menu

Thursday 23 January 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါက ဝမ်းမြောက်ဝမ်းသာလက်တွဲခေါ်မည်ဟု ဦးရွှေမန်းပြော


နေပြည်တော်၊ မဇ္ဈိမ။ ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦးက မေးမြန်းခြင်းကို ပြန်လည်ဖြေကြားရာတွင် "အမကြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင်လည်း မိမိအနေဖြင့် ဝမ်းမြောက်ဝမ်းသာ လက်တွဲခေါ်ပါမယ်"ဟု သူရဦးရွှေမန်းက ဖြေကြားခဲ့သည်။

သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံအတွင်း နေ့လည် ၁နာရီမှစတင်ကာ ၃၅မိနစ်ခန့် ပြုလုပ်ခဲ့သည်။

(မဇ္ဈိမသတင်းဌာန )


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis