menu

Thursday 9 January 2014

လွတ်လပ်စွာသတင်းရယူခွင့်အတွက် အခြားသူများ၏ အခွင့်အရေးကို မထိခိုက်သင့်ဟု ဦးရဲထွဋ်ပြော


တင်ဇာအောင်|ဇန်န၀ါရီလ ၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်

ရန်ကုန်အခြေစိုက် သတင်းသမားများ ဇန်န၀ါရီ ၇ ရက်က ဆန္ဒဖော်ထုတ်တောင်းဆိုသော လွတ်လပ်စွာ သတင်းရယူခွင့်ရှိရေးသည် အငြင်းပွားဖွယ်ရာမဟုတ်သော်လည်း အခြားသူများ၏ အခွင့်အရေးကို မထိခိုက်စေရန် ဂရုပြုသင့်သည်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒု-၀န်ကြီးဦးရဲထွဋ်က ပြောဆို သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၁၉ အရ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်ခွင့်ရှိသည်ဟူသည့် ပြဋ္ဌာန်းချက်နှင့်အပိုဒ်၂၉ တွင် ပါရှိ သည့် လူတိုင်းသည် အခြားသူများ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုအသိအမှတ်ပြုရန်လိုသည် ဟူသည့် ပြဋ္ဌာန်းချက်တို့ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

“ဒါကြောင့် ၁၉ နဲ့၂၉ ကိုသာ ဟန်ချက်ညီအောင် ကျင့်သုံးမယ်ဆိုရင်တော့ ပြဿနာမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်”ဟု ဦးရဲထွဋ်က ပြောသည်။

ဇန်န၀ါရီ ၇ ရက်တွင် သတင်းသမားများဆန္ဒဖော်ထုတ်ခြင်းသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ The Daily Eleven သတင်းစာ၏ နယ်သတင်းထောက် မခိုင်(ခ)နော်ခိုင်ခိုင်အေးချို ထောင်ဒဏ်ချမှတ်ခံရခြင်း အပေါ် မှန်ကန်သည့်တရားစီရင်ရေး လုပ်ဆောင်ပေးရန်နှင့် လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။



အဆိုပါသတင်းထောက်ကို တရားရုံးမှအမိန့်ချမှတ်လိုက်ခြင်းသည် သတင်းရယူခွင့်ကို ခြိမ်းခြောက်မှုတစ် ရပ်ဖြစ်သကဲ့သို့ နိုင်ငံသားတစ်ဦးအား မျှတမှုမရှိသည့် တရားစီရင်မှုတစ်ရပ်လည်းဖြစ်သည်ဟု ဆန္ဒပြခဲ့ ကြသည့် သတင်းစာဆရာများက ဆိုသည်။

လွိုင်ကော်မြို့မှ The Daily Eleven ၏ သတင်းထောက် မခိုင်ကို လွိုင်ကော်မြို့နယ်တရားရုံးမှ ဒု-မြို့နယ် တရားသူကြီး ဦးမြမင်းဟန်က ဒီဇင်ဘာ ၁၇ ရက်၌ ပြစ်မှုပုဒ်မ ၄၅၁ (ပိုင်နက်ကျူးလွန်မှု)ဖြင့် ထောင်ဒဏ် သုံးလ၊ ပြစ်မှုပုဒ်မ ၅၀၀ (အသရေဖျက်မှု) အရ ထောင်ဒဏ်တစ်လနှင့် ပြစ်မှုပုဒ်မ၂၉၄(ခ) (ညစ်ညမ်းစွာ ပြောဆိုမှု)ဖြင့် ထောင်ဒဏ်တစ်လတို့ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

Mizzima

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis