menu

Monday 13 August 2012

ပက်စီကိုလာ ၁၅ နှစ်အကြာတွင် တစ်ကျော့ပြန်လာမည်

အမေရိကန် နာမည်ကျော် အချိုရည် ကုမ္ပဏီတစ်ခုဖြစ်သော PepsiCo သည် စီးပွားရေးပိတ်ဆို့မှုကြောင့် ထွက်ခွာသွား ခဲ့ရာမှ ယခု၁၅ နှစ်အကြာ တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်တော့ မည် ဖြစ်ကြောင်း သိရသည်။

PepsiCo ကုမ္ပဏီသည် အမေရိကန် နိုင်ငံက မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှုများ တ
င်းကြပ်စွာဆောင် ရွက်လာသည့် ၁၉၉၇ ခုနှစ်တွင် ယင်း၏လုပ်ငန်းများကို ရုတ်သိမ်းသွားခဲ့ခြင်း ဖြစ်ကာ ယခုအခါ တစ်ကျော့ပြန် လာပြီး Pepsi-Cola , 7-up ,နှင့် Mirinda အချိုရည်များကို ဖြန့်ဖြူးရောင်း ချရန် အတွက် မြန်မာနိုင်ငံ၏ နာမည်ကြီး ကုန်ပစ္စည်းဖြန့်ဖြူးရောင်း ချရေး ကုမ္ပဏီ တစ်ခုဖြစ်သော ဒိုင်းမွန်းစတားနှင့် သဘောတူညီမှုရ ရှိလိုက်ပြီဖြစ်ကြောင်း သိရသည်။

သော့ခတ်ထားသော သစ်ပင်(ထွန်းအုန်းမိတ်)




အစ
ညနေ ငါးနာရီခန့် ရှိပြီ။ ရုံးခွဲ တစ်ခုကို စစ်ဆေးပြီး အပြန် တစ်ယောက်တည်း ကားမောင်းပြီး
ပြန်လာစဉ် သူ့ကို စတွေ့ခဲ့သည်။
မြို့ပြင် ဖြစ်သဖြင့် ကားကို အရှိန်ဖြင့် မောင်းလာခဲ့ရာ ရှေ့က ကားက ဗြုန်းခနဲ ရပ်လိုက်သောကြောင့် ကျွန်တော့် ကားကိုလည်း ကမန်းကတန်း ရပ်လိုက်ရသည်။ စိတ်ဆိုးမာန် ဆိုးဖြင့် ကားတံခါး ဖွင့်ပြီး ဆင်းလိုက်တော့မည် အလုပ်  ရှေ့ကား ရှေ့ခန်းမှ အမျိုးသမီး တစ်ယောက် ကားတံခါး ဖွင့်ဆင်း လာသည်ကို မြင်လိုက် ရသည်။  ဆက်မဆင်း တော့ဘဲ ကားပေါ်မှာ ဆက်ထိုင်ပြီး ဘာဖြစ် လာမလဲဟု စောင့်ကြည့် နေလိုက်သည်။

အမျိုးသမီးကဒေါနှင့် မောနှင့် ကားပေါ်က လူကို ပြောနေသည်။ ဘာပြော နေမှန်းတော့ မသိ။ အတော် စိတ်ဆိုး နေသည်ကိုတော့ မှန်းလို့ ရသည်။ ထိုစဉ်နောက်ခန်း တံခါးပွင့်လာပြီး လူငယ်တစ်ယောက် ဆင်းလာသည်။ အမျိုးသမီး လက်ကို ဆွဲတော့မလို လုပ်တော့ အမျိုးသမီးက လက်ဆွဲအိတ်နှင့် ပြန်ရိုက် မည့် ဟန်ပြင်သည်။

အနုပညာ အလုပ်တွေ မလုပ်ဖြစ်တော့ဘူးလို့ ဆုံးဖြတ် ခဲ့ဖူးတဲ့ စန္ဒီမြင့်လွင်




ဆယ်ကျော်သက် ဘ၀ကို ဖြတ်သန်းပြီးမှ လူကြီး ဘ၀ကို ရောက်ရှိတာပါ။ ခါးသီးတဲ့ ဆယ်ကျော် ဘ၀တွေကို ပိုင်ဆိုင် ခဲ့ကြရတဲ့ သူတွေ ရှိသလို ပျော်ရွှင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်တဲ့ သူတွေလည်း ရှိပါတယ်။
တချို့ရဲ့ ဆယ်ကျော်သက် ဘ၀တွေကတော့ အမှတ် ရစရာ မကောင်းတာတွေလည်း ရှိမှာပါ။ ဆယ်ကျော်သက် ဘ၀စကတည်းက အနုပညာ လောကထဲကို ရောက်လာခဲ့တဲ့ စနီ်္ဒမြင့်လွင်ရဲ့ ဆယ်ကျော်ဘ၀ ဖြတ်သန်းမှု အမှတ်တရတွေကို တင်ဆက် ပေးချင်ပါတယ်။ ၁၁ နှစ် အရွယ်မှာ စနီ်္ဒမြင့်လွင်က ကျောင်းစားတွေနဲ့ပဲ နပန်း လုံးနေသလို ကစားတာကိုလည်း မက်တဲ့သူပါ။ တစ်နှစ်ငယ်တဲ့ ညီမ၀မ်းကွဲတစ်ယောက်နဲ့အတူတူ ဆော့ကစားတာ များတဲ့ အချိန်တွေ ဖြစ်ပါတယ်။ ကစားတာ မက်တဲ့ အတွက်ကျောင်းစာကိုမကြိုးစားသလို စာညံ့တဲ့သူ တစ်ဦးလည်း ဖြစ်ခဲ့တာပါ။

တူရကီနိုင်ငံခြားရေး ၀န်ကြီး OIC ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ နေပြည်တော်သို့ လာရောက်

သမ္မတကြီး ဦးသိန်းစိန်နှင့် တူရကီ နိုင်ငံခြားရေး ၀န်ကြီး (သတင်းဓါတ်ပုံ-သမ္မတရုံး ၀က်ဆိုက်)
 ရခိုင်အရေးနှင့် ပတ်သက်၍ အချက်အလက် လေ့လာရန် OIC ကိုယ်စားလှယ်အဖွဲ့ကို တူရကီနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ယနေ့နေပြည်တော်သို့ ရောက်ရှိလာကာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။

Organization of Islamic Cooperation OIC ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တူရကီနိုင်ငံခြားရေး ၀န်ကြီး Mr Ahmet Davutoglu လာရောက်ခြင်းဖြစ်၍ နှစ်နိုင်ငံ ဆက်ဆံရေး စီးပွားရေး ကိစ္စရပ်များအပြင် ရခိုင်အရေးတွင် အစ္စလာမ်ဘာသာဝင်များဖြစ်သည့် ရိုဟင်ဂျာများ နှိပ်စက်ခံနေရသည်ဆိုသည် အချက်နှင့်ပတ်သက်၍ အချက်အလက် လေ့လာရှာဖွေရန် ရခိုင်ပြည်နယ်သို့ သွားရောက်ဦးမည်ဖြစ်သည်။

OIC အဖွဲ့သည်  အစ္စလာမ် နိုင်ငံ ၅၇ နိုင်ငံပါဝင်ပြီး မူဆလင်နိုင်ငံများ အရေးကိစ္စ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ကာ ၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

ဟဂ်ျ ဘုရားဖူး ဗီဇာ ၁၀ ဦး ကော်မတီသာ လုပ်ခွင့်ရခြင်းကို မကျေနပ်၍ ဆန္ဒပြ

Call Waiting ကဲ့သို့ GSM ၀န်ဆောင်မှုများအား နောက်ပိုင်းတွင် ပြုလုပ်ပေးသွားမည်ဟုဆို



Call Waiting, Call Forwarding အစရှိသော GSM ဖုန်းဝန်ဆောင်မှုများအား ယခုလက်ရှိအချိန်တွင် အသုံးပြုခွင့်ပေးနိုင်ခြင်း မရှိသေးသော်လည်း နောက်ပိုင်းတွင် ပြုလုပ်ပေးသွားနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂျီအက်စ်အမ်ဖုန်းဝန်ဆောင်မှုများဖြစ်သော Call Waiting, Call Forwarding အစရှိသောစနစ်များအားယခင်က မြန်မာ့ဆက်သွယ်ရေးတွင် လျှောက်ထားအသုံးပြုနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အသုံးပြုခွင့်ပေးခဲ့သော ကျပ်ငါးသိန်းဖုန်းများနှင့် ကျပ်နှစ်သိန်းခွဲ၊ ကျပ်နှစ်သိန်းဖုန်းအစရှိသော ကြိုတင်ငွေဖြည့်ကတ်စနစ်သုံး Prepaid ဖုန်းများတွင် ယင်းစနစ်များအား အသုံးပြုခွင့်ပေးထားခြင်း မရှိသေးကြောင်း သိရသည်။ ထိုသို့ Prepaid ဖုန်းများအား ၀န်ဆောင်မှုစနစ်များ အသုံးပြုခွင့်မပေးရခြင်းမှာ ၎င်းဖုန်းများအတွက် ၀န်ဆောင်ခငွေ ဖြတ်ကောက်ခံခြင်းနှင့် ၀န်ဆောင်ခငွေအား ငွေဖြည့်ကတ်မှ ဖြတ်တောက်ခြင်းများအား ပြုလုပ်ရန်အတွက် အခက်အခဲရှိသောကြောင့်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် သဘင်ရာသီ အစတွင် ရန်ကုန်အခြေစိုက် ဇာတ်အဖွဲ့ကြီးများ မြန်မာနိုင်ငံ အထက်ပိုင်းတွင် စတင် ဖျော်ဖြေကြမည်



၂၀၁၂ ခုနှစ် သဘင်ရာသီအစတွင် ရန်ကုန်အခြေစိုက် ဇာတ်အဖွဲ့ကြီးများ အနေဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းရှိ ဘုရားပွဲကြီးများတွင် စတင်ကပြဖျော်ဖြေကြမည်ဟု သိရသည်။ “ ဒီနှစ်က ၀ါထပ်တဲ့နှစ်ဆိုတော့ ဇာတ်သဘင်ရာသီအစမှာ ရက်ထပ်တာတွေ ပွဲတိုက်တာတွေဖြစ်တယ်။ ဒီနှစ်ဇာတ်သဘင်ရာသီအစမှာ ပွဲတွေ အကုန်လုံး ပွဲလေလံကြေးတွေ မြင့်တယ်။ ဒီတော့ လေလံမြင့်တာရော၊ ရက်တိုက်တာတွေ ရောကြောင့် တချို့ ဇာတ်အဖွဲ့ကြီးအနေနဲ့ဖျော်ဖြေ နေကျပွဲတွေမှာ မဖျော်ဖြေနိုင်တာ တွေရှိတယ်”ဟု ဇာတ်မန်နေဂျာ ကိုဇေယျာ(ဥက္ကံ)က ဆိုပါသည်။
ယခုနှစ် ဇာတ်သဘင်ရာသီအစတွင် တောင်ပြုန်းပွဲ၊ ပလိပ်မြွေဘုရားပွဲ၊ မကွေးမြသလွန် ဘုရားပွဲ၊ ရွှေဘိုမြို့၊မြို့ထောင့်စေတီဘုရားပွဲနှင့် စစ်ကိုင်းငါးထပ်ကြီး ဘုရားပွဲများတွင် ရန်ကုန်အခြေစိုက်ဇာတ်အဖွဲ့ များစတင် ကပြဖျော်ဖြေမည် ဖြစ်သည်။

အကြောက်တရားနှင့် နှစ်ပေါင်းများစွာ(ဂျီအောင်ဘန်း)

တစ်စုံတစ်ခုသော အကြောင်းအရာနှင့် သမိုင်းဝင် နေ့ထူးနေ့မြတ်တွေရောက်တိုင်း ကျွန်တော်တို့ဘေးက ကျွန်တော်တို့ဝန်းကျင်မှာရှိသော ထင်ရှားသော သူငယ်ချင်းတွေ၊ အမှန်တရားကို ပြောထွက်ရဲသော ချွန်ထက်သော သူငယ်ချင်းတွေ နေ့မြင် ညပျောက်၊ ညနေတွေ့ ညပျောက်ဆိုသော ထိတ်လန့်ဖွယ်ကောင်းသော အချိန်ကာလတွေ။ ဒီကာလမျိုးတွေမှာ ကျွန်တော်တို့လို လူလားမြောက်ကြရတာ . . . 


၈-၈-၈၈ (၂၄)နှစ်မြောက် အခမ်းအနားကို မကွေးမြို့ မဲထီးလမ်း မင်းကျောင်းတိုက်တွင် သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်စဉ်
အမေ ကျွန်တော့်ကိုမွေးတော့ ၁၉၇၄ ဦးသန့် အရေးအခင်း အပြင်းထန်ဆုံး ဒီဇင်ဘာလ။ အဖေက အမေ ရှိရာ တာမွေကန်တော်ကြီးနားက တစ်ခုတည်းသော အလုပ်သမားဆေးရုံသို့ လှိုင်ဘူတာရုံလမ်းကနေ နေ့တိုင်း စွန့်စွန့်စားစား လာရသည်။ အမေကလည်း ဆေးရုံပေါ်မှာ ကျွန် တော့်ကို မွေးထုတ်ဖို့ ကြိုးစားဆဲ။ ပြင်ပမှာလည်း သေနတ်သံက တညံညံ။ ဒီလိုခေတ်ပျက်ကြီးထဲမှာ ကျွန်တော့်ကို မွေးခဲ့ရခြင်းဖြစ်တော့ အမေက မောင်နှမတွေနဲ့ မိသားစုဝင်တွေဆုံတိုင်း ဟိုတုန်းကအကြောင်း စကားစပ်မိရင် ကျွန်တော်မွေးတုန်းက ဘယ်လိုဒုက္ခရောက်တာကို ပြန်ပြောင်း၍ ပြောလေ့ရှိသည်။

လျှပ်စစ်မီးသတင်း အထောက်အထား မှန်ကန် ခိုင်လုံဟု 7Day ပြော


ရန်ကုန် (မဇ္ဈိမ) ။     ။ လူကြိုက်များသော ဂျာနယ်တခုဖြစ်သည့် 7Day တွင် ဖော်ပြခဲ့သည့် လျှပ်စစ်မီးနှင့် ပတ်သက်သည့် သတင်းတပုဒ်ကို မမှန်မကန် မှားယွင်းဖော်ပြသည်ဆိုသည့် ကုမ္ပဏီတခု၏ စွပ်စွဲမှုနှင့်ပတ်သက်၍ ၎င်းတို့ တင်ပြသည့်သတင်းမှာ အထောက်အထား ပြည့်စုံပြီး မှန်ကန်၊ ခိုင်လုံမှုရှိသည်ဟု ဂျာနယ်တာဝန်ရှိသူတဦးက တုန့်ပြန် ပြောဆိုလိုက်သည်။

“အမှုကိစ္စအတွက်တော့ ခုမှ တိုင်ပင်နေတုန်း။ ပြင်ဆင်နေတုန်းပါပဲ။ ဂျာနယ်ဘက်ကတော့ သတင်းက မှန်ကန်မှုရှိ
တယ်၊ ခိုင်လုံမှုရှိတယ်၊ အထောက်အထားတွေ အကုန်ရှိတယ်။ ဘာအကြောင်း တစုံတရာနဲ့မှ တောင်းပန်မှာ မဟုတ်ပါဘူး” ဟု 7Day ဂျာနယ် တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ရန်ကုန် အမှိုက်များမှ လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်မြို့မှ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်၍ ထွက်ရှိလာသည့် အမှိုက်အစို တန်ချိန် ၆၀၀ ဖြင့်  နေ့စဉ် လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်နေကြောင်း မြို့တော် စည်ပင်ယာရေးကော်မီ က ပြောသည်။

“အဲဒီအမှိုက်တွေကို မီးရှိုပြီး လျှပ်စစ်ထုတ်ဖို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် Nedo အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု ကော်မတီ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှူး ဦးသန်းလွင်ဦး က ပြောသည်။



အမှိုက်များကို မြေကြီးပေါ် စွန့်ပစ် စုပုံထားလိုက်ရာမှ ထွက်ရှိလာသည့် ဓါတ်ငွေ့များကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်ရန်မှာ ယင်းစီမံကိန်း၏ ရည်ရွယ်ချက်တခု ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး ကုန်ကျစရိတ်အားလုံးကို ဂျပန်အဖွဲ့က ထည့်ဝင် လှူဒါန်းသွားမည်ပြီး ဓါတ်အား ၄ ဒဿမ ၅ မဂ္ဂါဝပ် ထွက်ရှိမည်ဟု ပြောသည်။ စက်ရုံ တည်ဆောက်ရန်  ဒဂုံမြို့သစ်
မြောက်ပိုင်းမြို့နယ်ရှိ ထားဝယ်ချောင် သုသာန်အနီးတွင် မြေနေရာ ရွေးချယ်ထားပြီး ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးရန်ဆန္ဒ အစိုးရတွင် မရှိဟု KNU ပြော

 စံခလပူရီ (မဇ္ဈိမ)။   ။ အစိုးရတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးရန် ဆန္ဒမရှိဘဲ စီးပွားရေး ဖွံ့ဖြိုးရေးကိစ္စများကိုသာ အသားပေး ဆွေးနွေးနေကြောင်း ကရင်မျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောတာမလာဘော ကသြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၆၂ ကြိမ်မြောက် ကရင်အာဇာနည်နေ့တွင် ပြောကြားလိုက်သည်။


ကရင် တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီး (ဓာတ်ပုံ - wikimyanmar.co.cc)

“လက်ရှိ အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေပါသည်ဟု နားထောင်ကောင်းအောင် ပြောနေသော်လည်းဘဲ လက်တွေ့တွင် စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမျိုးကို ပြုလုပ်ရန် ဆန္ဒရှိပုံ မပေါ်ပေ။ နိုင်ငံရေး အနှစ်သာရ ကင်းမဲ့သည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုမျိုး၊ စီးပွားရေး ဖွံ့ဖြိုးရေး ကိစ္စများကိုသာ စောင်းပေးသည့် တွေ့ဆုံဆွေးနွေးမှုမျိုးဖြင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကိုရရှိအောင် ပြုလုပ်နေခြင်းသာ ဖြစ်သည်” ဟု ၎င်း၏ မိန့်ခွန်းတွင် ပါရှိသည်။

ဆော်ဒီ ဘုရင်က ရိုဟင်ဂျာများအတွက် ဒေါ်လာ သန်း ၅၀ လှူ

 နယူးဒေလီ (မဇ္ဈိမ)။   ။ ဆော်ဒီ အာရေဗျ ဘုရင် Abdullah  က မြန်မာနိုင်ငံရှိ မူဆလင် လူနည်းစုများအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကူညီထောက်ပံ့မည်ဟု အမိန့်တော်ပြန်လိုက်သည်။

ဆော်ဒီ အစိုးရ သတင်းအေဂျင်စီ၏ အဆိုအရ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများသည် “လူမျိုးတုန်း သုတ်သင်မှု၊ သတ်ဖြတ်မှု၊ သားမယားပြုကျင့်မှု၊ အဓမ္မ နေရာရွှေဲပြောင်းမှုများအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ အကာအကွယ်မဲ့ ဖြစ်နေခဲ့ရသည်” ဟု ဆိုသည်။

ကိုကဲ့သို့ ကျူးလွန်မှုများကို လုံခြုံရေးတပ်ဖွဲ့များ၏ လက်အတွင်း ဖြစ်ခဲ့ရသည်ဟုလည်း လူ့အခွင့်အရေး
စောင့်ကြည့်ရေးအဖွဲ့ (HRW)က စွပ်စွဲပြောဆိုထားသည်။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ ဆန္ဒပြပွဲ လူနှစ်ဦး သေဆုံး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဒေသခံ တိုင်းရင်းသားတွေနဲ့ မူဆလင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ဆန္ဒပြပွဲ ကျင်းပခဲ့ရာမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် အနည်းဆုံး လူနှစ်ယောက် သေဆုံးပြီး (၅၀) နီးပါး ဒဏ်ရာရခဲ့ ကြပါတယ်။
အစ္စလာမ်အဖွဲ့တွေ အများဆုံးပါဝင်တဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက မွန်ဘိုင်းမြို့တောင်ပိုင်း Azad Maidan ကွင်းထဲမှာ စုရုံးခဲ့ကြပြီး မူဆလင်တွေ ဖိနှိပ်ခံနေရကြောင်း ရှုတ်ချကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
အစပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တဲ့ ဆန္ဒပြပွဲဟာ ရုတ်တရက် ချက်ခြင်း အကြမ်းဖက်ပွဲအဖြစ် ပြောင်းလဲသွားခဲ့ကြောင်း ဘာကြောင့်အဲသလို ပြောင်းလဲသွားရသလဲဆိုတဲ့ အကြောင်းရင်းကို မသိရသေးကြောင်း ရဲက ပြောပါတယ်။

ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ဖို့ မြန်မာ အစိုးရက ခွင့်ပြုကြောင်း OIC ကြေညာ

ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်ပြီ် ဖြစ်ကြောင်း ဆော်ဒီအာရေဗျ အခြေစိုက် OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအသင်းက စနေနေ့က ကြေညာလိုက်ပါတယ်။
သောကြာနေ့က ရန်ကုန်မြို့မှာ OIC ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန်တို့ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးခဲ့ကြပြီးတဲ့နောက် မြန်မာအစိုးရက သဘောတူညီလိုက်တာ ဖြစ်ကြောင်း OIC က ပြောဆိုတယ်လို့ အေအက်ဖ်ပီင်္ သတင်းက ဖော်ပြပါတယ်။
လူသားချင်း စာနာမှုဆိုင်ရာ အစ္စလာမ်ကူညီရေးအဖွဲ့တွေ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဒဏ် ခံစားခဲ့ရတဲ့ ဒေသခံ အားလုံးကို ထောက်ပံ့ ကူညီလိုတာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ကို OIC ကိုယ်စားလှယ် အဖွဲ့က အာမခံ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မီးရှို့မှု သံသယရှိသူ အာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေး

မကြာသေးခင်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့မှုတွေနဲ့ ပတ်သက်တယ်လို့ ယူဆရသူတွေကို စစ်တပ်နဲ့ ဒေသ အာဏာပိုင်တွေက လိုက်လံ စစ်ဆေး ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ကျောက်တော်မြို့နယ် တောင်ဘွေ ကျေးရွာသူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။
"ရွာသားတွေကို ခေါ်ပြီးတော့ စစ်ပါတယ်။ ၃ ရက်လောက်တော့ ရှိပြီ။ သူကရောက်လာပြီးတော့ ဒီအတိုင်းခေါ်ပြီးတော့ စစ်တယ်။ ဘယ်နေ့ ဘယ်နေ့ဆိုပြီးတော့ မရှိပါဘူး။ စာရွက်တွေနဲ့ လာပြီးတော့ ပေးတယ်။ သူတို့က မီးရှို့တဲ့ လူတွေဆိုပြီးတော့။ အဲတာ သူတို့က ခေါ်ပြီးတော့ စစ်တာပါ။ ဖမ်းဆီးမှုက ရှိပါတယ်"
စစ်တပ်နဲ့ အာဏာပိုင်တွေက တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံစစ်ဆေးနေပြီး ဒီကနေ့အထိ ဖမ်းဆီးခံရသူတွေထဲမှာ တောင်ဘွေကျေးရွာက (၇) ယောက်၊ ကျောက်ဖြူရွာသစ်နဲ့ ကသစ်တော ကျေးရွာက (၈) ယောက် အပါအဝင် (၁၅) ယောက်ထက် မနည်း ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့ အောင်မြေသာဇံ ရပ်ကွက် တွင် ပေါက်ကွဲမှုဖြစ်ပွား

ယနေ့နံနက် ရှစ်နာရီခွဲ အချိန်က မန္တလေးမြို့ အောင်မြေသာဇံ ရပ်ကွက် တွင် အမှိုက်များကို ကောက်ယူ၍ ရွေးချယ်နေသည့် ဦးသောင်းစိန်၊ ဒေါ်စန်းမြင့် နေအိမ်အနီး တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မန္တလေး ဒေသ အာဏာပိုင်များထံမှ သိရှိရသည်။

လွန်ခဲ့သော လအနည်းငယ်က စွန့်ပစ်ထားသည့် လက်လုပ်ဗုံးဟု ယူဆရသည့် အရာဝတ္ထု တစ်ခုကို ဒေါ်စန်းမြင့်မှ ဒါးဖြင့် ရိုက်ခွာစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပေါက်ကွဲမှု

ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ မှတ်တမ်းများတွင် ဖော်ပြထားသည်။

လူသားဖြစ်ခွင့် မဖြစ်ခွင့်(ရေးသားသူ-မောင်သာချို)

 (တစ်)

လူ့ပြည်က အပ်တစ်ချောင်းနှင့် ဗြဟ္မာ့ပြည်က အပ်တစ်ချောင်းတို့ လမ်း၌ဆုံကောင်းဆုံကြမည်ဖြစ်သော်လည်း လူတစ်ယောက်ဖြစ်လာဖို့ဆိုသည်မှာ
မလွယ်ကူလှဟူ၍ မြန်မာ့လူမှုဝန်းကျင်အစဉ်အလာ၌ လက်ခံထားခဲ့ကြဖူးပါသည်။ အမေရိကန်သူပုန်စာရေးဆရာကြီး ဂျက်လန်ဒန် (ဲခေုသညိသည) ကမူ သူ့နာမည်ကျော်ဝတ္ထုဖြစ်သော ပင်လယ်ဝံပုလွေ (sea wolf)ထဲ၌ ၀ံပုလွေလာဆင်ဟူသောဇာတ်ဆောင်နေရာမှ စကားဝင်ပြောထားခဲ့ရာ ''ကမ္ဘာပေါ်မှာ အပေါဆုံးက လူ့အသက်"ဟူသတတ်။
    လူ့အဖြစ်ကို ရရှိခြင်းသည် ကောင်းသလား၊ မကောင်းသလား ခွဲခြားရန် ခက်ခဲနက်နဲလှသော ဤ ကမ္ဘာ၌ လူဖြစ်လာခွင့်၊ မလာခွင့် အခွင့်အရေးများကလည်း တိုင်း ပြည်နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးများအပြင် လူတစ် ဦးချင်းစီ၏ ဆန္ဒသဘောထား ခံယူ ချက်များ အပေါ်၌လည်း မှီတည် လျက်ရှိပါသည်။

ငြိမ်းချမ်းရေးသည် လက်မှတ်ထိုးရုံနှင့်မပြီး ကြောင်း ဒု သမ္မတပြောကြား

ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးသည် နှစ်ဦးနှစ်ဖက် တွေ့ဆုံလက်မှတ်ရေးထိုးပြီးရုံမျှနှင့် ငြိမ်းချမ်းရေးရပြီဟု မဆိုနိုင်ဘဲ ထိလွယ်ရှလွယ်သော အခြေအနေဖြစ်၍ အခန့်မသင့်ပါက အချိန်မရွေးနောက်ဆုတ်ပျက်စီးသွားနိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ယမန်နေ့ကပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးတွင်ပြောကြားသွားသည်။
ထို့အတူ ငြိမ်းချမ်းရေးရယူထားသူများကိုလည်း မိမိတို့၏ ရန်သူဟူသည့် အမြင်မျိုးနှင့် မမြင်ကြဘဲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းအေးအတူ ပူအမျှနိုင်ထိုင်ကြသည့် တိုင်းရင်းသား ညီအကိုအချင်းချင်းကဲ့သို့ သဘောထားကာ နိုင်ငံ၏ လူမှုရေး စီးပွားရေး နိုင်ငံရေး အသိုက်အ၀န်းထဲ ပြန်လည်ရောက်ရှိနိုင်စေရန် လက်တွဲခေါ်ဆောင် အားပေးသွားမှသာလျင် ထာဝရငြိမ်းချမ်းရေးရရှိနိုင်မည်ဟု ဒုတိယသမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်တွေ့ဆုံ



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ်လ ၁၂ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်၏ ပြောကြားချက်အရ သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၇ ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့သော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ယခုတစ်ကြိမ် တွေ့ဆုံမှုသည် တတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။

အမြုတေ စာနယ်ဇင်းကောင်စီကို အစိုးရမှ ဖွဲ့စည်းကြောင်းကြေညာ စာနယ်ဇင်းမီဒီယာသမားများနှင့် စာနယ်ဇင်းအဖွဲ့အစည်းများမှ လက်မခံနိုင်ကြောင်း ၀ိုင်းဝန်းကန့်ကွက်




နိုင်ငံတော်အစိုးရက သြဂုတ်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် အမိန့်ကြော်ငြာစာ (အမှတ်၊ ၆၁/၂၀၁၂)ဖြင့် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမြုတေကောင်စီအနေဖြင့် ပြန်ကြားရေးဝန် ကြီးဌာနက ပြုစုရေးဆွဲလျက်ရှိသော ပုံနှိပ်မီဒီယာဥပဒေ(မူကြမ်း)ကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေနှင့်အညီ ဖွဲ့စည်းသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအား တာဝန်လွှဲပြောင်းပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ကြေညာခဲ့သည်။
အဆိုပါ စာနယ်ဇင်းအမြုတေကောင်စီကို လူပုဂ္ဂိုလ်(၂၀)ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များသည် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အခွင့်အာဏာများကို ရရှိစေမည်ဖြစ်ကြောင်းနှင့် နေရာအဆောက်အအုံ၊ ရုံးဝန်ထမ်းနှင့် ရုံးသုံးပစ္စည်းများ လိုအပ်၍ တင်ပြတောင်းခံလျှင် နိုင်ငံတော်အစိုးရက ယာယီ ကူညီပေးမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်အရ သိရှိရသည်။

နိုင်ငံမဲ့ရိုဟင်ဂျာများအရေးနှင့် သမ္မတကြီး၏သဘောထားအပေါ် ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ၏ အမြင်

 နိုင်ငံမဲ့ ရိုဟင်ဂျာများအရေးနှင့်ပတ် သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်း စိန်မှ ရိုဟင်ဂျာများအား တတိယနိုင်ငံသို့ ပို့မည်။ လာခေါ်မည့်သူမရှိပါက ခြံခတ်  ထားမည်ဟုဆိုကာ မြန်မာနိုင်ငံအတွင်း နေ တိုင်းရင်းသားများ၌ လုံးဝပတ်သက် ခြင်းမရှိသော ရိုဟင်ဂျာများနှင့်ပတ်သက် မိမိ၏ သဘောထားအား အတိအလင်း ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတကြီး၏ ရပ် တည်ချက်အပေါ် ပြည်သူများမှ လွန်စွာ  အားရဖြစ်လျက်ရှိပြီး အချို့သော ဒေသ များ၌မူ  သမ္မတကြီး၏ သဘောထား ထုတ်ပြန်မှုအပေါ် ထောက်ခံကြိုဆိုသော အားဖြင့် နိုင်ငံတော် အလံများပါလွှင့်ထူ ခဲ့ကြသည်။
ထိုသို့ နိုင်ငံတော်သမ္မတကြီး၏ ရို ဟင်ဂျာကိစ္စအပေါ် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ခြင်းနှင့် နိုင်ငံမဲ့ရိုဟင်ဂျာများ အကြောင်းအား သမ္မတကြီး တပ်မ တော်၌ တာဝန်ထမ်းဆောင်ခဲ့စဉ်က သမ္မတ ကြီး၏ ဆရာတစ်ဦးဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ(ခ) စာရေး ဆရာကြီး နောင်စစ်သည်အား မေးခွန်း အနည်းငယ် မေးမြန်းခဲ့ရာ-

လှိုင်းလှေကလှုပ်၊ ငါးကပုပ်(တင်ညွှန့်)

ကျွန်တော်သည် ကျောင်းဆရာ ဘဝကို နှစ်ပေါင်း ၂ဝ တိုင် မွေ့ပျော်ပြီးမှ ပင်စင်ယူခဲ့ရပါသည်။ ကျောင်း ဆရာဘဝမှ အနားယူခဲ့စဉ်က နာကျည်းမှု အပြည့်ဖြင့် အနားယူခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကျေးလက်ဆရာ ဘဝမှာသာ ကျွန်တော်ပျော်မွေ့လျှင် ကျောင်းဆရာ ဘဝကို မြဲနေမည်မှာ အမှန်ပင်ဖြစ်သည်။ ကျေးလက် ကျောင်းဆရာလေး ဘဝကိုတော့ ယနေ့တိုင် လွမ်းဆွတ်မိသည်။
ကျွန်တော့်ကို မူလတန်းပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်း ခံရသည့် ကျောင်းမှာ အဆိပ်တောင် ဆိုသည့် ပဲခူးချောင်းဖျားမှ ရွာလေးတစ်ရွာတွင် ဖြစ်သည်။ အပြစ်ကင်းစင်သည့် တပည့်များနှင့် ဆင်းရဲဒုက္ခခံကာ ပညာသင်ကြားခဲ့ရသည့် ကာလများကို အမှတ်ရမိသည်။ နောက်ပိုင်း အလယ်တန်းပြ ဆရာ အဖြစ် ရာထူးတိုးတော့လည်း ယခင်ရွာထက် ပဲခူးမြို့နှင့်ပိုဝေးသည့် ဇောင်းတူရွာသို့ ရောက်ခဲ့သည်။ ပဲခူးရိုးမ အနီး ရွာတစ်ရွာသို့ ရာထူးတိုးသည့် ဆရာ၊ ဆရာမများနှင့်အတူ သွားရောက်ခဲ့ပြီး အင်တိုက်အားတိုက် စာ သင်ခြင်း၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့ရခြင်း များကိုလည်း သတိရမိသည်။
Related Posts Plugin for WordPress, Blogger...

ShareThis