menu

Thursday 9 January 2014

ပဲခူးတိုင်း၊ အင်းတကော်ကျေးရွာရှိ တစ်ဧကခန့် အများပိုင်မြေအား ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက မြေသိမ်းအမိန့် ဥပဒေနှင့်မညီဘဲ လျှောက်ယူသွားခြင်းကို ဒေသခံများက မကြာမီ ကန့်ကွက်ဆန္ဒ ဖော်ထုတ်မည်

Photo: ပဲခူးတိုင်း၊ အင်းတကော်ကျေးရွာရှိ တစ်ဧကခန့် အများပိုင်မြေအား ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက မြေသိမ်းအမိန့် ဥပဒေနှင့်မညီဘဲ လျှောက်ယူသွားခြင်းကို ဒေသခံများက မကြာမီ ကန့်ကွက်ဆန္ဒ ဖော်ထုတ်မည်

ပဲခူးတိုင်း၊ အင်းတကော်ကျေးရွာ ရဲစခန်း၏ ခေါင်းရင်းတွင်ရှိသော မြေတစ်ဧက ၀န်းကျင်ရှိ အများပိုင်မြေအား ပုဂ္ဂလိက လုပ်ငန်းရှင် တစ်ဦးမှ မြေသိမ်းအမိန့် ဥပဒေနဲ့ မညီဘဲနဲ့ လျှောက်ယူသွားခြင်း အတွက်ကို ဒေသခံများက မကျေနပ်ကြသည့် အတွက် မကြာမီ ကန့်ကွက်ဆန္ဒ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အင်းတကော်က အများပိုင်မြေကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်တာက တစ်ချိန်တုန်းကတော့ ဒီနေရာမှာ ဗိုလ်တဲဆိုပြီးရှိတယ်။ အဲဒီဗိုလ်တဲမှာ ဟိုတုန်းကဆိုရင် ဗိုလ်ချုပ်အောင်ဆန်းလာရင် ဒီဗိုလ်တဲမှာ တည်းခိုတယ်။ အဲဒီနောက်ပိုင်း ရပ်ကွက်ရေးရာကိစ္စတွေ ဘာတွေအတွက် ဆွေးနွေးပွဲတွေ ဘာတွေလုပ်တယ်။ ဒီဗိုလ်တည်း ၀န်းကြီးထဲမှာ ကျွန်တော်တို့ လွတ်လပ်ရေး ကျောက်တိုင်တွေ ဘာတွေလည်းရှိတယ်။ ဒါပေမဲ့ ဦးနုလက်ထဲမှာ အဲဒီဗိုလ်တဲ ရှေ့နားမှာ ကျွန်တော်တို့ရွာရဲ့ ဓမ္မစင်္ကြာအသင်း အတွက်ဆို ပြီးတော့ မြေကွက်လေး တစ်ကွက်ပေးခဲ့တယ်။ အဲဒီလိုပဲထားတော့ မဆလလက်ထက်မှာ လမ်းတံတားတွေဘာတွေ ဆောက်တဲ့အခါ ဆောက်လုပ်ရေးက ၀န်ထမ်းတွေ ယာယီဆိုပြီးတော့ ဒီမှာနေတယ်။ အဲဒီတော့ ကျွန်တော်တို့ရွာက လူတွေလည်း ဘာမှမလုပ်ဘူးပေါ့။ အခုကျတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း မလုပ်ကြတော့ဘူးလေ။ ဘီအိုတီစနစ်နဲ့ ငှားလိုက်တယ်ဆိုလား။ ဆိုတော့ ဒီမြေကွက်ကြီးက လွတ်လာတာကို ခရိုနီတစ်ယောက်ကနေပြီး သူတို့ဘာသာသူတို့ သက်ဆိုင်ရာနဲ့ပိုင်တော့ မြေသိမ်းအမိန့် လျှောက်လိုက်တယ်။ ကျွန်တော်တို့လည်း မသိဘူး။ အဲဒီတော့ ဒီဝန်းကြီးကို ရှင်းတော့မှ ကျွန်တော်တို့က သွားမေးတော့ သူတို့မြေပေးအမိန့် လျှောက်ထားတယ်လို့ ပြောတယ်။ အခုရွာက လူတွေက မကျေနပ်ကြဘူးပေါ့ဗျာ။ မကျေနပ်တော့ အစည်းအဝေးလုပ်ပြီး ကျွန်တော်တို့ ရပ်မိရပ်ဖ ၁၀ ဦးက လက်မှတ်ထိုးပြီး ၀န်ကြီးရုံးအထိ စာတင်ထားတယ်။ စုစုပေါင်း တစ်ဧက ၀န်းကျင်လောက်ရှိတယ်။ မကျေနပ်ကြလို့ မေးတော့မှ မြေပေးအမိန့် ရထားတယ်လို့ ပြောတယ်။ ကျွန်တော်တို့ သိထားတာကတော့ မြေစာရင်းအမိန့် ဥပဒေအရ ဆိုလို့ရှိရင် သတင်းစာထဲမှာ ဒီမြေကို ဘယ်သူက လျှောက်ထားတယ်။ ကန့်ကွက်ရန် ရှိပါသလားတို့ဘာတို့ ကြော်ငြာရမယ်။ အခု ဘာမှလည်း ကြော်ငြာတာ မရှိဘဲနဲ့ သိမ်းလိုက်တာဆိုတော့ ဥပဒေနဲ့ မညီဘူးပေါ့ဗျာ။ သူတို့ဘာသာသူတို့ ကျိတ်လုပ်လိုက်တဲ့ သဘောပါ။ ဒီကိစ္စကို ၃၀ ရက်နေ့က ပဲခူးမီဒီယာမှာ တင်လိုက်သေးတယ်။ အခုကျွန်တော်တို့ Signature Campaign လုပ်နေတယ်။ လိုအပ်လို့ရှိရင် ဆန္ဒဖော်ထုတ်ပွဲ လုပ်သွားမှာပါ။ အခုလောလောဆယ်တော့ ပုဒ်မ ၁၈ ကို တင်ရဦးမှာပါ” ဟု ဒေသခံ ရပ်မိရပ်ဖြစ်သူ ဦးလှရွေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မြေဈေနှုန်းများ အလွန်အမင်း ကောင်းမွန်နေသည့်အတွက် ဒေသအသီးသီးတွင် မြေသိမ်းယာသိမ်း ဖြစ်ရပ်များ အလွန်များပြားလာကြောင်း၊ ယခင်က လယ်မြေများကို လန ၃၉ လျှောက်၍ သိမ်းယူနေသည့် ဖြစ်ရပ်များမှ လက်ရှိအချိန်တွင်မူ ပုံစံမျိုးစုံဖြင့် သိမ်းယူမှုများ ရှိနေကြောင်း သိရသည်။

အဆိုပါ ကျေးရွာပိုင် မြေကွက်အား ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ အကျိုးစီးပွားအတွက် လျှောက်ထားခြင်းအား ကန့်ကွက်တင်ပြခြင်းကို ၂၄-၁၂-၂၀၁၃ ရက်စွဲဖြင့် ပဲခူးတိုင်းဒေသ၏ အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း အထောက်အထားများအရ သိရသည်။

(အင်းတကော်ကျေးရွာရှိ ပုဂ္ဂလိက လုပ်ငန်းရှင်က လျှောက်ယူထားသော မြေကွက်အား တွေ့ရစဉ်)

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis