဂနိုင်းကြီးကျေးရွာ၌ အောက်တိုဘာ (၁၆) ရက်က ကျောင်းသူမိန်းကလေးတစ်ဦး အသတ်ခံရမှုဖြစ်ပွားပေါ်ပေါက်ခဲ့ ရာ လူသတ်မှုမှတရားခံကိုအခင်း ဖြစ်ချိန်မှစတင်ပြီးအချိန် ၆ နာရီ အကြာ၌
ပဲခူးအမှတ် (၂) ရဲတပ် ဖွဲ့စခန်းက ဖမ်းဆီးရမိခဲ့သည်။
အောက်တိုဘာ ၁၆ ရက် နံနက် (၇) နာရီအချိန်ခန့်က ဦးတင် မြင့် ဇိုင်းဂနိုင်းကြီးကျေးရွာအရှေ့ ပိုင်းနေထိုင်သူ၏ သမီးဖြစ်သူမ (၁၃) နှစ်၊ ၈ တန်းကျောင်းသူ သည် အ.လ.က (၁) ကျောက် ကြီးစုကျောင်းသို့သွားရောက်ခဲ့ရာ ညနေ (၆)နာရီခန့်အချိန်အထိ နေအိမ်သို့ပြန်လည်၍ ရောက်မ လာသောကြောင့်လိုက်လံစုံစမ်းရာ ယင်းနေ့ကျောင်းမတက်ကြောင်း သိရသဖြင့် ဆက်လက်ပြီးရှာဖွေ ကြရာမ(—)မှာ ဇိုင်းဂနိုင်း ကြီးကျေးရွာအုပ်စုအတွင်းရှိ ဦးထွန်းမြင့်၏ စပါးခင်းအစပ်တွင် ညိုမည်းပုပ်ပွ၍ သေဆုံးနေသည် ကို အောက်တိုဘာ ၁၇ ရက် ည ၇ နာရီခွဲအချိန်၌တွေ့ရှိရသဖြင့် ရဲစခန်းသို့တိုင်ကြားခဲ့ကြောင်း သိရ သည်။

ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်ကို နာခံမည်

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲအရှိန်များ လျှော့ချနိုင်ရန်အတွက်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်သမ္မတကြီး၏အမိန့်ကို နာခံရန် ကတိပေးထားကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က တရားဝင်ပြောကြားသည်။

ယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်နေ့ ရွှေလီမြို့ရှိ
JING CHENG ဟိုတယ်၌ ဒေသစံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်တွင် စတင်
ကျင်းပခဲ့ပြီးနောက် အထက်ပါအတိုင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

တမူးခရိုင် ခမ်းပတ်မြို့နယ်ခွဲတွင် မသင်္ကာဖွယ်ရာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ပြောဆို

Photo: တမူးခရိုင် ခမ်းပတ်မြို့နယ်ခွဲတွင် မသင်္ကာဖွယ်ရာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ပြောဆို


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပတ်မြို့နယ်ခွဲ၊ အမှတ်(၅) ရပ်ကွက်တွင် ယခုလ(၂၅)ရက် နေ့ မနက် ၂ နာရီခွဲအချိန်ခန့်တွင် မသင်္ကာဖွယ်ရာပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ကနန်ကျေးရွာခံတစ်ဦးက ပြောကြားသည်။“  ကျွန်တော်တို့ဒေသဘက်မှာက ချောင်းမြောင်းတွေထဲမှာငါးရှာရင်လည်း မိုင်းခွဲပြီးရှာတတ်တာကြောင့် ငါးမိုင်းပေါက်ကွဲခဲ့တာလို့ထင်နေခဲ့ရတာပါ။ နောက်တော့ ခမ်းပတ်အမှတ်(၅)ရပ်ကွက် ထဲကပေါက်ကွဲတာဖြစ်တယ်လို့သိရပါတယ်” ဟု  ကနန်ကျေးရွာသားတစ်ဦးက  ပြော ပြသည်။ အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက “မနက်အစောကြီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရတာပါ။ အမှတ်(၅)ရပ်ကွက်ထဲက (ဘ)ဦးမောင်မူ၏သား ဦးခင်မောင် သင်း နေအိမ်အရှေ့မြောက်ဘက်ရှိ ရေလောင်းအိမ်သာအနီး အဲ့ဒီပေါက်ကွဲမှုက ဖြစ်ပွားခဲ့တယ်လို့ အတည်ပြု့လို့ရ ပါတယ်” ဟု ၎င်းတာဝန်ရှိသူက တုန့်ပန်ပြောကြားသည်။ စုံစမ်းသိရှိရသည်မှာ အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ ရှေ့တန်းရောက် ခလရ(၂၆၆) တပ်ရင်းမှ ဗိုလ်ကြီး မြတ်ကျော်ဦး ဆိုသူဦးဆောင်သော တပ်မတော်သားများနှင့် ခမ်းပတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ရာတွင် အနီ/အနက် နှစ်ပင်လိမ် လျှပ်စစ်ဝါယာကြိုးအရှည်ပေ(၁၅၀)နှင့်အတူ အ၀ါရောင် တိပ်စဖြင့်ရစ်ပတ်ထားရှိသော ဓာတ်ခဲခြောက်တစ်ခုတို့အား စီစစ်တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။ ၎င်း ပေါက်ကွဲမှုနှင့်ပတ်သက်၍ စစ်ဘက်ရေးရာတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “ပေါက်ကွဲတာ နဲ့ပတ်သက်လို့ လူရော တရိစ္ဆာန်ပါ အသေအပျောက်လုံးဝမရှိခဲ့ပါ်” ဟုHot Newsသို့ ပြောကြားခဲ့သည်။လတ်တလောအခြေအနေတွင် ခမ်းပတ်မြို့နယ်ခွဲတွင် မိမိတို့ပတ်ဝန်းကျင်းမှ မင်္ကာဖွယ်ရာ ပစ္စည်းများတွေ့ မြင်ရပါက သက်ဆိုင်ရာသို့ အချိန်မီဆက်သွယ်အကြောင်းကြားနိုင်ကြောင်း၊ဒေသခံများထံ ပညာပေးဟောပြော မှုများအား သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

စိုးမိုးထွန်း(မုံရွာ)

အေးချမ်းမွန်မှ The Hot News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပတ်မြို့နယ်ခွဲ၊ အမှတ်(၅) ရပ်ကွက်တွင် ယခုလ(၂၅)ရက် နေ့ မနက် ၂ နာရီခွဲအချိန်ခန့်တွင် မသင်္ကာဖွယ်ရာပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ကနန်ကျေးရွာခံတစ်ဦးက ပြောကြားသည်။“ ကျွန်တော်တို့ဒေသဘက်မှာက ချောင်းမြောင်းတွေထဲမှာငါးရှာရင်လည်း မိုင်းခွဲပြီးရှာတတ်တာကြောင့် ငါးမိုင်းပေါက်ကွဲခဲ့တာလို့ထင်နေခဲ့ရတာပါ။ နောက်တော့ ခမ်းပတ်အမှတ်(၅)ရပ်ကွက် ထဲကပေါက်ကွဲတာဖြစ်တယ်လို့သိရပါတယ်” ဟု ကနန်ကျေးရွာသားတစ်ဦးက ပြော ပြသည်။ အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက “မနက်အစောကြီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရတာပါ။ အမှတ်(၅)ရပ်ကွက်ထဲက (ဘ)ဦးမောင်မူ၏သား ဦးခင်မောင် သင်း နေအိမ်အရှေ့မြောက်ဘက်ရှိ ရေလောင်းအိမ်သာအနီး အဲ့ဒီပေါက်ကွဲမှုက ဖြစ်ပွားခဲ့တယ်လို့ အတည်ပြု့လို့ရ ပါတယ်” ဟု ၎င်းတာဝန်ရှိသူက တုန်ြ့ပန်ပြောကြားသည်။

ပညာရေးတက်ကြွ လှုပ်ရှားသည့် ပါကစ္စတန် နောက်ထပ် မိန်းကလေး တစ်ဦး ခြိမ်းခြောက်ခံရ

မိန်းကလေးများ တန်းတူပညာ သင်ခွင့်အတွက် တက်ကြွ လှုပ်ရှားကာ အစွန်းရောက် ဘာသာရေး အယူအဆကို လူသိရှင်ကြား ဝေဖန်ရဲသော တာလီဘန် ကြီးစိုးရာ ပါကစ္စတန်ဆွတ်တောင်ကြား ဒေသသူ မိန်းကလေး တစ်ဦးကို တာလီ ဘန်စစ်သွေးကြွများက ချောင်းမြောင်း ပစ်ခတ် လုပ်ကြံ တိုက်ခိုက်ခဲ့မှုကြောင့် ကမ္ဘာ့ နေရာအနှံ့က ဝေဖန် ရှုတ်ချမှုများ များပြားနေစဉ် ပညာသင်ခွင့်တက်ကြွ လှုပ်ရှားသည့် အဆိုပါ တောင်ကြားသူ နောက်ထပ် မိန်းကလေးတစ်ဦးကို တာလီဘန်က သုတ်သင်မည်ဟု ခြိမ်း ခြောက်မှုများ ထွက်ပေါ်လာပြန်ကြောင်း Telegraph သတင်းစာ ကရေးသားဖော် ပြထားသည်။

ဟီနာခန်းဆိုသူ ပညာသင်ခွင့် လိုလားသော နောက်ထပ်မိန်းကလေးကို လည်း ခြိမ်းခြောက်မှုများ ရှိလာသော ကြောင့် အစိုးရမှ လုံခြုံရေး ပေးပါရန် အဆိုပါ မိန်းကလေး၏ မိဘများကပန် ကြားထားသည်။ တိုက်ခိုက် ခံရသော မာလာလာ ယူဆက်ဖ်ဇိုင်း ကဲ့သို့ပင် ဟီနာခန်း သည်လည်း တောင်ကြားဒေသ တွင် ၁၃ နှစ်သမီးကတည်းက အမျိုးသမီးများ တန်းတူ ပညာသင်ခွင့် အတွက် လှုပ်ရှားနေခဲ့သူဖြစ်သည်။

အစိုးရနဲ့ KIO ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လက်ရှိအခြေအနေ

"အစိုးရနဲ့ KIO ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လက်ရှိအခြေအနေမှာတော့ KIO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးတို့ ဆွေးနွေးပွဲကို မတက်ရောက်တဲ့ ကိစ္စက အရေးပါနေတဲ့ အခြေအနေ ရှိပါတယ်။ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေက ဗိုလ်ချုပ် ဂွမ်မော်သာ ပါလာမယ်ဆိုရင် တပ်ကိစ္စတွေကို ဆွေးနွေးနိုင်မယ်လို့ ပြောပါတယ်။ ဗိုလ်ချုပ် ဂွမ်မော် မလာလိ
ု့ ဗိုလ်ချုပ်ကြီး မြင့်စိုး မတက်တဲ့အတွက် တပ်ကိစ္စ ပြောဖို့ အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။

ဒီနှစ်ထဲမှာပဲ ဦးအောင်မင်းနဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့ အလွတ်သဘော သုံးကြိမ်တွေ့ထားပါတယ်။ နောက်ဆုံး တစ်ကြိမ် တွေ့ဆုံခဲ့ချိန်မှာ နှစ်ဖက်တပ်တွေ ရွေ့ပေးရေး ကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ နေရာ ၄၀ လောက် ရှိပါတယ်။ ဒါပေမယ့် အဲတာတွေကို ဆွေးနွေးနိုင်ဖို့က ဗိုလ်ချုပ် ဂွမ်မော်နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးတို့ မရှိတဲ့ အတွက် အဖြေထွက်ဖို့ ခက်သွားတယ်လို့ ဦးအောင်မင်းက ပြောပါတယ်။

ကျောက်နီမော်တွင် ရဲပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

Photo: ကျောက်နီမော်တွင် ရဲပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

Written by ခိုင်ခိုင်	    Tuesday, 30 October 2012 11:02   	
		
ယနေ့ နံနက် (၈)နာရီခန့်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်အုပ်စု၊ ရေမျောက်ဝကျေးရွာ၌ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခြင်းမရှိဘဲ ရဲပစ်ခတ်မှုကြောင့် ရခိုင်(၁)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ပစ်ခတ်သူမှာ ကျောက်နီမော် ရဲစခန်းက ဒုရဲအုပ်-ကျော်လွင်ဖြစ်ပြီး ပစ်ခတ်ခံရသူများမှာ ဦးမောင်ခင်ရွှေ နှင့် မောင်သက်တင်တို့ဖြစ်သည်။ ဦးမောင်ခင်ရွှေမှာ ပစ်ခတ်ခံရသည့်အချိန်တွင် ချက်ချင်းသေဆုံးသွားပြီး မောင်သက်တင်ကို ရမ်းဗြဲဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာမှ ဒေသခံတစ်ဦးအား မေးမြန်းရာ " ဒီနေ့ မနက် (၈)နာရီမှာ ဖြစ်တာပါ။ ဆူပူမှုတော့ ဘာမှမဖြစ်ပါဘူး။ မဖြစဘဲနဲ့ အဲဒီ ဒုရဲအုပ် ကျော်လွင်က ပစ်သတ်လိုက်တာ ဦးခင်မောင်ရွှေက သေဆုံးသွားပြီးတော့၊ မောင်သက်တင်က ဒူးခေါင်းမှာ ဒဏ်ရာရသွားပါတယ်။ အခု မောင်သက်တင်ကို ထော်လာဂျီနဲ့ ရမ်းဗြဲဆေးရုံကို ယူသွားပြီး ဆေးကုသနေပါတယ်။ ကျောက်ဖြူဆေးရုံကို ပို့ဖို့စီစဉ်နေတယ်လို့ ကြားရပါတယ်။ " ဟု ပြောသည်။

ယခုကဲ့သို့ အာဏာပိုင်များက ပြည်သူလူထုအပေါ် တရားလက်လွတ် ပစ်ခတ်ခြင်းကြောင့် ဒေသခံများက မကျေမနပ် ဖြစ်နေကြောင်း သိရှိရသည်။


အေးချမ်းမွန်မှ Arakan Time တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Arakan Time
ယနေ့ နံနက် (၈)နာရီခန့်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်အုပ်စု၊ ရေမျောက်ဝကျေးရွာ၌ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခြင်းမရှိဘဲရဲပစ်ခတ်မှုကြောင့် ရခိုင်(၁)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ပစ်ခတ်သူမှာ ကျောက်နီမော် ရဲစခန်းက ဒုရဲအုပ်-ကျော်လွင်ဖြစ်ပြီး ပစ်ခတ်ခံရသူများမှာ ဦးမောင်ခင်ရွှေ နှင့် မောင်သက်တင်တို့ဖြစ်သည်။ ဦးမောင်ခင်ရွှေမှာ ပစ်ခတ်ခံရသည့်အချိန်တွင် ချက်ချင်းသေဆုံးသွားပြီး မောင်သက်တင်ကို ရမ်းဗြဲဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။

"Google ရဲ့ Android 4.2 Jelly Bean တရားဝင် ထွက်ရှိလာပြီ"

Photo: "Google ရဲ့ Android 4.2 Jelly Bean တရားဝင် ထွက်ရှိလာပြီ"

နောက်ဆုံးအနေနဲ့  Google မှနေ၍ အသစ်ထုတ်လုပ်ဖြန့်  ချီလိုက်သော Android 4.2 Jelly Bean နဲ့  မိတ်ဆက်ပေးချင်ပါတယ်။ ယခု Android 4.2 တွင် Features အသစ်များ ပါဝင်လာတာကို တွေ့  ရပါတယ်။ Android 4.2 ကို Google ရဲ့ ယခု အသစ် ထွက်ရှိလာမည် ဖြစ်သော Nexus Device များမှာ အသုံးပြုထားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့  ယခု Android 4.2 တွင် Swype ပရိသတ်များအတွက် သတင်းကောင်းတစ်ခုအဖြစ် Keyboard အသစ်ထည့်သွင်းပေးထားပြီး စာလုံးများကို လက်ဖြင့်ဆွဲ၍ရိုက်ရသော (Gliding Gesture) များသုံး၍ ရိုက်ကူးနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒါတင် မဟုတ်သေးဘဲ ယခု Keyboard အသစ်တွင် မိမိရိုက်လိုက်သော စာလုံးများပေါ်မူတည်၍ အသုံးများသော စာလုံးများကိုလည်းကြိုတင်၍ ခန့် မှန်းပေးမည် ဖြစ်ပါတယ်။

နောက်ထပ် Feature တစ်ခုအနေနဲ့ ကတော့ ၃၆၀ ဒီဂရီ လှည့်လည်၍ ရိုက်ကူးနိုင်သော Panorama Feature တစ်ခုဖြစ်သော Photo Sphere ပါဝင်လာတာ ဖြစ်ပါတယ်။ ယခု Photo Sphere တွင် အသုံးပြုသူသည် အခြား Panorama App များကဲ့သို့  အလျားလိုက် ဘေးတိုက်ဆွဲ၍ သာမဟုတ်ဘဲ အထက်အောက်ဖြစ်စေ၊ ဘေးတိုက်ဖြစ်စေ၊ ကြိုက်သလို အနေအထားနဲ့  ရိုက်ကူးနိုင်မှာ ဖြစ်တယ်လို့  Google မှပြောကြားထားပါတယ်။

Tablet အသုံးပြုသူများအနေနှင့်လည်း သီးသန့် အပို Feature အသစ်တစ်ခုပါဝင် လာပြီဖြစ်ပြီး Android 4.2 တွင် Multiple User Feature ပါဝင်လာပြီ ဖြစ်ပါတယ်။ အသုံးပြုသူ တစ်ယောက်ချင်းစီ အနေနဲ့  ၎င်းတို့ ရဲ့ ကိုယ်ပိုင် Home Screen, Backgrounds, Widgets, Apps နှင့် အခြားသော အချက်အလက်များ စသည်ဖြင့်ဆိုပြီး သီးသန့်  ရှိနေ မှာဖြစ်ပါတယ်။ Account တစ်ခုနှင့် တစ်ခုသည်လည်း Lock Screen မှပင် အလွယ်တကူ ပြောင်းနိုင်ပါတယ်။ ထို့  ကြောင့် မိမိ Tablet ကိုအိမ်တွင် မိသားစုဝင်များနှင့် အတူသုံးလျှင်ဖြစ်စေ၊ သူငယ်ချင်းများကို မိမိ Tablet ထဲဝင်မကြည့်စေချင်သော အခါမျိုးတွင် ဖြစ်စေ၊ Account အသစ်ဖွင့်ထားပေးပြီး တစ်ယောက်ချင်းစီ သီးသန့်  ရှိနေနိုင်ပြီ ဖြစ်ပါတယ်။ ယခု Feature သည် Windows ကွန်ပြူတာများတွင် User Account များခွဲထားပုံမျိုးနဲ့  ဆင်တူပါတယ်။ Apple iPad တွင် User တစ်ယောက်သာ အသုံးပြု နိုင်တာ ဖြစ်သောကြောင့် ယခု Feature သည် iPad အပေါ်သိသိသာသာ အသာရသော Feature ဖြစ်လာနိုင်ပါတယ်။

Android 4.2 တွင် အကောင်းဆုံး Feature တစ်ခုဟု ဆိုရမည် ဖြစ်သော Feature ကတော့ Miracast ဖြစ်ပြီး အဲဒါကတော့ Air-Play ကဲ့သို့  Protocol မျိုးကို အသုံးပြုထားပြီး အသုံးပြုသူများအနေနှင့် Wireless အသုံးပြု၍ သီချင်းများ နှင့် ဗီဒီယို များကို Mobile Device များမှတစ်ဆင့် TV များစီသို့  Wireless Network မလိုဘဲ Stream လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ယခု Miracast ကို LG နှင့် Samsung တို့ မှ အားပေးထားသလို ၎င်းတို့ ရဲ့ Device များတွင်လည်း ယခု Technology ကိုထည့်သွင်း အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

Android 4.2 တွင် အခြား Features များစွာလည်း ပါဝင်ပါသေးတယ်။ ထို့ အပြင် ပုံမှန်အတိုင်း Bug Fixes များနှင့် အခြား Improvements များလည်း လုပ်ဆောင်ပေးထားကြောင်း Google မှပြောကြားထားပါတယ်။

Source : CNET Asia

အေးချမ်းမွန်မှ Info Tech For Myanmar (IT4M) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Info Tech For Myanmar (IT4M)
နောက်ဆုံးအနေနဲ့  Google မှနေ၍ အသစ်ထုတ်လုပ်ဖြန့်  ချီလိုက်သော Android 4.2 Jelly Bean နဲ့  မိတ်ဆက်ပေးချင်ပါတယ်။ ယခု Android 4.2 တွင် Features အသစ်များ ပါဝင်လာတာကို တွေ့  ရပါတယ်။ Android 4.2 ကို Google ရဲ့ ယခု အသစ် ထွက်ရှိလာမည် ဖြစ်သော Nexus Device များမှာ အသုံးပြုထားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့  ယခု Android 4.2 တွင် Swype ပရိသတ်များအတွက် သတင်းကောင်းတစ်ခုအဖြစ် Keyboard အသစ်ထည့်သွင်းပေးထားပြီး စာလုံးများကို လက်ဖြင့်ဆွဲ၍ရိုက်ရသော (Gliding Gesture) များသုံး၍ ရိုက်ကူးနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒါတင် မဟုတ်သေးဘဲ ယခု Keyboard အသစ်တွင် မိမိရိုက်လိုက်သော စာလုံးများပေါ်မူတည်၍ အသုံးများသော စာလုံးများကိုလည်းကြိုတင်၍ ခန့် မှန်းပေးမည် ဖြစ်ပါတယ်။

ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည

Photo: ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည
Tuesday, 30 October 2012

ရောင်စုံလျှပ်စစ်မီးများနဲ့ အသားကျနေပြီဖြစ်တဲ့ ရန်ကုန်မြို့ကြီးရဲ့သီတင်းကျွတ်
ညတွေကို ကြည့်လိုက်မယ်ဆိုရင် ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားကြ
သူတွေကို တွေ့မြင်ကြရမှာပါ။ သူတို့အများစုဆီမှာ သီတင်းကျွတ်နဲ့ ပတ်သတ်တဲ့ စိတ်အာရုံခံစားမှုတွေ သိပ်ကပ်ငြိမနေဘူးဆိုတာ သူတို့တွေရဲ့
လှုပ်ရှား၊ သွားလာ၊ ပြောဆိုပုံတွေကို ကြည့်ရင် သိသာမြင်တွေ့ရမှာ ဖြစ်
ပါတယ်။

တိုးတက်ပြောင်းလဲလာတဲ့ ဒီဘက်ခေတ်ကြီးမှာ မိုဘိုင်းဖုန်းတွေကို
တော်တော်များများ ကိုင်နိုင်နေကြပါပြီ။ မိုဘိုင်းဖုန်း ကိုင်ဆောင်သူတွေ တဦးနဲ့တဦး ဆက်သွယ်ပြောဆိုကြတဲ့ အကြောင်းအရာတွေထဲမှာ လက်ရှိ ရောက်နေတဲ့ သီတင်းကျွတ်ကာလနဲ့ ပတ်သတ်တဲ့ အကြောင်း
အရာက နည်းနေပါသေးတယ်။

စီးပွားရေး၊ လူမှုဆက်ဆံရေး၊ နေထိုင်ရေးနဲ့ စားဝတ်နေရေး ကိစ္စရပ်တွေ
ကိုသာ ဦးစားပေး ပြောဆိုနေကြတဲ့ ၂၁ ရာစုရဲ့ တိုးတက်မှုတွေထဲမှာ ရိုးရာဓလေ့တွေကို အာရုံမထားနိုင်စေတဲ့ အကြောင်းအရာတွေလည်း ပါဝင်နေလာပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစုကျော်က မြို့ပြရဲ့ သစ်သားအိမ်တန်းလေးတွေမှာ ချိတ်ဆွဲထားခဲ့တဲ့ ရောင်စုံစက္ကူမီးပုံးလေးတွေကို အခုဆိုရင် ရန်ကုန်မြို့ကြီး
ပေါ်က နေအိမ်တွေ၊ အထပ်မြင့်တိုက်တွေမှာ ခပ်ကျဲကျဲသာ တွေ့မြင်ရ
ပါတော့တယ်။

လှပပြီး ဈေးချိုတဲ့ ရောင်စုံစက္ကူမီးပုံးလေးတွေနေရာမှာ တဖိတ်ဖိတ်နဲ့ အရောင်တမျိုးစီ ပြောင်းနေတဲ့ ရောင်စုံလျှပ်စစ်မီးသီးတွေက ခေတ်ရေစီး
ကြောင်းနဲ့အလိုက် ပြောင်းလဲနေရာယူလာနေပါတယ်။

အိမ်တိုင်း၊ အိမ်တိုင်းရဲ့ ဝရံတာတွေ၊ လှေကားထစ်တွေ၊ ကျောက်ပြင်တွေ၊
ရေတိုင်ကီတွေ၊ ရေအိုးစင်တွေ၊ ခြံစည်းရိုးတိုင်တွေ၊ သစ်ပင်ခြေရင်းတွေနဲ့
ကွေ့ကွေ့ကောက်ကောက် လမ်းမတလျှောက်၊ ဖြောင့်ဖြောင့် ဖြူးဖြူး လမ်းတဆုံးတွေမှာ ညီညီညာညာနဲ့ အစဉ်အလာမပြတ် ထွန်းညှိထားကြတဲ့ ဖယောင်းတိုင် ဖြူဖြူလေးတွေဟာ ရန်ကုန်မြို့ရဲ့ ခေတ်သစ်နေထိုင်မှု ပုံစံတွေအကြား တဖြည်းဖြည်းနဲ့ မှေးမှိန်လာနေပါပြီလို့ အသက် ၇၁ နှစ်
ရှိပြီ ဖြစ်တဲ့ အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်အေးမြဖြူက ပြောပါတယ်။

ဗုဒ္ဓဘာသာ ထုံးစံအရ ဗုဒ္ဓဟာ နတ်ပြည်မှာ အဘိဓမ္မာတရားဟောကြားပြီး လူ့ပြည်ကို ဆင်းအလာ ပူဇော်ကြတဲ့ အထိမ်းအမှတ်အနေနဲ့ အိမ်၊ ကျောင်း၊ ဘုရားတန်ဆောင်းတွေမှာ ဆီမီးတွေ ထွန်ညှိပူဇော်ကြတာ ဖြစ်ပါတယ်။

ရောင်စုံ စက္ကူမီးပုံးလေးတွေကို ဖယောင်းတိုင်လေးတွေ စိုက်ထည့်ပြီး အလှဆင်ချိတ်ဆွဲကာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ မြတ်စွာဘုရားကို ဆီးကြိုတဲ့ အလေ့အထ မြင်ကွင်းတွေ ရှားပါးလာသလိုပဲ မီးခိုးရောင် မာကျူရီတွေကို ဖယောင်းတိုင်မီးနဲ့မိညှိပြီး မြေကြီးပေါ်ချ ဖိနပ်နဲ့တဝုန်းဝုန်း အသံထွက်အောင်
ရိုက်ပြီး ဆော့ကစားကြရတဲ့ အဲ့ဒီ မာကျူရီမီးပန်းလေးတွေ မရှိတော့သလို လက်နဲ့မနားတမ်း ဝှေ့ယမ်းဆော့ကစားရတဲ့ မီးပန်းတွေ၊ကလေးတွေအကြိုက်
ရောင်စုံ ပလတ်စတစ်အကြည်သား အပါးနဲ့ ပြုလုပ်ထားတဲ့ ယုန်ရုပ် တွန်းလှည်းလေးတွေဆိုတာ ရန်ကုန်မြို့ရဲ့ ယနေ့ခေတ် သီတင်းကျွတ်ညတွေနဲ့
မရင်းနှီးသယောင် ဖြစ်နေပါပြီ။

ယနေ့လို ဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိသေးတဲ့ အရင်သီတင်းကျွတ်ညတွေမှာ မြို့ပြရဲ့ကောင်းကင်ယံထက် အပြိုင်အဆိုင် လွင့်တက်နေကြတဲ့မီးပုံးပျံကြီးတွေ
ဟာလည်း ဒီဘက်ခေတ်ရဲ့ သီတင်းကျွတ်ညကောင်းကင်မှာ တွေ့မြင်ရ နည်းပါးလာနေပါပြီ။

“နိုင်ငံတကာမှဆိုရင် ရိုးရာပွဲတော်တွေကို အစဉ်မပြတ် ကျင်းပနေကြတာ
ပဲလေ၊ အခုချိန်ထိပေါ့။ ခရစ်ယာန် ဘာသာဝင်များရဲ့ ခရစ္စမတ်ပွဲတော်တွေ
ဆိုလည်း အစဉ်အလာ မပြတ်ပါပဲ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ သတင်းကျွတ်ပွဲတော်မှာ အရင်လို ရိုးရာတွေ မရှိလာတော့တာ ၊ နည်းပါးလာတော့တာ လူတွေပြောင်းလဲလာကြတယ်။ ကိုယ့်ရိုးရာတခုကို ထိန်းသိမ်းတတ်ကြဖို့ လိုတယ်။ အရင်ခေတ်က ကလေးတွေလက်ထဲ
တွေ့နေကျ မာကျူရီမီးပန်းတွေ အခုအချိန် မတွေ့ရတာတော့တာ ကျနော့်အတွက်တော့ ဝမ်းနည်းမှုကိုဖြစ်လာစေတယ်။ ချစ်စရာကောင်းတဲ့ ကျုပ်တို့တွေရဲ့ မြန်မာ့ရိုးရာအစဉ်အလာတခု ပျောက်ပျက်သွားမှာ စိုးမိတယ်ခင်ဗျ” ဟု အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ပင်စင်စား အစိုးရဝန်ထမ်းကြီးတဦးဖြစ်သူ ဦးလှဘွယ်က ပြောပါတယ်။

ယခင်က သီတင်းကျွတ်ပွဲတော် အချိန်တွေမှာ ရပ်ကွက်အိမ်ဆိုင်လေးတွေ
ကနေ ရာသီစာလို အပြိုင်အဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် ရောင်းချခဲ့ကြတဲ့ ကန်တော့ကိတ်မုန့်ဆိုင်လေးတွေဟာလည်း မြို့ပြရဲ့ပြောင်းလဲလာတဲ့ အထပ်မြင့် တိုက်တွေကြားမှာ ပျောက်ကွယ်လုနီးပါးဖြစ်လာနေပြီး လူကြီးတွေကို ကန်တော့ဖို့အတွက် ကန်တော့ပစ္စည်း ဝယ်ယူတဲ့ခြေလှမ်းတွေ
ဟာလည်း ခေတ်သစ်စူပါမားကတ်တွေဆီသို့ ဦးတည်နေပါပြီ။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ပျောက်ကွယ်ခဲ့တဲ့ သီတင်းကျွတ်ပွဲတော်
ကာလတွေမှာ ပြုလုပ်ကျင်းပနေကျ ကာတွန်းဦးဘဂျမ်း ပြပွဲဟာလည်း ဒီဘက်ခေတ်ရဲ့လူငယ်တွေနဲ့ လုံးဝမရင်းနှီးခဲ့တဲ့ ပွဲတော်တခုဖြစ်နေခဲ့ပါတယ်။

“ကျမတို့ငယ်ငယ်က သီတင်းကျွတ်ကာလတွေကို အရမ်းသတိရမိတယ်။ လူတွေဟာ အဲ့ဒီအချိန်ကာလတွေတုန်းက ရှိရှိ၊မရှိရှိ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေ
ရဲ့ ပွဲတော်ကြီးကို အလေးအမြတ်ထားကြတယ်။ အားလုံးဟာ ပွဲတော်ချိန်
ရောက်ရင် ပျော်နေကြတယ်။ ဒီနှစ်ဆယ်ရာစုနောက်ပိုင်းမှာ အရင်လို ရိုးရာအစဉ်အလာတွေ မရှိတော့ဘူး။ ဒါက ယဉ်ကျေးမှု ဆုတ်ယုတ်လာတဲ့ သဘောတရားပဲလားလို့တောင် ထင်မိတယ်။ မဖြစ်သင့်ဘူးလို့ထင်တယ်” လို့ အသက် ၂၅ နှစ်အရွယ်ရှိ ယဉ်ကျေးမှုတက္ကသိုလ်မှ ဝန်ထမ်းတဦးဖြစ်သူ မသန္တာမေက သူဖြတ် သန်းခဲ့ဖူးတဲ့ သီတင်းကျွတ်ပွဲတော် ကာလများနဲ့ လက်ရှိ အခြေအနေကို နှိုင်းယှဉ်ပြောပြပါတယ်။

အဘိုးအဘွားများ၊ လူကြီးမိဘများ၊ ဆရာသမားများနဲ့ ကျေးဇူးရှိသူတွေကို လက်ဆောင် ပစ္စည်းလေးတွေ ယူလာပြီး ဗုဒ္ဓဘာသာ မိရိုးဖလာမပျက် ကန်တော့တာတွေဟာလည်း ဒီဘက်ခေတ်မှာ အရင်ကနဲ့မတူ ရှားပါး
လာနေပါပြီလို့ အသက် ၇၂ နှစ်အရွယ်ရှိ ပညာရေးဝန်ကြီးဌာန အငြိမ်းစား ညွန်ကြားရေးမှူးချုပ် ဦးသန်းဝင်းက ပြောပါတယ်။

အသက် ၄၅ နှစ် အရွယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ အင်္ဂလိပ်စာပြ ဆရာမတဦးဖြစ်သူ ဒေါ်ပုလဲခင်ကလည်း “အရင်ခေတ်တွေ
တုန်းက သီတင်းကျွတ်ဆိုရင် လူကြီးမိဘတွေကို ကန်တော့ဖို့အတွက် အပြိုင်အဆိုင် ဝယ်ကြခြမ်းကြနဲ့ ပျော်ဖို့ကောင်းတာလေးတွေ ရှိခဲ့တယ်။ အခုဒီဘက်ပိုင်းရောက်တော့ လူငယ်တွေဟာ အလုပ်တွေ များလာကြတယ်။ အချိန်တွေ မလောက်ကြတော့ဘူး ။ အလုပ်လုပ်တဲ့ လူငယ်တွေကို ပြောချင်
တာပါ။ ဒီအတွက် သီတင်းကျွတ်လို့ လူကြီးမိဘတွေကို ကန်တော့တဲ့အခါ
မျိုးတွေမှာ ဒီဘက်ခေတ်ကလေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ရိုးရာအစဉ်အလာကို မလုပ်နိုင်ကြတာလေးတွေ ဖြစ်လာတယ်” လို့ ဆိုပါတယ်။

တနှစ်ချင်းစီ ပြောင်းလဲလာတဲ့ မြို့ပြရဲ့ပြောင်းလဲမှုများက တိုးတက်မှုများ
ဘက်သို့ ဦးတည်နေသလို ရိုးရာအစဉ်အလာ ဆုတ်ယုတ်မှုများကိုလည်း
ဖြစ်ပေါ်နေစေပါတယ်။

မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ကာလအတွင်း ယခင်ကရှိခဲ့ဖူးတဲ့ ထုံးတမ်းစဉ်အလာများထဲမှ တချို့ဟာ ယနေ့ခေတ်ကာလတွေမှာ အရိပ်အငွေသက်သက်သာ ကျန်လာပါတယ်။ ဒီဘက်ခေတ်ရဲ့ သီတင်းကျွတ်ကာလများဟာ ပုံမှန်ညတွေနဲ့ ထူးမခြားနား ဖြစ်လာတာ သိသာလာပါတယ်။

သီတင်းကျွတ်ပွဲတော်ကာလမှာ မြန်မာလူငယ်အများစုဟာ သူတို့ရဲ့ လုပ်ငန်းခွင်ထဲကနေသာ ကျော်ဖြတ်နေကြတယ်လို့ အသက် ၂၄ နှစ်အရွယ် ကွန်ပျူတာပရိုဂရမ်မာတဦးဖြစ်သူ ကိုအောင်မြတ်သူက ပြောပါတယ်။

နည်းပညာကုမ္ပဏီတခုတွင် လုပ်ကိုင်နေသူ အသက် ၂၇ နှစ်အရွယ်ရှိ ကိုရန်လင်းသော်ကလည်း “၂၀၀၂၊ ၂၀၀၃ ခုနှစ်လောက်အထိ ကျနော်တို့ လူငယ်တွေ သီတင်းကျွတ်ဆို လူကြီးမိဘတွေကို ကန်တော့ဖို့အတွက် အဓိက ကြိုးစားပြင်ဆင်ခဲ့ကြတယ်။ အဲဒီအချိန်လောက်အထိ ငယ်ငယ်က
တည်းက ဆော့ခဲ့တဲ့ သီတင်းကျွတ် ကစားနည်းတွေကို တစိုက်မတ်မတ်
ဆော့ခဲ့ကြတယ်ဗျ။ ငရဲမီး၊ မာကျူရီမီးပန်း ကစားနည်းတွေအပြင် အိမ်တွေမှာ မြတ်စွာဘုရားကို ကြိုဖို့ ဖယောင်းတိုင်မီးထွန်းခဲ့တဲ့ အလေ့အထတွေ ကျနော်တို့ လူလတ်ပိုင်းဖြစ်လာတဲ့ ဒီအချိန် သိသိသာ
သာလေး ပျောက်လာချင်သလားလို့။ အမှန်က မဖြစ်သင့်ဘူးဗျ။ ကျနော်တို့ ခုနောက်ပိုင်းလူငယ်တွေ ဘယ်လောက် အလုပ်များနေတယ်ဆိုဆို ရိုးရာတခုကို ထိန်းသိမ်းသင့်တယ်လေ” လို့ ဆိုပါတယ်။

မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ရဲ့ အနှစ်သာရများ ရှားပါးလာတဲ့ ယနေ့ခေတ် မြို့ပြအခြေအနေကို ရန်ကုန်မြို့က အိမ်တွင်းမီးပုံး လုပ်ငန်းလေးများကလည်း သက်သေထူနေပါတယ်။

“အရင်ခေတ်ကလို လုပ်ငန်း မကောင်းတော့ဘူး။ တရုတ်ဘက်က လျှပ်စစ်မီးပုံးတွေ ဝင်လာတော့ ပိုဆိုးတယ်။ ရိုးရာလက်မှု မီးပုံးတွေက အခုခေတ်မှာ အလုပ်သိပ်မဖြစ်ချင်တော့ဘူး။ ဈေးကွက်ကို မနည်းရှာနေ
ရတယ်။ လုပ်ငန်းမကောင်းကြလို့ ဒီဘက် မီးပုံးလုပ်တဲ့တတန်းလုံး ဝင်ငွေတွေ တအားလျော့လာကြတယ်” လို့ ရိုးရာမီးပုံးလုပ်ငန်းရှင် အသက် ၄၅ နှစ်အရွယ်ရှိ ဒေါ်မြလှိုင်ဝေက ပြောပါတယ်။

တဖိတ်ဖိတ်လက်နေတဲ့ ရောင်စုံလျှပ်စစ် မီးသီးတွေနဲ့ ကျိုးတိုးကျဲတဲ လှပေနေတဲ့ ၂၀၁၂ ရန်ကုန်မြို့ရဲ့ သီတင်းကျွတ်ညတွေမှာ ရိုးရာအငွေ့
အသက်တချို့သာ အားယူရှင်သန်နေပုံ ရပါတယ်။

ဧရာဝတီ

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
ရောင်စုံလျှပ်စစ်မီးများနဲ့ အသားကျနေပြီဖြစ်တဲ့ ရန်ကုန်မြို့ကြီးရဲ့သီတင်းကျွတ်
ညတွေကို ကြည့်လိုက်မယ်ဆိုရင် ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားကြ
သူတွေကို တွေ့မြင်ကြရမှာပါ။ သူတို့အများစုဆီမှာ သီတင်းကျွတ်နဲ့ ပတ်သတ်တဲ့ စိတ်အာရုံခံစားမှုတွေ သိပ်ကပ်ငြိမနေဘူးဆိုတာ သူတို့တွေရဲ့
လှုပ်ရှား၊ သွားလာ၊ ပြောဆိုပုံတွေကို ကြည့်ရင် သိသာမြင်တွေ့ရမှာ ဖြစ်
ပါတယ်။

တိုးတက်ပြောင်းလဲလာတဲ့ ဒီဘက်ခေတ်ကြီးမှာ မိုဘိုင်းဖုန်းတွေကို
တော်တော်များများ ကိုင်နိုင်နေကြပါပြီ။ မိုဘိုင်းဖုန်း ကိုင်ဆောင်သူတွေ တဦးနဲ့တဦး ဆက်သွယ်ပြောဆိုကြတဲ့ အကြောင်းအရာတွေထဲမှာ လက်ရှိ ရောက်နေတဲ့ သီတင်းကျွတ်ကာလနဲ့ ပတ်သတ်တဲ့ အကြောင်း အရာက နည်းနေပါသေးတယ်။

တစ်ဦးချင်း ကုန်သွယ်နိုင်မည့်ကတ်များ ပြုလုပ်ပေးမည်ဟုဆို




မြန်မာနိုင်ငံသား မည်သူမဆို ပြည်ပနိုင်ငံများနှင့် တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ရန်အတွက် တစ်ဦးချင်းကုန်သွယ်နိုင်မည့်ကတ
(Individual Trading Card) များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ကုန်သွယ်မှုပြုတဲ့အခါမှာ ကုမ္ပဏီလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီမှတ်ပုံတင်ရှိတဲ့လူတွေ၊ ပို့ကုန်သွင်းကုန်မှတ်ပုံတင်ရှိတဲ့လူတွေပဲ

ပို့ကုန်သွင်းကုန်ဆောင်ရွက်လို့ ရပါတယ်။ အဲဒီတော့ မြန်မာငွေသိန်းတစ်ရာလက်ထဲမှာရှိရင် ပို့ကုန်သွင်းကုန်ဆောင်ရွက်လို့ ရ၊ မရ အခုနောက်ပိုင်း ကျွန်တော်တို့ရအောင်လုပ်ပေးတော့မှာ
ဖြစ်ပါတယ်။ မည်သူမဆို ကုန်သွယ်မှုဆောင်ရွက်နိုင်ဖို့အတွက် လုပ်ပေးတော့မှာပါ” ဟု နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောသည်။

ကျားပေါက်ကလေးများ သယ်ဆောင်လာသည့် ထိုင်းကုန်တင် ယာဉ်မောင်းအား ဖမ်းဆီး

Photo: ကျားပေါက်ကလေးများ သယ်ဆောင်လာသည့် ထိုင်းကုန်တင်
ယာဉ်မောင်းအား ဖမ်းဆီး
Monday, October 29, 2012

ထိုင်းလူမျိုး ယာဉ်မောင်းတစ်ဦး မောင်းနှင်လာသည့် ကုန်တင်
ယာဉ်တစ်စီး၏ နောက်ခန်းတွင် ကျားသားပေါက်ငယ် ၁၆ ကောင်အား ရှာဖွေတွေ့ရှိသည့်အတွက် ယင်းယာဉ်မောင်းအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်က သိရသည်။

အဆိုပါ ယာဉ်မောင်းသည် ထိုင်းရဲတပ်ဖွဲ့ စစ်ဆေးရေး စခန်းတစ်ခုအား
ရှောင်ကွင်းပြီး လာအိုနယ်စပ်အနီး၌ ယာဉ်ကိုရပ်တန့်ထားစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ကုန်တင်ယာဉ်မောင်းက ကျားသားပေါက်များ သယ်ယူပို့ဆောင်ခအဖြစ် ထိုင်းဘတ်ငွေ ၁၅၀၀၀ (အမေရိကန်ဒေါ်လာ ၄၉၀) ရရှိကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။

ဆေးဖက်ဝင်သည်ဟူသော ယူဆချက်ရှိသည့်အတွက် အာရှဒေသ အများအပြားတွင် ကျားသတ္တ၀ါတို့၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများမှာ တန်ဖိုးကြီးလျက်ရှိသည်။

အဆိုပါ ယာဉ်မောင်းသည် တောရိုင်းတိရစ္ဆာန်များ မှောင်ခိုတင်သွင်းမှုဖြင့် တရားစွဲခံရမည်ဖြစ်သည်။

Khit Lu Nge

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
ထိုင်းလူမျိုး ယာဉ်မောင်းတစ်ဦး မောင်းနှင်လာသည့် ကုန်တင်ယာဉ်တစ်စီး၏ နောက်ခန်းတွင် ကျားသားပေါက်ငယ် ၁၆ ကောင်အား ရှာဖွေတွေ့ရှိသည့်အတွက် ယင်းယာဉ်မောင်းအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်က သိရသည်။
အဆိုပါ ယာဉ်မောင်းသည် ထိုင်းရဲတပ်ဖွဲ့ စစ်ဆေးရေး စခန်းတစ်ခုအား
ရှောင်ကွင်းပြီး လာအိုနယ်စပ်အနီး၌ ယာဉ်ကိုရပ်တန့်ထားစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ကုန်တင်ယာဉ်မောင်းက ကျားသားပေါက်များ သယ်ယူပို့ဆောင်ခအဖြစ် ထိုင်းဘတ်ငွေ ၁၅၀၀၀ (အမေရိကန်ဒေါ်လာ ၄၉၀) ရရှိကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။

မသမာသူတစုက ပြည်တွင်းသတင်းဋ္ဌာနတခုကို ပုံတူကူး၍ Facebook တွင်တင်ပြနေ

Photo: မသမာသူတစုက ပြည်တွင်းသတင်းဋ္ဌာနတခုကို ပုံတူကူး၍ Facebook တွင်တင်ပြနေ

by Coral Arakan News Agency on Monday, October 29, 2012 at 7:22pm ·

၂၉၊ အောက်တိုဘာ၊၂၀၁၂ ၊ Coral Arakan News (သတင်း)

 

မသမာသူတစုက ရခိုင်ရေးရာ လက်ရှိအခြေအနေများကိုဖေါ်ပြ၍နာမည်ကြီးလာသော Rakhine Straight View [RSV] အမည်ရှိပြည်တွင်းသတင်းဋ္ဌာနFacebook Page ကိုလုံးဝပုံတူကူးကာ ဘင်္ဂလီများနှင့်ပက်သက်နေသော သတင်းလိမ်များကိုဖေါ်ပြနေကြောင်းသိရသည်။ မူရင်းRSV သည် ယခုသတင်းရေးနေသည့်အချိန်ထိ Like 3791 ယောက်ရှိနေပြီး ပုံတူကူးထားသော RSV မှာ Like ဆယ်ယောက်သာရှိနေသည်။

RSV ၏မူရင်းPage တွင် “ ယခုအခါ RSV ပုံတူ Link တခုတွေ့ရှိရပါသည်။ယင်းအတွက် ပရိတ်သတ်များ အထူးသတိပြုဖတ်ရှုကြပါရန် လေးစားစွာဖြင့် အသိပေးတင်ပြအပ်ပါသည်။” ဟုဖေါ်ပြထားသည်။

ဤလုပ်ရပ်သည် ပဋိပက္ခအခြေအနေကို ပိုမိုရှုပ်ထွေးအောင် လှုံဆော်ဖန်တီးလိုသောသဘောဖြင့် မသမာသူတစုက ပြုလုပ်နေခြင်းဖြစ်သည်ဟု သတင်းသုံးသပ်သူတဦးက Coral Arakan အားပြောကြားသည်။

အေးချမ်းမွန်မှ Coral Arakan News Agency  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Coral Arakan News Agency
မသမာသူတစုက ရခိုင်ရေးရာ လက်ရှိအခြေအနေများကိုဖေါ်ပြ၍နာမည်ကြီးလာသော Rakhine Straight View [RSV] အမည်ရှိပြည်တွင်းသတင်းဋ္ဌာနFacebook Page ကိုလုံးဝပုံတူကူးကာ ဘင်္ဂလီများနှင့်ပက်သက်နေသော သတင်းလိမ်များကိုဖေါ်ပြနေကြောင်းသိရသည်။ မူရင်းRSV သည် ယခုသတင်းရေးနေသည့်အချိန်ထိ Like 3791 ယောက်ရှိနေပြီး ပုံတူကူးထားသော RSV မှာ Like ဆယ်ယောက်သာရှိနေသည်။

RSV ၏မူရင်းPage တွင် “ ယခုအခါ RSV ပုံတူ Link တခုတွေ့ရှိရပါသည်။ယင်းအတွက် ပရိတ်သတ်များ အထူးသတိပြုဖတ်ရှုကြပါရန် လေးစားစွာဖြင့် အသိပေးတင်ပြအပ်ပါသည်။” ဟုဖေါ်ပြထားသည်။

စူပါမုန်တိုင်း Sandy ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်

Photo: - စူပါမုန်တိုင်း Sandy ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်

စူပါမုန်တိုင်းကြီး Sandy သည် မကြာမီအချိန်ပိုင်း အတွင်းက နူးဂျာစီပြည်နယ်၊ Atlantic City မြို့အနီး၌ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက် ခဲ့ပြီဖြစ်သည်။

ကုန်းတွင်း ဝင်ရောက်ပြီးနောက် Category 1 ဟာရီကိန်းအဖြစ်မှ သာမန်မုန်တိုင်းအဖြစ် အင်အားပျော့သွားပြီ ဖြစ်သော်လည်း တစ်နာရီ မိုင် ၈၀ ကျော်နှုန်းရှိ လေများ တိုက်ခတ်နေစဲဖြစ်သည်။

နောက်ဆုံး ရရှိသည့် သတင်းများအရ နူးယောက်ခ်မြို့တွင် သစ်ကိုင်းကျိုးကျမှုမှ လူ ၁ ဦး သေဆုံးခဲ့ရပြီး မြေနိမ့်ပိုင်း ဒေသများတွင်လည်း ရေများ အလျင်အမြန် တက်လျက်ရှိကာ အချို့နေရာများတွင် ၂ ပေခန့်အထိပင် မြင့်တက်လာပြီး ဖြစ်သည်။

ထို့အပြင် လူပေါင်း ၂ သန်းကျော်မှာလည်း လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသည်။

ဆက်လက်ဖော်ပြ သွားပါမည်။

အေးချမ်းမွန်မှ Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network
စူပါမုန်တိုင်းကြီး Sandy သည် မကြာမီအချိန်ပိုင်း အတွင်းက နူးဂျာစီပြည်နယ်၊ Atlantic City မြို့အနီး၌ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက် ခဲ့ပြီဖြစ်သည်။

ကုန်းတွင်း ဝင်ရောက်ပြီးနောက် Category 1 ဟာရီကိန်းအဖြစ်မှ သာမန်မုန်တိုင်းအဖြစ် အင်အားပျော့သွားပြီ ဖြစ်သော်လည်း တစ်နာရီ မိုင် ၈၀ ကျော်နှုန်းရှိ လေများ တိုက်ခတ်နေစဲဖြစ်သည်။
နောက်ဆုံး ရရှိသည့် သတင်းများအရ နူးယောက်ခ်မြို့တွင် သစ်ကိုင်းကျိုးကျမှုမှ လူ ၁ ဦး သေဆုံးခဲ့ရပြီး မြေနိမ့်ပိုင်း ဒေသများတွင်လည်း ရေများ အလျင်အမြန် တက်လျက်ရှိကာ အချို့နေရာများတွင် ၂ ပေခန့်အထိပင် မြင့်တက်လာပြီး ဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ၂၆ ရွာမှ ရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲတွင် စီမံကိန်းတာဝန်ခံဦးမြင့်အောင်က စီမံကိန်းနားကရေတွေကို '' ခွေးမသောက်တဲ့ရေ" ဟု ပြော

အထက်ပါ တွေ့ဆုံညှိနှိုင်းပွဲတွင် ကျေးရွာပေါင်း ၂၆ ရွာမှ တစ်ရွာလျှင် ၂ ယောက်နှုန်းဖြင့် ကိုယ်စားတက်ရောက်လာသည့် ကျေးရွာသားများ
နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ခံ ဦးမြင့်အောင်၊ ဦးပိုင် ကုမ္မဏီမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပွဲတွင် ကြေးနီစီမံကိန်းဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အပြောအဆို မိုက်ရိုင်းခက်ထန်သည့် စကားလုံး များကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရသည် ဟု သိရသည်။

ဝက်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်းမှ စံပယ်တောင်ကြေးစီမံကိန်းကြောင့်
ဆိုးကျိုးခံစားရသည့်အနီးဝန်းကျင်ရွာများတွင် သောက်ရေတွင်းများတွင်
သောက်မရအောင် အက်ဆစ်ဓါတ်ပျော်ဝင်နေသည့် အတွက်ကြောင့် အချဉ်ဓါတ်များပြီး သောက်မရအောင် ဖြစ်နေသည့်ကို တင်ပြရာ

ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး

Photo: ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး

ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ 

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Specific Absorption Rate (SAR) သတ်မှတ်ပါတယ်။ ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။ 

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း ဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။ ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။ ၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။ 


၁၀။ Motorola W385

ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။ အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။ တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။ ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ ၁.၅၄ ဝပ် အထိ ရှိပါတယ်။ 

၉။ HTC Magic

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။ Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။ 


၈။ Motorola i335

၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။ လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။ 

၇။ Blackberry Bold

ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။ Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။ သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။ ၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။ 

၆။ Motorola Boost

Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။ ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။ 

၅။ Kyocera Jax S1300

ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။ လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။ ၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။ 

၎။ Sony Ericsson Xperia X10 Mini Pro

၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။ Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။ 

၃။ Sony Ericsson Satio

Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။ GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။ 

၂။ Motorola Droid 2 Global

သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။ Droid 2 လို့လည်း လူသိများပါတယ်။ user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့် အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။ 


၁။ Motorola Bravo

Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။ Android ဖုန်းပဲ ဖြစ်ပါတယ်။ Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိကား အားနည်းချက်ကြီးကတော့ ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။ 


ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။ အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။ 
--
Ref: gizmocrazed.com
အောင်ခမ်း (TSJ team)

http://techspacejournal.blogspot.com/2012/10/blog-post_6372.html

အေးချမ်းမွန်မှ TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journal
ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။
အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Specific Absorption Rate (SAR) သတ်မှတ်ပါတယ်။ ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း ဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။ ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။ ၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။

အမေရိကန်အရှေ့ခြမ်း စန္ဒီမုန်တိုင်းဘေး ရင်ဆိုင်ဖို့ ပြင်ဆင်

ရွေးကောက်ပွဲ မဲဆွယ် ခရီးစဉ် များ ကို ပယ်ဖျက် ပြီး ဆန်ဒီ မုန်တိုင်း နှင့် သဘာဝ ဘေး ကာကွယ်ရေး အစီအစဉ် အတွက် စီမံ ခန့် ခွဲ ရန် အင်ဒရူးလေတပ် စခန်း သို့  ရောက် ရှိ လာသည့် အမေရိကန် သမ္မတ အိုဘားမား
အမေရိကန်ပြည်ထောင်စုမှာ ကြုံဖူးးသမျှ မုန်တိုင်းတွေထဲမှာ အကြီးမားဆုံးဖြစ်မယ့် စန်ဒီ ဟာရီကိန်းမုန်တိုင်းဟာ ဒီကနေ့ တနင်္လာနေ့မှာ ကုန်တွင်းပိုင်းကို ၀င်ရောက်ဖို့ရှိတာနဲ့အမျှ နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဒေသဖြစ်တဲ့ အရှေ့ဘက် ကမ်းရိုးတန်း ဒေသတလျှောက် မိုးကြီးရွာပြီး လေပြင်းတိုက်မှာ ဖြစ်တာကြောင့် အခြေအနေတွေ ဆိုးဖို့ရှိနေပါတယ်။

ဆန်ဒီမုန်တိုင်းဟာ ကမ်းရိုးတန်းဒေသဆီ ရွေ့လျားနေပြီး တခြား ဆောင်းမုန်တိုင်းနှစ်ခုနဲ့ ပေါင်းသွားမယ်လို့ ခန့်မှန်ထားကြပါ တယ်။ အဲဒါကြောင့်လည်း ဆူပါမုန်တိုင်းလို့ တင်စားပြောနေကြတဲ့ ပေါင်းစပ် မုန်တိုင်းကြီးအဖြစ် ရောက်သွားမှာဖြစ်ပြီး လူပေါင်း သန်း ၆၀ လောက်အထိကို သက်ရောက်ဖွယ်ရှိပါတယ်။ မုန်တိုင်းဟာ တနင်္လာနေ့နှောင်းပိုင်းမှာ ကုန်တွင်းပိုင်း ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာအစိုးရတပ်နှင့် KIA တပ်များ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်

Photo: မြန်မာအစိုးရတပ်နှင့် KIA တပ်များ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်

29 October 2012

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗဟိုဌာနချုပ် နယ်မြေနှင့် အနီးတ၀ိုက်တပ်များတွင် လတ်တလော အစိုးရတပ်နှင့် နှစ်ဖက်တပ်များသည် လက်နက်ကြီးများအသုံးပြု၍ အသီးသီးတပ်ချထား သောနေရာသို့ အပြန်အလှန် ပစ်ခတ်မှုများပြုလုပ်နေကြသည်။
...
မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၆ မိုင်အကွာရှိ အင်အား ၅၀ ကျော်ရှိသည့် လွယ်မောက် (Loi Mawk) မြန်မာအစိုးရတပ် ခလရ ၅၆ တပ်ကို KIA တပ်မဟာ (၅) တပ်ရင်း (၂၄) မှ ယနေ့ နံနက်တွင် လက်နက်ကြီးဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့က ၆၀ မမနဲ့ ၁ ကြိမ်ပစ်တယ်။ အခုအချိန်က သူတို့ အခြေအနေကို ကြည့်ပြီး ကျနော်တို့ ပစ်တာ။ သူတို့လဲ ၁ ကြိမ် ပြန်ပစ်လာတယ်။ သူတို့ အမြောက်ဆံက ချုံထဲ ကျပေါက်ကွဲသွားတယ်။”

KIA တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် အစိုးရတပ်အတွင်းအထဲသို့ ပစ်ခတ်ပေးခြင်းကြောင့် သေဆုံး ဒဏ်ရာ ရရှိမှုရှိနိုင်သော်လည်း အတိအကျမသိရကြောင်းပြောသည်။

ယနေ့ နံနက် မိုးမလင်းမီ ၂ နာရီချိန်နှင့် ၄ နာရီချိန်ကြားတွင်မူ မြန်မာအစိုးရ တပ်ဖက်မှ ခလရ ၁၀၅ ဆားမော်တပ်သည် KIA ထိန်းချုပ်နယ်မြေ လိုင်စင်ဘွမ်အနီး နာဖော့ တပ်စခန်းတွင် KIA တပ်ရင်း (၁၈) နယ်မြေ ကန်းဘွမ် (Kang Bum) သို့ စက်လက်နက်များဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ညအချိန် ဘာတွေ့ပြီး ဘာတွေမြင်ပြီး ပစ်ကြတာလဲမသိဘူး။ ထင်ရာမြင်ရာ ရမ်းပြီးပစ်ကြတာ။” KIA တပ်ဖွဲ့မှပြောသည်။

မြစ်ကြီးနား-ဗန်းမော်လမ်း ၀ိုင်းမော်မြို့နယ် ဂန်ဒေါင်ယန် (Gangdau Yang) ရှိမြန်မာ အစိုးရတပ်သည် အောက်တိုဘာ၂၇ ရက် ည ၈ နာရီမှ ၁၀ နာရီထိ နမ်ဆန်ယန် (Nam San Yang) ကျေးရွာသို့ ၁၂၀ မမ အမြောက်များဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

၎င်းအစိုးရတပ်သည် နေ့ညအချိန်အခါမရွေး ၄င်းတို့ ထင်ရာမြင်ရာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် လျက်ရှိနေကြောင်း KIA တပ်ဖွဲ့ဝင်များပြောသည်။

“အချို့က ဒုက္ခသည်စခန်းကနေ စပါးရိတ်ဖို့ ရွာပြန်လာတယ်။ အစိုးရတပ်က နေ့စဉ်လို ရမ်းတန်းပြီး ပစ်တယ်ဆိုတော့ စိုးရိမ်နေရတယ်။” ဟု ဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

မြစ်ကြီးနား-ဗန်းမော်လမ်း ရှန်တွမ်ဘွမ် (Shan Tum Bum) စခန်း အင်အား ၂၀ ကျော်ရှိသည့် မြန်မာအစိုးရတပ် ခလရ ၁၄၂ အနီးသို့ အောက်တိုဘာလ၂၄ ရက် နေ့လည်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၂၄) မှ မိုင်းထောင်၍တိုက်ခိုက်ရာ အစိုးရတပ်မှ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း မျက်မြင်တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုအစိုးရတပ်သည် ၎င်းတို့၏တပ်ရင်းအနီးနေရာသို့ လှုပ်ရှားနေစဉ် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရရှိသည့် တပ်သားများကို ၎င်းတို့၏ နမ်လန် (Num Lang) တပ်ရင်း ခမရ ၄၃၈ သို့ အောက်တိုဘာ၂၇ ရက် ညအချိန်တွင် ပို့ဆောင်ခဲ့ကြောင်းသိရသည်။

နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားနေသော်လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ သည် နှစ်ဖက်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုကို မကြာမီ တရုတ်ပြည် ရွှေလီတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

Copy from - Kachin News Group

အေးချမ်းမွန်မှ .ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :.ခေတ်သတင်း
ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗဟိုဌာနချုပ် နယ်မြေနှင့် အနီးတ၀ိုက်တပ်များတွင် လတ်တလော အစိုးရတပ်နှင့် နှစ်ဖက်တပ်များသည် လက်နက်ကြီးများအသုံးပြု၍
အသီးသီးတပ်ချထား သောနေရာသို့ အပြန်အလှန် ပစ်ခတ်မှုများပြုလုပ်နေကြသည်။
...
မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၆ မိုင်အကွာရှိ အင်အား ၅၀ ကျော်ရှိသည့် လွယ်မောက် (Loi Mawk) မြန်မာအစိုးရတပ် ခလရ ၅၆ တပ်ကို KIA တပ်မဟာ (၅) တပ်ရင်း (၂၄) မှ ယနေ့ နံနက်တွင် လက်နက်ကြီးဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့က ၆၀ မမနဲ့ ၁ ကြိမ်ပစ်တယ်။ အခုအချိန်က သူတို့ အခြေအနေကို ကြည့်ပြီး ကျနော်တို့ ပစ်တာ။ သူတို့လဲ ၁ ကြိမ် ပြန်ပစ်လာတယ်။ သူတို့ အမြောက်ဆံက ချုံထဲ ကျပေါက်ကွဲသွားတယ်။”
KIA တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် အစိုးရတပ်အတွင်းအထဲသို့ ပစ်ခတ်ပေးခြင်းကြောင့် သေဆုံး ဒဏ်ရာ ရရှိမှုရှိနိုင်သော်လည်း အတိအကျမသိရကြောင်းပြောသည်။

ရခိုင် ပဋိပက္ခကြောင့် လူ နှစ်သောင်းနှစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွားဟု ကုလသမဂ္ဂ ထုတ်ပြန်

ရခိုင်ပြည်နယ် အတွင်း ထပ်မံဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရသူ ဦးရေသည် အနည်းဆုံး လူဦးရေ နှစ်သောင်း နှစ်ထောင့် ငါးရာ ရှိသည်ဟု ကုလသမဂ္ဂ အဖွဲ့ကြီးက ထုတ်ပြန် ခဲ့ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့ တွင် CNN သတင်းဌာန က ဖော်ပြသည်။
...
"နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေတဲ့ သူတွေ အရေအတွက်က ထပ်မံ တိုးလာနိုင် ပါတယ်။သူတို့တွေက လှေတွေနဲ့ထွက်ပြေးကြတာ ဆိုတော့ မြန်မာ အစိုးရ ကလည်း သေချာ စုံစမ်း နေတုန်းပါပဲ" ဟု မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားရေး အရာရှိ Ashok Nigam က ပြောကြားသည်။

ဘာလီကျွန်းတွင် ရှာဖွေ တွေ့ရှိ ခဲ့သော အကြီးမားဆုံး ဟိန္ဒူဘုရားကျောင်းကြီး

Photo: ဘာလီကျွန်းတွင် ရှာဖွေ တွေ့ရှိ ခဲ့သော အကြီးမားဆုံး ဟိန္ဒူဘုရားကျောင်းကြီး

Monday, October 29, 2012

အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှ ဆောက်လုပ်ရေး အလုပ်သမား များသည် အကြီးမားဆုံး ရှေး ဟောင်း ဟိန္ဒူ ဘုရား ကျောင်းကြီးကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ရှေးဟောင်း သုတေသန ပညာ ရှင်များက ပြောကြား ထားသည်။

...အလုပ်သမား များသည် ဘာလီကျွန်း၏ မြို့တော် ဒန်ပါဆာရှိ ဟိန္ဒူ
လေ့ကျင့်ရေး သင်တန်း ကျောင်း တစ်ခု ၌ ရေမြောင်း တစ်ခုအား တူးဖော်နေစဉ် အဆိုပါ ကျောက်သား ဘုရား ကျောင်း အား
တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် အဆိုပါ တွေ့ရှိချက်ကို ဘာလီကျွန်းရှိ ရှေးဟောင်း သုတေသန ဌာနသို့ အကြောင်းကြား ခဲ့ကြသည်။ အဆိုပါ ဘုရား ကျောင်း၏ အောက်ခြေ ဖွဲ့စည်း တည်ဆောက်ပုံ မှာ တောင့်တင်း ခိုင်မာမှု ရှိပြီး ၁၃ ရာစုနှင့် ၁၅ ရာစု ကြား ကာလခန့် အတွင်းက ဆောက်လုပ် ခဲ့သည်ဟု ယူဆ ရကြောင်း တူးဖော်ရေး အဖွဲ့က ပြောကြား ထားသည်။

အဆောက်အအုံ အောက်ခြေ၏ အရှေ့ဘက်တွင် တည်ဆောက် ထားသော အဆောင်မှာ မီတာ ၂ဝ ခန့် ရှည် လျားကြောင်း အဆိုပါအဖွဲ့ခေါင်းဆောင်က
ဆက်လက် ပြောကြားခဲ့ သည်။

ကျော်ကြားသော အပန်းဖြေကျွန်း တစ်ကျွန်း ဖြစ်သည့် ဘာလီကျွန်းသည် အင်ဒိုနီးရှား နိုင်ငံ အတွင်းရှိ ဟိန္ဒူ ယဉ်ကျေးမှု အမွေ အနှစ်များ စုဝေးရာ
နေရာ တစ်ခု ဖြစ်ကြောင်း သိရသည်။

မြ၀တီ

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှ ဆောက်လုပ်ရေး အလုပ်သမား များသည် အကြီးမားဆုံး ရှေး ဟောင်း ဟိန္ဒူ ဘုရား ကျောင်းကြီးကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ရှေးဟောင်း သုတေသန ပညာ ရှင်များက ပြောကြား ထားသည်။

...အလုပ်သမား များသည် ဘာလီကျွန်း၏ မြို့တော် ဒန်ပါဆာရှိ ဟိန္ဒူ
လေ့ကျင့်ရေး သင်တန်း ကျောင်း တစ်ခု ၌ ရေမြောင်း တစ်ခုအား တူးဖော်နေစဉ် အဆိုပါ ကျောက်သား ဘုရား ကျောင်း အားတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် အဆိုပါ တွေ့ရှိချက်ကို ဘာလီကျွန်းရှိ ရှေးဟောင်း သုတေသန ဌာနသို့ အကြောင်းကြား ခဲ့ကြသည်။ အဆိုပါ ဘုရား ကျောင်း၏ အောက်ခြေ ဖွဲ့စည်း တည်ဆောက်ပုံ မှာ တောင့်တင်း ခိုင်မာမှု ရှိပြီး ၁၃ ရာစုနှင့် ၁၅ ရာစု ကြား ကာလခန့် အတွင်းက ဆောက်လုပ် ခဲ့သည်ဟု ယူဆ ရကြောင်း တူးဖော်ရေး အဖွဲ့က ပြောကြား ထားသည်။

အမှောင်ညများကို ကျောခိုင်းလျက်(M. ထက်ခေါင်)

Photo: အမှောင်ညများကို ကျောခိုင်းလျက် (ဆောင်းပါး)

M. ထက်ခေါင်
(၁)

ယခုလထဲ တော်လှန်ရေးအဖွဲ့အစည်းများအတွင်း စိတ်အနှောက်အယှက်ဖြစ်ဖွယ်၊ စိတ်ပူစိုးရိမ်ဖွယ် ဖြစ်ရပ်အချို့နှင့် ပတ်သက်၍ အချို့ပုဂ္ဂိုလ်များ ရေးသားအကြံပြုခဲ့ကြပြီးဖြစ်သောကြောင့် ကျနော့်အနေဖြင့် အထူးတလည် ရေးရန်လိုမည် မဟုတ် ချေ။ လောလောဆယ် ကေအဲန်ယူအတွင်း ဖြစ်ရှိခဲ့သည့် အခြေအနေကို အကျဉ်းမျှ ဖော်ပြပြီး ဗမာပြည်နှင့် ပတ်သက်သည့် ပညာရေး၊ ကျန်းမာရေးကဏ္ဍ ညံ့ဖျင
်းမှုများနှင့် လူမျိုးရေး၊ စစ်ရေး၊ နိုင်ငံရေး ကဏ္ဍအချို့ကိုသာ အနည်းငယ်မျှ တင်ပြလိုသည်။

စစ်အုပ်စုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲမှာပင် နှစ်ဘက်ဆက်ဆံရေးရုံး ဖွင့်သည့်ကိစ္စနှင့် ပတ်သက်ပြီး ကေအဲန်ယူ ဗဟိုနှင့် ကေအဲန်အယ်လ်အေတပ်မှူးအချို့အကြား ပြဿနာ အနည်းငယ်ရှိခဲ့သည့်အပေါ် အဖွဲ့အစည်းအတွင်း ပြန်လည်သင့် မြတ်ပြေလည်စေရေး အချင်းချင်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ စစ်ဦးစီးချုပ် အပါအ၀င် တာဝန်ရှိသူအချို့ကို ရာထူးမှလည်း ကောင်း၊ ကေအဲန်ယူ အဖွဲ့အစည်းဝင်အဖြစ်မှလည်းကောင်း ထုတ်ပယ်ခဲ့သောကိစ္စသည် တရားဥပဒေအထက် စစ်ဦးစီးချုပ် ရှိနေ သည့် ဗမာပြည် စစ်အုပ်စုကို အတော်ကလေး မျက်ခုံးပင့် ကျောချမ်းသွားစေခဲ့သည်။ ကေအဲန်ယူနှင့် ကေအဲန်အယ်လ်အေ တပ် ကွဲမည့်ကိစ္စအတွက် ၎င်းတို့ စိတ်တွင်းမှာတော့ အတော်ပင် ကျေနပ်အားရ တက်ကြွနေကြမည် ဖြစ်သည်။

တကယ်တော့ ကေအဲန်အယ်လ်အေဆိုသည်မှာ ကေအဲန်ယူက မွေးဖွားလာသောတပ်ဖြစ်၍ ကေအဲန်ယူ အစည်းအရုံး ၀င်ပင် ဖြစ်သည်။ ကေအဲန်ယူနှင့် ကေအဲန်အယ်လ်အေကို ခွဲခြားမရ။ အဖွဲ့အစည်းနှင့် တပ်ကို တသီးတခြားစီ ခွဲထုတ်ဆက်ဆံလို ၍လည်း မရ။ ကေအဲန်ယူအဖွဲ့အစည်း ပြိုကွဲနိုင်မည့်ကိစ္စကို စိုးရိမ်စိတ်ဖြင့် ကြားဝင် ညှိနှိုင်း အကြံပြုသော ကရင်အဖွဲ့အစည်းအ ချို့လည်း ရှိသည်။ မိမိတို့အချင်းချင်း စည်းဝေး ဆွေးနွေးပြီးနောက်တွင် ကရင်လူထု၏ အားကိုးအားထားပြုရာ အဖွဲ့အစည်းအ ဖြစ် အနှစ် ၆၀ကျော် မားမားမတ်မတ် ရပ်တည်ခဲ့သော ကေအဲန်ယူသည် ကရင်တမျိုးသားလုံး၏အကျိုးကို ရှေ့ရှုပြီး အဖွဲ့အစည်း ၏ ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွှတ်မှုအတွက် စစ်ဦးစီးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များအား မူလရာထူးများ ပြန်လည်အပ်နှင်း ကြောင်း၊ အဖွဲ့အစည်းတွင်းမှ ပြဿနာများကို သင်ပုန်းချေ ပြည်ဖုံးကားချလိုက်ကြောင်း ဆုံးဖြတ်ကြေညာနိုင်ခဲ့သည်။ ရန်သူဝမ်း သာကျေနပ်စေမည့်အဖြစ်မျိုး ရှေ့ဆက် မဖြစ်စေရေး အချင်းချင်း ရင်ကြားစေ့ခဲ့ကြသည်။

မည်မျှပင် သွေဖည်လမ်းလွဲ ခြေချော်လက်ချော် ယိုင်နဲ့မှုများ ရှိခဲ့စေကာမူ ကေအဲန်ယူသည် ပြည်တွင်းပြည်ပ အနယ် နယ်အရပ်ရပ်မှ အားပေးထောက်ကူမှုများဖြင့် မိမိလမ်းကြောင်းအတိုင်း တည့်မတ် ခိုင်ကျည်စွာ ဆက်လက်လျှောက်လှမ်းနိုင်ရေး မဆုတ်မနစ် လုပ်ဆောင်သွားလိမ့်မည် ဖြစ်၏။

(၂)
ဗဟန်းအဲန်အယ်လ်ဒီရုံး၌ အမေရိကားပြန် အတွေ့အကြုံများ ရှင်းလင်းပြနေရင်း ဗမာနိုင်ငံ ပညာရေးစနစ်မှာ အနှစ် ၅၀ ကျော် ညံ့ဖျင်းခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်သည့်သတင်းကို ဖတ်ရသည်။ ၁၉၆၂ခုနှစ်၊ မတ်လ ဗိုလ်ချုပ်နေ၀င်း တော်လှန်ရေးကောင်စီက တိုင်းပြည်အာဏာကို သိမ်းပိုက်လိုက်ပြီးကတည်းက အရာရာကို ချုပ်ကိုင်နိုင်ဖို့ရန် ကြိုးစားခဲ့ခြင်း ဖြစ် သည်။ အာဏာသိမ်းပြီး မကြာမီမှာပင် နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားခေါင်းဆောင်များကို ထောင်ထဲဖမ်းထည့်၊ ငွေစက္ကူ များ တရားမ၀င် သိမ်းဆည်းသည့်အပေါ် ကျောင်းသားတွေက ဆူပူကန့်ကွက်ခဲ့သည်တွင် ကျောင်းသားသမဂ္ဂကို ဗုံးခွဲကာ ကျောင်းသားတွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့သည်။ ယခင်ကတည်းက ဗိုလ်ချုပ် အောင်ဆန်းအပါအ၀င် ဗမာပြည် လွတ်လပ်ရေးတိုက်ပွဲဝင် ပညာတတ်ကျောင်းသားများကို ယှဉ်ပြိုင်၍ မရပဲ အမုန်းကြီး မုန်းခဲ့ သော ဗိုလ်ချုပ်နေ၀င်းမှာ ဗမာနိုင်ငံ၏ ပညာရေးစနစ်ကို တမင်ပင် အချိန်ယူ ဖျက်ဆီးခဲ့ခြင်း ဖြစ်၏။

ပြည်သူပိုင်သိမ်းသည်ဟုဆိုကာ ပြည်တွင်း အရင်းရှင် လုပ်ငန်းရှင်တို့၏ စက်ရုံအလုပ်ရုံများကို သိမ်းရာတွင် သာသနာ ပြုကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကိုပါ အစိုးရပိုင်အဖြစ် သိမ်းယူလျက် ဗမာနိုင်ငံ၏ ပညာရေးစနစ်ကို ထင်သလိုချယ်လှယ် ချုပ်ကိုင်နိုင်ရန် ကြိုးစားခဲ့သည်။

(၃)
၁၉၆၂ခုနှစ် မတိုင်မီက ကျောင်းဆရာ ဆရာမများအပေါ် ရိုသေလေးစားတတ်ခဲ့သူ အများအပြားမှာ ၁၉၆၂လွန်ကာလ များတွင် တွေ့လာရသော ပညာရေးဝန်ထမ်း (အထူးသဖြင့် ကျောင်းဆရာမ)များအပေါ် လေးစားလိုစိတ်များ ကုန်ခမ်းလာကြ သည်။ တော်လှန်ရေးကောင်စီခေတ်နှင့် မဆလခေတ် ဆရာမ အများစုမှာ စစ်ဗိုလ်၊ အရာခံဗိုလ်၊ တပ်ကြပ် စသူတို့၏ မယားတွေ ဖြစ်၏။ စစ်အုပ်စု၏ အစီအစဉ်အရ အရပ်သားဆရာ ဆရာမအချို့ကို ဖြုတ်ထုတ်၊ အချို့ကို တနယ်တကျေးပို့ကာ ၎င်းတို့လူများ ကို ခန့်ထားကြခြင်း ဖြစ်သည်။

စစ်အုပ်စုက ခန့်လိုက်သော ဆရာမအများအပြားမှာ တပည့်တွေအပေါ် သဘောထား စေတနာမမှန်ကြ၊ အချို့ဆိုလျှင် တပည့်အပေါ် စေတနာလုံးဝ မရှိကြသူတွေဖြစ်သည်။ ဆရာအတတ်သင်ကျောင်းကို တက်ခဲ့သည်ဆိုသော်လည်း သင်ကြားမှု အရည်အချင်း ညံ့ဖျင်းရုံမက၊ သင်ကြားသည့် ဘာသာရပ်ကို ပိုင်နိုင်အောင် ကြိုးစားအားထုတ် လေ့လာမှုမရှိ၊ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ သိလှပြီဟု ထင်နေကြသူတွေသာ ဖြစ်၏။

သင်္ချာသင်သူကလည်း သင်္ချာကို ကောင်းစွာမပိုင်၊ တပည့်တွေနှင့်အတူ ၀ိုင်းတွက်ရင်းမှာပင် ၎င်းတို့ကိုယ်တိုင် ချာလည် လည်နေသော ဆရာမတွေ ရှိသည်။ အင်္ဂလိပ်စာ သင်ကြားရာတွင်လည်း ပြဌာန်းစာအုပ်မှာ အဘိဓာန်ထဲမှ အဓိပ္ပါယ်တွေ ရေး ထားပြီး တနေ့နည်းနည်း ဖတ်ပြ ဘာသာပြန်ပြသည်ကလွဲ၍ အင်္ဂလိပ်စာကို တကယ်တမ်းတတ်မြောက်အောင် မသင်တတ်သူ တွေလည်း ရှိသည်။ သင်္ချာနှင့် အင်္ဂလိပ်စာကို မဆိုထားနှင့် မြန်မာစာ မြန်မာကဗျာကိုပင် အလွဲလွဲအချော်ချော် သင်ကြားတတ် သော စစ်သားမယားများလည်း အများအပြား ရှိလေသည်။

သာသနာပြုကျောင်းများတွင် မူလတန်းကစ၍ အင်္ဂလိပ်စာသင်ခဲ့ရာမှ ပြည်သူပိုင်သိမ်းလိုက်ပြီးသည့်နောက် အခြားအ စိုးရအထက်တန်းကျောင်းများနည်းတူ (၅)တန်းရောက်မှ အင်္ဂလိပ်စာ စသင်သည့်စနစ်ကို ကြုံလိုက်ရသူများမှာ အတော်ပင် ကသိကအောက် ဖြစ်ကြရသည်။ တိုင်းပြည်နှင့်အ၀ှမ်း အင်္ဂလိပ်စာတွေညံ့ကုန်ပြီး ၎င်းတို့သားသမီးများပါ အင်္ဂလိပ်စာ ညံ့ဖျင်း သောအခါမှ မူလတန်းက စသင်သည့်စနစ်ကို ပြန်၍ပြောင်းခဲ့သည်။ ကျောင်းသားကျောင်းသူတို့၏ စိတ်ပါဝင်စားမှုနှင့် ပင်ကိုယ် အရည်အသွေးကို အလေး ဂရုမပြု၊ ဘာသာရပ်တခု၌ သတ်မှတ်ထားသော အောင်မှတ်ထက် မဆိုစလောက် လျော့နည်းရုံဖြင့် ကျန်ဘာသာအားလုံးလိုလို ထူးချွန်သည့်တိုင် ကျရှုံးအဖြစ် သတ်မှတ်တတ်သည့် ပညာရေးစနစ်နှင့်၊ သိပ္ပံဘာသာတွဲ ၀ိဇ္ဖာဘာ သာတွဲများ ခွဲခြားလိုက်ခြင်းတို့မှာ ကျောင်းသားကျောင်းသူတို့အား ၎င်းတို့အားသန်ရာ ဘာသာရပ်ကို ၎င်းတို့သဘောနှင့်၎င်းတို့ လေ့လာလိုက်စားမှု မပြုနိုင်အောင် တားဆီးပိတ်ပင်လျက်၊ ၎င်းတို့စိတ်ပါဝင်စားမှုမရှိသော ဘာသာရပ်ကို အမှီပြု၍ အသက်မွေး ရန် ကန့်သတ်လိုက်သလို ဖြစ်နေပြီး တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်နိုင်မည့် လူငယ်ထု၏ အနာဂတ်ကို မှောင်ချလိုက် ခြင်းသာ ဖြစ်လေသည်။ တော်လှန်ရေးကောင်စီနှင့် မဆလက စမ်းသပ်ခဲ့သည့် ပညာသင်ကြားမှုစနစ်မှာ ဗမာပြည်သား ကျောင်း သားလူငယ်များ၏ တွေးဆ ဆင်ခြင်နိုင်မှု ပမာဏနှင့် ဘ၀လမ်းကြောင်းကို ဘောင်ခတ်ချုပ်ချယ် ချိုးနှိမ်စော်ကားသော ပညာရေး စနစ် ဖြစ်၏။

(၄)
မှတ်ဥာဏ်အရည်အချင်း ညံ့ဖျင်းသည့်အပြင် တွေးဆဆင်ခြင်နိုင်မှု အသိတရားမရှိ၊ လေ့လာအားထုတ်မှု နည်းပါးပြီး ကျောင်းသားတွေအပေါ်မှာပါ စေတနာ ချို့တဲ့ခေါင်းပါးသည့် ဆရာမများမှာ ယခုခေတ်တွင် မဆလခေတ်ကထက် ပို၍ များလာခဲ့ သည်။
ထိုဆရာဆရာမတွေမှာ ငွေပေးနိုင်သော ကျောင်းသူကျောင်းသားကို အတန်းသာအောင်စေပြီး တကယ်တမ်း ပညာ တတ်မြောက်အောင်မူ သင်မပေးနိုင်ကြ။

စာရေးမကို ပါးရိုက်သည့် ပါမောက္ခမ၊ ကျောင်းသူကို အဓမ္မ ကျောင်းထုတ်မည်ပြုသည့် ကျောင်းအုပ်ဆရာမ၊ ကျောင်း သူကျောင်းသားတွေထံမှ ကျောင်းဝင်ကြေးအပြင် လာဘ်ငွေသိန်းချီ၍ ယူနေကြသည့် ကျောင်းအုပ်ဆရာမနှင့် အခြားဆရာမများ၊ မိမိကျူရှင်ကို မတက်ရကောင်းလားဆိုပြီး ကျောင်းသူကျောင်းသားကို နှိပ်စက်သည့် ကျောင်းဆရာမ၊ သူငယ်တန်းကျောင်းသား ကလေးအား မဆင်မခြင် အမှောင်ခန်းပိတ်ပြီး ဒဏ်ပေးခဲ့ရာ အမှောင်ခန်းကြောက်သွားခဲ့သည့် ကလေးကို နောက်တကြိမ်တွင် လည်း ထိုသို့ ဒဏ်ပေးရန် အတင်းဆွဲခေါ်ရာတွင် ကလေးက ခဲတံနှင့်တင်ပါးကို ထိုးသောကြောင့် ကလေးကို လက်လွန်ခြေလွန် ပါးချပြီး ကလေးရူးနေ၍ ကျောင်းသို့လာပို့စရာမလိုကြောင်း၊ ဆေးဆရာဝန်ဆီ သွားပြဖို့လိုကြောင်း ကလေးမိခင်ကို မောက်မာစွာ ပြောဆိုခဲ့သည့် ဆရာမတို့မှာ စစ်အုပ်စုလက်ထက်တွင် အပြိုင်းအရိုင်း ပေါ်ပေါက်လာသော ပညာရေးဌာန အမှိုက်သရိုက်များ ဖြစ်လေသည်။ ၎င်းတို့ ထိုသို့ ပြုကျင့်ရဲခြင်းမှာ ၎င်းတို့ ကျောထောက်နောက်ခံပြုနေသော စစ်အုပ်စုက သင်ကြားပေးလိုက်သော ကြောင့်ပင် ဖြစ်၏။

ပညာရေးဆိုသည်မှာ လောကီ လောကုတ္တရာ ကောင်းကျိုးဆောင်သည့် မွန်မြတ်သောကိစ္စရပ် ဖြစ်သည်။ ဆရာထံ မှောက် ပညာရပ်များကို သင်ကြားရာတွင် ရိုကျိုး တုပ်ကွ ပျပ်ဝပ် နာခံလျက်၊ ဆရာကို ချစ်ကြောက်ရိုသေခဲ့ကြသော ရှေးလူကြီး သူမများအနေဖြင့် ယနေ့ခေတ် ပညာရေးလောကတွင်းမှ ဆရာ့ကျင့်ဝတ်နှင့် မကိုက်ညီ၊ တပည့်များအား တကယ့်ပညာတတ် မြောက်အောင် သင်ကြားပေးနိုင်သည့် အရည်အချင်းမရှိသော ဆရာ ဆရာမများကို မြင်လျှင် မိမိတို့သားမြေးများအတွက် စိတ် လက်မအေး ဖြစ်ကြရပေလိမ့်မည်။

အထူးသဖြင့် ထိုဆရာမတွေကို မိမိတို့ တာဝန်ယူသင်ကြားမည့် ဘာသာရပ်နှင့်ပတ်သက်၍ အဆင့်မြင့်မြင့် တတ်ကျွမ်း နားလည်အောင်သာမက၊ လူ့အသိစိတ်ဓာတ်နှင့် လူ့ယဉ်ကျေးမှုကိုပါ သဘောပေါက် နားလည်နိုင်ရေး လေ့ကျင့်သင်ကြားပေး ဖို့ရန် လိုအပ်မည် ဖြစ်လေသည်။

(၅)
ရောဂါရှာဖွေကုသရေးနှင့် ပတ်သက်၍ ခေတ်မှီ စက်ကရိယာများ တပ်ဆင်ထားသော ပုဂ္ဂလိက ဆေးရုံကြီးတွေ အများ အပြား ပေါ်လာသည်။ ဆေးရုံတက်ခ သိန်းနှင့်ချီ၍ကုန်ကျမည် ဖြစ်သောကြောင့် သာမန်လက်လုပ်လက်စား လူထုအနေဖြင့် အနားပင် မကပ်နိုင်။ စစ်အုပ်စု၏ ခရိုနီတွေနှင့် စစ်အုပ်စု အစွယ်အပွားများ ဖွင့်ထားသည့် ဆေးရုံကြီးများ ဖြစ်သည်။ မဆလ ခေတ်က ခိုင်းနှိုင်း ပြောဆိုခဲ့သော စေတနာဆရာဝန်နှင့် အသပြာဆရာဝန်မှာ ယခုခေတ်တွင် အသပြာဆရာဝန်သာ ရှိတော့ ကြောင်း သရုပ်ဖော်နေခြင်း ဖြစ်သည်။

ယခင်က အခမဲ့ကုသခွင့် ရခဲ့သော ပြည်သူ့ဆေးရုံများမှာ မဆလခေတ်ကတည်းကပင် ထိုက်သင့်သလောက် အကုန်အ ကျခံခဲ့ကြရပြီ ဖြစ်ပြီး ယခုခေတ် စရိတ်မျှပေး ကျန်းမာရေး အစီအစဉ်မှာလည်း ဆေးရုံတွေမှာ ဆေးမရှိ၍ ဆရာဝန်ရေးပေးသော ဆေးဖိုးဝါးခကို ပြင်ပမှဝယ်ယူရပြီး ဆရာဝန် ဆရာမတို့အတွက်ပါ ပူဇော်ပေးကမ်းရသောကြောင့် စရိတ်မျှပေးမဟုတ်တော့ပဲ စရိတ်အကုန်ကျခံရသည့် အစီအစဉ်ပင် ဖြစ်နေလေသည်။

ပုဂ္ဂလိကဆေးရုံကြီးများမှ အထူးကုဆိုသော ဆရာဝန်ကြီးများ၏ အရည်အချင်းနှင့် ပတ်သက်၍လည်း အားထားယုံ ကြည်လောက်စရာမရှိ။ ထိုဆေးရုံကြီးများတွင် ငွေသောက်သောက်လဲ အကုန်ခံပြီး လူ့ဘ၀ကို ကျောခိုင်းစွန့်ခွာသွားကြရသူတွေ မှာ မနည်းမနော ဖြစ်၏။ လက်တည့်စမ်း ကုသတတ်ကြသော ၎င်းတို့အပေါ် ယုံကြည်မှု မရှိသောကြောင့် ငွေတတ်နိုင်သူအချို့မှာ ထိုင်းနှင့် စင်္ကာပူတို့အထိ သွားရောက် ကုသကြရသည်။

စစ်အုပ်စုလက်အောက် ဗမာပြည်လူထုမှာ ရောဂါကုသမှု အတွေ့အကြုံနည်းပါးပြီး လူနာအပေါ် သွေးသားရင်းခြာလို စိတ်စေတနာ မထားနိုင်သော၊ အမှားကို တာဝန်မယူနိုင်သော ဆရာဝန်များနှင့် ယဉ်ပါးအသားကျနေခဲ့ကြပြီ ဖြစ်သည်။ ရန်ကုန် အနီးဝန်းကျင် မြို့နေလူထုအနေဖြင့်မူ ကျော်သူ၏ နာရေးကူညီမှုအသင်းနှင့် မြတ်သုခဆေးခန်းတို့ကိုသာ အားကိုးအားထားပြု နေရလေသည်။

(၆)
ဗမာနိုင်ငံ၏ ပညာရေးစနစ်ကို မြှင့်တင်ရန်အတွက် စစ်အုပ်စုအနေဖြင့် အတွေးအခေါ်တွေကို ပြင်ဖို့လိုကြောင်း ကိုမင်း ကိုနိုင် ပြော၏။ ပညာရေးနှင့် ကျန်းမာရေးကိစ္စကို ကာကွယ်ရေးအသုံးစရိတ်လောက်ပင် တန်ဖိုးမထားသော စစ်အုပ်စု၏ ညံ့ဖျင်း မှုများကို ဆိုလိုခြင်း ဖြစ်သည်။ မည်သည့်ပြည်ပရန်မျှ မရှိပဲ ပြည်တွင်းစစ်ကို အတောမသတ် တောက်လောင်စေပြီး စစ်ရေးအသုံး စရိတ်များကို အဆင့်ဆင့် ခိုးဝှက်စားရင်းပြကြကာ၊ တကယ်တမ်းအားဖြင့် လူထုထံမှသာ ပေါ်တာဖမ်း၊ အဓမ္မ လုပ်အားပေးခေါ်၊ လမ်းပြင်ကြေး၊ ဘာကြေးညာကြေး၊ အမျိုးမျိုးကောက်ခံပြီး ကောက်ရသမျှ အခွန်အတုပ်များကို ဝေစုခွဲလျက် မိမိတို့အာဏာတည် မြဲနိုင်ရေး အထက်ကို အဆင့်ဆင့် ပံ့ပိုးနေကြခြင်း ဖြစ်သည်။ ဗမာနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ဆိုသည်မှာ ၎င်းတို့စစ်အုပ်စု အတွက် သပိတ်ဝင်အိတ်ဝင် ဗြောင်ကျကျ ခိုးယူဖို့သာဖြစ်၏။ ကာကွယ်ရေးအသုံးစရိတ်တွေ အများအပြား ရယူထားသော စစ် အုပ်စု၏ တပ်သည် ဗမာပြည်ထဲမှာ ဘာတွေကိုများ ကာကွယ်နေပါသနည်း။
ရခိုင်မှာ အဓိကရုဏ်းတွေ ထပ်မံပြင်းထန်လာသည့်ကိစ္စ။ ကျောက်ဖြူ တောင်ကုတ်၊ စစ်တွေတို့က စခဲ့သည့် ရခိုင်ဘင်္ဂါ လီ ပဋိပက္ခမှာ မြောက်ဦး၊ သံတွဲ၊ တို့မှနေ၍ ရမ်းဗြဲ၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်တို့အထိ ပျံ့နှံ့လာခဲ့ပြီဖြစ်ပြီး အိမ်များ မီးရှို့ခံရ၊ နှစ်ဘက်လူများ အပြန်အလှန် သတ်ဖြတ် သေကြေနေကြရသည်။ တခုထူးထူးဆန်းဆန်း ကြားရသည်မှာ မြန် မာစစ်တပ်က ရခိုင်များကို တမင်ပင် သေသေချာချာ ချိန်ရွယ် ပစ်ခတ်ခဲ့ကြသည်ကို မျက်မြင်သက်သေများက ပြန်လည်ဖော် ထုတ်လာခြင်း ဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရမည့်တပ်သည် အမျိုးသား ရေးတာဝန်ကို သစ္စာဖောက်ကာ ရခိုင်တိုင်းရင်းသားတွေကို ပစ်ခတ်နေပြီ ဖြစ်၏။ တဘက်မှ ငွေကြေးဖြင့် ခိုင်းစေသောကြောင့် လုပ်ပေးကြခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ရခိုင်ပြည်နယ်ထဲ ကျူးကျော်စော်ကားသည့် ဘင်္ဂါလီရိုဟင်ဂျာများကိစ္စ တပ်မတော်နှင့်လက်တွဲပြီး တတပ်တအား ပါဝင် တိုက်ဖျက်သွားမည်ဟု ၈၈ခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီးက ပြောခဲ့သည်။ ရွှေည၀ါဆရာတော်ကလည်း စစ်အုပ်စုရဲ့ ထောင် ချောက်ထဲ အ၀င်မခံရန် မိန့်ကြားပြီး တကယ်တမ်း ဖြစ်လာပါက မိမိတို့သံဃာများကပါ တပ်မတော်နဲ့လက်တွဲပြီး ကာကွယ် တိုက်ဖျက်သွားမည့်အကြောင်း ပြောခဲ့သည်။ လူထုအနေဖြင့်မူ ယခုလိုပုံစံမျိုးဖြင့် တပ်မတော်ဆိုသည့် ပြည်ဖျက်စစ်အုပ်စု လက် ပါးစေများနှင့် လက်တွဲရေးကို မည်ကဲ့သို့ ယုံကြည်ကိုးစားရမည်နည်း။

မကြာသေးမီက တိုင်းရင်းသားအင်အားစုများ၏ ယူအဲန်အက်ဖ်စီနှင့် တွေ့လိုကြောင်း ဦးအောင်မင်း ပြောခဲ့သည်။ ကချင် နှင့်လည်း ရွှေလီမှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေ၏။ နှစ်ဘက် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေချိန်မှာပင် စစ်အုပ်စုတပ်များ၏ ကချင် နယ်မြေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တိုက်ပွဲတွေကတော့ ဆက်လက် ရှိနေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် ကေအိုင်အို တည်ထောင်မှု နှစ်ပတ်လည်နေ့မှာတော့ ကေအိုင်အေက မိမိနယ်မြေအတွင်းမှ စစ်အုပ်စု၏ တပ်စခန်းအချို့ကို လက်နက်ကြီး များဖြင့် ပစ်ခတ်ကာ ကေအိုင်အိုနေ့ကို ဂုဏ်ပြုလိုက်ကြောင်းနှင့် စစ်အုပ်စုတပ်များဘက်ကလည်း ဒေါသတကြီး ပြန်လည်ရမ်း သမ်းပစ်ခတ်ခဲ့ကြောင်း၊ ကေအိုင်အိုဘက်က ပစ်ခတ်မှုမှာ စစ်အုပ်စုတပ်အချို့ကို သေကြေ ထိခိုက်စေခဲ့သော်လည်း စစ်အုပ်စု တပ်၏ လက်နက်ကြီးတွေကတော့ ကေအိုင်အိုကို ထိခိုက်မှုမရှိခဲ့ကြောင်း ကြားသိရသည်။

အခါများစွာ အလိမ်ခံခဲ့ရပြီးဖြစ်သော စစ်အုပ်စုနှင့် တွေ့ဆုံ ဆွေးနွေးပွဲအပေါ် အလေးအနက် မထားကြောင်းနှင့်၊ မှန်မှန် ကန်ကန် မဆွေးနွေးပါက တိုက်ပွဲများကို ဆက်လက်ရင်ဆိုင်ရန် အဆင်သင့် ရှိနေကြောင်း ကေအိုင်အေက ထုတ်ဖော်ပြသလိုက် ခြင်းပင် ဖြစ်သည်။ တိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့်လည်း ဖုတ်ပူမီးတိုက် တွေ့ဆုံကာ ဒရောသောပါးနှင့် စကားတွေ စွတ် ကျွံပြီး ရန်သူအဖို့ အားရကျေနပ်စေမည့် ဆွေးနွေးပွဲမျိုးမဖြစ်ရန် ဂရုစိုက်ကြရမည် ဖြစ်သည်။

(၇)
ပြီးခဲ့သည့်အခေါက် နိုင်ငံခြားကို မိမိတို့ကိုယ်စီ အကျိုးအမြတ်အတွက် အသီးသီးအဿက ထွက်ခွာကြစဉ် ဒေါ်အောင် ဆန်းစုကြည်က စန်ရှင်တွေ ရုတ်သိမ်းမယ်ဆိုရင် ထောက်ခံကြောင်း ပြောခဲ့လိုက်သည်နှင့် မရှေးမနှောင်းမှာပင် အရေခြုံ သမ္မတ သိန်းစိန်ကလည်း ဒေါ်စုကို လူထုလက်ခံရင် သမ္မတ ဖြစ်နိုင်ကြောင်း ပြောလိုက်သည်။ အခြေခံဥပဒေအရ မဖြစ်နိုင်မှန်းသိလျက်၊ စန်ရှင် ရုတ်သိမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုအပေါ် တုန့်ပြန်သည့်အနေဖြင့် လောကွတ်ချော် ပြောဆိုလိုက် သော အနှစ်မဲ့စကားသာ ဖြစ်သည်။

ထိုစကားကို ကြားသည်နှင့် စစ်အုပ်စုလက်အောက် လွှတ်တော်မှနေ၍ အခြေခံဥပဒေကို ပြင်ဖို့ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်တော့ကြောင်း မကြာသေးမီကမှ အနည်းငယ် ရိပ်မိလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိသာ သမ္မတအာ ဏာကိုရလျှင် လူထုအကျိုးအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နိုင်ကောင်းရဲ့ဟူသောအကြံဖြင့် အဲန်အယ်လ်ဒီ ဥက္ကဋ္ဌအဖြစ် ကော သမ္မတအဖြစ်ပါ လုပ်ဆောင်ရဲကြောင်း ပြောလိုက်ပြန်လေသည်။ သို့ရာတွင် ပြောဆိုပုံ နည်းလမ်းမကျသောကြောင့် သူ့ကို အမှီပြုလျက် အမြတ်ထုတ်ရန် ကပ်ရပ်ချီးပင့် နေကြသူအချို့ထံမှအပ လူထုထံကမူ စိတ်ဝင်တစား လှိုက်လှဲထောက်ခံမှု မရှိသော မလိုလားဖွယ် အသံများကို ပြန်၍ ကြားသိခဲ့ရလေသည်။

စစ်အုပ်စုနှင့် မည်မျှပင် အလွမ်းသင့်သည်ဖြစ်စေ စစ်တပ်ကို မချုပ်ကိုင်နိုင်ပဲ သမ္မတလုပ်မည်ဆိုလျှင် ကြိုးဆွဲခံ သမ္မတ သာ ဖြစ်နိုင်ပေလိမ့်မည်။ ထိုအတွင်း ယခင်ပြည်ပခရီးစဉ်တုန်းက သမ္မတသက်တမ်း တစ်ကြိမ်သာလုပ်မည်ဟု ဆိုခဲ့သော အရေ ခြုံသမ္မတသိန်းစိန်ကလည်း လူထုလက်ခံလျှင်နောက်တစ်ကြိမ် သမ္မတ သက်တမ်းအတွက် စဉ်းစားမည်ဖြစ်ကြောင်း ဆိုလိုက်ပြန် သည်။ ဒေါ်အောင်ဆန်းစုကြည်၏ စကားကော၊ အရေခြုံသမ္မတ၏စကားပါ ရှုံ့ချည်နှပ်ချည် ကလေးကလားစကားများပင် ဖြစ်၏။

ဗမာပြည်၏လက်ရှိအနေအထားမှာ သန်းခေါင်ထက်နက်သော ညဥ့်များကို ကျော်ဖြတ်ပြီး ရောင်နီပျို့လုဆဲဆဲ အချိန်အ ခါသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပြည်သူလူထုသည် ပုပ်ဟောင်နံစော်နေသော တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ န၀တ နအဖခေတ်များကို အလူးလူးအလိမ့်လိမ့် ကျော်ဖြတ်လာခဲ့ပြီးနောက် အရေခြုံသမ္မတခေတ်မှနေ၍ ရုန်းထွက်လွတ်မြောက် နိုင်ရန် အံခဲကြိုးပမ်းလျက်ရှိနေ၏။ လက်ပန်တောင်းတောင်ကိစ္စ လှုပ်ရှားကြွေးကြော်သံများလို၊ ရန်ကုန် မန္တလေး စက်ရုံအလုပ်ရုံ တို့မှ အလုပ်သမား ဆန္ဒပြပွဲများလို၊ လယ်သိမ်းခံ မြေသိမ်းခံတို့၏ မကျေနပ်ချက်များလို၊ ကျူးကျော်စော်ကားခံ တိုင်းရင်းသား ဒေသများရှိ ဒုက္ခသည်စခန်းများမှ တက်ခေါက်သံများလို၊ အဆင့်ဆင့် ဖိနှိပ်မှုများ ခံနေရသည့် တပ်မတော်အတွင်းမှ အောက်ခြေ အရာခံအကြပ်တပ်သားများ၏ အံကြိတ်သံများလို၊ လူထုအကြား မာန်သွင်းသံများ ညံလာခဲ့ပြီဆိုလျှင် ဗမာပြည်၏ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသားရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ကိစ္စအ၀၀သည်လည်း ပွင့်လင်းသော နေရောင်ခြည်အောက် တောက်ပ လာနိုင်တော့မည် ဖြစ်လေသည်။

အေးချမ်းမွန်မှ KIC (Karen Information Center) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :KIC (Karen Information Center)
(၁)
ယခုလထဲ တော်လှန်ရေးအဖွဲ့အစည်းများအတွင်း စိတ်အနှောက်အယှက်ဖြစ်ဖွယ်၊ စိတ်ပူစိုးရိမ်ဖွယ် ဖြစ်ရပ်အချို့နှင့် ပတ်သက်၍ အချို့ပုဂ္ဂိုလ်များ ရေးသားအကြံပြုခဲ့ကြပြီးဖြစ်သောကြောင့် ကျနော့်အနေဖြင့် အထူးတလည် ရေးရန်လိုမည် မဟုတ် ချေ။ လောလောဆယ် ကေအဲန်ယူအတွင်း ဖြစ်ရှိခဲ့သည့် အခြေအနေကို အကျဉ်းမျှ ဖော်ပြပြီး ဗမာပြည်နှင့် ပတ်သက်သည့် ပညာရေး၊ ကျန်းမာရေးကဏ္ဍ ညံ့ဖျင်းမှုများနှင့် လူမျိုးရေး၊ စစ်ရေး၊ နိုင်ငံရေး ကဏ္ဍအချို့ကိုသာ အနည်းငယ်မျှ တင်ပြလိုသည်။

စစ်အုပ်စုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲမှာပင် နှစ်ဘက်ဆက်ဆံရေးရုံး ဖွင့်သည့်ကိစ္စနှင့် ပတ်သက်ပြီး ကေအဲန်ယူ ဗဟိုနှင့် ကေအဲန်အယ်လ်အေတပ်မှူးအချို့အကြား ပြဿနာ အနည်းငယ်ရှိခဲ့သည့်အပေါ် အဖွဲ့အစည်းအတွင်း ပြန်လည်သင့် မြတ်ပြေလည်စေရေး အချင်းချင်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
Related Posts Plugin for WordPress, Blogger...

ShareThis