menu

Sunday 7 October 2012

မြန်မာ့စီးပွားရေးအလှည့်အပြောင်းနှင့် ခရိုနီပွတ်တိုက်မှု

Photo: မြန်မာ့စီးပွားရေးအလှည့်အပြောင်းနှင့် ခရိုနီပွတ်တိုက်မှု

ယခုတစ်လော ဘဏ်လောကတွင် ငွေကြေးအရှုပ်တော်ပုံများရှိနေပြီး ကမ္ဘောဇဘဏ်ဥက္ကဌအား သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေသည်ဟူသော ကောလဟာလများထွက်ပေါ်နေပြီး သောကြာနေ့က ကမ္ဘောဇဘဏ်များတွင် ပုံမှန်မဟုတ်သော ငွေသွင်းငွေထုပ်မှုများကို အကြောင်းပြကာ ကမ္ဘေဇဘဏ် ဒေ၀ါလီခံရပြီဟု ပြည်သူလူထုအကြားထိတ်လန့်အောင် လှုံ့ဆော်မှုများပေါ်ထွက်ခဲ့သည်။ ခဲမှန်ဖူးသော ပြည်သူလူထုသည်လည်း အဟုတ်မှန်ထင်ကာ ဘဏ်များမှ ငွေထုတ်ယူမှုကြောင့် ငွေကြေးအကြပ်အတည်းဖြစ်ပေါ်လုနီးပါးဖြစ်ခဲ့ရသည်။ သင်္ဃန်းကျွန်းဘဏ်ခွဲတွင် ငွေထုတ်သူပြည်သူများမှာ ည ၈ နာရီအထိစောင့်ဆိုင်းကာ ငွေများထုတ်ယူခဲ့ကြသည်။ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ကမ္ဘေဇဘဏ် ဒုဥက္ကဌမှပြောကြားရာ "ဒီလိုပုံစံမျိုး အရင်တစ်ခေါက်ကလည်း လုပ်ခဲ့ပြီးပြီ။ အခုတစ်ခေါက်က သေသေချာချာ အကွက်ချပြီးလုပ်ခဲ့တာ၊ အောက်တိုဘာ ၁၊၂၊၃၊၄ ရက်တွေက ပုံမှန် ဘဏ်မှာ လူကြပ်ရက်တွေပါ။ ဘဏ်တွေ ၆ လချုပ်ပိတ်တဲ့အချိန် စာရင်းချုပ်နေလို့ ငွေလွှဲတွေ၊ အတိုးတွေ၊ ငွေထုတ်တာတွေ ခဏရပ်တဲ့အချိန်ပါ။ တခြားဘဏ်တွေလဲ ဒီလိုပါဘဲ။ ဒါကိုအကြောင်းပြပြီး ပြည်သူတွေအကြားရှုပ်ထွေမှုဖြစ်အောင်လုပ်တာ၊ ပြည်သူတွေ ဘဏ်တွေကို ယုံကြည်မှုမရှိဘဲ ငွေလက်ကိုင်သုံးစွဲမှ ငွေကြေးဖောင်းပွမှုဖြစ်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်အောင်လုပ်လို့ရမှာကို၊ ပြည်သူတွေဘက်ကလည်း လိမ်ဆင်ကြီးထဲမ၀င်အောင်သတိထားဖို့လိုမယ်" ဟုပြောကြားသွားပါတယ်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) အားဆက်သွယ်မေးမြန်းရာ၊ တာဝန်ရှိသူတစ်ဦးက "ယခုလောလောဆယ် ငွေကြေးခ၀ါချမှုနဲ့ ပတ်သက်တဲ့ အမှုတစ်မှုမှ မရှိသေးပါဘူး။ ဥပဒေပြင်ဆင်ဖို့နဲ့ အဖွဲ့ကို ဖွဲ့စည်းပုံပြင်ဖို့ကိစ္စတွေပဲရှိပါတယ်"ဟု အတည်ပြုဖြေကြားသွားပါတယ်။ ယခုဖြစ်ရပ်များနှင့်ပတ်သက်ပြီး လေ့လာသူ ကိုမျိုးညီညီက သုံးသပ်ပြောဆိုရာမှာ "အရင်က ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးအခြေအနေက ဘာနဲ့တူသလဲဆိုတော့ ကျောက်ကမ်းပါးစောင်းမှာ ကျောက်တုံးတစ်တုံးလိမ့်နေတာနဲ့တူတယ်၊ အရှိန်လေးရနေတော့ စီးပွားရေးသမားတွေကော၊ ပြည်သူတွေကပါ သတိမထားမိဘူး။ စီးပွားရေးတွေ လည်ပတ်နေတယ်ပေါ့၊ အခုအစိုးရပြောင်းပြီးနောက်ပိုင်းမှာ စီးပွားရေးပေါ်လစီတွေ တစ်ခုပြီးတစ်ခုပြောင်းလဲလုပ်ဆောင်နေတော့ အရင် ချောက်ထဲကိုဦးတည်နေတဲ့အရှိန်ရပ်သွားတယ်၊ ရပ်သွားတော့ အကုန်လုံးလုပ်ရကိုင်ရတာခက်ကုန်တယ်။ ကားပါမစ်မရှိတော့ဘူး။ ကားဈေးတွေကျလာတယ်၊ အရင် ကျပမ်းကားပွဲစားတွေ စထိလာတယ်။ နောက်မြေဘက်ကို လှည့်သွားတယ်။ မြေဈေးတွေ တက်ကုန်တယ်။ အစိုးရပြန်ကိုင်မယ်ဆိုရော တက်တဲ့ဈေးတွေ ပျောက်ချင်းမလှပျောက်ကုန်တယ်။ အဲဒီတော့ အချောင်ရတဲ့ ပါမစ်စီးပွားရေးတို့၊ ခွင်တို့ဆိုတာတွေ သိပ်မတွေ့ရတော့ဘူး၊ ပါမစ်သမားနဲ့ ခွင်သမားတွေ စားခွက်ပျောက်လာတယ်၊ တစ်ချို့ အရင်အစိုးရလက်ထက် အောင်မြင်တယ်လို့ပြောနေတဲ့ အမရာဘဏ်တို့ ထူးထရေးဒင်းတို့တွေက တဖြည်းဖြည်းအကျဘက်ကိုရောက်နေပြီ။ အဲဒီထဲကမှ ကမ္ဘေဇဘဏ်တို့ Max တို့ကျတော့ အချိန်မှီပြောင်းလဲပြီး Clean Business ဘက်ကိုဦးတည်လာနိုင်တယ်။ အခွန်ပေးသွင်းမှုစာရင်းကို ကြည့်လိုက်တာနဲ့တင် သိသာနေပြီ။ နောက် သမ္မတကြီးဦးသိန်းစိန်ရဲ့ ပြောင်းလဲမှုကြောင့် နိုင်ငံတကာကစီးပွားရေးသမားတွေကလည်း မြန်မာနိုင်ငံကို တဖြည်းဖြည်းဝင်လာတယ်။ ၀င်လာတဲ့သူတွေကလည်း ယခင်နာမည်ပျက်စီးပွားရေးသမားတွေထက် အခြားနာမည်ပျက်မရှိသူတွေကို ဦးစားပေးစဉ်းစားလာတယ်။ ဥပမာ Coaca Colar တို့ Pepsi တို့ပေါ့။ ဒီအချက်တွေကို ကြည့်ရင် နိုင်ငံရဲ့ စီးပွားရေးသမားတွေထဲမှာ နောက်ပြန်လှည့်ချင်တဲ့သူတွေရှိနေတယ်ဆိုတာ ထင်ရှားတယ်။ သူတို့ တွေက Clean Business ကိုအလေ့အကျင့်မရှိဘူး။ မတိုးနိုင်ဘူး။ ဒီတော့နောက်ပြန်လှည့်ဖို့ နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတာပါ။ ဒါမြန်မာ့စီးပွားရေးအလှည့်အပြောင်းမှာ ခရိုနီပွတ်တိုက်မှုဖြစ်တာပါ။ ဒါကို အစိုးရပိုင်းကော ပြည်သူတွေကပါ သတိရှိဖို့လိုတယ်။ သူတို့တွေ ဆွဲခေါ်တိုင်းလိုက်ခဲ့ရတာ နှစ်၂၀ ကျော်ပါပြီ။ ဒီအချိန်မှာ မအသင့်တော့ဘူး။ အစိုးရပိုင်းကလည်း လိုအပ်တဲ့အရေးယူဆောင်ရွက်မှုမျိုးတွေ လုပ်ပေးဖို့ လိုပါတယ်။ ပြည်သူတွေဖက်က ရှင်းရှင်းလင်းလင်းသိအောင်လို့လည်း Public Report လုပ်ဖို့လိုပါတယ်။ နိုင်ငံရေးမှာတင် Transparency ရှိဖို့လိုတာမဟုတ်ပါဘူး။ စီးပွားရေးပိုင်းမှာလည်း လုပ်ငန်းရှင်တွေဘက်က Transparency ရှိဖို့လိုပါတယ်" ဟု ထောက်ပြပြောဆိုသွားပါတယ်။ by:People Development for Knowledge

News from :People Development For Knowledge
Post By : Aye Chan Mon
ယခုတစ်လော ဘဏ်လောကတွင် ငွေကြေးအရှုပ်တော်ပုံများရှိနေပြီး ကမ္ဘောဇဘဏ်ဥက္ကဌအား သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေသည်ဟူသော ကောလဟာလများထွက်ပေါ်နေပြီး သောကြာနေ့က ကမ္ဘောဇဘဏ်များတွင် ပုံမှန်မဟုတ်သော ငွေသွင
်းငွေထုပ်မှုများကို အကြောင်းပြကာ ကမ္ဘေဇဘဏ် ဒေ၀ါလီခံရပြီဟု ပြည်သူလူထုအကြားထိတ်လန့်အောင် လှုံ့ဆော်မှုများပေါ်ထွက်ခဲ့သည်။ ခဲမှန်ဖူးသော ပြည်သူလူထုသည်လည်း အဟုတ်မှန်ထင်ကာ ဘဏ်များမှ ငွေထုတ်ယူမှုကြောင့် ငွေကြေးအကြပ်အတည်းဖြစ်ပေါ်လုနီးပါးဖြစ်ခဲ့ရသည်။ သင်္ဃန်းကျွန်းဘဏ်ခွဲတွင် ငွေထုတ်သူပြည်သူများမှာ ည ၈ နာရီအထိစောင့်ဆိုင်းကာ ငွေများထုတ်ယူခဲ့ကြသည်။ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ကမ္ဘေဇဘဏ် ဒုဥက္ကဌမှပြောကြားရာ "ဒီလိုပုံစံမျိုး အရင်တစ်ခေါက်ကလည်း လုပ်ခဲ့ပြီးပြီ။ အခုတစ်ခေါက်က သေသေချာချာ အကွက်ချပြီးလုပ်ခဲ့တာ၊ အောက်တိုဘာ ၁၊၂၊၃၊၄ ရက်တွေက ပုံမှန် ဘဏ်မှာ လူကြပ်ရက်တွေပါ။ ဘဏ်တွေ ၆ လချုပ်ပိတ်တဲ့အချိန် စာရင်းချုပ်နေလို့ ငွေလွှဲတွေ၊ အတိုးတွေ၊ ငွေထုတ်တာတွေ ခဏရပ်တဲ့အချိန်ပါ။ တခြားဘဏ်တွေလဲ ဒီလိုပါဘဲ။ ဒါကိုအကြောင်းပြပြီး ပြည်သူတွေအကြားရှုပ်ထွေမှုဖြစ်အောင်လုပ်တာ၊ ပြည်သူတွေ ဘဏ်တွေကို ယုံကြည်မှုမရှိဘဲ ငွေလက်ကိုင်သုံးစွဲမှ ငွေကြေးဖောင်းပွမှုဖြစ်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်အောင်လုပ်လို့ရမှာကို၊ ပြည်သူတွေဘက်ကလည်း လိမ်ဆင်ကြီးထဲမ၀င်အောင်သတိထားဖို့လိုမယ်" ဟုပြောကြားသွားပါတယ်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) အားဆက်သွယ်မေးမြန်းရာ၊ တာဝန်ရှိသူတစ်ဦးက "ယခုလောလောဆယ် ငွေကြေးခ၀ါချမှုနဲ့ ပတ်သက်တဲ့ အမှုတစ်မှုမှ မရှိသေးပါဘူး။ ဥပဒေပြင်ဆင်ဖို့နဲ့ အဖွဲ့ကို ဖွဲ့စည်းပုံပြင်ဖို့ကိစ္စတွေပဲရှိပါတယ်"ဟု အတည်ပြုဖြေကြားသွားပါတယ်။ ယခုဖြစ်ရပ်များနှင့်ပတ်သက်ပြီး လေ့လာသူ ကိုမျိုးညီညီက သုံးသပ်ပြောဆိုရာမှာ "အရင်က ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးအခြေအနေက ဘာနဲ့တူသလဲဆိုတော့ ကျောက်ကမ်းပါးစောင်းမှာ ကျောက်တုံးတစ်တုံးလိမ့်နေတာနဲ့တူတယ်၊ အရှိန်လေးရနေတော့ စီးပွားရေးသမားတွေကော၊ ပြည်သူတွေကပါ သတိမထားမိဘူး။ စီးပွားရေးတွေ လည်ပတ်နေတယ်ပေါ့၊ အခုအစိုးရပြောင်းပြီးနောက်ပိုင်းမှာ စီးပွားရေးပေါ်လစီတွေ တစ်ခုပြီးတစ်ခုပြောင်းလဲလုပ်ဆောင်နေတော့ အရင် ချောက်ထဲကိုဦးတည်နေတဲ့အရှိန်ရပ်သွားတယ်၊ ရပ်သွားတော့ အကုန်လုံးလုပ်ရကိုင်ရတာခက်ကုန်တယ်။ ကားပါမစ်မရှိတော့ဘူး။ ကားဈေးတွေကျလာတယ်၊ အရင် ကျပမ်းကားပွဲစားတွေ စထိလာတယ်။ နောက်မြေဘက်ကို လှည့်သွားတယ်။ မြေဈေးတွေ တက်ကုန်တယ်။ အစိုးရပြန်ကိုင်မယ်ဆိုရော တက်တဲ့ဈေးတွေ ပျောက်ချင်းမလှပျောက်ကုန်တယ်။ အဲဒီတော့ အချောင်ရတဲ့ ပါမစ်စီးပွားရေးတို့၊ ခွင်တို့ဆိုတာတွေ သိပ်မတွေ့ရတော့ဘူး၊ ပါမစ်သမားနဲ့ ခွင်သမားတွေ စားခွက်ပျောက်လာတယ်၊ တစ်ချို့ အရင်အစိုးရလက်ထက် အောင်မြင်တယ်လို့ပြောနေတဲ့ အမရာဘဏ်တို့ ထူးထရေးဒင်းတို့တွေက တဖြည်းဖြည်းအကျဘက်ကိုရောက်နေပြီ။ အဲဒီထဲကမှ ကမ္ဘေဇဘဏ်တို့ Max တို့ကျတော့ အချိန်မှီပြောင်းလဲပြီး Clean Business ဘက်ကိုဦးတည်လာနိုင်တယ်။ အခွန်ပေးသွင်းမှုစာရင်းကို ကြည့်လိုက်တာနဲ့တင် သိသာနေပြီ။ နောက် သမ္မတကြီးဦးသိန်းစိန်ရဲ့ ပြောင်းလဲမှုကြောင့် နိုင်ငံတကာကစီးပွားရေးသမားတွေကလည်း မြန်မာနိုင်ငံကို တဖြည်းဖြည်းဝင်လာတယ်။ ၀င်လာတဲ့သူတွေကလည်း ယခင်နာမည်ပျက်စီးပွားရေးသမားတွေထက် အခြားနာမည်ပျက်မရှိသူတွေကို ဦးစားပေးစဉ်းစားလာတယ်။ ဥပမာ Coaca Colar တို့ Pepsi တို့ပေါ့။ ဒီအချက်တွေကို ကြည့်ရင် နိုင်ငံရဲ့ စီးပွားရေးသမားတွေထဲမှာ နောက်ပြန်လှည့်ချင်တဲ့သူတွေရှိနေတယ်ဆိုတာ ထင်ရှားတယ်။ သူတို့ တွေက Clean Business ကိုအလေ့အကျင့်မရှိဘူး။ မတိုးနိုင်ဘူး။ ဒီတော့နောက်ပြန်လှည့်ဖို့ နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတာပါ။ ဒါမြန်မာ့စီးပွားရေးအလှည့်အပြောင်းမှာ ခရိုနီပွတ်တိုက်မှုဖြစ်တာပါ။ ဒါကို အစိုးရပိုင်းကော ပြည်သူတွေကပါ သတိရှိဖို့လိုတယ်။ သူတို့တွေ ဆွဲခေါ်တိုင်းလိုက်ခဲ့ရတာ နှစ်၂၀ ကျော်ပါပြီ။ ဒီအချိန်မှာ မအသင့်တော့ဘူး။ အစိုးရပိုင်းကလည်း လိုအပ်တဲ့အရေးယူဆောင်ရွက်မှုမျိုးတွေ လုပ်ပေးဖို့ လိုပါတယ်။ ပြည်သူတွေဖက်က ရှင်းရှင်းလင်းလင်းသိအောင်လို့လည်း Public Report လုပ်ဖို့လိုပါတယ်။ နိုင်ငံရေးမှာတင် Transparency ရှိဖို့လိုတာမဟုတ်ပါဘူး။ စီးပွားရေးပိုင်းမှာလည်း လုပ်ငန်းရှင်တွေဘက်က Transparency ရှိဖို့လိုပါတယ်" ဟု ထောက်ပြပြောဆိုသွားပါတယ်။
 
 by:People Development for Knowledge

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis