menu

Thursday 9 January 2014

မီးရထားရုံးဝင်းအတွင်း အမျိုးသားနှစ်ဦးက အမျိုးသမီးတစ်ဦးကို ဓားထောက်ပြီး အဓမ္မကျင့်


ဇော်ဇော်ထွေး|ဇန်န၀ါရီလ ၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်

အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ဦးက လိမ်လည်ခေါ်ဆောင်ပြီး ဓားထောက်အဓမ္မပြု ကျင့်ခဲ့သည်ဟု တိုင်တန်းသဖြင့် ဗိုလ်တထောင်ရဲစခန်းက ဇန်န၀ါရီ ၇ တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၆ ရက် ည ၇နာရီ က ဆိပ်ကမ်းမြို့နယ်နေ အသက် (၁၉)နှစ်ရှိ အမျိုးသမီးသည် ပန်းဆိုးတန်းရှိ ကွမ်းယာဆိုင်တစ်ဆိုင်တွင် ဈေးကူရောင်းပေးနေစဉ် ဒလမြို့နယ်နေကပ္ပလီ (ခ) အောင် မြင့် (ခ)မဲကြီး (၂၁)နှစ် ရောက်ရှိလာပြီး “နင့်ယောက်ျားနဲ့တွေ့ချင်ရင် လိုက်ခဲ့” ဟု ခေါ်ဆောင်ကာ ဘိုက လေးဈေးလမ်းရှိ လက်ဖက်ရည်ဆိုင် အရောက်တွင် အောင်ကိုဝင်း (၂၄)နှစ်၊ ဆိုက္ကားနင်းသူနှင့် ထပ်မံ တွေ့ရှိခဲ့သည်ဟု အမှုဖွင့်ရာတွင် ကာယကံရှင်ဖြစ်သူက ထွက်ဆိုထားသည်။

ထို့နောက် ၎င်းတို့နှစ်ဦးက ဗိုလ်တထောင်မီးရထားရုံးဝင်း အတွင်းဘက်သို့ လှည့်ပတ်ခေါ်သွားပြီးနောက် ကပ္ပလီက ဓားပုံစံပြုလုပ်ထားသော သံဖြတ်လွှငယ်တစ်ခုဖြင့် လည်ပင်းကိုထောက်ကာ သံလမ်းနှင့် ရေမြောင်းကြား ခြုံစပ်တွင် သားမယားပြုကျင့်ခဲ့သည်ဟု တရားလိုက စွပ်စွဲတိုင်တန်းထားခြင်း ဖြစ်သည်။


ထို့ပြင် အောင်ကိုဝင်းကလည်း သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု အမှုဖွင့်ရာတွင် ထွက်ဆိုထားသည် ကို တွေ့ရသည်။

အဆိုပါ အမျိုးသားနှစ်ဦးကို သားမယားပြုကျင့်မှုဖြင့် အရေးယူပေးရန် တိုင်တန်းထားရာ ယင်းတိုင်တန်း မှုကို (ပ) ၅/ ၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူ နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုကျူးလွန် ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၃၇၆/ ၁၁၄ ဖြင့် အရေးယူသွားမည်ဖြစ်သည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis