menu

Sunday 2 December 2012

ကျူးကျော်များကိုမြေပေးမည်ဟု လျှောက်လွှာရောင်းသူကိုNLD ပါတီဝင်များ ဖမ်းဆီး

ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်တွင် နေထိုင်သည့် ကျူးကျော် နေထိုင်သူ များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မြေနေရာလျှောက်ပေးမည်ဟု ဆိုကာ လျှောက်လွှာများ ရောင်းချနေသည့် ပါတီဝင် တစ်ဦးဆိုသူကို ယင်းပါတီဝင် များက နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် ဖမ်းဆီးပြီး မြို့နယ် ရဲတပ်ဖွဲ့စခန်းထံ အပ်နှံထားကြောင်း ရွှေပြည်သာမြို့နယ် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌဒေါက်တာစိန်ဝင်း က The VoiceWeekly သို့ပြောကြားသည်။

ဖမ်းမိသူအမျိုးသားမှာ ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၀ ကျော် ဦးချစ်သူရ ကိုကိုဖြစ်ပြီး (၁၈) ရပ်ကွက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင်တစ်ဦး လည်းဖြစ်ကြောင်း ယင်းပါတီထံမှ စုံစမ်းသိရှိရသည်။
အဆိုပါရပ်ကွက်တွင် ဦးချစ်သူရကိုကိုက ပါတီ၏မြို့နယ်ဥက္ကဋ္ဌဟုဆို ကာ မြေနေရာလျှောက်လွှာများကို တစ် စောင်လျှင် ကျပ်သုံးထောင်ဖြင့် လွန်ခဲ့သည့် နှစ်ပတ်မှစတင်ကာ လှည့်လည် ရောင်းချနေရာ နိုဝင်ဘာလ ၂၈ ရက်နေ့ ပါတီဝင်များ၏ (၁၃) ရပ်ကွက်ညီလာခံ ကျင်းပအပြီး အပြန်တွင်တွေ့ရှိ၍ ဖမ်းမိခဲ့ကြောင်း ဒေါက်တာစိန်ဝင်းက ရှင်းပြသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ်ရဲစခန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့က ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဖြေပိုင်ခွင့် မရှိကြောင်း ပြောကြားသည်။

လျှောက်လွှာလိုက်လံရောင်းချ သူကို ငွေကျပ်တစ်သောင်း အပါအဝင် လျှောက်လွှာ ၇၄ စောင်နှင့်အတူ ဖမ်းမိ ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ (၁၂) ရပ်ကွက်တွင်နေထိုင်သည့် ဦးစိုးဝင်းက ပြောကြားသည်။

အဆိုပါမြေနေရာလျှောက်လွှာ ရောင်းချသူမှာNLD ပါတီဝင်ကတ်ပြား ကို လွန်ခဲ့သော ၁၅ ရက်ခန့်က ရရှိထားသူဖြစ်ပြီး ပါတီနာမည် ကိုအသုံးပြု လိမ်ညာသောကြောင့် အမှုဖွင့်ပြီး ပါတီဝင် အဖြစ်မှ ထုတ်ပယ် သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis