menu

Thursday 23 January 2014

ကျွဲရှင်းကျေးရွာအနီး၌ ထူးခြားသည့်ခြေရာတစ်ခုတွေ့ရှိ

Photo: ကျွဲရှင်းကျေးရွာအနီး၌ ထူးခြားသည့်ခြေရာတစ်ခုတွေ့ရှိ

နေပြည်တော်  ဇန်နဝါရီ  ၂၂

နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် မင်းကုန်း ကျေးရွာအုပ်စုရှိ ကျွဲရှင်းကျေးရွာ၏ အနောက်ဘက် ခြောက်ဖာလုံခန့် အကွာ  နတ်သမီးလျှို ပြည်လုံးချမ်းသာ စေတီတော်အောက်ဘက် လယ်ကွက်နံဘေး၌ အရှည် ခြောက်ပေကျော်ရှိ ထူးဆန်းသည့် ဘယ်ဘက် ခြေရာတစ်ခုကို ဇန်နဝါရီ ၉ ရက်က တွေ့ရှိခဲ့ကြောင်း ခြေရာ ထိန်း သိမ်းရေး ဥက္ကဋ္ဌ ဦးဖိုးတုတ် ထံမှ သိရသည်။ အဆိုပါ ထူးဆန်းသည့် ခြေရာကို ကျွဲရှင်းကျေးရွာမှ ငါးကျင်စက်ထိုး သူ အသက် ၁၆ နှစ် အရွယ်ရှိ မောင်ဖိုးထောင် ဆိုသူက ဦးကြာညွန့်၏ လယ်ကွက်နံဘေး လမ်းပေါ်မှ စတင်တွေ့ ရှိခဲ့ကြောင်း၊ အဆိုပါ ထူးဆန်းသည့်ခြေရာ တွေ့ရှိခြင်းကို  ကျွဲရှင်းကျေးရွာရှိ ဦးဖိုးတုတ်အား အသိပေးအကြောင်း ကြားခဲ့ရာမှ ခြေရာကို ဦးဖိုးတုတ် ဦးဆောင်၍ ကာကွယ်ပြီး ခြေရာ ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းကာ ယနေ့တိုင် ထိန်းသိမ်းထားရှိကြောင်း၊

ခြေရာ၏ ထူးခြားမှုအဖြစ် ဇန်နဝါရီ ၁၂ ရက် ညနေ ၅ နာရီခွဲ နောက်ပိုင်းက ၎င်းခြေရာ ပေါ်မှ စေတီတစ်ဆူနှင့် ဝတ် ရုံခြုံထားသည့် ဆရာတော် တစ်ပါး၏ ပုံရိပ် တွေ့ရှိရကြောင်း၊ ဓာတ်ပုံရိုက်ကူး၍ ရရှိသော်လည်း ဓာတ်ပုံကူးယူ၍ မရကြောင်း၊ အဆိုပါ  ခြေရာကို အတိအကျ တိုင်းထွာ၍ မရဘဲ တစ်ဦးတိုင်းလျှင် တစ်မျိုး၊ နောက်တစ်ဦးတိုင်းလျှင် တစ်မျိုး ဖြစ်နေကြောင်း၊  ဇန်နဝါရီ ၁၅ ရက် (ပြာသိုလပြည့်နေ့) ညတွင်မူ ကျွဲရှင်းရွာသူ၊ ရွာသားများမှ  ယင်းခြေရာ ၌ ဆီမီး ၁ဝဝဝ ပူဇော်ပြီးမှ ဓာတ်ပုံရိုက်ကူး၍ ရရှိကြောင်း၊ လပြည့်ကျော် ၁ ရက်တွင် ခြေရာအတွင်းမှ ရောင်ခြည် တော်များ ထွက်ပေါ်လာကြောင်း၊ ယခုအခါ အဆိုပါ ကျွဲရှင်းကျေးရွာရှိ ခြေရာသို့ နေပြည်တော် ပတ်ဝန်းကျင်ရှိ ဘုရားဖူးပြည်သူ  ၁ဝဝဝဝ ခန့် နေ့စဉ် ဖူးမြော်လျက်ရှိကြောင်း ခြေရာ ထိန်းသိမ်းရေးဥက္ကဋ္ဌ  ဦးဖိုးတုတ်ထံမှ သိရ သည်။ 

http://www.myawady.net.mm/allnews/localnews/item/35067-2014-01-22-08-26-57

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis