ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဓာတ်ပုံ- မြ၀တီ
အခုလို KNU ခေါင်းဆောင်တွေနဲ့ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုဟာ ဒါဆို ၂ ကြိမ်
မြောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ အဖွဲ့ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြစဉ်က ညစာစားပွဲတခုမှာ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရင်းတနှီး တွေ့ဆုံခဲ့ဖူးကြပါသေးတယ်။
ပထမ တကြိမ်က အဖွဲ့အစည်းဆိုင်ရာတွေ သေသေချာချာ မဆွေးနွေးဖြစ်ခဲ့ကြပေမယ့် အခုတခေါက် မှာတော့ တပ်နေရာချထားမှုကိစ္စတွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စတွေပါ ဆွေးနွေးဖြစ်ခဲ့ကြတဲ့အကြောင်း KNU နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။
KNU ဟာ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီလို့ ခေါ်တဲ့ UNFC ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။ UNFC ကတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တာထက် အသစ်ပြန်လည်ရေး ဆွဲဖို့ ပြင်ဆင်မှုတွေ ရှိနေပေမယ့် KNU အနေနဲ့တော့ ပြင်ဆင်တာကိုပဲ လိုလားတယ်လို့ ဆိုပါတယ်။
KNU ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒို မန်းငြိမ်းမောင်ကတော့ ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲတာပဲ သူတို့ အဖွဲ့အနေနဲ့ သဘောတူတယ်လို့ ပြောဆိုထားပါတယ်။
အိမ့်သံစဉ် ~
Irrawaddy News


No comments:
Post a Comment