menu

Saturday 25 January 2014

ရုပ်ရှင်မင်းသမီးကြီး ဒေါ်ခင်ယုမေကွယ်လွန်

Photo

တစ်ခေတ်တစ်ခါကဖက်ရှင်မင်းသမီးကြီးအဖြစ်ထင်ရှားခဲ့တဲ့ရုပ်ရှင်သရုပ်ဆောင်ဒေါ်ခင်ယုမေသည်
ယနေ့ည၉နာရီခန့်တွင်ကွယ်လွန်သွားကြောင်းကြေကွဲဖွယ်ကြားသိရပါသည်။မနက်ဖြန်ဇန်န၀ါရီ၂၅ရက်နံနက်
၉နာရီိ၌နာရေးကူညီမှုအသင်း(ရန်ကုန်) နိဗ္ဗာန် ယာဉ်ဖြင့်နေအိမ်မှရေဝေးသုသာန်သို့သယ်ယူပို့ဆောင်သဂြိုလ်မှာဖြစ်ကြောင်းကိုယ်တိုင်နိဗ္ဗာန် ယာဉ်မောင်း
ပို့ဆောင်မည့်ဦးကျော်သူကပေါ်ပြူလာသို့ဖြေကြားပါသည်။
 
“ခင်ယုမေ ကို၁၉၃၇ ခုနှစ်၊ မတ်လတွင် အဖ ဦးယုဆွမ်း၊ အမိ ဒေါ်ကြင်မြိုင်တို့က ရန်ကုန်မြို့မှာ မွေးဖွားပါတယ်။ ၁၉၅၁ ခုနှစ်မှာ စိန့်ဖရန် ကွန်ဗင့်ကျောင်းနဲ့ ၁၉၅၅ မှာ ရန်ကုန်မြို့ နိုင်ငံတော် မိန်းကလေးများ အထက်တန်းကျောင်းတို့မှာ တက္ကသိုလ် ဝင်တန်း
အထိ ပညာ သင်ကြားခဲ့တယ်လို့ သိရတယ်။လေးစားဖွယ်စိတ်ထားရှိတဲ့အနုပညာသမားပါ။အသက် ၁၈၊ ၁၉ အရွယ် ၁၉၅၇-၅၈ လောက်မှာ ဒါရိုက်တာ ဦးချင်းစိန်က ခေါ်ဆောင်မှုနဲ့ သက် လို့ အမည်ပေးထားတဲ့ ရုပ်ရှင် ကားတစ်ကား စတင် ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့်
သက် က အိမ်ထောင်ရေး ဇာတ်ကားတစ်ကားဖြစ်ပြီး တစ်ကားလုံး နီးပါး မင်းသမီး ငိုရတဲ့ ဇာတ်ဖြစ်နေတာကြောင့် ဆရာ ဦးချင်းစိန်က မင်းသမီးသစ် တစ်ယောက်ကို ဒီလို ပွဲထုတ်လို့ မဖြစ်ဘူး၊ အဆိုကျော် မင်းသမီး အနေနဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကား တစ်ကားနဲ့ ပွဲဦး ထွက်သင့်တယ် ဆိုပြီး ဒါရိုက်တာ ဦးလှ တင်လက်ကို အပ်လိုက်ပါတယ်။ သက် ဇာတ်ကား ရိုက်ကူးမှုကို ခေတ္တရပ်ဆိုင်းပြီး ဒါရိုက်တာ ဦးလှတင် ရိုက်ကူးတဲ့ ဤဘ၀၀ယ် ဟာသကားမှာ အဲဒီခေတ် အခါတုန်းက နာမည်ကြီး ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဦးဖိုးပါကြီးနဲ့ တွဲပြီး သရုပ် ဆောင်ခဲ့ရပါတယ်။ ဒါကြောင့် ဒေါ်ခင်ယုမေရဲ့ ပွဲဦးထွက် ရုပ်ရှင်ကားဟာ ဤဘ၀၀ယ် လို့ မှတ်တမ်း တင်ရပါတယ်ဒေါ်ခင်ယုမေအကြောင်းဆရာဦးဝင်းငြိမ်းရေးတာဖတ်ရတယ်။ကိုမသိမမီရင်လည်းစာတော့ဖတ်ပြီးသိအောင်လုပ်သင့်ပါတယ်ဒေါ်ချိုပြုံး အကြံပေး တိုက်တွန်းခဲ့လို့ ရုပ်ရှင်သမားတွေရဲ့ ရိုက်ကူးမှုတွေအဆင်ပြေဖို့ ရှူတင်အိမ်အဖြစ် ဒေါ်ခင်ယုမေကသူ့ တိုက်ခန်းကို ငှားရမ်းအသုံးပြုခွင့်ပေးလို့ ရုပ်ရှင်သမားတွေသူ့ အိမ်မှာဇာတ်ကားတွေရိုက်ကူး နေကြဆဲမို့ သူရဲ့ ရုပ်ရှင်လောကအပေါ်ကိုသံယောဉ်ဇဉ်ထားမှုကိုသိနိုင်မှာပါ”လို့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌဦးကျော်သူကဆိုပါတယ်။
“ခုခေတ်မှာ ခင်ယုမေဆိုတာကို
မသိတဲ့ အနုပညာသမားများ၊မော်ဒယ်လောက
သမားများ၊လှယဉ်ကျေးမယ်များ၊ဂျာနယ်လစ်ဇင်များ၊အဆိုတော်ပေါက်စများ၊ရုပ်ရှင်
မင်းသား မင်းသမီးပေါက်စများဆိုတဲ့ ချာတိတ်တွေအနေနဲ့ ဒေါ်ခင်ယုမေရဲ့ အကြောင်းကိုသိသင့်ပါတယ်။”လို့ လည်းဦးကျော်သူကိုယ်တိုင်
ဒေါ်ခင်ယုမေရဲ့ ကြွင်းကျန်တဲ့ရုပ်ခန္ဓာကိုနာရေးကူညီမှုအသင်းနိဗ္ဗာန်ယာဉ်နဲ့ 
အမှတ် (၂၉/အေ) သီရိမင်္ဂလာ ရိပ်သာလမ်းနေအိမ်မှရေဝေးသို့ ပို့ ဆောင်ပေးရန်လာစဉ်ဖုန်းဖြင့်ဖြေကြားပေးခြင်းဖြစ်ပါတယ်။၂၄.၁.၂၀၁၄ရက်နေ့ ည၉နာရီခန့်ကကွယ်လွန်သွားတဲ့ဖက်ရှင်လောက၊အဆိုလောက၊ရုပ်ရှင်လောက၊မော်ဒယ်လောကတို့ ရဲ့ အရှင်သခင်ဘုရင်မဒေါ်ခင်ယုမေအတွက်ဦး ကျော်သူက
လေးစားသမှုဂါရ၀ပြုလို့ ယနေ့ ဇန်န၀ါရီ၂၅ရက်နေ့ နေ့ လည်၁၂နာရီမှာရေဝေးသို့ 
ပို့ ဆောင်မှာဖြစ်ပါတယ်။

ဓါတ်ပုံ-အောင်ဇော်မင်း(ပေါ်ပြူလာ)
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis