menu

Thursday 9 January 2014

ဝါးလုံးခေါင်းထဲ မြုပ်နေတဲ့ လ ကမ္ဘာမှာ ‘သာ’ နိုင်ဖို့ အိပ်မက်နေသူ (သို့မဟုတ်) မြန်မာမဟုတ်တဲ့ ခြင်းလုံး ချစ်သူ

Photo: ဝါးလုံးခေါင်းထဲ မြုပ်နေတဲ့ လ ကမ္ဘာမှာ ‘သာ’ နိုင်ဖို့ အိပ်မက်နေသူ (သို့မဟုတ်) မြန်မာမဟုတ်တဲ့ ခြင်းလုံး ချစ်သူ

”ဝိုက်ကြီး၊ မဟာဒူး၊ ထပ်ခြေဖဝါး၊ စလွယ်” လူခြောက်ယောက်ခန့် က ဝိုင်း လယ်မှ လူ ခတ်ပြနေသည် ကို သံပြိုင် လိုက်အော်နေသည်။ ထို့အတူ ယင်းလူ ကလည်း ကျွမ်းကျင် ပိုင်နိုင်စွာပင် အသက်အရွယ်နှင့် မလိုက်၊ ပေါ့ပါးစွာဖြင့် ပညာအစွမ်း ပြနေသည်။ လူခြောက် ယောက်နှင့် ဝိုင်းလယ် မှ လူတစ်ယောက် မန္တလေးမြို့ တစ်နေရာ တွင် မြန်မာ့ဝိုင်း ခြင်းကို ပိုင်နိုင်စွာ ခတ်နေကြခြင်း ဖြစ် သည်။ ထူးဆန်းသည်မှာ မြန်မာ့ ဝိုင်းခြင်း အလှပြကို ခတ်နေသည့် ဝိုင်းလယ်မှ လူမှာ မြန်မာနိုင်ငံသား တစ်ဦး မဟုတ်ဘဲ နိုင်ငံခြားသား တစ်ဦး ဖြစ်နေသည်။

”ကျွန်တော်က မြန်မာ့ ရိုးရာခြင်းကို ချစ်တယ်။ ဒါကြောင့် လေ့လာခဲ့တယ်။ နေ့တိုင်းခတ်တာ နှစ်သုံးဆယ် ရှိပြီ”ဟု ဆိုသည်။ ထိုသူကား ကနေဒါနိုင်ငံသား အသက် ၆ဝ အရွယ် Mr Grec Hamilton ဆိုသူဖြစ်သည်။ သူက မြန်မာ့ ရိုးရာခြင်း ကို ၁၉၈၁ ခုနှစ် ကနေဒါနိုင်ငံ ၏ ပန်းခြံ တစ်ခုထဲမှာ မြန်မာလူ မျိုးတစ်ဦးခတ်နေသည် ကို တွေ့ခဲ့ရာ စတင် စိတ်ဝင်စားလာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှ စ၍ မေးမြန်း စူးစမ်းရင်းလေ့ လာမှုတွေ ပြုလုပ်ခဲ့သည် ဟု သူကဆို သည်။ ၁၉၈၃ ခုနှစ် အချိန် မှာတော့ သူ အနည်း အကျဉ်းခတ် တတ်လာခဲ့သည်။ သို့သော် သူက အားမရ။ မြန်မာပြည်ကို လာရောက် လေ့လာဆည်းပူးဖို့ ကြိုးစားခဲ့သည်။ ၁၉၈၆ ခုနှစ် မှာတော့ မြန်မာ ပြည် ကို ရောက် ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာ့ရိုးရာ ခြင်းလုံးအား နဖူးတွေ့ ဒူး တွေ့ စတင် လေ့လာနိုင်ခဲ့သည် ဟု Mr Grec Hamilton က ပြောသည်။

”စသင် သင်ခြင်းတော့ အခက်အ ခဲတွေ အများကြီး ရှိတာပေါ့။ ဆိုးတာက သင်ပေးချင်တဲ့ လူက သင်ပေးချင်ပါ တယ်။ ဒါပေမဲ့ သူကလည်း အင်္ဂလိပ် စကားမတတ်၊ ကိုယ်က လည်း မြန်မာ စကားမတတ် နဲ့ အခက်အခဲတွေ အများ ကြီး ရှိခဲ့တာပေါ့”ဟု သူ့ရဲ့ အတွေ့အကြုံ ကို ရှင်းပြသည်။ သူက နိုင်ငံတော်တော် များများကို သွားခဲ့ ဖူးသော်လည်း မြန်မာ့ ရိုးရာခြင်းလုံး ကို ဘယ်နိုင်ငံမှာမှ မတွေ့ဖူးခဲ့ပေ။ သို့သော် ထိုင်းနိုင်ငံ မှာ တော့ တွေ့ဖူးခဲ့ပြီး သူခတ်ချင်သည့် ဝိုင်းခြင်းတော့ မဟုတ် ပိုက်ကျော်ခြင်း ဖြစ်နေသည်။ သူက ပိုက်ကျော်ခြင်း တော့ စိတ်မဝင်စား၊ ဝိုင်းခြင်းပဲ ခတ်ချင် သည်။ ထိုတစ်ခု တည်း အတွက်နှင့် မြန်မာပြည်ကို လာရောက် ခဲ့ခြင်းဖြစ် သည်။

”ကျွန်တော်က ဝိုင်းခြင်း ကစား နည်းကိုပဲ ချစ်တာ”ဟု ဆိုသည်။ ထို့အ တွက်ကြောင့် သူ့တွင် ကစားဖော်များ များစားစား မရှိ။ ကနေဒါနိုင်ငံ တွင် သူ နှင့် ကစားဖော် သူ၏ သူငယ်ချင်း ဘော လုံးသမား တစ်ယောက်သာ ရှိပြီး တစ်ခါ တစ်ခါ သူနှင့် အတူ ကစားဖော် အများ ဆုံးမှာ သုံးယောက်သာ ရှိသည်ဟု သူ က ရင်ဖွင့်သည်။ လူအများနှင့် ဝိုင်းပြီး ခြင်း အစွမ်းပြချင်သော သူ့အတွက် မြန်မာ့ ရိုးရာခြင်း ကျွမ်းကျင်သူတွေ အ များ အပြားရှိတဲ့ သူနဲ့ ကစားဖော်တွေ အမြောက်အမြား ရှိတဲ့ မြန်မာနိုင်ငံသို့ မဖြစ်မနေ လာရောက် ခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ယနေ့ အချိန်ထိ မြန်မာ နိုင်ငံသို့ အကြိမ်ပေါင်း ၃၅ ကြိမ် ခန့် လာရောက် ခဲ့ပြီး တစ်ခေါက်လျှင် ၁ လနှင့် ၂ လခန့် အကြာ အထိ နေထိုင်ကာ ပညာတွေ အမြောက် အမြား သင်ယူခဲ့ သည်ဟု ဆိုသည်။

ပွဲများတွင် လည်း ဝင်ခတ်ခဲ့သည်။ တစ်ခါတစ်ခါ ဗီဇာ အခက်အခဲကြောင့် ထိုင်းသို့ ပြန်သွားပြီးမှ မြန်မာနိုင်ငံ သို့ တစ်ခါ ပြန်လာ ရသည်များလည်း ရှိ သည်။ သူက ခြင်းကို ခတ်နေ ရုံဖြင့် အားမရ။ မြန်မာ့ ရိုးရာခြင်းကို ကမ္ဘာက သိစေချင်သည်။ ကမ္ဘာသိ အားကစား နည်း ဖြစ်စေချင်သည်။ ထို့အတွက် ကြောင့် Documentary တစ်ခု ရိုက်ဖို့ ဆုံးဖြတ် ခဲ့သည်။ ၁၉၉၇ ခုနှစ်ခန့်က စတင် အကောင်အထည် ဖော်ခဲ့သည်။ ၂ဝဝ၁ ခုနှစ် မှာမှ အပြီးသတ်နိုင်ခဲ့သည် ဟုMr Grec Hamilton က ပြော သည်။

”ကနေဒါမှာ နည်းနည်း ရိုက်လိုက် မြန်မာပြည်မှာ နည်းနည်း ရိုက်လိုက်နဲ့ ကြာတာပေါ့။ အခက်အခဲတွေ ကတော့ အများကြီးပဲ။ ကောင်းချင် တာကြောင့်ပါ” ဟုသူက ဆိုသည်။ အဆိုပါ Documentary ကိုကြည့်ခြင်းအားဖြင့် သူ မြန်မာ့ ခြင်းလုံးကို ဘယ်လောက် ချစ်ကြောင်း မြန်မာ့ခြင်းလုံး သမိုင်းကို ဘယ်လောက် ထိလေ့လာ ထားကြောင်း သိလိမ့်မည်ဟု သူက ဆိုပါသည်။

Documentary အချောသတ်ပြီး စီးချိန်မှာတော့ နိုင်ငံတကာ Film Festival ပွဲတော်တွေမှာ အခွင့်သာလျှင် သာသလို ဝင်ရောက်ပြသခဲ့သည်။ အဓိက ကတော့ မြန်မာ့ ရိုးရာခြင်းကို လူတွေ သိလာဖို့ ဖြစ်သည်။ စီးပွားရေး အရ ငွေကြေး တစ်စုံတစ်ရာ မျှော်လင့် ခဲ့ခြင်း မရှိဟု Mr Grec Hamilton က ပြောသည်။

”အဓိကက လူတွေ မြန်မာ့ ရိုးရာခြင်းလုံး အကြောင်းကို စိတ် ဝင်စားလာဖို့ပဲ။ နည်းနည်းပဲ သိသိပေါ့။ ကျွန်တော့် ကြိုးစားမှု အတွက် အထိုက် အလျောက် တော့ တန်ပြန် သက်ရောက်မှု ရှိ ပါတယ်။ နိုင်ငံတော်တော် များများမှာ ပြခဲ့တယ်။ ဆုလည်း ၇ ဆု ၈ ဆုလောက် ရခဲ့တယ်။ ပြောရမယ် ဆိုရင် ကမ္ဘာက လူအနည်း နဲ့အများတော့ သိ လာတယ် လို့ ဆိုရမှာပေါ့။ ကမ္ဘာ့ ဒုတိယအကြီးဆုံး Film Festival ပွဲတော်မှာလည်း ဆု တစ်ဆု ရခဲ့သေးတယ်လေ”ဟု Mr Grec Hamilton က သူရခဲ့တဲ့ရလဒ်တွေ အပေါ် ကျေနပ် ပီတိဖြစ်နေဟန်နှင့် ပြောသည်။

အဆိုပါ Movie မှာ Documentary တစ်ခုဖြစ်တာကြောင့် ရုပ်သံလိုင်း များတွင် လွှင့်ခွင့် ရလောက်အောင် မအောင် မြင်သော်လည်း လူတိုး၍ တိုး၍ သိလာလျှင် ကျေနပ် သည်ဟု သူကဆိုသည်။ ”ဟောလီးဝုဒ် ရုပ်ရှင် ဆိုရင်တော့ တစ်မျိုး ပေါ့”ဟု Mr Grec Hamilton က ပြောသည်။

မြန်မာ့ ရိုးရာ ခြင်းလုံး အကြောင်း အင်္ဂလိပ် ဘာသာ စကားဖြင့် ရေးထားသည့် စာအုပ်များ ကို ကနေဒါသို့ သယ်သည်။ ဖတ်သည်။ ကိုယ်တိုင် လက် တွေ့ကစား ကြည့် သည်။ နှစ်သုံး ဆယ်ကျော် လေ့လာ တာကြောင့် မြန်မာ့ခြင်းလုံး သမိုင်းအကြောင်း နှင့် မြန်မာ့ ရိုးရာ ခြင်းလုံးကစား နည်းအကြောင်း ကို ကောင်း ကောင်း သိသည် ဟု လည်း သူက ယုံကြည်နေသည်။ ထိုကဲ့သို့ သိနေခြင်းကြောင့် လည်း ခြင်း လုံး ကစားနည်းက သူ့အတွက် ပိုမို လေးနက်စေခဲ့သည်ဟု Mr Grec Hamilton က ပြောသည်။

 ”မြန်မာ့ခြင်းလုံး သမိုင်း အ ကြောင်းကို ပြော ရရင်တော့ ပြီး မှာကို မဟုတ်တော့ဘူး။ ကျွန်တော် ကောင်းကောင်း သိပါတယ်” ဟု သူက ပြောသည်။ တစ ရက်တွင်တော့ သူနှင့် ခြင်းလုံး ကစားဖော် တစ်ယောက် မထင် မှတ်ဘဲ တိုးလာခဲ့သည်။ ထိုသူက ကနေ ဒါနိုင်ငံမှာ Film Festival ပွဲများ စီစဉ်သူ တစ်ဦး ဖြစ်သည်။  Mr Grec Hamilton ရိုက်ကူး ထားသော မြန်မာ့ရိုးရာခြင်း Documentary အား အဆိုပါ စီစဉ်သူက တွေ့ခဲ့ပြီး စိတ်ဝင်တစားဖြင့် သူ့ဆီကို ဖုန်းဆက်ခဲ့သည်ဟု ဆိုသည်။ နောက် တစ်ဆင့် လူချင်း ခင်မင်ရင်းနှီးခဲ့ ပြီး မြန်မာ့ရိုးရာခြင်းလုံး အကြောင်းကို မေးမြန်း လာခဲ့သည်။ ပြီးတော့ ကနေဒါ နိုင်ငံ ဗန်ကူးဗာမြို့တွင် ပြုလုပ်မည့် Film Festival ပွဲတော် တွင်လည်း မြန်မာ့ ရိုးရာခြင်း Documentary အား ပါဝင်နိုင်ရန် စီစဉ်ပေးခဲ့သည်။ အတူ ခတ်ခဲ့သည့် Mr Grec Hamilton ထံမှ ပညာပြန်လည် သင်ယူခဲ့ ပြီး နောက်ပိုင်း တွင် ၄င်း တို့နှစ်ဦး မှာ အကောင်းဆုံး သူငယ်ချင်း များ ဖြစ်သွား ခဲ့သည်ဟု Mr Grec Hamilton က ၄င်းသူငယ်ချင်း ပွဲစီစဉ် သူအား ကြည့်ရင်းပြော သည်။ ယခုအခါ သူ့ သူငယ်ချင်းပါ မြန်မာ နိုင်ငံသို့ လာရောက် လေ့လာနေပြီဖြစ် သည်။ ယခု တစ်ခေါက်တွင်တော့ ယခင်လို ၄င်းတစ်ယောက် တည်း မဟုတ် တော့။ ၄င်းနှင့် အရင်းနှီးဆုံး သူငယ် ချင်းပါ မြန်မာနိုင်ငံသို့ မြန်မာ့ရိုးရာ ခြင်းလုံး ပညာကို လိုက်လံ သင်ကြားနေ ပြီဖြစ်သည်။ သူ၏ ကြိုးစား အားထုတ်မှု အတွက် ကနေဒါ သံရုံး က အသိအမှတ်ပြု သည့်အနေဖြင့် ကနေဒါ – မြန်မာ ချစ်ကြည်ရေး ပွဲတစ်ပွဲ စီစဉ်ပေးခဲ့သည်။ ထို အတွက် သူကပျော်သည် ဟု ဆိုသည်။ ယခုလ ၁၅ ရက်နေ့ မန္တလေး မြို့မှာ ကျင်းပမည့် အဆိုပါ ပွဲအတွက် သူ အပြင်းအထန် လေ့ကျင့်နေသည်။ ရှုံးသည် နိုင်သည် သူ့အတွက် က အဓိက မဟုတ်။ ခြင်းခတ်ခြင်း ကိုသာ စိတ်ဝင် စား သည်။ ခြင်းခတ်ရာ တွင် လှလှပပ ခတ်ပြနိုင်ဖို့ သာ သူ့အတွက် အရေးကြီး သည်ဟု ဆိုသည်။

ယခုအခါ မြန်မာ့ ရိုးရာခြင်းလုံးနှင့် ခြင်းလုံး အားကစားသမား များအတွက် ယခင်က ထက်စာလျှင် နေရာ တစ်နေရာ စာတော့ဖြင့် ရလာသည်ဟု ဆိုနိုင်သည်။ တခမ်း တနား ကျင်းပခဲ့သော (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ပိတ်ပွဲတွင် မြန်မာ့ ရိုးရာခြင်းလုံး အား လူအင်အား များများ သုံးကာ ခတ်ပြ ၍ က ကွက်ဖော် ခဲ့သည်။ ထို့အပြင် မြန် မာ့ရိုးရာခြင်းလုံး အား နိုင်ငံပေါင်း ၁၄ဝ မှ သိရှိစေရန် ကြိုးစား လုပ်ဆောင်နေ ကြောင်း သတင်း မီဒီယာများတွင် ဖော် ပြထားသည်။

စင်ကာပူနိုင်ငံ တွင် ကျင်းပမည့် (၂၈) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင်လည်း မြန်မာ့ရိုးရာ ခြင်းလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိ ထားပြီး ဖြစ် သည်။ ကနေဒါ နိုင်ငံသား Mr Grec Hamilton ကဲ့သို့ မြန်မာ့ရိုး ရာခြင်းလုံး အား ဇွဲကြီးကြီးဖြင့် လေ့လာ ပြီး Documentary များ ဖန်တီးကာ ကမ္ဘာသို့ ချပြနိုင်ပါက ထို ထက်နေရာ ပို ရလာမည်ဖြစ်သည်။

Mr Grec Hamilton အနေဖြင့် မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်း အား သူတတ်နိုင်သည့် ဘက်မှ ကမ္ဘာ ကို ချပြခဲ့သူ တစ်ဦးဟု ဆိုနိုင်ပါသည်။

 ”ကျွန်တော်က ခြင်းလုံးကို ချစ်ပါ တယ်။ ဒါပဲလုပ်နေတာ။ ကျွန်တော့် နိုင်ငံမှာ နေ့တိုင်း ခတ်တယ်။ နှစ်သုံး ဆယ်ရှိပါပြီ။ နောက်လည်း ခတ်သွား မှာပါ။ အခွင့်သာရင် သာသလို လူများ များသိအောင်လည်း ကြိုးစား သွား မှာပါ”ဟု အသက် ၆ဝ ပြည့်ခဲ့ပြီး ဖြစ် သည့် Mr Grec Hamilton က ပြောသည်။

ဖိုးလပြည့်

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis