menu

Thursday 23 January 2014

CNPA အထည်ချုပ် ကြို/ပို့ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက် လူနှစ်ဦး သေဆုံးမှု ဖြစ်ပွား

Photo: CNPA အထည်ချုပ် ကြို/ပို့ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက် လူနှစ်ဦး သေဆုံးမှု ဖြစ်ပွား

ရန်ကုန်   ဇန်နဝါရီ   ၂၂

ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ မြို့နယ်၌ ယနေ့ နံနက်ပိုင်းက   CNPAအထည်ချုပ် ဖယ်ရီ  ကြို/ပို့ယာဉ်နှင့် ဆိုင်ကယ်တို့   မျက်နှာချင်းဆိုင် တိုက်မိပြီး  လူနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ယာဉ်မောင်း (စုံစမ်းဆဲ) ယာဉ်အမှတ်၃က/----  (ဒိုင်နာ) အငှားယာဉ်သည် CNPA အထည်ချုပ် ဝန်ထမ်းများကို တင်ဆောင်လျက်   စက်မှုဇုန်(၂) မက္ခရာမင်းသားကြီး မောင်ပျိုလမ်းအတိုင်း မြောက်မှတောင်ဘက်သို့ မောင်းနှင်လာပြီး  ဦးမှိုလမ်းဆုံ အရောက်တွင် ဦးမှိုလမ်းအတိုင်း အရှေ့မှ အနောက်သို့   စီးနင်းလာသော ဆိုင်ကယ်(မောင်းနှင်သူ စုံစမ်းဆဲ) အမှတ်မပါ (Hi Bo Bo) CZI-125 နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ၃က/-----ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ယာဘက် လမ်းဘေး ပလက်ဖောင်းအတွင်းသို့ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်ပွားရာ နေရာတွင် ယာဉ်ကို ထားခဲ့ကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။ ဆိုင်ကယ် စီးနင်းလာသူ  (အမည်နေရပ်လိပ်စာ စုံစမ်းဆဲ)မှာ  ဦးခေါင်းကြေမွ၊ ဝဲပေါင်ရင်း စုတ်ပြဲဒဏ်ရာများ ရရှိကာ  အခင်းဖြစ် နေရာတွင် သေဆုံး သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့်  ၃က/----- ယာဉ်ပေါ်ပါသူ CNPA အထည်ချုပ်စက်ရုံ ဝန်ထမ်း ၂၁ ဦး ဒဏ်ရာများ ရရှိပြီး အင်းစိန်ဆေးရုံ သို့ တင်ပို့ကုသလျက် ရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာ ရရှိသူများအနက်  အင်းစိန်ဆေးရုံသို့  အတွင်းလူနာ အဖြစ် တင်ပို့ကုသလျက် ရှိသော မချိုချိုလွင် ၂၆ နှစ်သည်  ဆေးဝါး ကုသနေစဉ် သေဆုံး သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍  လှိုင်သာယာ မြို့မရဲစခန်းမှ (ယာဉ်)/(ပ)၁၁/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇/ ၂၇၉/၂ဝ၂ အရ အရေးယူ ထားရှိပြီး အမှတ်(၁၇) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ယာဉ်မှုစစ် ရဲအုပ်သန်းဇော်ဦးက ဆက်လက်စုံစမ်း စစ်ဆေး ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/crimenews/item/35131-2014-01-22-12-28-50

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis