menu

Sunday 12 February 2012

စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စွန့်စား လုပ်ဆောင်ဖို့လို


ဆွေးနွေးပွဲတက်ရောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးမှုတွေအပေါ် တန်းတူညီမျှတဲ့ ခံစားခွင့်ရှိဖို့သလို ပြုပြင် ပြောင်းလဲရေးတွေကို စွန့်စားပြီးလုပ်ဖို့ လိုမယ်လို့ ထင်ရှားတဲ့ စီးပွားရေးပညာရှင်တွေက ထောက်ပြလိုက်ကြပါတယ်။ မနေ့က ရန်ကုန်မှာ “စီးပွားရေး ဖွံ့ဖြိုးမှု မဟာဗျူဟာနဲ့ မြန်မာနိုင်ငံ၏ ရှေ့အလားအလာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ စီးပွားရေးဆိုင်ရာ ဟောပြောပွဲတွင်း စီးပွားရေး ပညာရှင်တွေက အခုလို ပြောလိုက်ကြတာ ဖြစ်ပါတယ်။

ဟစ်တလာ (Adolf Hitler) သမိုင်းအကျဉ်း




                                                              

   အမည် - အားဒေါလ်ဖ် ဟစ်တလာ (Adolf Hitler)
 Born -  ၁၈၈၉ ဧပြီ ၂၀ | ဩစတြီးယား
Died -  ၁၉၄၅ ဧပြီ ၃၀ | ဘာလင်၊ ဂျာမနီ Signature
ကြင်ဖော် - Eva Braun

ဟစ်တလာ၏ နာမည်အပြည့်အစုံမှာ “အားဒေါလ်ဖ် ဟစ်တလာ”  (Adolf Hitler) ဖြစ်သည်။ သူ့ ကို ၁၈၈၉ ခု ဧပြီလ ၂၀ ရက်နေ့တွင် ယနေ့  သြစတြီးယားပြည်နယ်မြောက်ပိုင်း Braunau am Inn တွင် မွေးဖွားခဲ့သည်။

စက်မှုလုပ်ငန်းကို အကြောင်းပြ ချေးယူငွေဖြင့် လုပ်ငန်းရှင်အချို့ အခြားလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိနေ


ကျပ်ငွေ
သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းများလုပ်ကိုင်မည်ဟု အကြောင်းပြကာ အထူးချေးငွေချေးယူပြီး အခြားသောလုပ်ငန်းများတွင်လုပ်ကိုင်လျက်ရှိသည့်လုပ်ငန်းရှင်များရှိနေကြောင်း  မြန်မာ့စက်မှုလက်မှု
ဖွံ့ဖြိုးရေးဘဏ်မှ အမှုဆောင်ဒါရိုက်တာဒေါက်တာသန်းထွန်းက ပြောသည်။
အဆိုပါဘဏ်အနေဖြင့် မော်တော်ယာဉ်လုပ်ငန်းအပါအ၀င် သွင်းကုန်အစားထိုးအသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရန်အတွက် ချေးငွေအတိုး ၁၃ ရာခိုင်နှုန်းဖြင့် အထူးချေးငွေများချေးပေးလျက်ရှိရာတွင် ယင်းကဲ့သို့သောချေးယူမှုများရှိလာကြောင်း သိရသည်။

မှန်ကန်ပါလျက် အဂတိလိုက်စား စီရင်ချက်ချမှတ်ခြင်းခံ ခဲ့ရသော နစ်နာသူများထံမှ အမှုဟောင်း ၃၀၀ကျော် ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာ၍ အချက်အလက် ပြည့်စုံခိုင်လုံသော အမှုများကို ပြန်လည်စိစစ်မည်




ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ ဒေသအသီးသီးမှ မှန်ကန်ပါလျက် အဂတိလိုက်စားစီရင် ချက်ချမှတ်ခြင်းခံခဲ့ရသော နစ်နာသူများထံမှ အမှုဟောင်း ၃၀၀ ကျော် ရောက်ရှိလာသဖြင့် အချက်အလက် ပြည့်စုံခိုင်လုံသော အမှုများကို ပြန်လည်စိစစ်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားခဲ့သည်။
သူရဦးအောင်ကိုက “ကော်မတီဖွဲ့စည်းပြီးတဲ့ အချိန်ကစပြီး ကော်မတီကို ဒေသအသီသီးမှ မှန်ကန်ပါလျက် အဂတိလိုက်စား စီရင်ချက်ချမှတ်ခြင်း ခံခဲ့ရသော နစ်နာသူများထံမှ အမှုဟောင်းများစွာ ပေးပို့တင်ပြလာခဲ့ပါတယ်။ အချက်အလက်၊ အထောက်အထား ပြည့်စုံတဲ့အမှုတွဲ ၆၀ စုံကို ပြန်လည်သုံးသပ် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ညှိနှိုင်းလွှဲပြောင်းပေးခဲ့ပါတယ်။

တောင်သူလယ်သမားများ စိုက်ပျိုးလိုသည့် သီးနှံကိုလွတ်လပ်စွာ စိုက်ပျိုးခွင့် ပြုသွားမည်ဟု သိရ




7204
မကွေးတိုင်းဒေသကြီး မင်းလှမြို့ရှိ မြေပဲနုတ်သိမ်းနေသည့် လုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ် ဓါတ်ပုံ- အောင်သူငြိမ်း (မကွေး)
ဒေသအလိုက် ၀မ်းစာဖူလုံရေးအတွက် စပါးစိုက်ပျိုးရမည် ဟူသောမူဝါဒ ကို ဆက်လက် ကျင့်သုံးမည် မဟုတ်ဘဲ တောင်သူလယ်သမားများ စိုက်ပျိုးလိုသည့် သီးနှံကို လွတ်လပ်စွာ စိုက်ပျိုးခွင့် ပြုသွားမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် က ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တက်ရောက်စဉ် ဖေဖော်ဝါရီလ ၁၀ရက်နေ့က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစ၍ ဓာတ်ဆီဈေး တစ်ဂါလန် ကျပ် ၂၀၀ ထပ်မံ တိုးမြှင့်ရောင်းချ၊ တစ်လကျော် ကာလအတွင်း ဓာတ်ဆီရောင်းဈေး တစ်ဂါလန် ကျပ် ၁၀၅၀ ဈေးမြင့်တက်




7209 ပုဂ္ဂလိက စက်သုံးဆီဆိုင် တစ်ဆိုင်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တစ်ဂါလန်လျှင် ကျပ် ၃၅၅၀ ဖြင့် စတင်ရောင်းချစဉ်
ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စကာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ မှ ဓာတ်ဆီရောင်းဈေးမှာ တစ်ဂါလန် ကျပ် ၂၀၀ ထပ်မံ မြင့်တက်သွားကြောင်း သတင်းရရှိပါသည်။
‘‘ကျွန်တော်တို့ ဌာနကနေပြန် တစ်ဆင့်ဝယ်ရတဲ့ဈေး မြင့်တက်သွားလို့ပါ။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကစပြီး ကျပ် ၂၀၀ တက်သွားလို့ အရင်တစ်ဂါလန် ကျပ် ၃၃၅၀ နဲ့ ရောင်းနေတာကနေ အခု ကျပ် ၃၅၅၀ နဲ့ရောင်းရတာပါ’’ဟု ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင် မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ရှေ့အနာဂတ် ကောင်းစားရေး၊ လူထုတိုးတက်ရေး အတွက် NLD ၊ အားလုံးနှင့် အတူတကွလက်တွဲပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း KNU/KNLA ငြိမ်းချမ်းရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင် ပြောကြား



7207
KNU/KNLA ငြိမ်းချမ်းရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်နှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့အား တွေ့ရစဉ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းက လာရောက်တွေ့ဆုံ ဆွေးနွေး ခဲ့သည်။
ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်၊ ဗိုလ်မှူးချုပ် ဒေါက်တာ တင်မသီ၊ ဒေါက်တာ ကဘော်ထူး၊ ဗိုလ်မှူးကြီး တိုက်ဂါး၊ ဗိုလ်မှူးကြီး စောမောင်မောင်တို့ အပါအ၀င် ၁၄ ဦးပါဝင်သောအဖွဲ့ သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းက လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား လာရောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။

 ဥရောပသမဂ္ဂ ဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီး Andris Piedalgs မြန်မာနိုင်ငံသို့ လာရောက်၊ နိုင်ငံတွင်း ဖွံ့ဖြိုးမှုအပါအ၀င် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကို အားပေးရန် ယူရိုသန်း ၁၅၀ ထောက်ပံ့မည်




7201a
ဥရောပသမဂ္ဂဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီး Andris Piedalgs

ဥရောပသမဂ္ဂဖွံ့ဖြိုးရေး ကော်မရှင်နာမင်းကြီး Andris Piedalgs သည် လူသားချင်းစာနာ ထောက်ထားသော ကူညီထောက်ပံ့မှု အစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်နိုင်ရန် အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရှိရသည်။ ၎င်းအနေဖြင့် နိုင်ငံတွင်း ဖွံ့ဖြိုးမှုအပါအ၀င် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကို အားပေးသည့် အနေဖြင့် ယူရိုသန်း ၁၅၀ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

လွမ်းမောမိပေ ပခန်းမြေ(နီငြိမ်း(အညာတက္ကသိုလ်))





ပခန်းကြီးရှိ ရှေးဟောင်းကျောင်း

(၁)
အုတ်စတုရန်း၊ ဂျိုးခိုနန်းနှင့် ရွှေခန်းမင်္ဂလာ၊ တံခါးသာက၊ ကြားမှာလိုက်ကဲ့ ... အလွမ်းငယ် ...ဘုရားချစ်ခင်၊ စည်သူရှင်မှာ၊ ပြန်လာစေကြောင်း၊ ညောင်ရေ လောင်းသည်၊ တကောင်းဖန်ပြာ၊ အနားဖွာလည်း သုံးခါကွဲပေါ့ ... အလွမ်းငယ်၊နတ်တော်ပြာသို၊ နှင်းစိုစိုမှာ၊ စောင်ကိုအတူခြုံရန်၊ အမြန်ပြန်ခဲ့၊ အလွမ်းငယ် ...။(ရှေးစာဆိုတစ်ဦး)

ဆောင်းအကုန်၊ နွေအကူး လေရူးမပွေမီကလေးတွင် ဆောင်းပါးတစ်ပုဒ်ရေးရန် ရည်ရွယ်ပြီး ရေစကြို၊ ပခုက္ကူနှင့်ပခန်းကြီးသို့ ရောက်သွားခဲ့သည်။ ပခုက္ကူတံတားရှည်ကြီး ပြီးစီးနေမှုကိုလည်း လေ့လာမှတ်တမ်းတင်ရန်ဖြစ်သည်။

စုံတွဲတွေကို အခန်းမဲဖောက်ပေးမယ့် ဖျော်ဖြေပွဲ(လူထုစိန်ဝင်း)


တစ်နေ့က လူငယ်လေးယောက် ရောက်လာကြတယ်။ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ပုံကိုကြည့်ပြီး ကျောင်းသားတွေဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိလိုက်တယ်။ ရုပ်ရှည်လေးတွေလည်း သန့်ပြန့်မွန်ရည်ကြတယ်။ သူတို့ကိုယ်သူတို့ မိတ်ဆက်တော့ ရေကြောင်းတက္ကသိုလ်က ကျောင်းသားတွေမှန်း သိရတယ်။

ကက်သီးထစရာ

'ဗလင်တိုင်းဒေး'လို့ ခေါ်ကြတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့်ဖျော်ဖြေပွဲ ကြော်ငြာဆိုင်းဘုတ်ကြီးတွေနဲ့ပတ်သက်ပြီး ပြောချင်ကြလို့ ရောက်လာကြတာပါ။ ပွဲက ကန်တော်ကြီးမျှော်စင်ကျွန်းမှာ လုပ်မှာဖြစ်ပြီး လူငယ်တွေကြား ရေပန်းစားနေတဲ့ လူငယ်အဆိုတော်တွေပါ ၀င်ပါတယ်။ မြို့တွင်း လူစည်ကားရာနေရာတွေမှာ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ ထောင်ထားပါတယ်။ လူငယ်တစ်ယောက်က အသင့်ပါလာတဲ့ အိတ်ဆောင် ကွန်ပျူတာကိုထုတ်ပြီး ကြည့်ပါဦးဆိုပြီး စားပွဲပေါ်တင်လိုက်တယ်။ ပထမပုံတစ်ပုံကိုကြည့်လိုက်တော့ ရေးထားတဲ့စာသားတွေက ကြက်သီးထစရာကောင်းလွန်းလို့ ကိုယ့်မျက်စိကိုယ် မယုံနိုင်လောက်အောင် ဖြစ်ရတယ်။

ပါကစ္စတန်၏ အဆင့်မြင့် အမြန်ရထားသစ်



ပါကစ္စတန် အမြန်ရထားသစ် အတွင်းပိုင်းမြင်ကွင်း။
ဓာတ်ပုံ - အေအက်ဖ်ပီ
ပါကစ္စတန် လုံခြုံရေးဝန်ထမ်းတစ်ဦး သင့်အနားတွင် ရှိနေခြင်းက အနောက် နိုင်ငံများရှိ ပထမတန်းစားအဆင့် ခရီးသွားလာမှုတစ်ခု မဟုတ်နိုင်သော်လည်း ၎င်းမှာ ပါကစ္စတန်၏ ၀င်းလဲ့တောက်ပလျက် ရှိသော ပထမတန်း အမြန်ရထားပေါ်က ၀န်ဆောင်မှု ဖြစ်နေပေသည်။
ရထားတွဲ ၁၃ တွဲကို လှပသေသပ်သော အိပ်စင်ပါ ရထားတွဲများအဖြစ် ပါကစ္စတန်၏ အကြီးဆုံးမြို့ကြီး နှစ်မြို့ ဖြစ်သော လာဟိုးနှင့် ကရာချိ မြို့နှစ်မြို့ ကြား ကီလိုမီတာ ၁,၂၀၀ (မိုင် ၈၀၀) ကို စုန်ဆန်ပြေးဆွဲ ရန်အတွက် သေသပ်လှပ်စွာ ပြန်လည်တပ်ဆင်ထားသည်။

အနုပညာကို ‘ငယ်ချစ်’တဲ့။ သို့သော် မိဘများက ‘ဒေါင်းအလံ’ နဲ့ ပေးစားလိုက်သတဲ့(မင်းကိုနိုင်နှင့် အင်တာဗျူး)

MKNopennldoffice
(မင်းကိုနိုင်နှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။         ။ “နေစောင်းရင် ဖေသောင်းတို့ အရေတောင်းပြီ…” ဟု စာငတ်သော ဝရမ်းပြေး
ကျောင်းသား ခေါင်းဆောင်နှင့် တောသူမလေး ညို တို့၏ သံယောဇဉ်...။ အရေးတော်ပုံ နောက်ခံကား၊ သပိတ်တပ်သားတို့၏ အောင်ပွဲ…

“ရှင့်အတွက် မှန်တချပ် လှူချင်လိုက်တာ”

“ရှင့်ရုပ်ကို ပြန်ကြည့်ဖို့ မဟုတ်ဘူး။ ကျောခိုင်းရာမှာ ဘာဖြစ်ကျန်ရစ်မှန်း မသိသူတွေအတွက် နောက်ကြည့်မှန်တချပ် လှူချင်တာ”

ခေတ်က ဖြတ်သန်းဆဲပင်…။

သမိုင်းခေတ်တခုကို အမှတ်မဲ့ မဖြတ်သန်း။ အနုပညာဖြင့် မှတ်တမ်းတင်လေ့ရှိသူမှာ စာရေးဆရာပင် ဖြစ်တော့ သည်။ ကျောင်းသားခေါင်းဆောင် ‘မင်းကိုနိုင်’ ကား တအုပ်တည်းနှင့် စာရေးဆရာ မည်ထိုက်စွာ။

သူ့ကဗျာ၊ သူ့ပန်းချီ၊ သူ့ဝတ္ထု၊ နောက် သူ့မိန့်ခွန်းမှာပင် အနုပညာ ပါသည်။ ကျောင်းရယ်၊ ဒေါင်းရယ်၊ ရင်ခွင်ရယ်… တွင်တွင်သုံးသည်။ သို့သော် လူထုကို အိပ်ငွေ့ချသော အနုပညာမဟုတ်။

ဦးတင်ရီ ၏ ကန့်ကွက်လွှာကို ခရိုင်ကော်မရှင်က ပယ်ချခဲ့


ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့ နယ် စည်းရုံးရေးခရီးမှာ ဟောပြောနေစဉ်
ဒေါ်အောင်ဆန်းစု ကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့်ကိုက်ညီမှုမရှိဟုဆို ကာကန့်ကွက်ခဲ့သည့်ယှဉ်ပြိုင်အရွေး ခံမည့် ဦးတင်ရီ၏ကန့်ကွက်လွှာအား တောင်ပိုင်းခရိုင်ကော်မရှင်ရုံးမှဇန်နဝါရီ(၁၁)ရက်နေ့ကပယ်ချလိုက် ကြောင်း ကန့်ကွက်ခဲ့ သည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီထံမှသိရသည်။ထိုသို့ ခရိုင်ကော်မရှင်အ ဖွဲ့ခွဲမှ ကန့်ကွက်လွှာအားပယ်ချ လိုက်သည့်အပေါ် တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ဇန်နဝါရီလဒုတိ ယပတ်တွင်အယူခံတင်သွားမည်ဖြစ် ကြောင်း ကန့်ကွက်လွှာပယ်ချခြင်း ခံခဲ့ရသည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီကဆိုသည်။

နေပြည်တော်တွင် ဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့


 နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရာဇသဂ်ဟလမ်းမအနီးရှိ၊ ဓာတ်ဆီဆိုင်အမှတ်(0345)တွင် (11.2.2012)ရက်နေ့ (13း00)နာရီခန့်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆီဘောက်ဆာကားတစ်စီးမီးလောင်ပျက်
စီးခဲ့ပြီး လူ(1)ဦးဒဏ်ရာရရှိခဲ့ကြောင်းနှ င့် (13း42)အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရပါသည်။ Myanmar News Now

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ကော့မှူးခရီးစဉ်


NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ သူ ပါဝင်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ဒီနေ့ ပထမဆုံး သွားရောက်ခဲ့ရာ လမ်းတလျှောက် ပရိသတ် တိုး မပေါက်အောင် ကြိုဆို အားပေးကြကြောင်းသိရပါတယ်။
AFP
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့မှူးမြို့နယ် ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ကြိုဆိုနှုတ်ဆက်စဉ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးဒေသခံ ကရင်တိုင်းရင်းသားတွေ ဝတ်ဆင်တဲ့ ကရင်သင်တိုင်း အဖြူ ဝတ်ထားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

ဆီးရီးယား စစ်တပ်ဗိုလ်ချုပ်တစ်ဦး လုပ်ကြံခံရ


ဆီးရီးယားစစ်တပ်က အဆင့်မြင့် အရာရှိကြီးတစ်ဦး မြို့တော် ဒမတ်စကတ်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဆီးရီးယား အစိုးရပိုင် သတင်းအေဂျင်စီက ပြောပါတယ်။
ဗိုလ်မှူးချုပ် Issa al-Khouli ကို စနေနေ့မနက်က သူ့အိမ်အထွက်မှာ သေနတ်သမား ၃ ယောက်က ပစ်သတ်လိုက်တာလို့ အစိုးရပိုင် SANA သတင်းဌာနက ပြောပါတယ်။ ဗိုလ်မှူးချုပ် Al-Khouli ဟာ ဆရာဝန်တစ်ဦးဖြစ်ပြီး ဒမတ်စကတ်မြို့က စစ်ဆေးရုံ အကြီးအကဲလည်း ဖြစ်ပါတယ်။ သူ့ကို ဘယ်သူ သတ်တယ်ဆိုတဲ့ ထုတ်ဖော် ပြောဆိုလာသူတော့ မရှိသေးပါဘူး။

အီရန် နျူကလီးယား အစီအစဉ်သစ်တွေ မကြာခင် ကြေညာမည်


အီရန်နိုင်ငံဟာ အရေးကြီးတဲ့ နျူကလီးယား စီမံကိန်းတွေကို လာမယ့်ရက်ပိုင်းတွေအတွင်းမှာ ကြေညာမယ်လို့ တီဟီရန်မြို့တော်က အဇာဒီ လွတ်လပ်ရေး ရင်ပြင်မှာ လူထုကို မိန့်ခွန်းပြောကြားပြီးတော့ အီရန်သမ္မတ မာမွတ် အမာဒင်နဂျတ်က ပြောကြားသွားပါတယ်။ အီရန်နိုင်ငံမှာ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး ဖြစ်ပွားတဲ့ (၃၃) နှစ်မြောက် အထိန်းအမှတ် အဖြစ်နဲ့ နိုင်ငံတလွှားမှာ အီရန်ပြည်သူ ထောင်ပေါင်းများစွာ စုဝေးခဲ့ကြတာပါ။
၁၉၇၉ အစ္စလာမ်မစ် တော်လှန်ရေးက အမေရိကန်တို့ ကျောထောက်နောက်ခံ ပေးထားတဲ့ သျှားဘုရင်ကို ပြုတ်ကျစေပြီး သဘောထား တင်းမာတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ လက်ထဲကို အာဏာရောက်သွားခဲ့တာပါ။ ဒီထက်ပိုပြီးတော့ သမ္မတ က နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ကြေညာမယ်ဆိုတာထက် ပိုပြီး အသေးစိတ်ကို ပြောမသွားခဲ့ပါဘူး။ အီရန်နိုင်ငံရဲ့ အငြင်းပွားနေကြတဲ့ နျူကလီးယား လုပ်ငန်းရပ်တွေနဲ့ ပတ်သက်လို့ အီရန်နဲ့ အနောက် နိုင်ငံတွေကြားမှာ တင်းမာမှုတွေ မြင့်မားနေတာဖြစ်ပါတယ်။

ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာတွင် အရက်ဆီချက်စက်ရုံမှ မီးခိုးပြာမှုန့်များနှင့် အနံ့ဆိုးများကို ဒေသခံများခံစားနေရ




ရန်ကုန်-ပုသိမ်-ညောင်တုန်းလမ်းခွဲအနီး ဆားမလောက်ကျေးရွာအထက်ပိုင်းရပ်ကွက် ပန်းလှိုင်မြစ်ဘေးတစ်နေရာ
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာတွင် အရက်ဆီချက်စက်ရုံမှ ထွက်နေသော မီးခိုးငွေ့များ၊ ပြာမှုန့်များနှင့် အနံ့ဆိုးများကို ဆိုးရွားစွာခံစားနေရကြောင်း ဒေသခံများက ဆိုပါသည်။
အဆိုပါစက်ရုံမှာ ရန်ကုန်-ပုသိမ်-ညောင်တုန်းလမ်းခွဲအနီး ဆားမလောက်ကျေးရွာအထက်ပိုင်းရပ်ကွက် ပန်းလှိုင်မြစ်ဘေးတွင် လွန်ခဲ့သည့် နှစ်နှစ်ကျော်မှ ၂၄ နာရီပတ်လုံး အချိန်ပြည့်လည်ပတ်နေရာ အဆိုပါစက်ရုံမှ ထွက်ပေါ်နေသော အရက်အနံ့၊ ဓာတုစွန့်ပစ်ပစ္စည်းများအနံ့ကို နေ့စဉ်ရှူရှိုက်နေရပြီး မီးခိုးပြာမှုန့်များကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်း သိရသည်။ အရက်ဆီချက် စက်ရုံအနီးတွင် လူနေရပ်ကွက်များအပြင် အခြေခံပညာမူလတန်းကျောင်းနှင့် မြန်မာနုံးယူ တောင်သူလယ်သမားများဆေးရုံတစ် ရုံတို့ တည်ရှိကြောင်းလည်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ နာဂါစကီတက္ကသိုလ်တို့ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်လက်မှတ်ရေးထိုး




ကျန်းမာရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ နာဂါစကီတက္ကသိုလ်တို့ပူးပေါင်း၍ ပထမအကြိမ် ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီလ ၆ရက်နေ့က ရန်ကုန်မြို့ ဆေးသုတေသနဦးစီးဌာန (အောက် မြန်မာပြည်) တွင်ကျင်းပပြုလုပ်ခဲ့ပြီး   ဂျပန်နိုင်ငံ နာဂါစကီတက္ကသိုလ်မှ ပါမောက္ခ Takehiko Koji နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်၊ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးခင်၊ ဆေးသုတေသန ဦးစီးဌာန (မြန်မာပြည်အလယ်ပိုင်း) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်း နိုင်ဦးတို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis