menu

Thursday 17 January 2013

တရုတ် အစိုးရက မြန်မာနယ်စပ်သို့ တရုတ်တပ်ဖွဲ့ များ စေလွှတ်

မြန်မာအစိုးရနှင့် ကချင်တိုင်း ရင်းသားလက်နက်ကိုင်တို့အကြား တိုက်ခိုက်မှုများ အရှိန်အဟုန် မြင့်တက်  လာလျက် ရှိရာ တရုတ်အစိုးရက အခြေအနေကို သိရှိရန် အတွက် ယူ နန်ပြည်နယ်နှင့် ကချင်ပြည်နယ် မြောက်ပိုင်း ဒေသရှိ နယ်စပ်ဒေသ များသို့ တရုတ်တပ်ဖွဲ့များကို စေလွှတ်  ခဲ့ကြောင်း၊ တရုတ်နိုင်ငံထုတ်  Global Times သတင်းစာက ဇန်နဝါရီ ၁၁ ရက်က ရေးသားဖော်ပြခဲ့သည်။ စေလွှတ်ခဲ့သည့် တရုတ်တပ်ဖွဲ့ အမျိုးအစားနှင့် အရေအတွက် ကိုမူ Global Times က အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိပေ။
ဇန်နဝါရီ ၉ ရက် ညတွင် ကချင်ဒေသဘက်၌ အမြောက်သံ များ ထွက်ပေါ်ခဲ့ပြီး တည်ငြိမ်မှု မရှိသော အဆိုပါဒေသ မှ ပြည်သူတို့ သည် တရုတ်နိုင်ငံဘက်သို့ နယ်စပ် မှတစ်ဆင့် ဖြတ်သန်းဝင်ရောက်ကာ လာရောက်ခိုလှုံခဲ့ကြောင်း Global Times က ရေးသားဖော်ပြခဲ့သည်။ ယူနန်ပြည်နယ်သည် ကချင်တိုင်းရင်း  သား အများ အပြား နေထိုင်ရာလည်း ဖြစ်သည်။

ဝန်ကြီးနှစ်ပါး ဘာကြောင့် နုတ်ထွက်သွားတာလဲ

ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်သည် ဆိုသည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း၊ သာသနာရေး ၀န်ကြီး သူရဦးမြင့်မောင် (ဓာတ်ပုံ – ဆက်သွယ်ရေးဝန်ကြီးဌာန / သာသနာရေးဝန်ကြီးဌာန)


ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့ ည ၈ နာရီမှာ သတင်းတပုဒ်ကြေညာ သွားပါတယ်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း၊ သာသနာရေး ၀န်ကြီး သူရဦးမြင့်မောင်တို့ နှစ်ဦးကို သူတို့ရဲ့ ဆန္ဒအလျောက် ရာထူးကနေ သမ္မတ ဦးသိန်းစိန်က နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမိန့်စာမှာတော့ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုတယ်လို့ ရေးသားထားပေမယ့် သတင်း ထွက်ပေါ်လာချိန်မှာတော့ အွန်လိုင်းစာမျက်နှာတွေ၊ အစိုးရ၀န်ကြီးတွေနဲ့ နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀ိုင်းမှာတော့ ၀န်ကြီးနှစ်ဦး အဖြုတ်ခံလိုက်ရတာလို့ ပြောဆိုကြပါတယ်။ အဓိကအားဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အမိန့်မနာခံမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
သမ္မတရုံးနဲ့ အလွန်နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀ိုင်းကတော့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းမှာ ပြစ်ချက်၊ အနာအဆာများပြီး အဓိကအားဖြင့် ဆက်သွယ်ရေး စီမံကိန်းတွေ အကောင်အထည် ဖော်တဲ့နေရာမှာ သမ္မတဆီ တင်ပြမှုမရှိဘဲ လုပ်ဆောင်တာတွေ အပါအ၀င် ခြစားမှုတွေကြောင့် ဦးသိန်းထွန်းကို ၀န်ကြီးအဖြစ်ကနေ အနားပေးလိုက်တာလို့ ဆိုပါတယ်။

ရန်ကုန်မှ မိုင်ရှစ်ရာကျော်ဝေးသည့်လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်မည်

ရန်ကုန်မှ  မိုင်ရှစ်ရာကျော်ဝေးသည့်လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်မည်

ရန်ကုန်၊ ဇန်န၀ါရီ ၁၆။

ရန်ကုန်မြို့မှ မိုင် ၈၀၀ ကျော်ဝေးကွာသည့် ကချင်ပြည်နယ်၊ 
လိုင်ဇာ သို့ ငြိမ်းချမ်းရေး အလံတော်ကို လမ်းလျှောက်သယ်ဆောင်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကိုရန်နိုင်ဦးက ပြောကြားသည်။ 

“ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ မငြိမ်းချမ်းဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေး ရလိုတဲ့အတွက် အခုလို 
လမ်းလျှောက်ပြီး အလံတော်သယ်ဆောင်ဖို့ကို စိတ်
ကူးဖြစ်ခဲ့တာပါ” ဟု ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့
ဝင်များက ပြောကြားသည်။ 

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့တွင် အမာခံ ၁၀ ဦးပါဝင်ကြောင်း၊ လမ်းလျှောက်မည့် ခရီးစဉ်မှာ မိမိတို့အတွက် အလွန်ကြမ်းတမ်း
မည်ဖြစ်ကြောင်း၊ မည်သည့်အခက်အခဲ၊ အတားအစီးများရှိရှိ
 ရှေ့ဆက်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မိမိတို့နှင့် ပူးပေါင်းလိုက်ပါလိုသူများကို ဖိတ်ခေါ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

လာမည့် ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမ ရှေ့မှ ခရီးစဉ်ကို စတင်ထွက်ခွာမည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကိုဇင်ကိုကိုက ပြောကြားသည်။ 

“ဒီခရီးစဉ်အတွက် ကျွန်တော်တို့ ခွင့်ပြုချက်တင်ထားတာမျိုးတော့ 
မရှိပါဘူး။ ဒါပေမယ့် သိသင့်သိထိုက်တဲ့ ရုံးတွေကိုတော့ 
ကျွန်တော်တို့ စာပို့ထားတာရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ခရီးစဉ်မထွက်ခွာမီ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင်
 ရွှေတိဂုံဘုရားတွင်ရှိသော သခင်ကိုယ်တော်မှိုင်း၏ အုပ်ဂူတွင်
 သွားရောက် ဆုတောင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း
သိရသည်။ 

“ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အပင်ပန်းခံလုပ်ဆောင်ခဲ့တယ်။ အဲဒါကြောင့် ဆုတောင်းပွဲလုပ်ဖို့ စီစဉ်ဖြစ်သွားတာပါ။ ရွှေတံဂုံဘုရားမှာ အောင်မြေလည်း 
နင်းဖို့ရှိပါတယ်”ဟု ကိုရန်နိုင်ဦးက ပြောကြားသည်။ 

ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မြစ်ကြီးနား စသည့် လမ်းကြောင်းအတိုင်း သွားရောက်မည်ဖြစ်ပြီး အခက်အခဲ အတားအစီးမရှိ ခရီးဆက်နိုင်မည်ဆိုပါက ခရီးစဉ်မှာ ကြာမြင့်ချိန် ၄၅ ရက်ခန့် ခန့်မှန်းထားကြောင်း သိရသည်။ 

ဟိန်းသူ

ရန်ကုန်မြို့မှ မိုင် ၈၀၀ ကျော်ဝေးကွာသည့် ကချင်ပြည်နယ်၊
လိုင်ဇာ သို့ ငြိမ်းချမ်းရေး အလံတော်ကို လမ်းလျှောက်သယ်ဆောင်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကိုရန်နိုင်ဦးက ပြောကြားသည်။

“ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ မငြိမ်းချမ်းဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေး ရလိုတဲ့အတွက် အခုလို
လမ်းလျှောက်ပြီး အလံတော်သယ်ဆောင်ဖို့ကို စိတ်
ကူးဖြစ်ခဲ့တာပါ” ဟု ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့
ဝင်များက ပြောကြားသည်။

အင်းလေးကန် ဟိုတယ်ဇုန် စီမံကိန်း မြေသိမ်းယူမှုတောင်သူတွေ မကျေနပ်

Photo: အင်းလေးကန် ဟိုတယ်ဇုန် စီမံကိန်း မြေသိမ်းယူမှုတောင်သူတွေ မကျေနပ်

ကမ္ဘာကျော်အင်းလေးကန်ရဲ့ အရှေ့ဖက်ကမ်း သလဲဦးကျေးရွာ အုပ်စုမှာ တည်ဆောက်နေတဲ့ အင်းလေး ဟိုတယ်ဇုန်စီမံ ကိန်းကြောင့် မြေသိမ်းခံရတဲ့ တောင်သူတွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က သုံးနှစ်စာ သီးနှံလျော်ကြေးငွေကျပ်သိန်းထောင်ချီ ပေးအပ်ခဲ့ပေမယ့် တောင်သူအများစုကတော့ ကျေနပ်မှုမရှိဘူးလို့ သိရပါတယ်။

သလဲဦးကျေးရွာအုပ်စု လယ်ယာမြေ သိမ်းယူမှုမှာ လျော်ကြေးပေးတာက စပါးတစ်ဧက ကျပ်လေးသိန်း နှစ်သောင်းကျော်၊ ကြံတစ်ဧက ကျပ်နှစ်သိန်း နှစ်သောင်းကျော်၊ မြေပဲတစ်ဧက ကျပ်တစ်သိန်း ခုနစ်သောင်းကျော်၊ နေကြာတစ်ဧက ကျပ်တစ်သိန်း ငါးသောင်းကျော်၊ ခရမ်းချဉ်တစ်ဧက ကျပ်သိန်းနှစ်ဆယ်၊ ဝါးတစ်ပင် ကျပ်နှစ်ထောင်၊ ဌက်ပျောတစ်ပင်ကျပ်ငါးထောင်နဲ့ သရက်တစ်ပင် ငါးသောင်းကျပ်စီ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

သီးနှံ့လျော်ကြေးငွေလက်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ကန်ပဲ့ကျေးရွာက တောင်သူဦးသန်းမောင်က တောင်သူတွေ အနေနဲ့ မယူရင် ဥပဒေအရ တရားစွဲမယ်လို့ အာဏာပိုင်တွေက ပြောတော့ ကြောက်လန့်ပြီး လျော်ကြေး ယူခဲ့ရတာဖြစ်ကြောင်း အခုပေးတဲ့ လျော်ကြေးဟာ ဘယ်လိုမှ မိသားစုတွေ ရပ်တည်ဖို့အတွက် မဖြစ်နိုင်ကြောင်း RFA ကို ပြောပါတယ်။

အင်းလေးဟိုတယ်ဇုန်စီမံကိန်းကြောင့် မြေသိမ်းခံရတဲ့ တောင်သူ ၈၃ ဦးမှာ သီးနှံလျော်ကြေး ငွေထုတ်ယူသူ ၆၉ ဦး ရှိပေမယ့် အများစုက ကျေနပ်မှု မရှိဘူးလို့ သိရပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ မြေယာဥပဒေအရ နိုင်ငံတော်ရဲ့စီမံကိန်းတွေလုပ်ကိုင်ဖို့အတွက် မြေယာ တွေကို သိမ်းဆည်းတဲ့အခါ အဲဒီမြေမှာစိုက်ပျိုးထားတဲ့ သီးနှံတွေရဲ့ သုံးနှစ်စာတန်ဖိုးကိုသာ ပေးလျော်ရမှာ ဖြစ်ပြီး ၊ မြေနဲ့ လေကို နိုင်ငံတော်ကသာ ပိုင်ဆိုင်တယ်လို့ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူးဦးကောင်းစံဦးက တောင်သူလယ်သမားတွေကို ရှင်းပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က သလဲဦးကျေးရွာအုပ်စုမှာရှိတဲ့ ချောင်းပါး၊ ဝက်သားကင်၊ ဘုရားဖြူ၊ ညောင်ဝန်းစတဲ့ ကျေးရွာတွေက လယ်ယာမြေသိမ်းခံတောင်သူ ၂၄ ဦးကို သီးနှံလျော်ကြေးငွေ ကျပ်သိန်း ၁၂၀၀ ကျော် ပေးအပ်ခဲ့သလို လာမယ့်ရက်ပိုင်းအတွင်းမှာလည်း ကျန်ကျေးရွာတွေဖြစ်တဲ့ အင်ကြင်းကုန်းနဲ့ ကန်ပဲ့ကျေးရွာက တောင်သူ ၄၅ ဦးကို သီးနှံလျော်ကြေးငွေ ကျပ်သိန်း ၃၉၀၀ ကျော် ဆက်လက် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

အင်းလေးဟိုတယ်ဇုန်မြေနေရာဖော်ထုတ်ရေးလုပ်ငန်းအတွက် သလဲဦးကျေးရွာအုပ်စုက ဒေသခံတွေဆီကနေ သိမ်းယူထားတဲ့ မြေ ၆၂၂ ဧကမှာ ဒေသခံတောင်သူတွေရဲ့ လယ်မြေ၊ ဥယျာဉ်ခြံမြေတွေနဲ့ အင်းလေးကန် အတွင်းရှိ ကျေးရွာတွေက ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းရဲ့ ထင်းစိုက်ခင်းတွေ ပါဝင်နေတယ်လို့ သိရ ပါတယ်။

အေးချမ်းမွန်မှ   RFA Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကမ္ဘာကျော်အင်းလေးကန်ရဲ့ အရှေ့ဖက်ကမ်း သလဲဦးကျေးရွာ အုပ်စုမှာ တည်ဆောက်နေတဲ့ အင်းလေး ဟိုတယ်ဇုန်စီမံ ကိန်းကြောင့် မြေသိမ်းခံရတဲ့ တောင်သူတွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က သုံးနှစ်စာ သီးနှံလျော်ကြေးငွေကျပ်သိန်းထောင်ချီ ပေးအပ်ခဲ့ပေမယ့် တောင်သူအများစုကတော့ ကျေနပ်မှုမရှိဘူးလို့ သိရပါတယ်။

သလဲဦးကျေးရွာအုပ်စု လယ်ယာမြေ သိမ်းယူမှုမှာ လျော်ကြေးပေးတာက စပါးတစ်ဧက ကျပ်လေးသိန်း နှစ်သောင်းကျော်၊ ကြံတစ်ဧက ကျပ်နှစ်သိန်း နှစ်သောင်းကျော်၊ မြေပဲတစ်ဧက ကျပ်တစ်သိန်း ခုနစ်သောင်းကျော်၊ နေကြာတစ်ဧက ကျပ်တစ်သိန်း ငါးသောင်းကျော်၊ ခရမ်းချဉ်တစ်ဧက ကျပ်သိန်းနှစ်ဆယ်၊ ဝါးတစ်ပင် ကျပ်နှစ်ထောင်၊ ဌက်ပျောတစ်ပင်ကျပ်ငါးထောင်နဲ့ သရက်တစ်ပင် ငါးသောင်းကျပ်စီ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

"ရန်ကုန်ခရီးသွားအခက်အခဲများသိရှိရန်ပထမဆုံးအကြိမ်ကွင်းဆင်းလေ့လာ"

Photo: "ရန်ကုန်ခရီးသွားအခက်အခဲများသိရှိရန်ပထမဆုံးအကြိမ်ကွင်းဆင်းလေ့လာ"
နေပြည်တော် ဇန်န၀ါရီ ၁၇
ရန်ကုန်မြို့တွင်းပြည်သူများခရီးသွားလာရာတွင် ကြုံတွေ့နေရသော အခက် အခဲများကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာ ခြင်းကို အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ မှ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ ကြောင်းသိရသည်။
ယနေ့ညနေ ၄ နာရီ အချိန်တွင် ကမ္ဘာအေး ဘုရား၏လမ်း ( ကမ္ဘာအေးမှတ်တိုင်) တွင် ကွင်းဆင်းလေ့လာ ခြင်းကို ဆောင်ရွက်ခဲ့ပြီး ရုံးဆင်းခရီးသွား
ပြည်သူများ၏ အခက်အခဲများကို အဖွဲ့ ဥက္ကဌ ဦးကြည်သိန်း ကိုယ်တိုင်တွေ့ဆုံ မေးမြန်း ခဲ့ကြောင်းသိရသည်။
" ကွင်းဆင်းလေ့လာတာကို နေရာအနှံ့ လိုက်ပြီး နှစ်ပတ် သုံးပတ် လောက် လုပ်သွားမှာပါ" ဟု ဦးကြည်သိန်းက ပြောသည်။
လက်ရှိတွင် ခရီသည် တင်ကားများ စနစ်တကျ ရပ်နားမှု မရှိသောကြောင့် ခရီးသည်များ အပြေးအလွား လိုက်ပါ စီးနင်းနေရသည်ကို တွေ့ရှိရသဖြင့်
ယာဉ်လိုင်းများစနစ်တကျ ရပ်နားနိုင်မည့် ပုံစံများ ပြုလုပ်သွားရန် ရှိကြောင်း အထက်ပါ အဖွဲ့မှ သိရသည်။
ယင်းအဖွဲ့ကို ယခုနှစ် ဇန်န၀ါရီလ ၇ ရက်တွင် နိုင်ငံတော် သမ္မတ မှ တရားဝင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။WMT

အေးချမ်းမွန်မှ   Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
နေပြည်တော် ဇန်န၀ါရီ ၁၇

ရန်ကုန်မြို့တွင်းပြည်သူများခရီးသွားလာရာတွင် ကြုံတွေ့နေရသော အခက် အခဲများကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာ ခြင်းကို အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ မှ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ ကြောင်းသိရသည်။
ယနေ့ညနေ ၄ နာရီ အချိန်တွင် ကမ္ဘာအေး ဘုရား၏လမ်း ( ကမ္ဘာအေးမှတ်တိုင်) တွင် ကွင်းဆင်းလေ့လာ ခြင်းကို ဆောင်ရွက်ခဲ့ပြီး ရုံးဆင်းခရီးသွား
ပြည်သူများ၏ အခက်အခဲများကို အဖွဲ့ ဥက္ကဌ ဦးကြည်သိန်း ကိုယ်တိုင်တွေ့ဆုံ မေးမြန်း ခဲ့ကြောင်းသိရသည်။

မုံရွာမြို့အတွက် အရန်ဓာတ်အားပေးစက်တပ်ဆင်

Photo: မုံရွာမြို့အတွက် အရန်ဓာတ်အားပေးစက်တပ်ဆင်
===============================
ကိုသစ္စာ(မုံရွာ)
===============================

မုံရွာမြို့တွင် အရေးပေါ်လျှပ်စစ်ဓာတ်အားလိုအပ်လာပါက ဆောင်ရွက်နိုင်ရန်အတွက် အရန် ဓာတ်အားပေးစက်တစ်လုံး တပ်ဆက်နေပြီဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးတင်မောင်ဝင်း က "လာမည့်နွေရာသီမှာ မုံရွာမြို့အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြစ်ပေါ်ရင် အရေးပေါ်ပေးနိုင်ဖို့ အမေရိကန်လုပ် အရန်ဓာတ်အားပေးစက် (CATERPILLAR) တစ်လုးံကို နန္ဒ၀န်ရပ်ကွက် ဓာတ်အားခွဲရုံ မှာ တပ်ဆင်ပြီးတော့ စမ်းသပ်မောင်းနှင်နေပါတယ် " ဟု ပြောသည်။

အေးချမ်းမွန်မှ  Yangon Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မုံရွာမြို့တွင် အရေးပေါ်လျှပ်စစ်ဓာတ်အားလိုအပ်လာပါက ဆောင်ရွက်နိုင်ရန်အတွက် အရန် ဓာတ်အားပေးစက်တစ်လုံး တပ်ဆက်နေပြီဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးတင်မောင်ဝင်း က "လာမည့်နွေရာသီမှာ မုံရွာမြို့အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြစ်ပေါ်ရင် အရေးပေါ်ပေးနိုင်ဖို့ အမေရိကန်လုပ် အရန်ဓာတ်အားပေးစက် (CATERPILLAR) တစ်လုးံကို နန္ဒ၀န်ရပ်ကွက် ဓာတ်အားခွဲရုံ မှာ တပ်ဆင်ပြီးတော့ စမ်းသပ်မောင်းနှင်နေပါတယ် " ဟု ပြောသည်။

Yangon Media Group 

ကြံ့ခိုင်ရေးပါတီ နေ့စဉ်သတင်းစာ ထုတ်ဝေမည်

Photo: ကြံ့ခိုင်ရေးပါတီ နေ့စဉ်သတင်းစာ ထုတ်ဝေမည်

သာလွန်ဇောင်းထက်| January 17, 2013 

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်ရုံးတွင် ဇန်န၀ါရီလ ၁၇ ရက်နေ့က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေဖြင့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပြုမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှ စတင်ခွင့်ပြုသွားမည်ဟု ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း ကြံ့ခိုင်ရေးပါတီ အနေနှင့်လည်း သတင်းစာ ထုတ်ဝေနိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း ဦးဌေးဦးက ပြောသည်။

“ပြင်ဆင်နေပါတယ်။ ကျနော်တို့မှာ ဌာနရှိတယ်။ ပညာရေးဌာနက ဦးစီးပြီးလုပ်နေကြတယ်။ သတင်းစာထုတ်ဖို့ နဂိုကတည်းက ရည်မှန်းချက်ရှိတယ်။ ပါတီရဲ့အာဘော်ကို လူထုကြားမှာ ပျံ့နှံ့အောင် သတင်းစာ ထုတ်မယ်ဆိုပြီးတော့ ရည်းမှန်းချက်ရှိတယ်။ ပါတီအာဘော်ချည်းပဲ သတင်းစာထုတ်ရင်ရော အောင်မြင်ပါ့မလား၊ လူထုလက်ခံပါ့မလား၊ ဒါလည်းရှိပါတယ်။ သတင်းစာဆိုတာ သိပ်ကျယ်ပြန့်တယ်။ ဂျာနယ်တို့ မဂ္ဂဇင်းတို့နဲ့တောင် မတူဘူး” ဟု ဦးဌေးဦးက ဆိုသည်။

အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း အပတ်စဉ်ထုတ်ဝေနေသော ဒီလှိုင်းဂျာနယ်ကို နေ့စဉ်ထုတ် သတင်းစာအဖြစ် အသွင်ပြောင်း ထုတ်ဝေမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားရာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများနှင့်အတူ နိုင်ငံရေးပါတီများမှ ထုတ်ဝေသော သတင်းစာများပါ အပြိုင်အဆိုင် ထွက်ရှိလာမည်ဖြစ်သည်။

နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရာတွင် ပါတီဝင်များသာမက ပြင်ပမှ ကျွမ်းကျင်သူများကိုလည်း ခေါ်ယူလုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ နေ့စဉ်ထုတ် သတင်းစာအဖြစ် လူထုကြားတွင် အောင်မြင်ရေးသည် စိန်ခေါ်မှုများစွာရှိနေကြောင်း ဦးဌေးဦးက ဆိုသည်။

“ကျွမ်းကျင်တဲ့သူနဲ့ လုပ်ရမှာပဲ။ ပါတီဝင် ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး။ ကျွမ်းကျင်တဲ့သူတော့ ပါမှာပေါ့။ နေ့စဉ်သွားရတဲ့အထဲမှာ ပြည်သူတွေကို ဘယ်လို အချက်အလက်တွေကို ပေးမှာလဲ။ ဒါကလည်း နောက်ကျသွားရင် အဖိုးမတန်တော့ဘူး။ ဒါကြောင့် ပြည်သူတွေကို ဦးဦးဖျားဖျား သူသိချင်တဲ့ ဥစ္စာတွေ ဘယ်လိုပေးမလဲ၊ ပြည်သူတွေ သိချင်တာတွေ ဘယ်လိုဖော်ပြမလဲဆိုတာ သိပ်ပြီးတော့ ခက်ခဲတယ်။ သတင်းစာထုတ်တာ အပြောသာ လွယ်တာ၊ အလုပ်က ခက်ခဲတယ်။ ဒါကြောင့် ကျနော်တို့ ကြိုးစားနေတယ်” ဟု ဦးဌေးဦးက ပြောသည်။

ကြံ့ခိုင်ရေးပါတီအနေနှင့် စက်သုံးဆီ အရောင်းဆိုင်များ အပါအ၀င် စီးပွားရေးလုပ်ငန်းများ ထပ်မံတိုးချဲ့ရန် အစီအစဉ်ရှိ၊ မရှိ ဧရာဝတီသတင်းဌာနက မေးမြန်းရာ ဦးဌေးဦးက အဓိကအားဖြင့် ပါတီဝင်များ၏ အသင်းဝင်ကြေး၊ လှူဒါန်းငွေနှင့် စီးပွားရေးလုပ်ငန်းတချို့မှ ရရှိသော ၀င်ငွေများဖြင့် ပါတီလုပ်ငန်းနှင့် ပြည်သူ့ရေးရာဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အကျိုးအမြတ်ငွေရှာသော စီးပွားရေးကုမ္ပဏီကဲ့သို့ ဆောင်ရွက်နေခြင်း မဟုတ်ကြောင်း၊ ယခင်က ဘဏ်လုပ်ငန်းလုပ်ကိုင်ရန် စိတ်ကူးခဲ့သော်လည်း အကောင်အထည် မဖော်ဖြစ်ခဲ့ကြောင်း ဦးဌေးဦးက ဖြေကြားသည်။

“ပါတီစီးပွားရေးနဲ့ ပတ်သက်လို့ကတော့ ဆီဆိုင်တွေကိစ္စ မှန်ပါတယ်။ ဆီဆိုင်တွေကို ကိုယ်တိုင် ဦးစီးပြီး မလုပ်နိုင်ပါဘူး။ မလုပ်နိုင်တဲ့အတွက် ကျွမ်းကျင်တဲ့သူတွေနဲ့ ပေါင်းစပ်ပြီး လုပ်ပါတယ်။ ထိုက်သင့်တဲ့ အကျိုးအမြတ်ရပါတယ်။ သို့သော်လည်းပဲ တကယ်တမ်း ပြောလို့ရှိရင် ကျနော်တို့လုပ်နေတဲ့ ပြည်သူ့အကျိုး ပြုလုပ်ငန်းဆိုတာက ပါတီရဲ့စီးပွားရေးနဲ့တင် မလုံလောက်ဘူး။ ကျနော်တို့က ကုမ္ပဏီထောင်တာ မဟုတ်ဘူး။ ပိုက်ဆံတွေ အများကြီးရအောင် ရှာနေတာမဟုတ်ဘူး။ ပြည်သူတွေ ဘာလိုလဲ၊ လိုတဲ့ဟာကို ဘယ်လိုဆက်စပ်ပြီး အောင်မြင်အောင် လုပ်မလဲဆိုတာ စဉ်းစားနေကြတာ ဖြစ်တယ်။ ဒါကြောင့် စီးပွားရေးမှာ ကျနော်တို့ ၀င်ငွေရတာတွေ ရှိပါတယ်။ ပါတီဝင်ကြေးဆိုပြီး စ၀င်ဝင်ချင်း တထောင် (ပါတီဝင်တဦးလျှင် ၀င်ကြေး ၁၀၀၀ ကျပ်) ရတယ်။ (ပါတီဝင်) တသန်းရှိရင် သန်းတထောင်ရှိတာပဲ။ အဲဒါက ကျနော်တို့ဘဏ်တွေမှာ အပ်ထားတာပေါ့။ ဘဏ်အပ်ထားတော့ ဘဏ်ကပေးတဲ့အတိုး ရတာပေါ့။ ဘဏ်လုပ်ငန်းကို လုပ်မယ်လို့ စိတ်ကူးပါတယ်။ သိပ်ခက်ခဲတယ်။ အခုချိန်ထိတော့ မဖြစ်သေးပါဘူး” ဟု ၎င်းက ပြောသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီက ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေပြီး အထူးသဖြင့် ပြည်သူများနှင့် ထိတွေ့ဆက်စပ်သည့် လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ကြံ့ခိုင်ရေးပါတီတွင် လက်ရှိ သမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒုတိယ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဦးဌေးဦး၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ယခင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းက တာဝန်ယူထားသည်။

နေပြည်တော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ဧရာဝတီသတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားနေသော ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
နေပြည်တော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ဧရာဝတီသတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားနေသော ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်ရုံးတွင် ဇန်န၀ါရီလ ၁၇ ရက်နေ့က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေဖြင့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပြုမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှ စတင်ခွင့်ပြုသွားမည်ဟု ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း ကြံ့ခိုင်ရေးပါတီ အနေနှင့်လည်း သတင်းစာ ထုတ်ဝေနိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း ဦးဌေးဦးက ပြောသည်။

“ဆီးဂိမ်းလာဧည့်များအတွက် ဟိုတယ်အခန်းခ တစ်ည ဒေါ်လာ၅ဝသာ ယူရန် သတ်မှတ်”

Photo: “ဆီးဂိမ်းလာဧည့်များအတွက် ဟိုတယ်အခန်းခ တစ်ည ဒေါ်လာ၅ဝသာ ယူရန် သတ်မှတ်”


ယခုနှစ်အတွင်းပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း လာရောက်မည့် ဧည့်သည်များအတွက် ဟိုတယ်အခန်းခများကို တစ်ညဒေါ်လာ ၅ဝ သာ
ယူရန် သတ်မှတ် လိုက်ကြောင်း ရန်ကုန်ဟိုတယ်ဇုန်မှ သိရသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧည့်သည်များ တည်းခိုရန် ရန်ကုန်ရှိ ဟိုတယ်များကို ရွေးချယ်ကာ အခန်းများတောင်းယူ
ထားကြောင်း၊ အဆိုပါ အခန်းများအတွက် အခန်းခများကို တစ်ည ဒေါ်လာ ၅ဝ ယူရန် ဝန်ကြီးဌာနမှ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန် ဟိုတယ်ဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ရန်ကုန်မှာတော့ ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၅ ရက်အထိပေါ့၊ ဆီးဂိမ်း အတွက်ဆိုရင် ဒေါ်လာ ၅ဝ ပဲ၊ တစ်နိုင်ငံလုံး ဒီနှုန်းပဲ”ဟု ၄င်းက ပြောသည်။
ရန်ကုန်ရှိ ဆီဒိုးနား၊ ချက်ထရီယမ်၊ ပါ့ခ်ရွိုင်ရယ်၊ အိုလံပစ်၊ အေးရှပလာဇာ၊ ဟိုတယ်ရန်ကုန်အပါအဝင် ဟိုတယ်များမှအခန်း ၇ဝဝ ကျော်ကို ဆီးဂိမ်း
အတွက် တောင်းယူထားကြောင်း သိရသည်။

”ကျန်ဟိုတယ်တွေကိုလည်း အဲဒီရက်မှာ အခန်း ၃ဝ ရာခိုင်နှုန်း ချန်ထားပေးဖို့
ညွှန်ကြားထားပါ တယ်။ လိုအပ်ရင် သုံးဖို့ညွှန်ကြား ထားတာ”ဟု ၄င်းက
ပြောသည်။

နေပြည်တော်၊ မန္တလေး၊ ငွေဆောင် စသည်တို့တွင်လည်း ဆီးဂိမ်းအတွက် အရန်ဟိုတယ်များ ထားရှိကြောင်း၊ ဆီးဂိမ်းလာရောက် အားပေးသူများ
ဈေးသက်သာစွာ ဖြင့် တည်းခိုနိုင်ရန် ရည်ရွယ်ကြောင်း ဟိုတယ်/ခရီးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဆီးဂိမ်းအတွက် ရည်ရွယ်ကာရှိပြီးသားဟိုတယ်များအပြင် နေပြည်တော်
တွင် ဟိုတယ်အလုံး ၄ဝ၊ ရန်ကုန်တွင် ၁ဝ လုံး၊ မန္တလေးတွင် ၄ လုံးနှင့်
ငွေဆောင်တွင် ၃ လုံး အရန်ထားရှိမည်ဟု သိရသည်။

လက်ရှိတွင် ဟိုတယ်များ၏ အခန်းခနှုန်းထားများကို တစ်ညလျှင် ဒေါ်လာ ၁၅ဝ ထက်ပိုမယူရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်
ထားသည်။

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ယခုနှစ်အတွင်းပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း လာရောက်မည့် ဧည့်သည်များအတွက် ဟိုတယ်အခန်းခများကို တစ်ညဒေါ်လာ ၅ဝ သာ
ယူရန် သတ်မှတ် လိုက်ကြောင်း ရန်ကုန်ဟိုတယ်ဇုန်မှ သိရသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧည့်သည်များ တည်းခိုရန် ရန်ကုန်ရှိ ဟိုတယ်များကို ရွေးချယ်ကာ အခန်းများတောင်းယူ
ထားကြောင်း၊ အဆိုပါ အခန်းများအတွက် အခန်းခများကို တစ်ည ဒေါ်လာ ၅ဝ ယူရန် ဝန်ကြီးဌာနမှ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန် ဟိုတယ်ဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကြံ့များရှေ့ အမှတ်တရဓာတ်ပုံရိုက်သည့် အမျိုးသမီး ကြံ့ဝှေ့ခံရ”

Photo: “ကြံ့များရှေ့ အမှတ်တရဓာတ်ပုံရိုက်သည့် အမျိုးသမီး ကြံ့ဝှေ့ခံရ”


ကြံ့ကြီးများ ရှေ့တွင် အမှတ်တရဓာတ်ပုံ အရိုက်ခံခဲ့သူ အမျိုးသမီး တစ်ဦး ကြံ့က ဝင်ဝှေ့သဖြင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ကြောင်း သိရှိရသည်။

တောင်အာဖရိက နိုင်ငံတွင် သဘာဝသားရိုင်းဥယျာဉ်တစ်ခုသို့ သွားရောက်
ခဲ့သည့် ချန်တယ်လ် ဘေယာသည် ဒေသခံ သားရိုင်း တိရစ္ဆာန် စောင့်ရှောက်
သူ၏ အကြံပြုချက်အတိုင်း ကြံ့ကြီးများနှင့် နီးနီးကပ်ကပ် သွားရောက်ပြီး ဓာတ်ပုံ အရိုက်ခံခဲ့သည်။

သူမသည် ဆာဖာရီ ဥယျာဉ်အတွင်း လှည့်လည် မောင်းနှင်သည့် ယာဉ်
အတွင်းမှ အပြင်ထွက်ကာ ဓာတ်ပုံအရိုက်ခံခဲ့သည့်နောက် အဆိုပါအမှတ်တရ
ဓာတ်ပုံကို ကောင်းမွန်စွာရရှိခဲ့သော်လည်း နောက်ဆက်တွဲ ဖြစ်ရပ်ကြောင့်
ဆေးရုံပါ ရောက်သွားရရှာခြင်း ဖြစ်သည်။

Bull Rhino အမျိုးအစား ကြံ့နက်ကြီးသည် အဆိုပါ ဓာတ်ပုံကို ရိုက်ကူးပြီး စက္ကန့်ပိုင်းအတွင်း ချန်တယ်လ် ကို အရှိန်နှင့် ဝှေ့ပစ်လိုက်ခြင်း ဖြစ်သည်။

အေးချမ်းမွန်မှ  Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကြံ့ကြီးများ ရှေ့တွင် အမှတ်တရဓာတ်ပုံ အရိုက်ခံခဲ့သူ အမျိုးသမီး တစ်ဦး ကြံ့က ဝင်ဝှေ့သဖြင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ကြောင်း သိရှိရသည်။

တောင်အာဖရိက နိုင်ငံတွင် သဘာဝသားရိုင်းဥယျာဉ်တစ်ခုသို့ သွားရောက်
ခဲ့သည့် ချန်တယ်လ် ဘေယာသည် ဒေသခံ သားရိုင်း တိရစ္ဆာန် စောင့်ရှောက်
သူ၏ အကြံပြုချက်အတိုင်း ကြံ့ကြီးများနှင့် နီးနီးကပ်ကပ် သွားရောက်ပြီး ဓာတ်ပုံ အရိုက်ခံခဲ့သည်။

ဝန်ကြီးအပြောင်းအလဲကြောင့် ကုမ္ပဏီများပါ ရောင်းချမည့် မိုဘိုင်းဖုန်းကဒ်ဈေး မသတ်မှတ်နိုင်သေး

Photo: ၀န်ကြီးအပြောင်းအလဲကြောင့် ကုမ္ပဏီများပါ ရောင်းချမည့် မိုဘိုင်းဖုန်းကဒ်ဈေး မသတ်မှတ်နိုင်သေး

ဉာဏ်ဉာဏ်(မြစ်မခ)
by Myit Makha Mediagroup on 17 Jan, 2013

လက်ရှိဆက်သွယ်ရေးဝန်ကြီးအပြောင်းအလဲဖြစ်ပြီးနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထပ်မံရောင်းချသွားမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား ပုဂ္ဂလိကကုမ္ပဏီများကို ရောင်းချခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
 
လက်ရှိ ၀န်ကြီးပြောင်းလဲခွင့်ပြုခဲ့သည့်အချိန်အထိ တန်ဖိုးနည်းမိုဘိုင်းဖုန်းများအား ဈေးမည်မျှဖြင့်ရာင်းချမည်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားခြင်းမရှိသးပေ။
 
နိုင်ငံတော်သမ္မတမှ မိုဘိုင်းဖုန်းတစ်လုံးလျှင် ကျပ်(၅၀၀၀၀)နှုန်းဖြင့် ချထားပေးရန် ပြောကြားထားသော်လည်း အဆိုပါကိစ္စအတွက် ရတနာပုံတယ်လီပို့နှင့်ဆက်သွယ်ရေးကုမ္ပဏီအများစုမှ သဘောမတူသည့်အတွက် လွှတ်တော်၌ ဆွေးနွေးတင်ပြသွားမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်းကိုလည်း သိရသည်။
 
မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဦးသိန်းထွန်းနှင့် သာသာနာရေးဝန်ကြီးသူရဦးမြင့်မောင် တို့အားပြည်ထောင်စုဝန်ကြီးရာထူးမှ နိုင်ငံတော်သမ္မတရုံး၊ အမိန့် အမှတ် ၂/ ၂၀၁၃ နှင့်နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်းဇန်န၀ါရီလ(၁၅)ရက်နေ့ ညပိုင်းက  ၈နာရီ နိုင်ငံပိုင်မီဒီယာများမှတဆင့် သတင်းထုတ်ပြန်ခဲ့သည်။
 
“ ထပ်မံရောင်းချသွားမယ့် တန်ဖိုးနည်းဖုန်းတွေကိုတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအပြင် အခြားပုဂ္ဂလိက ကုမ္ပဏီတွေ ဖြစ်တဲ့ ရတနာပုံ တယ်လီပို့၊ Asia Mega Link ၊ Fortune အင်တာနေရှင်နယ်၊ မြန်မာပိတောက် Engineering and Construction ၊ E-Lite Teach Manufacturing နဲ့ Information Technology Central Service ကုမ္ပဏီ လီမိတက် အစရှိတဲ့ ကုမ္ပဏီ ၁၃ ခုကို ရောင်းချခွင့်ပြု သွားမှာပဲ ဖြစ်ပါတယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
 ကုမ္ပဏီများအနေဖြင့် တန်ဖိုးနည်း ဖုန်းများအား ရောင်းချမှုတွင်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း   ရောင်းချရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းပါက ရောင်းချခွင့်ပိတ်သိမ်းကာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တန်းဖိုးနည်း မိုဘိုင်းဖုန်းများအား နေရာ (၁၈)နေရာ၌ ရောင်းချခွင့်ပြု သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
 
 “ကုမ္ပဏီများ အနေနဲ့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကို လာရောက်ဆွေးနွေး ညှိနှိုင်းခဲ့တဲ့အတွက် အခုလို ကုမ္ပဏီများကို    ပြန်လည်ရောင်းချခွင့်ပြုတာ ဖြစ်တယ်”ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၂ ခုနှစ် ဧပြီလက ကျပ်နှစ်သိန်းတန် GSM နှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို တန်ဖိုးနည်း ဖုန်းအဖြစ် သတ်မှတ်ရောင်းချပေးခဲ့ပြီး ယင်းဖုန်းများကို ကျပ်တစ်သိန်းဝန်းကျင်ဈေးနှုန်းသတ်မှတ်၍ ရောင်းချပေးနိုင်ရန် ဇန်နဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အေးချမ်းမွန်မှ Myit Makha Mediagroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
လက်ရှိဆက်သွယ်ရေးဝန်ကြီးအပြောင်းအလဲဖြစ်ပြီးနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထပ်မံရောင်းချသွားမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား ပုဂ္ဂလိကကုမ္ပဏီများကို ရောင်းချခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

လက်ရှိ ၀န်ကြီးပြောင်းလဲခွင့်ပြုခဲ့သည့်အချိန်အထိ တန်ဖိုးနည်းမိုဘိုင်းဖုန်းများအား ဈေးမည်မျှဖြင့်ရာင်းချမည်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားခြင်းမရှိသးပေ။

နိုင်ငံတော်သမ္မတမှ မိုဘိုင်းဖုန်းတစ်လုံးလျှင် ကျပ်(၅၀၀၀၀)နှုန်းဖြင့် ချထားပေးရန် ပြောကြားထားသော်လည်း အဆိုပါကိစ္စအတွက် ရတနာပုံတယ်လီပို့နှင့်ဆက်သွယ်ရေးကုမ္ပဏီအများစုမှ သဘောမတူသည့်အတွက် လွှတ်တော်၌ ဆွေးနွေးတင်ပြသွားမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်းကိုလည်း သိရသည်။

iPhone သုံးသူများ facebook messenger ကနေ အခမဲ့ ဖုန်းခေါ်နိုင်ပြီ

Photo: iPhone သုံးသူများ facebook messenger ကနေ အခမဲ့ ဖုန်းခေါ်နိုင်ပြီ
------------------------------------------------------------------------
ဒီနေ့ပဲ ဖေ့စ်ဘုတ်ကနေ facebook messenger app ထည့်ထားတဲ့ iPhone သုံးသူများအတွက် အခမဲ့ဖုန်းခေါ်နိုင်တဲ့ စနစ် စတင်လိုက်ကြောင်း သိရပါတယ်။ လောလောဆယ် အမေရိကန်က iPhone သုံးသူများအတွက်သာ သုံးလို့ရသေးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လမှာ ကနေဒါနိုင်ငံမှာ စတင်စမ်းသပ်ခဲ့ပြီး facebook messenger မှာ အသံသွင်းပြီး မက်ဆေ့ခ်ျပါ ပို့လို့ရပါတယ်။ သုံးရတာက အလွန်လွယ်ပါတယ်။ မိမိရဲ့ iPhone ထဲက facebook messenger app ကိုဖွင့်လိုက်ပြီး ဖေ့စ်ဘုတ် အွန်လိုင်းတက်နေတဲ့ သူငယ်ချင်းနာမည်တွေထဲက ဖုန်းခေါ်လိုတဲ့တယောက်ကို ရွေးလိုက်ပါ၊ iPhone ရဲ့ အပေါ်ညာဖက်ထောင့်က တွေ့ရမယ့် i သင်္ကေတ ခလုတ်လေးကို နှိပ်လိုက်ပါ။ ပြီးတဲ့နောက် Free Call ခလုတ်နှိပ်လိုက်ရင် ရပါပြီ။ တဖက်ကသူငယ်ချင်းက push နို့တစ်ကို တွေ့ရမှာဖြစ်ပြီး ဖုန်းလက်ခံလို့ရပါတယ်။ (မှတ်ချက် - facebook messenger app ကို update လုပ်ပြီး၊ iPhone setting ထဲမှာ facebook messenger app ရဲ့ notification ကို on ထားရပါမယ်။) မကြာခင်မှာ နိုင်ငံအားလုံးက iPhone သုံးသူတွေအချင်းချင်း facebook messenger ကနေ အခမဲ့ဖုန်း ခေါ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
(Ref; The Next Web, Jan 16, 2013)

အေးချမ်းမွန်မှ Myanmar1  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဒီနေ့ပဲ ဖေ့စ်ဘုတ်ကနေ facebook messenger app ထည့်ထားတဲ့ iPhone သုံးသူများအတွက် အခမဲ့ဖုန်းခေါ်နိုင်တဲ့ စနစ် စတင်လိုက်ကြောင်း သိရပါတယ်။ လောလောဆယ် အမေရိကန်က iPhone သုံးသူများအတွက်သာ သုံးလို့ရသေးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လမှာ ကနေဒါနိုင်ငံမှာ စတင်စမ်းသပ်ခဲ့ပြီး facebook messenger မှာ အသံသွင်းပြီး မက်ဆေ့ခ်ျပါ ပို့လို့ရပါတယ်။ သုံးရတာက အလွန်လွယ်ပါတယ်။ မိမိရဲ့ iPhone ထဲက facebook messenger app ကိုဖွင့်လိုက်ပြီး ဖေ့စ်ဘုတ် အွန်လိုင်းတက်နေတဲ့ သူငယ်ချင်းနာမည်တွေထဲက ဖုန်းခေါ်လိုတဲ့တယောက်ကို ရွေးလိုက်ပါ

အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း

Wednesday, 16 January 2013 19:41

အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် အရေးကြီး အဆိုတစ်ရပ်ကို ကမာရွတ် မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

အရေးကြီးအဆိုမှာ အင်တာနက်တွင် ဖော်ပြနေသည့် Above The Law (ဥပဒေ အထက်မှာ လွှတ်တော် ရှိနေသလား) ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်ပေးပါရန် ဒေါက်တာစိုးရင်က တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။

စီမံကိန်းများရပ်ဆိုင်းပါက မြန်မာနိုင်ငံကပို၍ နစ်နာဖွယ်ရှိဟု တရုတ်စီးပွားကူးသန်းဝန်ကြီးပြောကြား

Photo: စီမံကိန်းများရပ်ဆိုင်းပါက မြန်မာနိုင်ငံကပို၍ နစ်နာဖွယ်ရှိဟု တရုတ်စီးပွားကူးသန်းဝန်ကြီးပြောကြား

ကျော်ဇင်ထွန်း(မြစ်မခ)
by Myit Makha Mediagroup on 17 Jan, 2013

ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ နေအိမ်၌  ဇန်န၀ါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်က  သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကျင်းပြုလုပ်ခဲ့သည်။ 

အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ စီးပွားကူးသန်းရောင်းဝယ်ရေး ဒုတိယ၀န်ကြီး မစ္စတာ ချန်းကျန့်၊ တရုတ်သံအမတ်ကြီး မစ္စတာ ယွန်းဟာ၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားသည့် တရုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊တာဝန်ရှိသူများနှင့်စာနယ်ဇင်းဆရာများ တက်ရောက်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များကြောင့် တရုတ်ရင်းနှီးမြှပ်နှံသူများ၏ ယုံကြည်မှုအားကို မထိခိုက်နိုင်ကြောင်း၊ လုပ်ငန်းကြီးတိုင်း အခက်အခဲရှိတတ်ကြသည်မှာ ဓမ္မတာ ပင်ဖြစ်ပြီး ပြဿနာဖြစ်ပေါ်ရသည့် အကြောင်းအရင်းကို စေ့စပ်သေချာစွာ သုံးသပ်စဉ်းစားရန် လိုကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အခက်အခဲများ ဖြေရှင်းနိုင်ပြီး ယင်းဖြစ်ရပ်များ ကြောင့်   နှစ်နိုင်ငံစီးပွားရေးတိုးတက်မှုအပေါ် ထိခိုက်မှုရှိစရာအကြောင်းမရှိကြောင်း  ဒုတိယ၀န်ကြီး မစ္စတာ ချန်းကျန့်က ပြောကြားခဲ့သည်။ 

‘ကျွန်တော်တို့ CNPC ကုမ္ပဏီက ဂက်(စ) ပိုက်လိုင်းချတဲ့နေရာမှာ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာပါ။ ပိုက်လိုင်းတွေကို   မြေအောက် ၁.၂ မီတာအနက်မှာမြှုပ်ပြီး ချထားတာ ဖြစ်ပါတယ်။ စီမံချက်လုပ်ငန်းဒေသတွင်းက ထိခိုက်နစ်နာတဲ့ လူထုအတွက်   လျော်ကြေးပေးရာမှာ လည်း ဒေသအာဏာပိုင်များ၊ ဒေသခံတောင်သူလယ်သမားများနဲ့ တိုင်ပင်ဆွေးနွေးညှိနှိုင်းပြီးမှ ပေးခဲ့တာ   ဖြစ်ပါတယ်။’ ဟု ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် သဘာဝဓါတ်ငွေ့တူးဖေါ်ရေး လုပ်ငန်းဆောင်ရွက်နေသည့် CNPC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံလိုသည့် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ  ဥပဒေများနှင့် ဒေသဓလေ့ထုံးစံ များအား လေးစားရ မည်ဖြစ်ကြောင်း ဒေသခံလူထုအတွက် စီမံချက်လုပ်ငန်းတွေ များမှ အကျိုးအမြတ်ရရှိခံစားနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

 “မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ ဒေသဓလေ့ထုံးစံတွေကို လေးစားလိုက်နာမှုမရှိတဲ့ တရုတ်ကုမ္ပဏီတွေကို လိုအပ်သလို အရေးယူဆောင်ရွက် သွားမှာပါ။ တချို့ကောလာဟာလတွေ၊ ပုံကြီးချဲ့ပြောဆိုမှုတွေကြောင့်တော့ ကုမ္ပဏီအပေါ်အတိုင်းအတာ တစ်ခုထိ ဂယက်ရိုက်မှုရှိပါတယ်။ CNPC ကုမ္ပဏီအနေနဲ့ လည်း စာနယ်ဇင်းသမားတွေကို ကုမ္ပဏီလုပ်ငန်းခွင်တည်ရှိတဲ့နေရာကို လာရောက်လေ့လာနိုင်ဖို့ ဖိတ်ခေါ်သင့်ပါတယ်။’ ဟု ဒုတိယ၀န်ကြီးချန်းကျန့်က အကြံပြု ပြောကြားခဲ့သည်။ 

 ‘နိုင်ငံတိုင်းကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲတချို့ရှိတာကလွဲလို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ အတော်လေးတိုးတက်   ကောင်းမွန်လာတာကို တွေ့ရပါတယ်။ မြန်မာအစိုးရဟာ အဲဒီအခက်ခဲတွေကို ဖြတ်ကျော်ဖို့  ကြိုးပမ်းအားထုတ်နေတာကို   တွေ့ရမှာဖြစ်ပါတယ်။ ဒီအခက်အခဲတွေဟာ ယာယီ အခက်အခဲတွေပါ။ သဘာဝသယံဇာတတွေ ပေါကြွယ်လှတဲ့ မြန်မာနိုင်ငံအဖို့ အခွင့်အလမ်းကောင်းတွေ အများကြီးရှိနေပါတယ်။ ‘ ဟု ဒုတိယ၀န်ကြီးက ဆက်ပြောသည်။ 

 ဂျပန်အပါအ၀င် အနောက်နိုင်ငံများ မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့်အတွက် တရုတ်နှင့်မြန်မာတို့၏ အကျိုးစီးပွားကို ထိခိုက်မှု မရှိနိုင်ကြောင်း တရုတ်နိုင်ငံ၌လည်း အနောက်နိုင်ငံနှင့် ဂျပန်မှကုမ္ပဏီ များစွာရှိကြောင်း ၄င်းကဆိုသည်။ 

 ‘ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးပါတယ်။ စာနယ်ဇင်းသမားတွေအနေနဲ့လည်း စီမံချက်ဒေသတွေကို ကိုယ်တိုင်သွားရောက် လေ့လာ သင့်ပါတယ်။ တိုးတက်ချင်ရင် ကျွန်တော်တို့ အပြန်အလှန်ထိတွေ့ ဆက်ဆံဖို့လိုပါတယ်။  ဒါမှသာ ကျွန်တော်တို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် နားလည်ကြမှာ ဖြစ်ပါတယ်။ အရှိကို အရှိအတိုင်း လက်ခံဖို့လည်း လိုပါတယ်။ တချို့စီမံချက်ဒေသတွေမှာ ဆန္ဒပြတဲ့သူတွေဟာ ဒေသခံတွေ မဟုတ်ဘဲ အဝေးကလာတဲ့သူတွေဖြစ်နေတာတွေ့ရတယ်။’ ဟု ဒုတိယ၀န်ကြီးက မှတ်ချက်ပြုပြောကြားခဲ့သည်။ 

တရုတ်စီမံကိန်းလုပ်ငန်းများရပ်ဆိုင်းသွားပါက တရုတ်အနေဖြင့် ထိခိုက်နစ်နာမှုရှိသည်ထက် မြန်မာနိုင်ငံအတွက်ပို၍ ထိခိုက်နစ်နာဖွယ်ရှိကြောင်း ပြောကြားကာ သတင်းစာရှင်းလင်းပွဲကို နံနက် ၁၀ နာရီ ၁၀ ခန့်တွင် ရုပ်သိမ်းခဲ့သည်။

အေးချမ်းမွန်မှ  Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ နေအိမ်၌ ဇန်န၀ါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်က သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကျင်းပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ စီးပွားကူးသန်းရောင်းဝယ်ရေး ဒုတိယ၀န်ကြီး မစ္စတာ ချန်းကျန့်၊ တရုတ်သံအမတ်ကြီး မစ္စတာ ယွန်းဟာ၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားသည့် တရုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊တာဝန်ရှိသူများနှင့်စာနယ်ဇင်းဆရာများ တက်ရောက်ခဲ့သည်။

နိုင်ငံရေး လွတ်လပ်မှု တရုတ်ထက် မြန်မာ ပိုရှိလာ

Photo: နိုင်ငံရေး လွတ်လပ်မှု တရုတ်ထက် မြန်မာ ပိုရှိလာ

လင်းသန့်| January 17, 2013 |

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံထက် နိုင်ငံရေး၊ လူမှုရေး လွတ်လပ်မှု ပိုရှိလာကြောင်း အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ အခြေ စိုက် Freedom House အဖွဲ့က ယခုနှစ်အတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Freedom House အဖွဲ့သည် ကမ္ဘာတလွှား နိုင်ငံများစွာတို့၏ နိုင်ငံရေး၊ လူမှုရေး လွတ်လပ်မှုများနှင့် ပတ်သက်၍ နှစ်စဉ် စစ်တမ်း အစီရင်ခံစာ ထုတ်ပြန်လေ့ရှိရာ ယခုနှစ်အတွက် ဇန်န၀ါရီလ ၁၆ ရက်နေ့က ထုတ်ပြန်သည့် Freedom in the World 2013 ဟူသည့် အစီရင်ခံစာ၌ ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် တချိန်က ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံးနှင့် လွတ်လပ်မှု အနည်းဆုံး နိုင်ငံများစာရင်းတွင် ပါဝင်ခဲ့ပြီး ၂၀၁၀ ပြည့် ရွေးကောက်ပွဲပြီးနောက်ပိုင်း အစိုးရသစ်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များလုပ်ဆောင်ခဲ့သည့် အတွက် ယခင်က ထက် လွတ်လပ်မှု အဆင့် တိုးတက်လာသော်လည်း ယခုအထိ လွတ်လပ်မှု မရှိသေးသော နိုင်ငံဖြစ်နေသေးကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

Freedom House ၏ စစ်တမ်းတွင် လွတ်လပ်မှု ရှိသည့် နိုင်ငံများ၊ တစိပ်တပိုင်းလွတ်လပ်မှု ရှိသည့် နိုင်ငံများနှင့် လွတ် လပ်မှု မရှိသေးသည့် နိုင်ငံများဟူ၍ သုံးမျိုးခွဲခြားပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အကြား တနှစ်တာ အတွင်း လေ့လာစောင့်ကြည့် စစ်တမ်းကောက်ယူ ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးလွတ်လပ်ခွင့်နှင့်ပတ်သက်၍ အဆင့် ၇ ရှိရာမှ အဆင့် ၆ သို့ တိုးတက်လာခဲ့ပြီး လူမှုရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပတ်သက်၍ အဆင့် ၆ မှ အဆင့် ၅ အထိ တိုးတက်လာခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

မှတ်ပုံတင်ခွင့် ပြန်လည်ပေးအပ်ခဲ့သည့်အတွက် နိုင်ငံရေးပါတီများ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ခွင့် ပေး သည့် အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှု၊ နှစ်ပေါင်းများစွာ ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်ထားသည့် မီဒီယာ၊ ပုဂ္ဂလိက ဆွေးနွေးမှု၊ အများပြည်သူ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် စုဝေးခွင့်၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း ၊ ပုဂ္ဂိလိ က လုပ်ငန်း လုပ်ပိုင်ခွင့်နှင့် အခြားသော လှုပ်ရှားမှုများအား ပိတ်ပင်တားမြစ်ခြင်းများကို ဖြေလျှော့ပေးမှုများ လုပ်ဆောင် လာခဲ့ပြီး တိုးတက်မှုများ ရှိလာကြောင်း အဆိုပါ အစီရင်ခံစာ၌ ဖော်ပြထားသည်။

Freedom in the World 2013 အစီရင်ခံစာ

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၅ နိုင်ငံ ၏ နိုင်ငံရေး နှင့် လူမှု လွတ်လပ်ခွင့် ဆိုင်ရာ သုတေသန စစ်တမ်း ကောက်ယူမှုများ လုပ် ဆောင်ခဲ့ပြီး ယခုနှစ်အတွက် အစီရင်ခံစာတွင် နိုင်ငံပေါင်း ၉၀ ၌ တိုးတက်မှုများရှိလာကြောင်း၊ ၂၇ နိုင်ငံက ဆုတ်ယုတ်သွားခဲ့ကြောင်းလည်း Freedom House အဖွဲ့က ဆိုသည်။

အာရှ-ပစိဖိတ် ဒေသနိုင်ငံများအကြား မြန်မာ၊ အိန္ဒိယ၊ ကက်ရှ်မီးယား၊ မွန်ဂိုလီးယားနှင့် တွန်ဂါနိုင်ငံတို့၌ လွတ်လပ်မှု ဆိုင်ရာ တိုးတက်မှုများ ရှိလာသော်လည်း မော်လ်ဒိုက်နှင့် သီရိလင်္ကာနိုင်ငံတို့တွင်မူ လွတ်လပ်မှုအဆင့် နိမ့်ကျသွားခဲ့ကြောင်းလည်း Freedom House အဖွဲ့ အစီရင်ခံစာ၌ ပါရှိသည်။

လွတ်လပ်မှု မရှိသေးသည့် နိုင်ငံပေါင်း ၄၇ နိုင်ငံရှိနေသေးပြီး အီရီထရီးယား၊ ဂီနီယား၊ မြေက်ကိုရီးယား၊ ဆော်ဒီ အာရေး ဗီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား၊ တာ့ခ်မန်နစ္စတန်၊ ဥဇဘက်ကစ္စတန်တို့မှာလည်း လွတ်လပ်မှုအဆင့် အနိမ့်ဆုံး နိုင်ငံများဖြစ်ကြောင်း၊ သီးခြား နယ်မြေဒေသ ၂ ခုဖြစ်သည့် တိဗက်နှင့် အနောက် ဆာဟာရ ဒေသတို့မှာ အဆိုးဆုံး အဆင့် စာရင်းတွင် ပါရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

စစ်တမ်းအရ နိုင်ငံရေးနှင့် လူမှုရေး လွတ်လပ်မှု ဆိုင်ရာ ညွှန်းကိန်း ၂ ခုလုံး အဆင့် ၁ ရရှိသည့် နိုင်ငံများတွင် အမေရိကန်၊ ယူနိုက်တက် ကင်းဒမ်း၊ ဥရုဂွေး၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ စပိန်၊ ဆလိုဗက်ကီးယား၊ ပိုလန်၊ ပေါ်တူဂီ၊ နော်ဝေ၊ နယ်သာလန်၊ နယူးဇီလန်၊ လူဇင်ဘတ် စသည့်နိုင်ငံများ ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံထက် နိုင်ငံရေး၊ လူမှုရေး လွတ်လပ်မှု ပိုရှိလာကြောင်း အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ အခြေ စိုက် Freedom House အဖွဲ့က ယခုနှစ်အတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Freedom House အဖွဲ့သည် ကမ္ဘာတလွှား နိုင်ငံများစွာတို့၏ နိုင်ငံရေး၊ လူမှုရေး လွတ်လပ်မှုများနှင့် ပတ်သက်၍ နှစ်စဉ် စစ်တမ်း အစီရင်ခံစာ ထုတ်ပြန်လေ့ရှိရာ ယခုနှစ်အတွက် ဇန်န၀ါရီလ ၁၆ ရက်နေ့က ထုတ်ပြန်သည့် Freedom in the World 2013 ဟူသည့် အစီရင်ခံစာ၌ ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် တချိန်က ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံးနှင့် လွတ်လပ်မှု အနည်းဆုံး နိုင်ငံများစာရင်းတွင် ပါဝင်ခဲ့ပြီး ၂၀၁၀ ပြည့် ရွေးကောက်ပွဲပြီးနောက်ပိုင်း အစိုးရသစ်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များလုပ်ဆောင်ခဲ့သည့် အတွက် ယခင်က ထက် လွတ်လပ်မှု အဆင့် တိုးတက်လာသော်လည်း ယခုအထိ လွတ်လပ်မှု မရှိသေးသော နိုင်ငံဖြစ်နေသေးကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

ကေအိုင်အိုနဲ့ ဆွေးနွေးဖို့ အစိုးရက နောက်ထပ်ကမ်းလှမ်းဖို့ ပြင်ဆင်နေ

Photo: ကေအိုင်အိုနဲ့ ဆွေးနွေးဖို့ အစိုးရက နောက်ထပ်ကမ်းလှမ်းဖို့ ပြင်ဆင်နေ

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မကြာခင်ရက်ပိုင်းတွေအတွင်း ထပ်မံ ကမ်းလှမ်းမယ်လို့ ငြိမ်းချမ်းရေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက RFA ကိုပြောပါတယ်။

ဒီနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ တွေ့ဆုံကြဖို့အတွက် ရည်ရွယ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၁၃ရက်နေ့က KIO အဖွဲ့ကို အစိုးရ ငြိမ်းချမ်းရေးအဖွဲ့က တရားဝင် ကမ်းလှမ်းချက်ပေးပို့ထားပေမယ့် အဲဒီ ကမ်းလှမ်းချက်ကို ဒီကနေ့အထိ ကချင် KIO ဖက်က အကြောင်းပြန်တာ မရှိသေးဘူးလို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ဒါကြောင့် မကြာခင် ထပ်မံကမ်းလှမ်းဖို့ စီစဉ်ထားတယ်ဆိုတာကို ဝန်ကြီး ဦးအောင်မင်းက Myanmar Peace center အဖွဲ့ဝင်တွေကို ရှင်းပြခဲ့တာ ဖြစ်တယ်လို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။

အေးချမ်းမွန်မှ   RFA Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မကြာခင်ရက်ပိုင်းတွေအတွင်း ထပ်မံ ကမ်းလှမ်းမယ်လို့ ငြိမ်းချမ်းရေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးလှမောင်ရွှေက RFA ကိုပြောပါတယ်။

ဒီနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ တွေ့ဆုံကြဖို့အတွက် ရည်ရွယ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၁၃ရက်နေ့က KIO အဖွဲ့ကို အစိုးရ ငြိမ်းချမ်းရေးအဖွဲ့က တရားဝင် ကမ်းလှမ်းချက်ပေးပို့ထားပေမယ့် အဲဒီ ကမ်းလှမ်းချက်ကို ဒီကနေ့အထိ ကချင် KIO ဖက်က အကြောင်းပြန်တာ မရှိသေးဘူးလို့ ဦးလှမောင်ရွှေက ပြောပါတယ်။

အောက်ခြေညီလာခံ ကိုယ်စားလှယ်ရွေးတာ မကျေနပ်တဲ့ NLD ပါတီဝင်တွေ ဆန္ဒပြ

Photo: အောက်ခြေညီလာခံ ကိုယ်စားလှယ်ရွေးတာ မကျေနပ်တဲ့ NLD ပါတီဝင်တွေ ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် မြို့နယ်မှာ ညီလာခံ ကိုယ်စားလှယ်ရွေးတာ ဒီမိုကရေစီနည်းလမ်းမကျဘူးဆိုပြီး ဒီကနေ့ ကျင်းပမယ့် NLD ပါတီညီလာခံနေ့ မှာ ဒေသခံပါတီဝင် အင်အားငါးရာကျော်ဟာ မနက် ၉နာရီကနေ ၁၂နာရီအထိ မြို့နယ်ပါတီရုံးခန်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ့ဆန္ဒပြပွဲမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ကော်မရှင်အလိုမရှိ၊ ဗဟိုဦးစီးစနစ်လုပ်ရန် အလိုမရှိ၊ မအူပင် NLD ပါတီကို ချစ်တယ်၊ ယုံကြည်တယ်၊ အမေ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တယ်၊ ယုံကြည်တယ် စတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး မအူပင်ခရိုင် မြို့နယ်လုံးဆိုင်ရာ NLD ပါတီညီလာခံကျင်းပမယ့်နေ့မှာ အခုလိုဆန္ဒပြကြတာပါ။

အခုလို ဆန္ဒပြပွဲပြုလုပ်ရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာပါဝင်တဲ့ NLD ပါတီဝင် ကိုနေမျိုးက RFA ကို အခုလို ပြောပါတယ်။

"ဒီညီလာခံကြီးဖြစ်ဖို့အတွက် နှစ်ပေါင်း ၂၀ကျော် ကျနော်တို့ စောင့်စားခဲ့ရတယ်၊ အမှန်တော့ ဒီပါတီညီလာခံဆိုတာဟာ ပါတီဝင်တွေအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဝမ်းပန်းတသာတက်ရောက်ရမယ့်ပွဲပေါ့၊ ဒီပွဲမှာဘာကြောင့် ဆန္ဒဖော်ထုတ်ပွဲတွေဖြစ်လာလဲ ရပ်ကျေးကနေစပြီး ကော်မရှင်ဖွဲ့တာတွေ ညီလာခံကိုယ်စားလှယ်လောင်း ရွေးချယ်တာတွေက တရားမျှတမှုမရှိပဲနဲ့ ထိပ်ပုတ်ခေါင်းပုတ်ရတဲ့လူ ကိုယ့်လူကိုကိုယ်ဆွဲထည့်ပြီး လုပ်သွားတယ်၊ မမျှတဘူး၊ မမျှတတဲ့အတွက်ကြောင့် ဒီဆန္ဒဖော်ထုတ်မှုတွေ ပေါ်ပေါက်လာတယ်"

ဒီကနေ့ ဆန္ဒပြပွဲဟာ တရားဝင်ခွင့်ပြုချက်ရရှိလို့ ဆန္ဒပြတာဖြစ်ပြီး တရားဝင်ဆန္ဒပြခွင့်မှာ လူဦးရေ ၂၅၀သတ်မှတ်ထားပေမယ့် တကယ်တမ်းဆန္ဒပြပွဲမှာ လူဦးရေ ၅၀၀ကျော် ပါဝင်ခဲ့ပါတယ်။

မအူပင်မြို့နယ် NLD ပါတီညီလာခံကျင်းပတာကို ဒီမိုကရေစီနည်းလမ်းကျကျ ကျင်းပပေးဖို့အတွက် ဆန္ဒထုတ်ဖော်တာဟာ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဒီဇင်ဘာလအတွင်းက တစ်ကြိမ်ဆန္ဒပြခဲ့ကြပြီး အခုအကြိမ်နဲ့ဆို ၂ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။ အဲဒီပွဲမှာ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်တွေက ပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အေးချမ်းမွန်မှ  RFA Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် မြို့နယ်မှာ ညီလာခံ ကိုယ်စားလှယ်ရွေးတာ ဒီမိုကရေစီနည်းလမ်းမကျဘူးဆိုပြီး ဒီကနေ့ ကျင်းပမယ့် NLD ပါတီညီလာခံနေ့ မှာ ဒေသခံပါတီဝင် အင်အားငါးရာကျော်ဟာ မနက် ၉နာရီကနေ ၁၂နာရီအထိ မြို့နယ်ပါတီရုံးခန်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ့ဆန္ဒပြပွဲမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ကော်မရှင်အလိုမရှိ၊ ဗဟိုဦးစီးစနစ်လုပ်ရန် အလိုမရှိ၊ မအူပင် NLD ပါတီကို ချစ်တယ်၊ ယုံကြည်တယ်၊ အမေ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တယ်၊ ယုံကြည်တယ် စတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး မအူပင်ခရိုင် မြို့နယ်လုံးဆိုင်ရာ NLD ပါတီညီလာခံကျင်းပမယ့်နေ့မှာ အခုလိုဆန္ဒပြကြတာပါ။

အခုလို ဆန္ဒပြပွဲပြုလုပ်ရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာပါဝင်တဲ့ NLD ပါတီဝင် ကိုနေမျိုးက RFA ကို အခုလို ပြောပါတယ်။

မိုဘိုင်းဖုန်းတွေကို ထက်ဝက်ဈေးနဲ့ ရောင်းချရန် အစိုးရက ခွင့်ပြုခြင်းမရှိသေး

Photo: မိုဘိုင်းဖုန်းတွေကို ထက်ဝက်ဈေးနဲ့ ရောင်းချရန် အစိုးရက ခွင့်ပြုခြင်းမရှိသေး

မကြာမီ ဈေးကွက်ထဲ ဖြန့်ချီတော့မယ့် မိုဘိုင်းဖုန်းတွေကို ကျပ်ငွေတစ်သိန်းနှုန်းနဲ့ရောင်းချဖို့ စီစဉ်ထားပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးဘူးလို့ RFA က စုံစမ်းသိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ ဂျီအက်စ်အမ်၊ စီဒီအမ်အေ စတဲ့ မိုဘိုင်းဖုန်းတွေကို ထက်ဝက်ဈေးနဲ့ ဈေးကွက်ထဲ ဖြန့်ချီဖို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အစိုးရအဖွဲ့ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းက တင်ပြခဲ့တာပါ။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မကြာခင်ရောင်းချမယ့် မိုဘိုင်းဖုန်းတွေနဲ့ ပက်သက်ပြီး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့က ထက်ဝက်လျော့ချပြီး ရောင်းမယ်ဆိုတာ အထက်အဖွဲ့အစည်းတွေကို ဝန်ကြီးဌာနကနေပြီးတော့မှ အစိုးရအဖွဲ့ရုံးတို့ ဘာတို့ကို ဆက်ပြီးတော့တင်ထားတယ်၊ တင်ထားတဲ့အခါမှာ ခွင့်ပြုမိန့်မရသေးဘူး၊ ကျနော်တို့ ဝန်ကြီးဌာနကနေ အပေါ်ကိုတင်လိုက်ပြီ၊ အပေါ်ကဘာကြောင့် ကြန့်ကြာနေသလဲဆိုတာ ကျနော်လည်း မပြောတတ်ဘူး၊ အရင်တုန်းက မကြာဘူးဗျ"

မိုဘိုင်းဖုန်းတွေကို အစိုးရနဲ့နီးစပ်တဲ့ ဦးတေဇပိုင် အီလိုက်(Elite)၊ ဦးထွန်းမြင့်နိုင်ပိုင် အေးရှားမီဂါလင့်(Asia Mega Link)၊ ဦးနေအောင်ပိုင် အိုင်ဂျီအီး(IGE) စတဲ့ ကုမ္မဏီ ၁၃ခုကနေတဆင့် ဖြန့်ချီမယ်လို့သိရပါတယ်။

ဈေးကွက်ထဲဖြန့်ချီမယ့် မိုဘိုင်းဖုန်းတွေရဲ့ဈေးနှုန်းကို အစိုးရရောင်းဈေးနဲ့ တသတ်မှတ်တည်းဖြစ်ဖို့အတွက် ဆက်သွယ်ရေးဝန်ကြီးဌာနက မိုဘိုင်းဖုန်းရောင်းချမယ့်ကုမ္မဏီတွေကို ခေါ်ယူဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ စီမံကိန်းအရ ၂၀၁၁-၁၂ မှာ မိုဘိုင်းဖုန်း ၄သန်း၊ ၂၀၁၂-၁၃ မှာ ၅သန်း စသည်ဖြင့် နှစ်အလိုက်ရောင်းချသွားဖို့ရှိတဲ့အပြင် မိုဘိုင်းဖုန်းတွေရဲ့ဈေးနှုန်းတွေကိုလည်း တဖြည်းဖြည်းချင်းလျော့ချဖို့ရှိတယ်လို့ သိရပါတယ်။

အေးချမ်းမွန်မှ   RFA Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မကြာမီ ဈေးကွက်ထဲ ဖြန့်ချီတော့မယ့် မိုဘိုင်းဖုန်းတွေကို ကျပ်ငွေတစ်သိန်းနှုန်းနဲ့ရောင်းချဖို့ စီစဉ်ထားပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးဘူးလို့ RFA က စုံစမ်းသိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ ဂျီအက်စ်အမ်၊ စီဒီအမ်အေ စတဲ့ မိုဘိုင်းဖုန်းတွေကို ထက်ဝက်ဈေးနဲ့ ဈေးကွက်ထဲ ဖြန့်ချီဖို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အစိုးရအဖွဲ့ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းက တင်ပြခဲ့တာပါ။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မကြာခင်ရောင်းချမယ့် မိုဘိုင်းဖုန်းတွေနဲ့ ပက်သက်ပြီး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက RFA ကို အခုလို ပြောပါတယ်။

အမေရိကန်မြန်မာနျူကလီယားအလုပ်ရုံဆွေးနွေးပွဲနေပြည်တော်တွင်ကျင်းပ

Photo: အမေရိကန်မြန်မာနျူကလီယားအလုပ်ရုံဆွေးနွေးပွဲနေပြည်တော်တွင်ကျင်းပ

January 17, 2013Home, သတင်း

အမေရိကန်အမျိုးသားနျူက လီးယားလုံခြုံရေးစီမံအုပ်ချုပ်မှုအဖွဲ့ နိုင်ငံတကာနျူကလီးယားလုပ်ဆောင်  မှုများ ထိန်းချုပ်စောင့်ကြပ်ရေးနှင့် နောက်တိုးလိုက်နာရန် အချက် အလက်များဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲနေပြည်တော်တွင်ကျင်းပခဲ့ ပါသည်။ အမေရိကန်ပြည်ထောင် စု စွမ်းအင်ဌာန၏ အမျိုးသား နျူကလီးယားလုံခြုံရေး စီမံအုပ်ချုပ်    မှုအဖွဲ့နှင့် မြန်မာနိုင်ငံသိပ္ပံနှင့်နည်း  ပညာဝန်ကြီးဌာန၏ အဏုမြူစွမ်း  အင်ဦးစီးဌာနတို့ ပူးပေါင်းကာ နိုင်ငံတကာနျူကလီးယားလုပ် ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်   ရေးနှင့် နောက်တိုးလိုက်နာရန် အချက်အလက်များဆိုင်ရာ အလုပ်   ရုံဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၉-၁၁ ရက်များတွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲကို အဏု မြူစွမ်းအင်ဦးစီးဌာန၊ နိုင်ငံခြားရေး  ၀န်ကြီးဌာနနှင့် အခြားဝန်ကြီးဌာန  များမှ အရာရှိ ၃၀ ဦးတက်ရောက် ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိများနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင် စီမှ ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်တက်ရောက်ခဲ့သည်။
နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ၏ နောက်ဆက်တွဲစာချုပ်  ကို အကောင်အထည်ဖော်ရာတွင်  ပါဝင်သောအချက်များ၊ လိုအပ်ချက်  များနှင့် စောင့်ကြည့်ထိန်းသိမ်းရေး  စာချုပ်၏ ထပ်မံပြင်ဆင်ချက်အပါ  အ၀င်နိုင်ငံတကာထိန်းချုပ်စောင့် ကြည့်ရေးစနစ်နှင့် ပတ်သက်သော  အသိပညာပေးမှုကို မြှင့်တင်ပေး ရန် ရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေး ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်   စီ၏ နောက်တိုးလိုက်နာရန် အချက် အလက်များကို လက်မှတ်ရေးထိုး  ရန် ရည်ရွယ်ကြောင်းနှင့် စောင့် ကြည့်ထိန်းသိမ်းရေးစာချုပ်၏ ထပ်မံပြင်ဆင်ချက်ကို အကောင် အထည်ဖော်ရန် ထုတ်ပြန်သော သမ်္မတဦးသိန်းစိန်၏ နိုဝင်ဘာ ၁၈၊ ၂၀၁၂ ထုတ်ပြန်ချက်ကို ထောက် ခံသောအားဖြင့် အလုပ်ရုံဆွေးနွေး   ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
ထို့ပြင် နောက်တိုးလိုက်နာရန်  အချက်အလက်များအပါအ၀င် ထိန်းချုပ်စောင့်ကြည့်ရေးလုပ်ငန်း  များ ဆောင်ရွက်ရန်အတွက် လိုအပ်သော အခြေခံအဆောက်  အအုံများကို အဏုမြူစွမ်းအင်အေ  ဂျင်စီက တည်ထောင်ရာ၌ ကူညီ ဆောင်ရွက်ကာ ထိန်းချုပ်စောင့် ကြပ်ရာတွင် ဆက်လက်ပူးပေါင်း  ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း များကို အမျိုးသားနျူကလီးယား     လုံခြုံရေးစီမံအုပ်ချုပ်မှုအဖွဲ့နှင့် အဏုမြူစွမ်းအင်ဦးစီးဌာနတို့ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ တွင် မိန့်ခွန်းပြောကြားခဲ့သော အမေရိကန်သံအမတ်ကြီးဒဲရက်မစ်ချဲ လ်က နောက်တိုးလိုက်နာရန် အချက်အလက်များကို အကောင် အထည်ဖော်ရာတွင် ပါဝင်ကြမည့် ၀န်ကြီးဌာနပေါင်းစုံတို့ဆွေးနွေးပွဲ တွင် ပါဝင်တက်ရောက်ခြင်း၏ အရေးပါပုံကို အလေးအနက်ထား  ပြောကြားခဲ့ပြီး တက်ရောက်လာ သူများအနေဖြင့် ဆက်ဆံရေးတည်  ဆောက်နိုင်မည့်နည်းလမ်းများကို  ဆက်လက်ရှာဖွေကြရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးဘက်ပေါင်းစုံတွင် တိုးတက်လာသည်နှင့်အမျှ နျူက လီးယားမပြန့်ပွားရေးစနစ်ကို ထောက်ခံအားပေးရာတွင် ယင်း တို့၏ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားနိုင်မည့်အလားအလာ  ရှိသော နည်းလမ်းများကို ရှာဖွေ  ကြရန်တိုက်တွန်းခဲ့ပါသည်။

 ဥယျာဉ်မှူး

အေးချမ်းမွန်မှ   The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
January 17, 2013Home, သတင်း

အမေရိကန်အမျိုးသားနျူက လီးယားလုံခြုံရေးစီမံအုပ်ချုပ်မှုအဖွဲ့ နိုင်ငံတကာနျူကလီးယားလုပ်ဆောင် မှုများ ထိန်းချုပ်စောင့်ကြပ်ရေးနှင့် နောက်တိုးလိုက်နာရန် အချက် အလက်များဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲနေပြည်တော်တွင်ကျင်းပခဲ့ ပါသည်။ အမေရိကန်ပြည်ထောင် စု စွမ်းအင်ဌာန၏ အမျိုးသား နျူကလီးယားလုံခြုံရေး စီမံအုပ်ချုပ် မှုအဖွဲ့နှင့် မြန်မာနိုင်ငံသိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၏ အဏုမြူစွမ်း အင်ဦးစီးဌာနတို့ ပူးပေါင်းကာ နိုင်ငံတကာနျူကလီးယားလုပ် ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ် ရေးနှင့် နောက်တိုးလိုက်နာရန် အချက်အလက်များဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၉-၁၁ ရက်များတွင် နေပြည်တော်၌ ကျင်းပခဲ့သည်။

စက်ရုပ်လုပ်သားများနှင့် လည်ပတ်သော တရုတ်စားသောက်ဆိုင်

Photo: စက်ရုပ်လုပ်သားများနှင့် လည်ပတ်သော တရုတ်စားသောက်ဆိုင်

လူလုံးဝ မပါပါဘူး။ ဆိုင်တစ်ခုလုံး စက်ရုံကချည်း အလုပ်လုပ်နေတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၈ သန်းမက ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက် ချက်တာကအစ စက်ရုပ်တွေဆိုတော့ တကယ့် ထူးခြား အံ့သြဖွယ်ရာပါပဲ။ တရုတ်က စတဲ့ နည်းပညာတစ်ခုလုံး မှတ်တမ်း တင်ရလောက်ပါတယ်။ စားပွဲထိုး၊ စားဖိုမှူး၊ သန့်ရှင်းရေး၊ ဖော်ဖြေရေး အစရှိသဖြင့် အားလုံးတို့က စက်ရုပ်တွေချည်း ပြုလုပ်တာ ဖြစ်ပါတယ်။

စင်ပေါ်မှာ စက်ရုပ်ကသီချင်းဆိုပြ၊ ကပြပါတယ်။ ဆိုင်ထဲမှာ စက်ရုပ်တွေ သွားလာဖို့အတွက် လမ်းလုပ်ပေးထားပြီး သူ့လည်ပတ်မှု ပုံစံအတိုင်း သွားလာ နေပါတယ်။ အစားအသောက် ချက်ခန်းမှာလည်း စက်ရုပ်စားဖိုမှူး များ ကိုယ်တိုင်ချက်ပြုတ်နိုင်အောင် ပရိုဂရမ်သွင်းထားပြီး သူ့ပုံစံအတိုင်း လည်ပတ်နေပါတယ်။ ယင်း စက်ရုပ်အားလုံးကို အရေးအကြောင်း ဆိုရင် သိအောင် Control Room ကနေလည်း ထိန်းချုပ် ပေးနိုင်ပါတယ်။

သူတို့အတွက် ထမင်းစားချိန်လည်းပေးပါတယ်။ စက်ရုပ်ဆိုတော့ ထမင်း မစား ပါဘူး။ လျှပ်စစ်ဓာတ်အားသွင်းတဲ့အချိန်က ထမင်းစားချိန်ပါပဲ။ ၂ နာရီအားဖြည့်ပြီးရင် ၅ နာရီမနားတမ်းအလုပ်လုပ်မှာ ဖြစ်ပါတယ်။ ယင်း ကဲ့သို့ စက်ရုပ်တွေချည်း လုပ်ကိုင်သော စက်ရုပ်စားသောက်ဆိုင်ကို တရုတ်နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/blog-post_16.html

အေးချမ်းမွန်မှ   TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
လူလုံးဝ မပါပါဘူး။ ဆိုင်တစ်ခုလုံး စက်ရုံကချည်း အလုပ်လုပ်နေတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၈ သန်းမက ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက် ချက်တာကအစ စက်ရုပ်တွေဆိုတော့ တကယ့် ထူးခြား အံ့သြဖွယ်ရာပါပဲ။ တရုတ်က စတဲ့ နည်းပညာတစ်ခုလုံး မှတ်တမ်း တင်ရလောက်ပါတယ်။ စားပွဲထိုး၊ စားဖိုမှူး၊ သန့်ရှင်းရေး၊ ဖော်ဖြေရေး အစရှိသဖြင့် အားလုံးတို့က စက်ရုပ်တွေချည်း ပြုလုပ်တာ ဖြစ်ပါတယ်။

ခရိုနီတွေ စိပ်တဲ့ဂါထာ..


Related Posts Plugin for WordPress, Blogger...

ShareThis