menu

Thursday 9 January 2014

iPhone 6 ဓာတ်ပုံထွက်ရှိ

iPhone 6 ဓာတ်ပုံထွက်ရှိ

တရုတ်ပြည်ရဲ့  Social Network ဖြစ်တဲ့ Weibo မှာ ပြန့်နှံနေတဲ့ ဓာတ်ပုံ ဖြစ် ပါတယ်။ ယင်း ဓာတ်ပုံအရ ပုံထဲက အခွံခွာထားတဲ့ ဖုန်းဟာ iPhone 6 ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ဒါဟာ ၎င်းတို့ ရေးသားချက်ပါ။ Apple က Official ပြောဆိုချက် မဟုတ်ပါဘူး။ 

iPhone 6 မှာ အကြီးမားဆုံး ပြောင်းလဲမှု အနေနဲ့ ဖုန်းမျက်နှာပြင်က ၄.၇ လက်မနဲ့ ၅.၅ လက်မ အရွယ်အထိ ကြီးလာပြီး အပါးဆုံး စမတ်ဖုန်း ဖြစ်လာ မှု ဖြစ်ပါတယ်။ Apple ရဲ့  iPad Air ကို အသုံးပြုရသလို ခံစားချက်မျိုး ရရှိစေမှာ ဖြစ်ကြောင်းဆိုပါတယ်။ တရုတ်ပြည်က ထွက်တဲ့ သတင်း ဆိုတော့ ဖြစ်နိုင်ချေ များပါတယ်။ အကြောင်းကတော့ Apple ကုန်ပစ္စည်းများ ကို ထုတ်လုပ်ပေးနေတဲ့ Foxconn စက်ရုပ်ဟာ တရုတ်ပြည်မမှာ ရှိနေခြင်း ဖြစ်ပါတယ်။ ဒီလိုပဲ နှစ်စဉ် iPhone သတင်းများ ပေါက်ကြားပြီး ပလက်စတစ်အိုင်ဖုန်း ( iPhone5C ) ထွက်ရှိမယ်ဆိုတဲ့ သတင်းကလည်း လအတော်ကြာ ကြိုတင် ထွက်ရှိနေခြင်း ဖြစ်ပါတယ်။ 

ဒီတော့ ၂၀၁၄ နှစ်လယ်လောက်ကစလို့ Apple ရဲ့  iPhone အသစ် မိတ်ဆက်မှု ကို မြင်တွေ့ရမယ်လို့ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm ) 

Tech Space Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis