menu

Saturday 25 January 2014

၂၀၁၇ခုနှစ်တွင် Facebook ပျောက်ကွယ်သွားမည်ဟုသုတေသီများကဆို

Photo

လူအများကြားတွင်နာမည်ကြီးခဲ့တဲ့ Facebook ဟာ ၂၀၁၂ နောက် ပိုင်းနှစ်တွေမှာလူသုံးနည်းလာတာကြောင့် ၂၀၁၇ခုနှစ်တွင် တဖြည်းဖြည်းပျောက်ကွယ်လာတော့မည်ဖြစ်ကြောင်း ပရင့်(စ်)တန် တက္ကသိုလ်ကသုတေသနပြုလုပ်သူများ၏စစ်တမ်းကောက်မှု စာရင်းအရသိရသည်။

ဒါအပြင်သိပ္ပံပညာရှင်များကလည်း ၂၀၁၇ခုနှစ်မှာ Facebook ဟာ User ၈၀ရာခိုင်နှုန်းကိုဆုံးရှုံးရမည်ဖြစ် ကြောင်းပြောကြားသည်။

Facebook ဟာလာမည့်ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ သူရဲ့ ၁၀ ကြိမ်မြောက်မွေးနေ့ပွဲကိုကျင်းပမည် ဖြစ်ရာယင်းလူမှုကွန်ရက်အား အခြားသောလူမှုကွန်ရက်များဖြစ်သည့် Myspace ၊ Bebo ၊ hi5 စတာတွေထက်ပိုပြီးသက်တမ်း ကြားရှည်ခဲ့ကြောင်းသိရသည်။

ယခုလက်ရှိမှာတော့ Facebook ဟာ အသုံးပြုသူ ၁.၂ဘီလီယံ အထိတိုးခဲ့ကြောင်းပြီးခဲ့တဲ့ အောက်တိုဘာလကထုတ်ပြန်ကြေညာခဲ့ပြီး ယင်းအသုံးပြုသူများဟာစမတ်ဖုန်း ၊ တက်ဘလက်များကသုံးသူများ သာဖြစ်ပြီး ကွန်ပျူတာကနေ အသုံးပြုသူများကတော့ကျဆင်းနေကြောင်း သိရသည်။

Black Flame : (TSJ Team)
Tech Space Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis