menu

Saturday 25 January 2014

Beckham : လုံခြုံရေးအတွက်တင် ပေါင် (၁)သန်းသုံးထားတဲ့ အကောင်းတကာ့ အကောင်းဆုံးတွေနဲ့ နေအိမ်သစ်


David Beckham နဲ့ Victoria Beckham တို့ဟာ သူတို့ရဲ့အိမ်သစ် လုံခြုံရေးအတွက် စတာလင်ပေါင် (၁)သန်း သုံးထားပါတယ်။
Beckham ဇနီးမောင်နှံနဲ့ သူတို့ရဲ့ ကလေး(၄)ယောက် ဖြစ်တဲ့ Brooklyn(၁၄နှစ်), Romeo (၁၁နှစ်), Cruz (၈နှစ်) နဲ့ Harper (၂နှစ်) တို့ဟာ စတာလင်ပေါင် (၃၁ ဒဿမ ၅) သန်းတန် အိမ်သစ်ကို ရွှေ့ပြောင်းဖို့ စီစဉ်နေကြပါတယ်။ သူတို့ရဲ့ နေအိမ်ကိုလည်း ဖြစ်နိုင်သမျှ လုံခြုံစိတ်ချရဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။ နောက်ဆုံးပေါ် ခေတ်သစ် ၀င်ပေါက်စနစ်တွေအပါအ၀င် ချဉ်းနင်းဝင်ရောက် တိုက်ခိုက်တာမျိုးရှိခဲ့ရင် လုံခြုံစေဖို့အတွက် လျှို့ဝှက်ခန်းကိုပါ ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားတယ်လို့ သိရပါတယ်။
“သူတို့အတွက် လျှို့ဝှက်ခန်းပါမယ်၊ ၂၄နာရီ လုံခြုံရေးကင်မရာ အလုံး(၆၀) ပါမယ်၊ ကမ္ဘာ့ဘယ်နေရာကို ရောက်ရောက် အိမ်ကို စစ်ဆေးလို့ရမယ့် စနစ်ပါမယ်၊ လက်ဗွေစနစ်သုံး အ၀င်ဖုန်းတွေလဲ ရှိမယ်။” လို့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။
အငယ်ဆုံးကလေး Harperရဲ့ အိပ်ခန်းမှာ Damien Hirst ရဲ့ပန်းချီကားတွေကို စတာလင်ပေါင် ၆၀၀၀၀၀ (၆သိန်း) ဖိုးထားရှိမှာဖြစ်ပြီး ကျန်သားတွေရဲ့ အခန်းတွေမှာလည်း တန်ဖိုးကြီး ပန်းချီလက်ရာတွေ ချိတ်ဆွဲလိမ့်မယ်လို့လည်း မကြာသေးမီက သိရပါတယ်။

“ကောင်လေးတွေရဲ့ အိပ်ခန်းတွေမှာ ပန်းချီဆရာ၊ Graffiti အနုပညာရှင် Banksy ရဲ့ လက်ရာတွေ ထားရှိလိမ့်မယ်။” လို့ အမည်မဖော်လိုသူတစ်ဦးက Grazia မဂ္ဂဇင်းကို ပြောပါတယ်။
Victoria Beckham ရဲ့သူငယ်ချင်း အတွင်းဒီဇိုင်းနာ Kelly Hoppen က ပြန်လည်မွမ်းမံမှုတွေကို ကွပ်ကဲပေးနေပြီး Beckham သားတွေရဲ့ အခန်းမှာ ဘာတွေထားချင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အတိုင်ပင်ခံ လုပ်နေတယ် လို့ သိရပါတယ်။ အငယ်ဆုံးကလေး Harperရဲ့ အခန်းမှာ လိပ်ပြာတွေနဲ့ အလှဆင်ထားတဲ့ မင်းသမီးအိပ်ရာ၊ လူတစ်ရပ်စာ အ၀တ်ဘီဒို ရှိမယ်လို့ သတင်းတက်လာပါတယ်။
David Beckhamရဲ့ ဘော်ဒါ Gordon Ramsay က ဓာတ်လှေခါးနဲ့ ဇိမ်ခံမီးဖိုချောင် တွေရဲ့ ဒီဇိုင်းနဲ့ ပတ်သက်ပြီး ကူညီပေးထားပါတယ်။
Gordon နဲ့ပတ်သက်တဲ့ သတင်းရင်းမြစ်တစ်ခုကလည်း “Gordon ကလည်း အကောင်းဆုံးတွေချည်း သုံးဖို့ အကြံပေးတာ။ အချိုတည်းဖို့ နေရာလည်းပါပြီး လူ(၅၀) လောက်ကို ဧည့်ခံဖို့ အခန်းလဲ ပါသေးတယ်။” လို့ ပြောပါတယ်။

Ref:starpulse
Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis