menu

Thursday 9 January 2014

ကမ္ဘာ့အလှဆုံး အမျိုးသမီး ၆ ဦးစာရင်းတွင် ခင်ဝင့်ဝါ ပါဝင်

Photo: ကမ္ဘာ့အလှဆုံး အမျိုးသမီး ၆ ဦးစာရင်းတွင် ခင်ဝင့်ဝါ ပါဝင်

ရန်ကုန်၊ ဇန်နဝါရီ ၈ 

စပိန်နိုင်ငံ အခြေစိုက် The Beauties Concept အဖွဲ့အစည်းကြီးက ၂၀၁၃ ခုနှစ် ကမ္ဘာ့အလှဆုံး အလှမယ် ၆ ဦးစာရင်းတွင် မြန်မာနိုင်ငံ အလှမယ် ခင့်ဝင့်ဝါကို ထည့်သွင်း ဖော်ပြထားသည်။

နိုင်ငံတကာ ကမ္ဘာ့အလှမယ် ပြိုင်ပွဲကြီးများ အားလုံးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် စုစုပေါင်း ၇၀၀ ကျော်အနက်မှ ခင်ဝင့်ဝါ အပါအဝင် အလှမယ် ၆ ဦးကို အလှဆုံး အမျိုးသမီးများအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း ဇန်နဝါရီလ ၈ ရက်နေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့အစည်းကြီး၏ အမှတ်စဉ် သတ်မှတ်ကြေညာချက် များအရ ပထမနေရာတွင် 2013 Miss Earth ပြိုင်ပွဲဝင် ဗင်နီဇွဲလားနိုင်ငံ အလှမယ်၊ ဒုတိယနေရာတွင် 2013 Miss Supranational ပြိုင်ပွဲဝင် ဖိလစ်ပိုင်အလှမယ်၊ တတိယနေရာတွင် 2013 Miss World ဆုရှင် ဖိလစ်ပိုင်နိုင်ငံ အလှမယ်၊ စတုတ္တ နေရာတွင် 2013 Miss Earth ပြိုင်ပွဲဝင် ဆာဗီးယားနိုင်ငံ အလှမယ်၊ ပဉ္စမ နေရာတွင် 2013 Miss Universe ပြိုင်ပွဲဝင် စပိန်နိုင်ငံ အလှမယ်နှင့် ဆဌမ နေရာတွင် 2013 Miss Supranational ပြိုင်ပွဲဝင် မြန်မာအလှမယ် တို့ကို့ အသီးသီး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်က ကျင်းပခဲ့သည့် အလှမယ်ပြိုင်ပွဲ ၆ ခုတွင် ယှဉ်ပြိုင်ခဲ့သည့် အလှမယ် များအနက် အလှဆုံးမယ် ၁၀၀ ကို ဂျာမနီနိုင်ငံ အခြေစိုက် The Ideal Beauty အဖွဲ့အစည်းက ရွေးချယ်ခဲ့ရာတွင်လည်း မြန်မာအလှမယ် ခင်ဝင့်ဝါ ပါဝင်ခဲ့ဖူးသည်။

ခင်ဝင့်ဝါသည် Miss Supranational 2013 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး Title ဆု ၄ ဆုကို ဆွတ်ခူး ရရှိခဲ့သူ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis