တကယ်တော့
ဒီနေရာလေးမှာ မ တစ်ယောက်ရှိ နေနှင့်ခဲ့လို့သာ ကျွန်မတို့တစ်တွေ နေပျော်ခဲ့
ကြခြင်းဖြစ်ပါသည်။ မဟုတ်လျှင်တော့ သည်နေရာလေးမှာ အကျယ်ချုပ် အကျဉ်းကျ
နေသည်နှင့် မခြား စိတ်လေ ချောက်ချားစရာ ကောင်းနေမည်လားမသိ။
စရောက်သည့်နေ့ကစလို့ ကျင့်ကြံ လိုက်နာစရာ
စည်းမျဉ်းများ၊ ရှောင်ရှားရမည့် အမူအကျင့်များ၊ အပြုအမူများ၊
အချိန်ဇယားများ စသည်ဖြင့် ခေါင်းနောက် စိတ်လေချင် စရာချည်းပင်။ ဆယ်တန်း
စာမေးပွဲကြီးကို ထူးထူးချွန်ချွန် အောင်ချင်စိတ် တစ်ခုကြောင့်သာ
သည်နေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ တကယ်ဆို ကျွန်မ မေမေနှင့်
ခွဲချင်ခဲ့သည် မဟုတ်။ အတူနေစဉ်က သိပ်မတည့်လှသော ညီမလေးကိုလည်း ခုတော့
လွမ်းရ ကောင်းမှန်းသိနေပြီ။
“တို့တွေက အရင်ဘ၀တုန်းက
ရေစက်ရှိခဲ့ကြလို့သာ တစ်နေရာစီကနေ ရောက်လာပြီး သည်မှာတစုတဝေးကြီး နေရဖို့
အကြောင်းဖန်လာတာပေါ့။ ဒါပေမဲ့ ခုလိုနေခွင့်ရမှာက အကြာကြီးလည်း မဟုတ်ဘူး။ သည်စာသင်နှစ် တစ်နှစ်တည်းပဲ။ ပျော်စရာတွေလည်း ရှိမယ်။ စိတ်ညစ် စိတ်ရှုပ်စရာတွေလည်း ရှိမှာပေါ့။ ဒါပေမဲ့ တို့ညီအစ်မ တစ်တွေ စုစုစည်းစည်း တိုင်တိုင်ပင်ပင်၊ ညီညီညွတ်ညွတ်နဲ့
ရင်ဆိုင်ကြမယ်”သူမ၏ အရပ်အမောင်းက ကျွန်မတို့တွေထက် အနည်းငယ်မျှသာ မြင့်
ပေလိမ့်မည်။ အသားဖြူဖြူ ပိန်သွယ်သွယ်ကလေးမို့ ကျောင်းသူမတွေနှင့် သိ သာစွာ
မခြားနားလှ။ ကျောလယ်ထိရှည်သော ဆံပင်ကို နောက်သို့စုသိမ်း ကာ ကလစ်တစ်ခု၊
သို့မဟုတ် ခေါင်းစည်းကြိုးတစ်ချောင်းနှင့် ထာဝစဉ် စည်းနှောင်ထားတတ်သည်။
သူမ၏ မျက်ဝန်းကြည်ကြည်လေးတွေက နူးညံ့ ခြင်း အရိပ်တစ်မျိုး ယှက်သန်းနေလျက်။
ပန်းသွေးရောင် နှုတ်ခမ်းပါးများက တော့ နွေးထွေးစွာ ပြုံးနေခဲ့လေသည်။
ကျွန်မတို့အားလုံးက သူမကို မ ဟု တစ်လုံးတည်း အဖျားဆွတ်ကာ ချစ် မြတ်နိုးစွာ
ခေါ်ခဲ့ကြပါသည်။ မကလည်း ကျွန်မတို့ အားလုံးကို လိုအပ်သော တစ်ခါတစ်ရံမှ
လွဲလျှင် နာမည် အရင်းအတိုင်း ခေါ်ခဲလှသည်ပင်။ ဘယ်သူ့ကို မဆို ညီမလေးဟုသာ
ကြင်နာနွေးထွေးစွာ နူးနူးညံ့ညံ့ ခေါ်ပြောဆက်ဆံ တတ် ခဲ့သည်ဖြစ်သည်။
“ဘာအကြောင်းပဲရှိရှိ မကို အသိပေးပါ။ တိုင်ပင်ပါနော်။ မ ညီမလေး တို့ကို ကိုယ့်ညီမလေး အရင်းတွေလို တစ်နှစ်လုံးစောင့်ရှောက်မှာ”
မိန်းကလေးတချို့ နှာခေါင်းရှုံ့လိုက်ကြသည်ကို သူမလည်းမြင်လိုက်ရပါ လျက်
မသိသလို မျက်နှာလွှဲလိုက်လေသည်။ ကျွန်မလည်း ရောက်စကတော့ သူမကို သိပ်ပြီး
ယုံကြည်လို့မရခဲ့ပေ။ သူမသည် Study Guide တစ်ယောက် အဖြစ် ကျွန်မတို့နှင့်
နေ့နေ့ညည တစ်နှစ်တာလုံး အနီးကပ် ရှိနေမည့်သူဖြစ် သည်။ ဘာသာရပ်တွေကို
သင်ယူရာမှာ အခက်အခဲတွေ့လျှင် သူမက လမ်းညွှန် ပြသနိုင်ပေလိမ့်မည်။
အချိန်ဇယားအတိုင်း နေ့စဉ်ပုံမှန် စာစစ်ပေးဦးမည်။ သို့သော်
ကျွန်မတို့တစ်တွေ ဆရာများ၏ အလစ်မှာ တစ်စုံတစ်ရာ စည်းကမ်း ဖောက်ဖျက်မိလျှင်၊
အပြစ်လုပ်မိလျှင်တော့ အုပ်ချုပ်သူ ဆရာမကြီးထံ အသိ ပေးတိုင်ကြားဦးမည်
မဟုတ်လား။
သို့ပေမဲ့ ဒီနေရာသို့ ရောက်ပြီး ရက်အနည်းငယ်အတွင်းမှာပင်
ကျွန်မတို့ အားလုံး အသားတကျ နေပျော်သွားကြတော့ပြီ။ ရောက်စကည
အိပ်ရာဝင်လျှင် စောင်ခေါင်းမြီးခြုံကာ တိတ်တိတ်ကျိတ်ငို တတ်ကြသူတွေတောင်
ခုတော့ အိပ်ရာထဲမှာ ရေပက်မ၀င် တွတ်ထိုးရင်း တခစ်ခစ် လုပ်နေတတ်ပြန်သည်မို့
မက ခဏခဏ သတိပေးရင်း ဟန့်တား ခြောက်လှန့်နေရပြီ။ မကို ရောက်စ ကလောက်
မရှိန်တော့သော်လည်း သူ့စကားတော့ နားထောင်မှ ဖြစ်မည်ဟု အားလုံးက
စိတ်ဝမ်းလက်ညီ နားလည်လက်ခံမိနေပြီ။ ကိုယ့်ဘာသာရပ် ဆိုင်ရာ သင်ခန်းစာ
အခက်အခဲများ၊ တစ်ကိုယ်စာ လိုအပ်ချက် အသေးအမွှား ကလေးများမှသည် နာဖျားမကျန်း
ကိစ္စအထိ ချက်ချင်းရင်ဖွင့် ပြောပြနိုင်သော သူက မတစ်ယောက်တည်းသာ မဟုတ်လား။
ပြီး လိုအပ်သလို အလေးဂရုပြု ဖြည့်ဆည်း ပြုစုတတ်သူကလည်း မ ပဲ
ဖြစ်နေပြန်ပါသည်။ အုပ်ချုပ်သူဆရာမ ကြီးနှင့် ဘာသာရပ် သင်ဆရာများကို
စကားတစ်ခွန်း တိုက်ရိုက်ပြောဖို့ ရန်ကျ တော့ ကျွန်မတို့ ကျောင်းသူမတွေက
နှုတ်နှေး တွန့်ဆုတ်နေကြသေးသည်။ လိုအပ်လျှင် မက သူကိုယ်တိုင် သက်ဆိုင်ရာ
ဆရာတို့ထံအသိပေးလေ့ ရှိ ပါသည်။ အခါများစွာကတော့ သူသာတာဝန်ခံကာ
လူစေ့တက်စေ့ကို ထောင့် စေ့အောင် တာဝန်ယူပေး တတ်လေမြဲ။
မကိုတော့
ကျွန်မတို့တစ်တွေက အချိန်တို အတွင်းမှာပင် ရင်းနှီးကျွမ်း
ဝင်နေမိကြတော့သည်။ လိုအပ်တာ၊ လိုချင်တာမှန်သမျှ သူမထံတွင်သာရင်ဖွင့်
အရေးဆိုနေမိကြတော့သည်။ သူမကလည်း ကျွန်မတို့မိန်းကလေးတွေ အားလုံးကို
ချော့တစ်ခါ၊ ခြောက်တစ်လှည်ဖြင့် သူလိုရာရောက်အောင် အလျှော့ အတင်းညီညီ
ကိုင်တွယ်နိုင်သူ ဖြစ်လေသည်။
မက အင်္ဂလိပ်စာ အဓိကဖြင့် ကျောင်းပြီးခဲ့သူ ဟု သိရပါသည်။ နောက်ဆုံးနှစ်မှာ ကွာလီဖိုင်း တောင် ၀င်ခဲ့သေးသည်တဲ့။
“မကလည်း မဟာ ဆက်တက်ပြီး တက္ကသိုလ်မှာ ဆရာမ ပြန်လုပ်ပါတော့လား” ကိုယ်ဖြစ်စေချင်သည်ကို ဇွတ်တရွတ်ပြော နေမိသော ကျွန်မကို အရိပ်အကဲ နားမလည်တတ် သူဟု ကျွန်မ၏သူငယ်ချင်း မဆွေက စွပ်စွဲခဲ့လေ သည်။
“ဟိုမှာ မျက်နှာပျက်သွားတာ နင် မတွေ့ လိုက်ဘူးလား။ သူလည်း မတက်ချင်ဘဲနေမ
လား။ အကြောင်းအမျိုးမျိုးကြောင့် ဒီကိုရောက် လာတာ ရှိမှာပေါ့”
ကျွန်မသာဆို လျှင်တော့ ကိုယ်လုပ်ချင်သည့် အရာကိုသာ နောက်မဆုတ်တမ်း
မငဲ့မကွက်လုပ် မှာပင်။ မလွှဲကင်းသာစွာ လုပ်ရသော အလုပ်မျိုး တော့
စိတ်ကိုမ၀င်စား။
“ဟဲ့ မိုး နင် တယ်ခက်ပါလား။ ဒါ မရှိရင် နင်လုပ်ချင်တာ ဘာမှ လုပ်လို့ မရဘူးဟဲ့” ဆွေက အရန်ကောဟူသည့် အမူအရာအပြည့် ဖြင့် ကျွန်မကို သူငယ်နှပ်စား လိုကြည့်ကာ လက်မ နှင့် လက်ညှိုးကလေးကို ကွေးဝိုင်းပြလေသည်။
“မက ဆယ်တန်းတုန်းကလည်း ဂုဏ်ထူး သုံးခုပါခဲ့သေးတာတဲ့။ ဆရာဝန်ဖြစ်ဖို့လည်း
စိတ်ကူးယဉ် ခဲ့သေးတယ် ထင်တယ်။ ဒါပေမဲ့ သူကတော့ ဆရာဝန် မဖြစ်ချင်ပါဘူးတဲ့။
စာသင် ရတာပဲ ပျော်တယ်။ ဆရာမပဲ ဖြစ်ချင်တယ်တဲ့” “စပျစ်သီးချဉ်တယ် ပြောနေတာ နေမှာပေါ့ ဟယ်”
တကယ်တမ်းမှာ မတစ်ယောက် ဆရာဝန် ဖြစ်ချင်ခဲ့လျှင်တောင် သူမမှာ မိဘကျောထောက်
နောက်ခံ တောင့်တင်းပုံမရပါ။ မတို့အဖေက အစိုးရ ဌာနတစ်ခုမှ အရာရှိဟောင်းကြီး
တစ်ဦးဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် ကျန်းမာရေးကြောင့်
ပင်စင်ယူလိုက် ရသည်ဟု ပြောကြသည်။ အမေ ကတော့ ကုန်စုံဆိုင်ကလေး
ဖွင့်ထားသည်တဲ့။ မောင်လေးက ပထမနှစ် အဝေးသင်တက္ကသိုလ် တက်နေကာ ညီမလေးကတော့
ဒီနှစ်ဆယ်တန်း ဖြေရမည်ဟု ဆိုပါသည်။
“မရဲ့ ညီမလေးကို ဘာလို့ဒီမှာ မထားတာ လဲ” မက ခပ်လျော့လျော့ ကလေးပြုံးကာ-
“မတို့အိမ်ကနေ ဒီကို ကျောင်းလာတက်ဖို့က ဝေးလွန်းတယ်။ မောင်လေးကလည်း
အလုပ်တစ် ဖက်နဲ့ဆိုတော့ အကြို၊ အပို့လုပ်မပေးနိုင်ဘူးလေ။ အိမ်နဲ့နီးတဲ့
ကျူရှင်တစ်ခုမှာ အချိန်ပိုင်းတက်နေ တယ်” “ဟင် ညလေးတို့လို ကျောင်းအိပ်ကျောင်း စား နေလိုက်ပေါ့” “ဟဲ့” ဆွေက ကျွန်မကို တံတောင်နှင့် တွက်ပြန် လေသည်။
“ညီမလေးတို့က အရမ်းကံကောင်းကြတာ။ မိဘတွေက တတ်လည်း တတ်နိုင်ကြတယ်။ သား
သမီးတွေကိုလည်း ထူးချွန်စေချင်လို့သာ ဒီကို လာပို့ပေးထားကြတာ။ သူတို့
တာဝန်ကျေတယ်။ ညီမလေးတို့လည်း ကိုယ့်ဘက်က တာဝန်ကျေဖို့ ကြိုးစားကြ ဟုတ်လား” ဘယ်စကားပဲ ပြောပြော နောက်ဆုံးတော့ စကားပင်။ စာကြိုးစားဖို့သာ ဆိုနေပြန်တာကြောင့် ကျွန်မတို့တစ်တွေ စကားမဆက်ရဲကြတော့။
ကျွန်မတို့တစ်တွေ ဈေးထွက်ချင်ပြီဆိုလျှင် မကိုပဲ အပူကပ်ရကောင်းမှန်း
သိနေကြပြီ။ ကျွန်မ တို့ကို ဈေးထွက်ခွင့်၊ အပြင်ထွက် လည်ပတ်ခွင့်
လုံးဝခွင့်မပြုပါ။ နံနက်စာ မုန့်စားထွက်ရန် ခဏမျှ ကိုပင် နီးနီးနားနားမှာပဲ
စားစေသည်။ ပြီး မပါမှ သာ အပြင်ထွက်လို့ရခြင်း ဖြစ်ပါသည်။
မက
အပြင်ထွက်ရန် ၀ါသနာပါပုံမရ။ တစ် ခါလောက် နားပူနားဆာ ပြုမိလျှင် အင်းအဲနှင့်
နေ့ရွှေ့ညရွှေ့လုပ်နေလေ့ရှိပါသည်။ မ အိုက်တင်ခံ နေသည်ဟု တချို့က ထင်ကြသည်။
“လိုက်ပို့ပါ မရယ်။ မုန့်ကျွေးမယ်လေ”
သို့သော် မ က ကျွန်မတို့ ကျွေးသော မုန့်ကို တောင် လွယ်လွယ်နှင့် မစားပါ။
သူမမှ ကျွန်မတို့ ကျွေးသောမုန့်ကို မစားလျှင် ခုပဲ ငိုချလိုက်တော့ မှာလို၊
ညပိုင်းစစ်မည့် ကျက်စာတွေကို မကျက်ဘဲ ဆန္ဒပြကြတော့မှာလို နည်းမျိုးစုံအောင်
ဝိုင်းပြော ပြီး ကျွေးကြရလေသည်။
ကျွန်မတို့ထံမှ ကတိအမျိုးမျိုး
တောင်းကာ ဈေးသို့ရောက်လျှင်တော့ သူမ ကျွန်မတို့အားလုံး ကို
စိတ်ရှည်လက်ရှည် အလိုလိုက်လေ့ ရှိပါသည်။ တရားလွန်လာလေမှ နာရီလေးမြှောက်
တကြည့် ကြည့်ပြုကာ- “ဟေး ကျုပ်တို့ ထွက်လာကြတာ ကြာပြီ။ လက်စသတ်ပြီး ပြန်ကြရအောင်”
ကျွန်မတို့ကလည်း စကားတစ်ခွန်းတည်း ဖြင့် ပြီးပြတ်သောသူများ မဟုတ်ပေ။
ဟိုဆိုင်ဝင် ဦးမယ်။ ဒီဟာဝယ်ဦးမယ်ဆိုကာ အချိန်ဆွဲတတ် ကြသူများ ဖြစ်သည်။
“မ ဒီအင်္ကျီလေးနဲ့ မနဲ့ လိုက်တယ်။ ယူပါလား” ပြုံးပြုံးလေး ခေါင်းခါလေ့မြဲ။ “ယူလိုက်ပါ။ မီးတို့က မကို လက်ဆောင် ပေးချင်လို့” ဆိုလျှင်တော့ မျက်နှာထားတင်းတင်းဖြင့် “အပိုတွေ မလုပ်ကြနဲ့။ လာ ပြန်ကြမယ်” မ မျက်နှာထားညိုလျှင်တော့ ကျွန်မတို့ အားလုံး လန့်ကြပါသည်။
“ရှင်တို့က မိဘပိုက်ဆံနဲ့ ကျုပ်ကို မျက်နှာ လုပ်ချင်ကြတယ်ပေါ့လေ”
အပြန်လမ်း တစ်လျှောက်လုံးမှာ ၀ယ်ချင် တာ၊ လိုချင်တာမှန်သမျှ လိုတရနေသော
ကျွန်မ တို့တစ်တွေ ကံကောင်းကြကြောင်း၊ မိဘတွေကို ကျေးဇူးတင်သင့်ကြောင်း၊
ကျေးဇူးတုံ့ပြန်နိုင်ရန် စာကိုသာ ကြိုးစားသင်ယူ သင့်ကြောင်းဖြင့် အပ်
ကြောင်းထပ် စကားတွေကို နားအူမတတ် သော တဆင်ကြရတော့ပြီ။
ထိုကိစ္စကို ကြားလျှင်ကြားချင်း ကျွန်မတို့ တစ်တွေ မယုံကြည်နိုင်ခဲ့ပေ။
မကတော့ မျက်နှာ ကလေး ညို့ရီရီနှင့် သူမ၏တာဝန်ဝတ္တရားတွေ ကို တစ်ချက်ကလေးမှ
မလစ်ဟင်း၊ မပျက်ကွက် စေခဲ့ရပါ။ ကျွန်မတို့၏ စာသင်ချိန်တိုင်း စာသင် ခန်းထဲ
အထိလိုက်ပါပို့ပေးနေမြဲ။ အချိန်ဇယား အတိုင်း စာစစ်ပေးနေလေ့မြဲ။ မရှင်းလင်း၊
မကျေ ညက်သော သင်ခန်းစာ များကိုလည်း စိတ်ရှည် လက်ရှည်
ရှင်းလင်းသင်ပြပေးလေ့မြဲ။
“ကျုပ်စိတ်တိုတယ်။ ရှက်စရာ သိပ်ကောင်း တာပဲ။ ရှင်တို့ကိုသာ မငဲ့ရရင် ခုချက်ချင်း အလုပ် ထွက်ပစ်တယ်”
မ ဒီကနေ ထွက်သွားတော့မှာကို ကျွန်မတို့ အားလုံးက လုံးဝ လက်မခံနိုင်ကြပါ။
ကျွန်မတို့ အတွက် အရာအားလုံးသည် မနှင့်သာ အသားကျ အဆင်ပြေလှသည်။
မကလွဲလို့အခြားတစ် ယောက်ကို ကျွန်မတို့ အလိုမရှိကြပေ။
“မ ဧကရီကိုရော စိတ်ဆိုးနေလားဟင်” မျက်နှာကလေး ငယ်နေရှာသော ဧကရီကို ငေးကာ ခပ်ဖွဖွ ပြုံးနေပြန်ရင်း-
“ကျုပ်စိတ်တိုနေတာ ရှင်တို့ကို မဟုတ်ဘူး။ အလကားနေရင်း အမနာပ
သတင်းပျံ့ရတဲ့အဖြစ် ကို။ ပြီး ဆရာမကြီးကလည်း မေးမေးမြန်းမြန်း မရှိဘူး။
ကျုပ်ကိုခေါ်တော့ အပြင်က သတင်းကို သူက အပြီး ယုံထားပြီးသား ဖြစ်နေပြီ။
ဆီးကြိုပြီး အပြစ်တင်တော့တာ” “အဲဒါ ဧကရီကြောင့်” ငိုမဲ့မဲ့ဖြစ်လာသော ဧကရီအား ချော့ရ ပြန် သေးသည်။
ဧကရီက ကျွန်မတို့အားလုံးထဲမှာ အချမ်း သာဆုံး၊ မြို့မျက်နှာဖုံး၏မြေး၊
အောင်မြင်တွင် ကျယ်သော လုပ်ငန်းရှင်ကြီး၏ တစ်ဦးတည်း သော
ရှူမငြီးလေးဖြစ်လေသည်။ ချစ်စဖွယ် အပြုံးချိုချိုကလေးနှင့်
စာလည်းတော်ပါသည်။ ဉာဏ်ကောင်းသော ကျောင်းသား၊ ကျောင်းသူ တွေ ထုံးစံအတိုင်း
အပျင်းထူချင်သည်။ အပေါင်း အသင်းလည်း မင်သူဖြစ်ပြန်လေသည်။ ဧကရီ့ကို ဆိုလျှင်
ဆရာ၊ ဆရာမတွေရော၊ ကျောင်းသား၊ ကျောင်းသူတွေကပါ နှစ်လိုခင်မင်ကြသည်
ချည်းပင်။
ဧကရီသည် မကို ကပ်မခွာတမ်း ချစ်ခင် တွယ်တာသူဖြစ်သေးသည်။
မကတော့ မိန်း ကလေး အများကြားမှာ သူ့ကိုပိုတယ်။ ငါ့ကိုကျ ပစ်ထားတယ်စသော
ကဂျီကဂျောင်စကားတွေ နှင့် စိတ်ဝမ်းမကွဲရလေအောင် ထိန်းထိန်းသိမ်း သိမ်း၊
မျှမျှတတဖေးမ ဆက်ဆံလေ့မြဲ။ ဒါပေမဲ့ ဧကရီက- “ဖေဖေ ရန်ကုန်ကအပြန်
ဂျေဒိုးနပ်က ၀ယ် လာတာလေ။ မေမေက မဖို့ဆိုပြီး တစ်ဘူးသတ် သတ်ထည့်ပေးလိုက်တယ်။
မ မစားရင် ဧကရီက ဒီအတိုင်း အိမ်ပြန်ပေးလိုက်မှာ” အိမ်က လူကြီးတွေ၏ နာမည်သုံးကာ အကျပ်ကိုင် လာလျှင်တော့ မမှာ ငြင်းပယ်ဖို့ရန် ခက်ခဲရတော့သည်။
“ဧကရီကလေ ဒီအဆင်လေးကို မနဲ့ဆင်တူ ၀တ်ချင်နေတာ ကြာလှပြီ။ မေမေ့ကိုပြောတော့” “ဧကရီ မကိုချစ်ရင် အဲလိုတန်ဖိုးကြီးတွေ ၀ယ်မလာပါနဲ့။ မ မယူချင်ပါဘူး”
“အင်းပါ။ နောက်မ၀ယ် ပေးတော့ဘူး။ ခုတစ်ခါတော့ မေမေက ၀ယ်ပေးလိုက်ပြီးနေပြီ
လေ။ ယူထားလိုက်တော့နော်...နော်။ မမှာရှိတဲ့ နက်ပြာပြောင် လုံချည်လေးနဲ့ဆို
အရမ်းလိုက်မှာ” ဧကရီမှာ ရည်ရွယ်ရင်း မည်မည်ရရရှိပုံ မပေါ်ပါ။ ဒါပေမဲ့
သူမက မကို တအားတွယ်တာ လွန်းသည်။ သူငယ်ချင်းတွေ အားလုံးကြားမှာ သူ့ကို
အနည်းငယ်လောက် ကလေးမျှ ပိုသာ၍ အရေးပေးစေချင်သည်။ မျက်နှာသာရချင်သည်။ သူမက
သူမ၏ မိသားစုမှာလည်း အထွတ်တင် အရေးပေးမြှောက်စား ခံနေလာခဲ့သူ မဟုတ်လား။
“ဧကရီနော်။ နောက်တစ်ခါဆိုရင် မ စိတ်ဆိုးတော့မှာ”
နှုတ်ကသာ ပြောနေသော်လည်း မ စိတ်ဆိုး မှာ မဟုတ်သည်ကို ဧကရီ သိပါသည်။ မသည်
သူမ၏ကျောင်းသူမများအား လိုအပ်လျှင် မျက်နှာ အနည်းငယ်တည် တင်းမာကျော
ထားရုံသာရှိကာ စိတ်ဆိုးခြင်းမရှိပါ။
ကျွန်မတို့တစ်တွေက
မုန့်ဖိုးကလေးများ ဆုတ်ဆုတ်ခဲခဲ ရလာလျှင် တစ်ခုခု ၀ယ်ချင်၊ ခြမ်း
ချင်ခဲ့ကြသည်။ ဒါပေမဲ့ အပြင်ထွက်ကာ လည် ပတ်ဝယ်ခြမ်းခွင့်က အလွန်အင်မတန်
ရှားပါးလွန်း လှရာ။
“မပဲ သိမ်းထားပေးပါနော်။ ညလေးတို့တွေ ဈေးထွက်ဖြစ်မှ ပြန်ယူမယ်”
မက စာရင်းစာအုပ်ကလေး တစ်ခုကို အများ မြင်သာအောင်ပင် ပြုလုပ်ကာ
ငွေသိမ်းပေးထား တတ်ပါသည်။ စိတ်လိုလက်ရ ရှိချိန်တွေမှာ ငွေ စာရင်းကို
အသံလွင်လွင်ကလေးနှင့် ဖတ်ပြသေး တတ်သည်။ ခုတော့ “Study Guide က ကျောင်းသားဆီမှာ ပိုက် ဆံချေးပြီး ပြန်မပေးဘူးတဲ့”
ဒီသတင်းက ကျွန်မတို့ဝန်းကျင်မှာ တိတ် တိတ်ကျိတ်ကျိတ် ပျံ့လွှမ်းလာခဲ့ပြီ။
ယောက်ျား လေး စာသင်ဆောင်ဘက်တောင် ရောက်နေပြီမို့ အုပ်ချုပ်သူ ဆရာမကြီးက
မကို ခေါ်ယူကာ ပြင်း ထန်စွာ သတိပေးလေပြီ။
“မ နော်၊ ဧကရီ အဲလို မပြောဘူး” ထိုစကား အဓိပ္ပာယ်သို့ရောက်အောင် ဧကရီ ပြောခဲ့မှာ မဟုတ်သည်က သေချာသလောက်ပါ ပင်။
သို့သော် သူ့အိမ်က- “မုန့်ဖိုးသုံးတာ ကြမ်းလှချည်လား” ဧကရီက ဘာသဘောရယ်မဟုတ်ဘဲ သူ့ အပြစ်လွတ်အောင် အလွယ်ပြောခဲ့လိုက်တာပင်။ “မကို ခဏပေးသုံးထားတယ်”
မကလည်း ပထမဆုံးအကြိမ်အဖြစ် အမှန် တကယ် ယူသုံးဖြစ်သွား ခဲ့ပါသည်။ ထိုနေ့က
လကုန်ခါနီးပြီမို့ မထံမှာ ငွေကြေးလက်ကျန်ခါလီ ကျနေချိန်ဖြစ်ပါသည်။
“ကျူရှင်လခ နှစ်လစာတောင် ကြွေးကျန် သေးတယ်တဲ့လေ။ ဒီတစ်လ ထပ်ပေါင်းရင် သုံး
လတောင်ရှိပြီဆိုတော့ ကျူရှင်ဆက်မတက်ချင် တော့ဘူး လုပ်နေတယ်” “မကလည်း လဖြင့် မကုန်သေးဘဲနဲ့”
“လမကုန်ခင် ကြိုတင် ၀မ်နင်ပေးထားတာ ပေါ့ဟယ်။ ခုက အဖေ ရောဂါပြန်ထလာလို့ လာ
ပြောတာ။ ညနေအိမ်ကို ခဏပြန်လိုက်ဦးမယ်။ ခက်တာက အဖေ့ကို ဆေးထိုးပေးဖို့
ငွေမရှိလို့ လာပြောတာ။ မလက်ထဲမှာလည်း ငွေမကျန်တော့ ဘူး” “မ ဧကရီ့ပိုက်ဆံထဲက ယူသုံးလိုက်လေ” အဲဒီစဉ်ကတည်းက ဧကရီအလွယ်တကူ ပြောသော်လည်း မက တွေတွေဝေေ၀နှင့် ဆုတ် ဆိုင်းဆုတ်ဆိုင်း လုပ်နေသေးတာမို့-
“ဟုတ်တယ်မ။ ယူသာသုံးလိုက်ပါ။ ထပ် လိုရင် ညလေးတို့အားလုံး အပ်ထားတဲ့က ထပ်ယူ
သုံးလို့ရတယ်” ကြံရာမရသော အခြေအနေမို့ မလွှဲ ကင်းသာစွာ ဧကရီ့ငွေကို မ
ယူသုံးလိုက်ရမှန်း ကျွန်မတို့ အားလုံး သိနားလည်ပါသည်။
“ဧကရီလေး ပိုက်ဆံ မ ပြန်ထည့်လိုက်ပြီ နော်” လခထုတ်ပြီးသည်နှင့် မက ဆိုလာလေ လျှင်- “ဟင်။ ပြန်မပေးနဲ့ဦးလေ။ ဧကရီဖြင့် ဘာမှ သုံးစရာမရှိပဲနဲ့။ တကယ်တမ်းမှာ မတစ်ယောက်တစ်လလုံး အသုံးအစွဲ ကျပ်တည်းနေတော့မှာကို ကျွန်မတို့ရော မကိုယ်တိုင်ပါ ကြိုတင် သိနေနှင့်ကြသည်ပင်။ “နော်။ ယူသုံးထားပါ မရယ်။ နောက်လကုန်ကျမှ ညလေးတို့အပြင် ထွက်ခွင့်ရရင် ပြန်ယူ မယ်လေ”
ဒီလ လပတ်စာမေးပွဲမှာ ဧကရီတစ်ယောက် အဆင့်အနည်းငယ်ကျသွားခဲ့တာက ပြဿနာ
စတင်လေသည်။ စာမေးပွဲမှာ အဆင့်ကျခဲ့သော အပြစ်နှင့်ဆက်နွှယ်ကာ
မုန့်ဖိုးအသုံးစွဲကြမ်းသည် ဆိုသော နောက်ဆက်တွဲ ပြစ်မှုတစ်ခု ထပ်တိုးလာ
တော့သည်။
“အရင်လက ပေးထားတာရော” “မကို အပ်ထားတယ်” “ဧကရီ ညည်းကို မယုံဘူးနော်။ ငါ ပြန်မေး ဦးမယ်” “မေးကြည့်လိုက်။ ခုလောလောဆယ် မ အသုံးလိုလို့ ခဏယူသုံး ထားတယ်”
ဘူးတစ်ရာမဟုတ်ကြသော ပါးစပ်တစ် ပေါက်တို့သည် တစ်ယောက်ထံ မှတစ်ယောက် နားသို့
ဆင့်ကဲ ကူးပြောင်းလေလျှင် မူလဖြစ်ရပ်နှင့် လွဲချော် တိမ်းစောင်းလုပြီ။
“ကျွန်မကလေးတွေကို မေးကြည့်လို့ရပါ တယ်။ အဲလိုမျိုး လုံးဝမဟုတ်ပါဘူး။
ဒါပေမဲ့ နောက်တစ်ခါ မဖြစ်ရအောင် ကျွန်မ အတတ်နိုင် ဆုံး ဆင်ခြင်ပါ့မယ်ရှင်”
မျက်နှာရဲရဲ၊ အသားတွေ တဆတ်ဆတ်တုန် ကာ လေသံကတော့ ထန်တင်းနေဆဲ။ သူမ ငိုမည်
ထင်ထားသော်လည်း မျက်ရည်တစ်စက် တောင် မကျခဲ့သည်ကို အံ့သြလျက် မမေ့နိုင်ခဲ့။
မ၏ စကားအတိုင်းဆိုလျှင်တော့ ကျွန်မတို့ တစ်တွေသည် အမှတ်စက် တစ်ခုမှာ
ဆုံစည်းမိခဲ့ ကြသော မျဉ်းဖြောင့်လေးတွေပေါ့။ သို့သော် ဆုံ မှတ်ကနေ
ပြန်လည်ခွဲဖြာ ထွက်လာခဲ့ကြသည့်တိုင် ဘယ်တော့မှ ပြန်လည်မကြုံဆုံ
နိုင်တော့မည့် မျဉ်းဖြောင့်များတော့ မဟုတ်ပါ။
အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို ...တစ်ခါပြန်ပြီး ရချင်သေးတယ်...အပြစ်မသိ သေးတဲ့ ကလေးလေးဘ၀ကို တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်
မ ဆိုညည်းနေကျ ဒီသီချင်းလေးကိုတောင် ကျွန်မတို့တစ်တွေ၏ နှုတ်ဖျားမှာပါ
စွဲစွဲမြဲမြဲ ဆိုညည်း တတ်နေခဲ့ကြပြီ။ ရှေ့လျှောက်ပြီးတော့ လည်း
သည်သီချင်းလေး၏ အရသာကိုငြိတွယ် မှန်းမသိ ငြိတွယ်မိ ရဦးတော့မည် ထင်ပါရဲ့။
တစ်ဆိတ်ရှိ မျက်ရည်ရွှဲ၊ ပုလဲခတတ်ကြ သော ကျွန်မတို့အား ချော့မော့ဖေးမကာ အငိုတိတ် စေခဲ့တိုင်းမှာ- “မကလေ ဘယ်တော့မှ မငိုဘူးကွ။ ညီမ လေးတို့လည်း မငိုရပါဘူး။
သို့သော် အခွင့်သင့်လို့ ကျွန်မတို့တစ်တွေ ပြန်ဆုံခွင့်ရခဲ့လျှင်
ကျွန်မတို့၏ စာမေးပွဲအပြီး နောက်ဆုံးနေ့ အိမ်အပြန်မှာ ကျွန်မတို့နှင့်အတူ
ငို ကြွေးခဲ့သော မ၏မျက်ရည်တွေအကြောင်းကို ပြန် ပြောလျက် ကြည်နူးခွင့်လေး
ရချင်မိသေးသည်။
သတိုး
(Teen Magazine October 2012)
|
No comments:
Post a Comment