menu

Sunday 2 December 2012

ကြေးနီတောင် သပိတ်ဖြိုခွဲမှု ဖေါ်ထုတ်အရေးယူပေးရန် ဆန္ဒပြ

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ကြေးနီတောင် သပိတ်စခန်းကို အင်အားသုံး ဖြိုခွဲမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုများ ရန်ကုန်မြို့၌ ဖြစ်ပွားလျှက်ရှိရာ ယနေ့ညနေပိုင်းတွင်လည်း လူ ၃၀ ခန့်က ရွှေတိဂုံစေတီအရှေ့ဖက်မုခ် ကြေးသွန်းဘုရားအနီးမှ စတင်ကာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြသည်။
ကိုအောင်စိုး (၇န်ကုန်ပြည့်သူ့အကျိုးဆောင်ကွန်ယက်) ရွှေဂုံတိုင် အနီးတွင်ဖမ်းဆီးခံရစဉ်
ယင်းသို့ဆန္ဒပြကြရာတွင် ဦးဆောင်သူများ အနက်မှ ၂ ဦးကို ရွှေဂုံတိုင် ခြောက်ထပ်ကြီး ဘုရားအနီးအရောက်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့ဖြစ်သည်။

မျိုးဆက်သစ် လူငယ်အစည်းအရုံး Generation Wave မှ ကိုမိုးသွေး အား ယမန်နေ့ညနေပိုင်း စမ်းချောင်းမြို့နယ်တွင် ဆန္ဒပြမှုအတွက် ရဲစခန်းမှ အလိုရှိနေပြီး ၎င်းနှင့် အတူအခြား ၄ ဦးကိုပါ ရဲစခန်းမှာ စာဖြင့် ဆင့်ခေါ်ထားကြောင်းလည်း ခေါ်ယူခံရသူ တစ်ဦးဖြစ်ကYPI သို့ပြောသည်။ အခြားခေါ်ယူခံရသူများမှာ ကိုဒီငြိမ်းလင်း၊ ကိုစိုးမိုးထွန်း၊ မသန္တာ အခြားတစ်ဦးဖြစ်သည်။

ဆန္ဒပြသူများအား ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်းလှည့်လည်ခွင့် မရပဲ ပြုလုပ်သည့် ပုဒ်မ ၁၈ ဖြင့် သို့တည်းမဟုတ် ရာဇသတ်ကြီး ၅၀၅ ဖြင့် အရေးယူမည်လား မသဲကွဲကြောင်း မသိရှိရသေးဟု ခေါ်ယူခံရသူများက ပြောသည်။ ။
  
ရန်ကုန် ၊ ဒီဇင်ဘာ ၂၊ YPI

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis