menu

Sunday 2 December 2012

မြောက်ကိုရီးယား တာဝေးပစ်ဒုံးကျည် လွှတ်ဖို့ ပြင်ဆင်

Photo: မြောက်ကိုရီးယား တာဝေးပစ်ဒုံးကျည် လွှတ်ဖို့ ပြင်ဆင် 

မြောက်ကိုရီးယားဟာ အာကာသ စူးစမ်းလေ့လာနိုင်မယ့် ဂြိုလ်တုတလုံးကို လာမဲ့ ဒီဇင်ဘာ ၁၀ရက်နဲ့ ၂၂ ရက်အတွင်းမှာ ပစ်လွှတ်မယ်လို့ ကိုရီးယားအာကာသနည်းပညာကော်မတီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလက ပစ်လွှတ်ခဲ့တဲ့ ဂြိုလ်တုကတော့ မအောင်မြင်ခဲ့ဘဲ လပိုင်းအတွင်းမှာ အခုလို ဒုတိယအကြိမ် လွှတ်တင်ဖို့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။ သာမာန်အားဖြင့် ဆောင်းတွင်းကာလမှာ ပစ်လွှတ်လေ့ရှိပါဘူး။ ဂြိုလ်တုကို အာကာသ စူးစမ်းလေ့လာဖို့ ဂြိုလ်ပတ်လမ်းကြောင်းထဲကို ပစ်တင်မယ်လို့ ဆိုပေမဲ့ နိုင်ငံတကာကတော့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာဖြစ်မယ်လို့ ယူဆထားကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဗစ်တိုရီယာနိုလန်က နောက်ဒုံးကျည်ပစ်လွှတ်တဲ့လုပ်ရပ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လှုံခြုံရေးကို အတော့်ကိုစိန်ခေါ်လိုက်တာဖြစ်မယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားကို ဒုံးကျည်စမ်းသပ်ခွင့် ပိတ်ပင်ခံထားရတဲ့နိုင်ငံဖြစ်ပြီး ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်ကို ဖောက်ဖျက်တယ်လို့ ဆိုပါတယ်။

ဒီနျူကလီးယားလက်နက် ထုတ်လုပ်ဖို့အတွက် ရှိတဲ့မရှိရှိတာကို သုံးပြီး လုပ်မယ်ဆိုရင် မြောက်ကိုရီးယားဟာ ဒီထက်ပိုဆင်းရဲတွင်းနက်လာပြီး အထီးကျန်ဖြစ်စေလိမ့်မယ်လို့ လည်း မစ္စ နိုလန်က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့ အတွက် မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံအကြား ဆက်ဆံရေးထိခိုက်ခဲ့ပါတယ်။ မြောက်ကိုရီးယားကို အမေရိကန်နိုင်ငံက ပေးဖို့သဘောတူထားတဲ့ တန်ပေါင်းများစွာသော အစားအစာထောက်ပံ့ရေးအစီစဉ်လည်း ပျက်ပြားခဲ့ရပါတယ်။ 

မြောက်ကိုရီးယားကတော့ သူတို့ဟာ သိပ္ပံနဲ့ နည်းပညာ လေ့လာဖို့ ငြိမ်းချမ်းစွာ ပစ်လွှတ်တာဖြစ်ပြီး နိုင်ငံတကာရဲ့ သတ်မှတ်ချက်စံတွေကို အပြည့်အ၀ လိုက်နာတယ်လို့ တုန့်ပြန်ပါတယ်။

တောင်ကိုရီးနိုင်ငံကတော့ တာဝေးပစ်ဒုံးကျည်ကို သိပ္ပံနဲ့ နည်းပညာ လေ့လာရေး အမည်ခံ ပစ်လွှတ်တာ ဖြစ်တယ်လို့ ဆိုပြီး ဒီအတွက် အထူးစိုးရိမ်ပူပန်ကြောင်း ပြောပါတယ်။ ဒီလုပ်ရပ်အတွက် ပြင်းထန်တဲ့ တုန့်ပြန်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဆိုပါတယ်။ 

မြောက်ကိုရီးယားဟာ ၂၀၀၆ နဲ့ ၂၀၀၉ ခုနှစ်တွေမှာလည်း အလားတူ ပစ်လွှတ်ပေးခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ (M)

အေးချမ်းမွန်မှ  Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Burma-Newselite

  Burma-Newselite

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis