menu

Sunday 7 October 2012

မြို့တော်ရန်ကုန် ဗန်ကောက်ကိုမီတော့မယ်လား( ကိုကို(စက်မှုတက္ကသိုလ်))

Photo: မြို့တော်ရန်ကုန် ဗန်ကောက်ကိုမီတော့မယ်လား

==========================================

ရန်ကုန်မြို့ကို စင်ကာပူလိုဖြစ်အောင်လုပ်မယ်လို့ကြားသိရပါတယ်။မနေ့က မိတ်ဆွေတစ်ယောက်နဲ့ တွေ့တော့ သူက သူငယ်ချင်းရေ စင်ကာပူကိုမီမမီတော့မသိဘူး။အခု တို့မြို့တော်ရန်ကုန်က ဗန်ကောက်ကို မီတော့မယ်ကွလို့ပြောပါတယ်။တယ်ဟုတ်ပါလားသူငယ်ချင်းရေ ဆိုစမ်းပါဦင်္းကွလို့ ဆိုတော့ သူက ယဉ်ကြော တွေပိတ်ဆို့ကြပ်ညပ်လာတာကိုပြောတာလို့စိတ်တိုတိုနဲ့ပြောပါတယ်။

 ဟုတ်ပါတယ်။အခုဆို အစည်းအဝေးတွေမှာ မိတ်ဆွေတွေနဲ့တွေ့တဲ့အခါ ခါတိုင်း ၁၀မိနစ်လောက်မောင်းရတဲ့ ခရီးကို အခု နာရီဝက်မကမောင်းနေရကြောင်းညည်းကြတယ်။တစ်ယောက်ကဆိုရင် အခုဆို အရင်ထက်အနည်းဆုံး နာရီဝက်လောက်ကြိုထွက်နေရကြောင်း၊လမ်းမှာယာဉ်ကြောပိတ်ဆို့နေတာတွေနဲ့ အချိန်အလဟသကုန်နေရကြောင်းပြောပါတယ်။တစ်ယောက်ကဆိုရင် ရုံလာပြီးရင် တစ်နေရာရာသွားဖို့ တွန့် ဆုတ်နေကြောင်း၊ယာဉ်ကြောပိတ်တာကိုကြောက်လို့ဖြစ်ကြောင်း ထပ်ညည်းပါတယ်။

သူတို့ပြောသလို အပြောင်းအလဲတွေကြားမှာ တကယ့်ကိုကြီးကြီးကျယ်ကျယ်သိသိသာသောခံစားရတဲ့ အပြောင်းအလဲတစ်ခုက ယာဉ်ကြောပိတ်ဆို့မှု တစ်နေ့တစ်ခြားပိုမိုဆိုးဝါးလာခြင်းပဲဖြစ်ပါတယ်။အိမ်နီးချင်း ဘန်ကောက်က ရန်ကုန်နဲ့ယှဉ်ရင်တကယ့် မဟာမြို့တော်ကြီးတစ်ခုပါ။နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီးတွေ၊ အဖွဲ့အစည်းကြီးတွေနဲ့လှုပ်ရှားတက်ကြွနေတဲ့မြို့တော်ကြီးပါ။မြန်မာနိုင်ငံက စီးပွားရေးအရလဲ ဘန်ကောက်လို ဖြစ်ဖြစ်မြောက်မြောက်မရှိသေးဘဲ ယာဉ်ကြောပိတ်ဆို့မှုကတော့ အမီလိုက်ချင်တာဟာ စဉ်းစားစရာ ကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရက အများပြည်သူတွေ တော်တော်များများကားစီးနိုင်အောင် ကားတင်သွင်းမှုဆိုင်ရာမူဝါဒတွေ ကို အံအားသင့်စရာကောင်းလောက်အောင်ဖြေလျော့ပေးအပြီးမှာ ရန်ကုန်ရဲ့လမ်းမတွေအပေါ် ကားသစ်အကြီး အငယ်တွေစုပြုံရောက်ရှိလာပါတယ်။မြို့တော်ကြီးက ကားသစ်တွေနဲ့ပနံရသွားပါတယ်။ဒါပေမယ့် ဘေးထွက် ဆိုးကျိုးအဖြစ် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်လာပါတယ်။

အဲသလိုဆိုလိုက်လို့ ကားတင်သွင်းမှုကိုရပ်ပစ်လိုက်ရမယ်မဆိုလိုပါဘူး။လူတွေကားစီးနိုင်တော့ပျော်စရာပေါ့။ သို့သော် ကားသစ်တွေတင်သွင်းလာမှုနဲ့အတူဖြစ်ပေါ်လာမယ့် ယာဉ်ကြောပိတ်ဆို့မှုတွေအတွက် စီမံမှုတွေကို ဆက်လုပ်ကြရမှာဖြစ်ပါတယ်။အခုကုန်းကျော်တံတားတွေစထိုးနေတာ ဖြေရှင်းချက်တစ်ခုဖြစ်ပါတယ်။သို့သော် ကုန်းကျော်တံတားထိုးရုံနဲ့ယာဉ်ကြောပိတ်ဆို့မှုလုံးဝပြေလည်မသွားနိုင်ပါဘူး။ ဥပမာ လှည်းတန်းကုန်းကျော် တံတား ဆောက်ပြီးရင် လှည်းတန်းလမ်းဆုံမှာ ယာဉ်ကြောပိတ်ဆို့မှုကျသွားနိုင်ပေမယ့် အရပ်အနားမရှိ ဆက်တိုက် မောင်းလာနိုင်မယ့်ကားတွေဟာ ဟံသာဝတီအ၀ိုင်း ဒါမှမဟုတ်မြေနီကုန်းမှာ ပြန်ပြီးပိတ်ဆို့သွားမှာဖြစ်ပါတယ်။ ရွှေဂုံတိုင်ကုန်းကျော်တံတားပြီးလို့ ရွှေဂုံတိုင်မှာမပိတ်ဆို့တော့ရင် ဗဟန်းရေတာရှည်လမ်းမီးပွိုင့်လိုနေရာမျိုးမှာ ပြန်ပိတ်သွားနိုင်ပါတယ်။

Something is better than nothing ဆိုတာကြားဖူးပါတယ်။ဘာမှမရှိတာထက်စာရင်တော့ တစ်ခုခုရှိလိုက် တာပိုကောင်းတာပေါ့။ကုန်းကျော်တံတားမရှိတာထက်စာရင် ရှိလာတော့ပိုကောင်းတာပေါ့။ဒါပေမယ့် ယာဉ် ကြောပိတ်ဆို့မှုဖြေရှင်းရေးအစီအစဉ်ဟာ ရန်ကုန်မြို့ရဲ့လမ်းတွေအားလုံးကို ခြုံလွှမ်းလေ့လာအဖြေထုတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ကုန်းကျော်တံတားတွေ၊နှစ်ထပ်လမ်းတွေထိုးရမယ်။လမ်းဆုံလမ်းခွတွေမှာ Traffic density တွေ ၊ Traffic volume တွေကို သေသေချာချာတွက်ချက်ပြီး မီးပွိုင့်တွေရဲ့ဝါနီစိမ်း အချိန်တွေကိုပြန်သတ်မှတ် ရမယ်။(ဒါမှမဟုတ် အချို့နိုင်ငံတွေလို အာရုံခံကိရိယာကတစ်ဆင့် ကားတွေကိုအာရုံခံပြီး အဖွင့်အပိတ်လုပ်ပေး တာမျိုးလည်းစဉ်းစားနိုင်ပါတယ်)။ ခေတ်မီဘတ်စကားသယ်ယူပို့ဆောင်ရေးစနစ်ကြီးတစ်ခုပြုပြင်ပြောင်းလဲရ မယ်။Bus Interchange တွေနဲ့ ခရုပတ်လမ်းကြောင်းစနစ်လိုမျိုးစဉ်းစားနိုင်တယ်။ ဘတ်စ်ကားအပြင် ခရီးသည် အမြောက်အမြားကို အချိန်တိုတိုအတွင်းပို့ဆောင်ပေးနိုင်တဲ့ Mass Transit စနစ်ကြီးရေးဆွဲအကောင် အထည်ဖော်ရမယ်။ မက်ထရိုရထားစနစ်(စင်ကာပူက အမ်အာရ်တီလို)စနစ်မျိုးအပြိုင်လုပ်ရမယ်။အချို့အစီ အစဉ်တွေဟာ ငွေကုန်ကြေးကျသိပ်မများလှပေမယ့် အချို့ကိစ္စတွေက ရင်းနှီးမြှပ်နှံမှုကြီးကြီးမားမားလိုအပ်မှာ ဖြစ်ပါတယ်။

ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ မိုင်နာဘာသာအဖြစ် Traffic Engineering ကို တို့ကနန်းဆိတ် ကနန်း လောက်သင်ခဲ့ဖူးတာလေးတွေရယ်၊နိုင်ငံတကာမှာမြင်တွေ့ကြုံခဲ့ရတဲ့ပုံစံလေးတွေရယ်ပေါင်းစပ်ပြီး စဉ်း စားနေမိတာဖြစ်ပါတယ်။Traffic Engineer ကြီးတွေကပိုသိနားလည်ပါလိမ့်မယ်။ကြုံတုန်းပြောရရင် မြန်မာနိုင်ငံ မှာ ထရက်ဖစ်အင်ဂျင်နီယာဆိုတာ လက်ချိုးရေလို့ရပါတယ်။မြို့ပြအင်ဂျင်နီယာသင်တန်းတွေမှာ ဘာသာခွဲ တစ်ခုအနေနဲ့သင်ကြားပေးခဲ့တာတွေရှိပါတယ်။အဲဒါကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်စီမံနိုင်ဖို့ ထရက်ဖစ်အင်ဂျင်နီယာတွေပြန်လည်မွေးထုတ်ပေးဖို့လဲလိုအပ်နေပြီဖြစ်ပါတယ်။

ရန်ကုန်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာအကောင်းဆုံးစီးပွားရေးမြို့တော်ဖြစ်ပါတယ်။ဘန်ကောက် လို တကယ့်လုပ်ငန်းကြီးတွေအခြေလာစိုက်ရင်၊စက်မှုဇုန်ကြီးတွေစည်ပင်လာရင်၊ပြည်တွင်းစီးပွားလုပ်ငန်းတွေ အရှိန်ကောင်းလာရင် မြို့တော်ရန်ကုန်ဟာ လူတွေယာဉ်တွေနဲ့ပြည့်ကျပ်နေမှာဖြစ်ပါတယ်။

ဖြစ်တော့မှအလန့်တကြားထစီမံကြတာထက် ဖြစ်လာနိုင်မှာကို ကြိုတင်မှန်းဆပြီး (ကြိုစိုးရိမ်ပြီး) ယခုကတည်းက မြို့ပြယာဉ်ကြောပိတ်ဆို့မှုပြသနာကို ၀ိုင်းဝန်းအဖြေရှာကြရတော့မှာပါ။

 by Yangon Media Group on Saturday, October 6, 2012 at 8:35am ·

ကိုကို(စက်မှုတက္ကသိုလ်)

ဘန်ကောက်မြို့၏ ပုံ
ရန်ကုန်မြို့ကို စင်ကာပူလိုဖြစ်အောင်လုပ်မယ်လို့ကြားသိရပါတယ်။မနေ့က မိတ်ဆွေတစ်ယောက်နဲ့ တွေ့တော့ သူက သူငယ်ချင်းရေ စင်ကာပူကိုမီမမီတော့မသိဘူး။အခု တို့မြို့တော်ရ
န်ကုန်က ဗန်ကောက်ကို မီတော့မယ်ကွလို့ပြောပါတယ်။တယ်ဟုတ်ပါလားသူငယ်ချင်းရေ ဆိုစမ်းပါဦင်္းကွလို့ ဆိုတော့ သူက ယဉ်ကြော တွေပိတ်ဆို့ကြပ်ညပ်လာတာကိုပြောတာလို့စိတ်တိုတိုနဲ့ပြောပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis