အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့ ရောင်းချတဲ့ ၂၀၁၃ မော်ဒယ် Lexus LFA ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၅၀၀၀ စီစီ ဆလင်ဒါ ၁၀ လုံးပူး မြန်နှုန်းမြင့် စူပါကား ဖြစ်ပါတယ်။
ဂျပန်အခြေဆိုက် တိုယိုတာ ကုမ္မဏီမှ ထုတ်လုပ်ပြီး အမေရိက ဈေးကွက်ကို အဓိက ရည်ရွယ်တဲ့ ပြိုင်ကား ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာက စထုတ်ပြီး ၂၀၁၂ ဒီဇင်ဘာမှ အဆုံးသတ်ထားပါတယ်။ ဒါကြောင့် ၂၀၁၃ မော်ဒယ်အထိပဲ မြင်တွေ့နေရသေးတာ ဖြစ်ပါတယ်။ တစ်နာရီမိုင် ၂၂၀ အထက်မောင်းနှင်နိုင်ပြီး ကမ္ဘာ့အမြန်ဆုံး ကားစာရင်းထဲမှာလည်း ပါဝင်ပါတယ်။ Lexus ဇိမ်ခံကား Brand သီးသန့်ထုတ်တဲ့ Toyota ရဲ့  Division ခွဲတစ်ခုမှာ ယခုလို ပြိုင်ကားထုတ်လုပ်မှုကလည်း လူသိများပါတယ်။
အီတလီ Ferrari ကားများနဲ့ ဈေးမတိမ်းမယိမ်းရှိပြီး အမေရိကန်မှာ ၂၀၁၃ အတွက် မာကဲတင်းစဆင်းနေပါပြီ။ အရောင်အသွေးမျိုးစုံတဲ့ Lexus ဒီဇိုင်းလှ ပြိုင်ကားများကို အိမ်အရောက်ပို့ ဝန်ဆောင်မှု စနစ်နဲ့ ရောင်းချပေးလျက် ရှိကြောင်း သိရပါတယ်။
--
Ref:autoblog
http://www.colayonline.com.mm/automobile/news/detail/545

No comments:
Post a Comment