menu

Sunday 2 December 2012

လက်ပံတောင်းတောင်ရွာများသို့ရောက်ရှိခဲ့သော၈၈မျိုးဆက်ကျောင်းသားများမှရွာသူ၊ရွာသားများကိုတွေ့ဆုံနှုတ်ဆက်

ယနေ့နံနက်ပိုင်းက လက်ပံတောင်းတောင်ရွာများသို့ရောက်ရှိခဲ့သော၈၈မျိုးဆက်ကျောင်းသားများမှရွာသူ၊ရွာသားများကိုတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

၈၈မျိုးဆက်ကျောင်းသားများသည်ဝက်
မှေး၊ရွေလှေအစရှိသောလက်ပံတောင်းတောင်ခြေရှိရွာများသို့သွားရောက်ကာရွာသူရွာသားများနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

၈၈မျိုးဆက်ကျောင်းသားများသည်လက်
ပံတောင်းတောင်ရှိလယ်တီဆရာတော်ဘုရားကြီးတရားအားထုတ်ရာကျောင်းတိုက်သို့သွားရောက်ကြရာတွင်မူကျော်ရွာဂိတ်ပေါက်မှအ၀င်မခံခဲ့ပေ။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မ
ှကိုဂျင်မီက၄င်းတို့အနေနှင့်ယခုကဲ့သို့လာရောက်ရခြင်းမှာအဓိကရည်ရွယ်ချက်၃ချက်ဖြင့်လာရောက်ခြင်းဖြစ်ကြောင်း၊ ယင်းရည်ရွယ်ချက်များမှာ ဒဏ်ရာရရှိခဲ့သောရဟန်းရှင်လူများနှင့်တသားတည်းရှိသည်ကိုပြသရန်၊စိတ်ဒဏ်ရာကိုယ်ဒဏ်ရာရရှိခဲ့သောရဟန်းရှင်လူများကို အားပေးကူညီရန်၊အသစ်ဖွဲ့စည်းလိုက်သောလက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုကူညီရန်တို့ဖြစ်ကြောင်းသည်ဟုပြောသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်တွင်၈
၈မျိုးဆက်ကျောင်းသားများမပါဝင်သည့်အကြောင်းနှင့်ပတ်သက်၍မူ ၈၈မျိုးဆက်ကျောင်းသားများ facebook စာမျက်နှာတွင်ထုတ်ပြန်ကြေညာထားသည့်အတိုင်းသာဖြစ်ကြောင်း၎င်းကဆိုသည်။
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis