menu

Sunday 2 December 2012

ရန်ကုန်သို့ ဆေးလာကုသည့် ရှင်ဂမ္ဘီရကိုဖမ်းဆီး

 ဇာတိမိတ္ထီလာမြို့မှ ရန်ကုန်သို့ ဆေးလာကုသည့် ၂၀၀၇ ရွှေဝါရောင်အရေးအခင်း ဦးဆောင်သံဃာတော်တစ်ပါး ဖြစ်သူ ရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင်ကို ယမန်နေ့ညနေ ၅နာရီခွဲက ထပ်မံဖမ်းဆီးလိုက်ကြောင်း သူ၏မိခင်က မဇ္ဈိမကို ပြောသည်။
 
ရှင်ဂမ္ဘီရ၏ သူငယ်ချင်းဖြစ်သည့် လှိုင်မြို့နယ်တွင် နေထိုင်သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုညီညီဇော်၏အိမ်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
 
ရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင်ကို သင်္ကန်းကျွန်းရဲစခန်းမှ စခန်းမှုးနှင့် ရဲတပ်သားများက လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာစဉ်က မဂ္ဂင်ကျောင်းတိုက်၊ ခြောက်ထပ်ကြီးကျောင်းတိုက် နှင့် သန်လျင်မှ ဘုန်းကြီးကျောင်းတို့ကို အာဏာပိုင်မှ ချိတ်ပိတ်ထားသည့် သော့အား ရိုက်ချိုးဖျက်ဆီးမှုဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ရှင်ဂမ္ဘီရ၏မိခင် ဒေါ်ရေး ကဆိုသည်။

 
သို့သော် ဒေါ်ရေးက ရဲများအကြောင်းပြသည့်အတိုင်း ဘုန်းကြီးကျောင်းဝန်းတံခါးများ ရိုက်ချိုးဖျက်ဆီးမှုကြောင့် ဖမ်းဆီးသည်ဟုမထင်ဘဲ လက်ပံတောင်းတောင်အရေးအခင်းတွင် ရှင်ဂမ္ဘီရ ပါဝင်ပတ်သက်လာမည်ကို အစိုးရက စိုးရိမ်သဖြင့် ယခုလိုထိန်းသိမ်းခြင်းဖြစ်မည်ဟုထင်ကြောင်း မှတ်ချက်ပြုသည်။
 
"သူက ထောင်ထဲမှာ နှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေနဲ့ တော်တော်ကို ကျန်းမာရေးမကောင်းဖြစ်နေတာ။ ခေါင်းက အချိန်ပြည့်နီးပါးကိုက်နေတာ။ ဒါကြောင့် သူ့ကိုမဖမ်းစေချင်ဘူး" ဟုရှင်ဂမ္ဘီရ၏မိခင် ဒေါ်ရေးက မဇ္ဈိမကိုပြောသည်။
Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis