menu

Saturday 25 January 2014

မလေးရှားအစိုးရမှ မြန်မာဆိုင်ရှိ မြန်မာတိုင်းရင်းဆေစုံ ၁၀ တန်ကျော်ဖမ်းဆီး

Photo: မလေးရှားအစိုးရမှ မြန်မာဆိုင်ရှိ မြန်မာတိုင်းရင်းဆေစုံ ၁၀ တန်ကျော်ဖမ်းဆီး
************************************************

မလေးရှား သတင်း (၂၄.၁.၂၀၁၄)

မနေ့ ၂၃.၁.၂၀၁၄ က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာဆိုင်များအတွင်းမှ မြန်မာဆိုင်တစ်ဆိုင်ဖြစ်သော သိဒ္ဒိဝင် ဆိုင်အား မလေးရှားနိုင်ငံ ကျမ်းမာရေးဝန်ကြီးဌာမှ တာဝန်ရှိသူများ ၊ အာဏာပိုင်အဖွဲ့အစည်းများ ပါဝင်သော အထူးအဖွဲ့တစ်ဖွဲ့ လာရောက်ခဲ့ပြီး ထိုဆိုင်ရှိ မြန်မာတိုင်းရင်းဆေးများ အားလုံး ၁၀ တန်တိတိ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနများတွင်ဖော်ပြသွားခဲ့သည် ။

မြန်မာနိုင်ငံသားများ အတွင်းမူ ကွာလာလမ်ပူတွင် မြန်မာဆိုင်များကို ဖမ်းဆီးသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ထိုသတင်းမှာ အမှန်တကယ် မြန်မာဆိုင်များကို ဖမ်းဆီခြင်းမဟုတ်ပဲ သိဒ္ဒိဝင် ဆိုင်ရှိ မြန်မာတိုင်းရင်းဆေးများ ၊ မြန်မာပြည်မှ တင်သွင်းသော အနောက်တိုင်းဆေးဝါးများကို မှတ်ပုံတင်ခြင်းမရှိသော ဆေးများ အဖြစ်သာမက လိင်အင်္ဂါဆိုင်ရာရောဂါပိုးကို ပိုမိုဖြစ်စေနိုင်သော ဆေးများအဖြစ်သတ်မှတ်ကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။

City Heath Department deputy director (pharmacy) Syed Fadzli Syed Syialuddin (ကျမ်းမာရေးဝန်ကြီးဌာန မြို့တော်ကျမ်းမာရေးဌာန ညွန်ကြားရေးမှုး ) မှ တာဝန်ရှိသူများအားလုံး ယခုကဲ့သို့ဖမ်းဆီးနိုင်ရန် တစ်လတိတိအချိန်ယူခဲ့ကြောင်း ၊ သဒ္ဒိဝင် ကုမ္မဏီ ပိုင် နေအိမ်များ ၊ အခန်းများကို တစ်လတိတိစောင့်ကြည့်ပြီးမှ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၊စတိုးဆိုင် ၃ ဆိုင် ၊ ဘန်ဝလို ၂ လုံး နှင့် Persiaran Syed Putra တို့တွင် သိုလှောင်ထားသော ဆေးအားလုံး ကိုဖမ်းဆီးခြင်းဖြစ်ကြောင်း ။

အခြား ဆေးဝါး အဖြစ် painkillers, antibio­tics, antihistamines, antacids, psychotropic pills, contraceptives and motion sickness pills စသော မြန်မာနိုင်ငံ လုပ်ဆေးဝါးများ နှင့် အန္ဒိယ နိုင်ငံလုပ်ဆေးဝါးများ အပါဝင် စုစုပေါင်း မလေးရှား ရင်းဂစ် 2.1 သန်းဖိုးအား ဖမ်းဆီးခဲ့ကြောင်း ။ မြန်မာဆိုင်တမ်း များဖြစ်သော ဂျလန်းလီပို့ပူဒူး ရှိ အဆိုပါဆေးများရောင်းချနေသော မြန်မာနိုင်ငံသား ၄ ဦး အား လည်းစစ်ဆေးရန် ဖမ်းဆီးပြီးဖြစ်ကြောင်း ။

အဆိုပါဆေးဝါးများမှာ မလေးရှားအစိုးရကျမ်းမာရေးဝန်ကြီးဌာန လက်အောက်တွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် အချိုမှာ တားမြစ်ထားသော အဆိပ်အတောက်ဖြစ်စေသည့် ဓာတုဗေဒ ပစ္စည်းများ ပါဝင်ကြောင်း ။ အဆိုပါဆေးများမှာ လေကြောင်း ဖြင့်အဓိက မဟုတ်ပဲ မြန်မာစာသောက်ကုန် ဆိုသော ပုံများဖြင့် ရေကြောင်းမှ အဓိက ဝင်ရောက်လာသော ဆေးများဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံသားများကို ပြန်လည်ရောင်းချမည့်ဆေးများဖြစ်နိုင်ကြောင်း ။

အဆိုပါ ဆေးဝါးများမှာ ဝယ်လိုအားများပြီး တရားဝင်းရောင်းချနေသော ဆေးဝါးများထက် ၂ ဆ နီးပါး ဈေးသက်သာကြောင်း နှင့် မြန်မာနိုင်ငံသားများကြား အလွန်ရေပန်းစားသော ဆေးဝါးများဖြစ်ကြောင်းကို Syed Fadzli မှ ပြောကြားသွားခဲ့ပါသည် ။

ဆက်လက်ပြီး ကျမ်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မြန်မာဆိုင်တန်းများအတွင်း အဆိုပါဆေးဝါးများရောင်းချမှုမှာ တစ်ရက်လျှင် မလေးငွေ အနည်းဆုံး ၅၀၀၀ ဖိုးရှိကြောင်း နှင့်အတူ မြန်မာဆေးများကြောင့် မလေးရှားပြည်တွင်းဆေးဈေးကွက်အတွင်း ထုတ်ကုန်များကို ထိခိုက်စေနိုင်သလို ၊ မလေးရှားနိုင်ငံတွင်းမည်သူမဆို မလေးရှားတွင် တရားဝင်မှတ်ပုံတင်ထားသော ဆေးများကိုသာ ရောင်းချရမည်ဖြစ်ကြောင်း ယနေ့သတင်းစာများပါ သတင်းများကို စုစည်းဘာသာပြန်တင်ဆက်ပေးရပါသည် ။

ဆက်လက်ပြီး ယခု ကာလအဖမ်းအဆီး အတွင်း မြန်မာဆိုင်တန်းများကြား အဖမ်းအဆီးလုံးဝ မရှိခဲ့သေးကြောင်း ကို မလေးရှားရောက် မြန်မာများ သိရှိစေရန် ဆက်လက်ဖော်ပြပေးပါသည် ။

ထို့အတူ မလေးရှားအစိုးရ၏ အထူးအစီအစဉ်အဖြင့် လဝက မှ သတ်မှတ် နေရာများ တွင် ဒဏ်ငွေဆောင်၍ တရားမဝင်လုပ်သားများ အားလုံး မိမိတို့ဆိုင်ရာ တိုင်းပြည်များသို့ ပြန်နိုင်ရန် ခွင့်ပြုမည့် အစီအစဉ်ကို မကြာမီစတင်မည်ဖြစ်ကြောင်း အသိပေး အပ်ပါသည် ။

ဆက်လက်ပြီး မြန်မာနိုင်ငံသားများ သိရှိသင့်သော သတင်းများကို တင်ဆက်ပေးနေမည် .

မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာ
www.facebook.com/mmrinmy

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis