menu

Thursday 23 January 2014

" ရန်ကုန်တက္ကသိုလ် ပညာရေးဆိုင်ရာ ဆွေးနွေးပွဲဖိတ်စာပါ အသုံးအနှုန်းမကြိုက်၍ တက္ကသိုလ် ဆရာအသင်းများ သပိတ်မှောက် "

Photo: " ရန်ကုန်တက္ကသိုလ် ပညာရေးဆိုင်ရာ ဆွေးနွေးပွဲဖိတ်စာပါ 
အသုံးအနှုန်းမကြိုက်၍ တက္ကသိုလ် ဆရာအသင်းများ သပိတ်မှောက် "

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပနေသော ပညာရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဉ် မူကြမ်းဆွေး နွေးပွဲ အစပိုင်းပွဲမစခင်မှာ ပင်တက္ကသိုလ် ဆရာ/ဆရာမအသင်းများက ဆွေးနွေး ပွဲကို သပိတ်မှောက်ကာ ထွက်ခွာခဲ့ ကြောင်းသိရသည်။ လက်တွေ့ကျသော ပညာရေးမြှင့် တင်မှု လုပ်ငန်းများကို အကောင်အ 

ထည်ဖော်ရန်အတွက် ပညာရေးမြှင့်တင် မှု အကောင်အ ထည်ဖော်ရေးကော်မတီ က ညှိနှိုင်းဆွေးနွေးပွဲကို ၃ ရက်ကြာ ပြုလုပ်လျက်ရှိသည်။ 
 
ထိုပွဲ စတင်သည့် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင်ပင် အရှေ့ပိုင်းတက္ကသိုလ်၊ အနောက်ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ် အပါအဝင် ရန်ကုန်အဝေး သင် တက္ကသိုလ်ဆရာ/ဆရာမအသင်း အားလုံးက အစည်းအဝေးကို သပိတ်မှောက်ကာ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ 
 
၎င်းတို့ ထိုသို့ထွက်ခွာသွားခြင်းမှာ ပညာရေးမှ ဖိတ်ကြားစာပါ အသုံးအ နှုန်းကို မကြိုက်ခြင်းကြောင့် ဖြစ်သည် ဟုပြောသည်။ ထို့အတူတက္ကသိုလ် ဆရာ/ဆရာမအသင်းများက ထွက်ခွာမှု ပြုလုပ်ခဲ့ခြင်းကြောင့် ဗကသများအဖွဲ့ချုပ် မှ အဖွဲ့ဝင်အချို့လည်းလိုက်ပါကာ ထွက် ခွာသွားမှုလည်း ရှိခဲ့သည်ဟုသိရသည်။

တက္ကသိုလ်ဆရာ/ဆရာမ အသင်းများက ၎င်းတို့ ထွက်ခွာသွားခဲ့ရခြင်းအ ကြောင်းကို ယင်းနေ့ နေ့လယ်တွင် ပင် ကြေညာချက်ထုတ်ကာ အသိပေးခဲ့သည်။
 
ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဆရာ/ဆရာမ အသင်းမှ ဦးသန်းထိုက် အောင်က ''ကျွန်တော်တို့ကိုတန်းတူ ရည်တူ မဆက်ဆံဘူး။ မရိုးမသားလုပ် တယ်။ ဒါကြောင့် မတက်တော့ဘဲ ထွက် လာတာ'' ဟု ပြောသည်။ တက္ကသိုလ်ဆရာ/ဆရာမ အသင်းများမှ ထိုသို့ထွက်ခွာခဲ့သဖြင့် ကျောင်းသားသမဂ္ဂ (ယာယီ)မှလည်း လိုက်ပါ 
ထွက်ခွာသွားခဲ့သည်ဟု သိရသည်။ တက္ကသိုလ်ဆရာ/ဆရာမ အသင်းဝင်များ၏ပြောပြချက်အရ ပညာရေးဝန် ကြီးဌာန၏ဖိတ်ကြားလွှာတွင် တက် ရောက်လိုပါကြောင်း သိရှိရသည့်အတွက် ဟုဖော်ပြထားခြင်းနှင့် မူလလုပ်ငန်းများ မထိခိုက်စေဘဲ အစည်းအဝေးလာ ရောက်ရန်ဟု ပါရှိသည်ဟု သိရသည်။
 
''ကျွန်တော်တို့က တန်းတူရည်တူ ဆွေးနွေးချင်တာ။ ဒါကိုလည်း သဘောတူပြီးပါမှ ဒါကျွန်တော်တို့ကို သက်သက်နှိမ်တာ။ နောက်တစ်ခုက ခိုင်းစရာရှိရင် ခေါ်ခိုင်းပေမဲ့ (ဥပမာ ဆယ်တန်းစာမေး ပွဲလိုမျိုး) ဒီဟာကျတော့ မူလတာဝန်ကို မထိခိုက်စေနဲ့လို့ပါတယ်။ ဒီပွဲတက်ရင် စာသင်တာပျက်မှာပဲ။ နောက်တစ်ခုကခုပွဲကိုကျွန်တော်တို့ကပဲ 
တက်ဖို့ တောင်း ဆိုခဲ့သလိုမျိုး ဒီအသုံးအနှုန်းကို မကြိုက် လို့ပါ'' ဟု ဦးသန်းထိုက်အောင်ကပင် ဆက်ပြောသည်။ ထိုဆရာများ ထွက်ခွာသွားမှုအ အပေါ် ပညာရေးဝန်ကြီးဌာနက တာ ဝန်ရှိသူအချို့မှ ဆက်သွယ်မှုအချို့ ပြု လုပ်ကာ ပြန်လည်ခေါ်ယူမှုရှိခဲ့သည်ဟု ၎င်းထံမှ သိရသည်။ ယင်းအဖွဲ့ ထွက်ခွာသွားသော်လည်း NLD ပါတီပါဝင်သော  NNER အဖွဲ့၊ ကျောင်းသားသမဂ္ဂအဖွဲ့များက ကျန်ရစ်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေခဲ့ သည်ဟု ကျောင်းသားသမဂ္ဂအဖွဲ့မှ ကိုဒီငြိမ်းလင်းက ပြောသည်။

PN-051 ၊ ဇေဝေယံ

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis