menu

Sunday 7 October 2012

စာနယ်ဇင်း သမားတို့ အလေးထား စရာ ပုဒ်မ ၅ဝဝ

Photo: စာနယ်ဇင်း သမားတို့ အလေးထား စရာ ပုဒ်မ ၅ဝဝ

06 OCTOBER 2012 

ပွင့်လင်းမြင် သာဖြစ် လာတဲ့ မျက်မှောက် မီဒီယာကာလမှာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်တွေ ပလူပျံအောင် ထုတ်ဝေလျက်ရှိ နေတယ်။ သတ်မှတ်ချက် အရ တော့ ‘သတင်း စာ’ ဟာ နေ့စဉ် ထုတ်ဝေပြီး ဂျာနယ်ကတော့ ‘အပတ်စဉ်’ ထုတ်နဲ့ မဂ္ဂဇင်းဆို တာ ‘လစဉ်ထုတ်’ပေါ့။ ဒါပေမဲ့ မျက်မှောက် ကာလမှာတော့ ‘ဂျာနယ်’တွေဟာ ‘ရက်သတ္တပတ်’ ရဲ့ နေ့တိုင်းမှာ ထွက်ရှိနေပါပြီ။
အဲဒီလို ဂျာနယ် အရေအတွက် များလာတာနဲ့အမျှ ဂျာနယ်တွေ က သတင်းဦး၊ သတင်းထူးတွေ ကို ရေးသားဖော်ပြနိုင်ဖို့ အတွက် အလု အယက် အပြိုင်အဆိုင် ကြိုးစားလာကြတာ တွေ့မြင်နေ ရတယ်။ အများပြည်သူ စိတ်ပါ ဝင်စားမယ့် သတင်းဦး၊ သတင်း ထူး၊Breaking News တွေကို လက်ဦးမှုရယူကာ ဖော်ပြနိုင် ဖို့ရာ သတင်းရင်းမြစ်တွေကို ‘ကျားကုတ်ကျားခဲ’ ကြိုးပမ်း လိုက်နေကြရရှာတယ်။ ရရှိလာ တဲ့ သတင်းရင်းမြစ်ရဲ့ ခိုင်လုံ တိကျမှု မရေရာတဲ့အခါ အသွား မတော် ရင်တစ်လှမ်း၊ သတင်း ရင်းမြစ် မခိုင်လုံလို့ ငြိစွန်းရင် တော့ ပုဒ်မ ၅ဝဝ လို့ ပြောစမှတ် ပြုရတော့မယ်။ ဘာကြောင့်လဲဆို တော့ မီဒီယာ လွတ်လပ်ခွင့်ရရှိစ အရုဏ်ဦးကာလ မှာပဲ ဌာနဆိုင်ရာ (အချို့)နဲ့ ဂျာနယ်(အချို့) ငြိစွန်း ကာ တရားရုံးမှာ စိတ်မချမ်း မြေ့ဖွယ်ရာ ‘မှုခင်း’ရင်ဆိုင်နေ ကြရတဲ့အတွက် စာနယ်ဇင်း သမားတို့ အလေးထားစရာ ပုဒ်မ ၅ဝဝ ကို ရေးသားတင်ပြ လိုက်ရခြင်း ဖြစ်ပါတယ်။
အသရေဖျက်မှု မြောက်စေတဲ့ ပြဋ္ဌာန်းချက်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၉၉-း မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ ဖတ်ရှုရန် ကြံရွယ်သည့် ‘စာ’ ဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှား သောပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ လူ တစ်ဦးတစ်ယောက်၏ ‘အသရေ’ကို နစ်နာစေရန် အကြံဖြင့် သော် လည်းကောင်း၊ ထိုသူနှင့် စပ်လျဉ်း သော စွပ်စွဲခြင်းသည် ထိုသူ၏ ‘အသရေ’ ကို နစ်နာစေမည်ဟု သိလျက်နှင့်သော် လည်းကောင်း၊ ထိုသို့ ယုံကြည်ရန် အကြောင်း ရှိလျက်နှင့်သော် လည်းကောင်း ထိုသူနှင့် စပ်လျဉ်းသော စွပ်စွဲ ချက်ကိုပြုလျှင် (သို့တည်းမဟုတ်) ကြေညာလျှင် ထိုသူသည် အောက် ပါ ကင်းလွတ်ချက်များမှတစ်ပါး အဆိုပါ’လူ’၏ ‘အသရေ’ ကို ဖျက်သည် မည်၏လို့ ပြဋ္ဌာန်း ထားပါတယ်။ ပြစ်ဒဏ်နဲ့ ပတ်သက် တဲ့ ပြဋ္ဌာန်းချက်ကတော့”မည်သူ မဆို အခြားသူတစ်ဦး၏ ‘အသ ရေ’ ကို ဖျက်လျှင် ထိုသူကို (၂)နှစ်အထိ ‘အလုပ်လက်မဲ့ထောင် ဒဏ်’ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရ မည်” လို့ဖြစ်တယ်။
ပုဒ်မ ၅ဝဝ နဲ့ ပတ်သက်ပြီး စီရင်ထုံးပြုထား တာက-းပြစ်မှုပုဒ်မ ၅ဝဝ အရ တရားစွဲဆိုခြင်းမှာ ရာဇဝတ်မှုဖြစ် သည်။ ရာဇဝတ်မှုများတွင် ကာလ စည်းကမ်းသတ်မရှိ၊ စွဲဆိုလိုသော အချိန်တွင် စွဲဆိုနိုင် ခွင့်ရှိသည်။ [၁၉၆၆၊ မြန်မာနိုင်ငံတရားစီရင် ထုံးများ (တရားရုံးချုပ်) စာ ၂၁၆ ရာဇဝတ် ပြင်ဆင်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၄၉၉/၅ဝဝ ဦးသွယ်ပါ - ၂ ပြင် ဆင်ရန် လျှောက် ထားသူ] လို့ ဖြစ်ပါတယ်။ အခုလို ဥပဒေ၊ စီရင်ထုံးတွေနဲ့ တကွ တင်ပြပေးနေတာက ဥပဒေ ဆိုထုံးမှာ ‘ဥပဒေကို မသိလို့ပါ ဆိုတာကိုခွင့်မလွှတ် ”Ignorance of Law is no excuse ‘ ကိုသိရှိ စေချင်သလို တရားမျှတမှုကို လို လားသူသည် ကိုယ်တိုင်ကလည်း စင်ကြယ်သန့်ရှင်းရမယ်ဆိုတဲ့ ဥပဒေဆိုရိုး Law Maxim ကို အလေး အနက် ထားစေလိုတာကြောင့်ပါ။ အသရေဖျက်မှု မမြောက်စေ တဲ့ ကင်းလွတ်ချက် ၁ဝ ချက်ရှိ တဲ့ အနက် စာနယ်ဇင်းသမားတွေနဲ့ စပ်ဆိုင်နိုင်တဲ့ အချက် ၅ ချက် ပါဝင်နေပါတယ်။ အများပြည် သူနဲ့ စပ်ဆိုင်တဲ့ တင်ပြချက် တွေကို ‘သဘောရိုွးသသိငေအ့ နဲ့ ရေးသား ဖော်ပြတာ ရယ်၊ စာနယ်ဇင်းသမားအနေ နဲ့ အများဝေဖန်ချက်ပြုရန် အတွက် သဘောရိုးနဲ့ ထင်မြင် ချက် ရေးသားတာနဲ့ ဥပဒေအရ ပဋိညာဉ်အရ တစ်ဦးတစ် ယောက်ရဲ့ ပြုမူမှုကို သဘော ရိုးနဲ့ ဝေဖန်ထောက်ပြတာတွေ ဟာ ကင်းလွတ်ချက်မှာ အကျုံး ဝင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အသရေ ပျက်စေနိုင်တယ်လို့ သိရှိပြီးဖြစ်တဲ့ အကြောင်း အရာကို ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း ပြုလုပ်မယ်ဆိုရင်တော့ အောက် ပါ စီရင်ထုံးအရ ငြိစွန်းသွားမှာ ဖြစ်ပါတယ်။
”သတင်းစာများ တွင် ဖြစ်စေ၊ အခြားရေးသား ထုတ်ဝေသော စာစောင်အသီး သီးတွင်ဖြစ်စေ၊ တစ်ပါးသူအား အသရေပျက် စသော အရေး အသားများ ထည့်သွင်းဖော်ပြ သည့်အခါ အယ်ဒီတာများ နည်းတူ ထည့်သွင်းသူ (ရေး သားသူ) ကာယကံရှင်၌လည်း တာဝန်ရှိသည်။ [မောင်မြင့်ဦးနှင့် ပထစ (ဒေါ်သီသီ) ၁၉၇၄၊ မတစ ၆ဝ]” ဒါကြောင့် စာရေးသူ အပါ အဝင် စာနယ်ဇင်းသမားများ အနေနဲ့ မီဒီယာ လွတ်လပ်ခွင့် ကို၊ စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ တည့်မတ် တဲ့ချိန်ခွင်လျှာနဲ့ သ ဘောရိုွးသသိငေအ့ နဲ့ ‘ဝမ်း တွင်မသို ဟုတ်တိုင်းဆိုကာ’ ရေးသား တင်ပြကြပါမှသာ ကင်းလွတ်ချက် ဘောင်အတွင်း အကျုံးဝင်ပြီး ပုဒ်မ ၅ဝဝ ဘေး မှ ကင်းဝေးနိုင်ကြမည် ဖြစ်ပါ ကြောင်း၊ စေတနာလောင်းကာ တင်ပြလိုက်ရပါတယ်။

မောင်မြတ်ထွန်း

News from : POPULAR NEWS
Post By : Aye Chan Mon
ပွင့်လင်းမြင် သာဖြစ် လာတဲ့ မျက်မှောက် မီဒီယာကာလမှာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်တွေ ပလူပျံအောင် ထုတ်ဝေလျက်ရှိ နေတယ်။ သတ်မှတ်ချက် အရ တော့ ‘သတင်း စာ’ ဟာ နေ့စဉ် ထုတ်ဝေပြီး ဂျာနယ်ကတော့ ‘အပ
တ်စဉ်’ ထုတ်နဲ့ မဂ္ဂဇင်းဆို တာ ‘လစဉ်ထုတ်’ပေါ့။ ဒါပေမဲ့ မျက်မှောက် ကာလမှာတော့ ‘ဂျာနယ်’တွေဟာ ‘ရက်သတ္တပတ်’ ရဲ့ နေ့တိုင်းမှာ ထွက်ရှိနေပါပြီ။
အဲဒီလို ဂျာနယ် အရေအတွက် များလာတာနဲ့အမျှ ဂျာနယ်တွေ က သတင်းဦး၊ သတင်းထူးတွေ ကို ရေးသားဖော်ပြနိုင်ဖို့ အတွက် အလု အယက် အပြိုင်အဆိုင် ကြိုးစားလာကြတာ တွေ့မြင်နေ ရတယ်။ အများပြည်သူ စိတ်ပါ ဝင်စားမယ့် သတင်းဦး၊ သတင်း ထူး၊Breaking News တွေကို လက်ဦးမှုရယူကာ ဖော်ပြနိုင် ဖို့ရာ သတင်းရင်းမြစ်တွေကို ‘ကျားကုတ်ကျားခဲ’ ကြိုးပမ်း လိုက်နေကြရရှာတယ်။ ရရှိလာ တဲ့ သတင်းရင်းမြစ်ရဲ့ ခိုင်လုံ တိကျမှု မရေရာတဲ့အခါ အသွား မတော် ရင်တစ်လှမ်း၊ သတင်း ရင်းမြစ် မခိုင်လုံလို့ ငြိစွန်းရင် တော့ ပုဒ်မ ၅ဝဝ လို့ ပြောစမှတ် ပြုရတော့မယ်။ ဘာကြောင့်လဲဆို တော့ မီဒီယာ လွတ်လပ်ခွင့်ရရှိစ အရုဏ်ဦးကာလ မှာပဲ ဌာနဆိုင်ရာ (အချို့)နဲ့ ဂျာနယ်(အချို့) ငြိစွန်း ကာ တရားရုံးမှာ စိတ်မချမ်း မြေ့ဖွယ်ရာ ‘မှုခင်း’ရင်ဆိုင်နေ ကြရတဲ့အတွက် စာနယ်ဇင်း သမားတို့ အလေးထားစရာ ပုဒ်မ ၅ဝဝ ကို ရေးသားတင်ပြ လိုက်ရခြင်း ဖြစ်ပါတယ်။
အသရေဖျက်မှု မြောက်စေတဲ့ ပြဋ္ဌာန်းချက်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၉၉-း မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ ဖတ်ရှုရန် ကြံရွယ်သည့် ‘စာ’ ဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှား သောပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ လူ တစ်ဦးတစ်ယောက်၏ ‘အသရေ’ကို နစ်နာစေရန် အကြံဖြင့် သော် လည်းကောင်း၊ ထိုသူနှင့် စပ်လျဉ်း သော စွပ်စွဲခြင်းသည် ထိုသူ၏ ‘အသရေ’ ကို နစ်နာစေမည်ဟု သိလျက်နှင့်သော် လည်းကောင်း၊ ထိုသို့ ယုံကြည်ရန် အကြောင်း ရှိလျက်နှင့်သော် လည်းကောင်း ထိုသူနှင့် စပ်လျဉ်းသော စွပ်စွဲ ချက်ကိုပြုလျှင် (သို့တည်းမဟုတ်) ကြေညာလျှင် ထိုသူသည် အောက် ပါ ကင်းလွတ်ချက်များမှတစ်ပါး အဆိုပါ’လူ’၏ ‘အသရေ’ ကို ဖျက်သည် မည်၏လို့ ပြဋ္ဌာန်း ထားပါတယ်။ ပြစ်ဒဏ်နဲ့ ပတ်သက် တဲ့ ပြဋ္ဌာန်းချက်ကတော့”မည်သူ မဆို အခြားသူတစ်ဦး၏ ‘အသ ရေ’ ကို ဖျက်လျှင် ထိုသူကို (၂)နှစ်အထိ ‘အလုပ်လက်မဲ့ထောင် ဒဏ်’ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရ မည်” လို့ဖြစ်တယ်။
ပုဒ်မ ၅ဝဝ နဲ့ ပတ်သက်ပြီး စီရင်ထုံးပြုထား တာက-းပြစ်မှုပုဒ်မ ၅ဝဝ အရ တရားစွဲဆိုခြင်းမှာ ရာဇဝတ်မှုဖြစ် သည်။ ရာဇဝတ်မှုများတွင် ကာလ စည်းကမ်းသတ်မရှိ၊ စွဲဆိုလိုသော အချိန်တွင် စွဲဆိုနိုင် ခွင့်ရှိသည်။ [၁၉၆၆၊ မြန်မာနိုင်ငံတရားစီရင် ထုံးများ (တရားရုံးချုပ်) စာ ၂၁၆ ရာဇဝတ် ပြင်ဆင်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၄၉၉/၅ဝဝ ဦးသွယ်ပါ - ၂ ပြင် ဆင်ရန် လျှောက် ထားသူ] လို့ ဖြစ်ပါတယ်။ အခုလို ဥပဒေ၊ စီရင်ထုံးတွေနဲ့ တကွ တင်ပြပေးနေတာက ဥပဒေ ဆိုထုံးမှာ ‘ဥပဒေကို မသိလို့ပါ ဆိုတာကိုခွင့်မလွှတ် ”Ignorance of Law is no excuse ‘ ကိုသိရှိ စေချင်သလို တရားမျှတမှုကို လို လားသူသည် ကိုယ်တိုင်ကလည်း စင်ကြယ်သန့်ရှင်းရမယ်ဆိုတဲ့ ဥပဒေဆိုရိုး Law Maxim ကို အလေး အနက် ထားစေလိုတာကြောင့်ပါ။ အသရေဖျက်မှု မမြောက်စေ တဲ့ ကင်းလွတ်ချက် ၁ဝ ချက်ရှိ တဲ့ အနက် စာနယ်ဇင်းသမားတွေနဲ့ စပ်ဆိုင်နိုင်တဲ့ အချက် ၅ ချက် ပါဝင်နေပါတယ်။ အများပြည် သူနဲ့ စပ်ဆိုင်တဲ့ တင်ပြချက် တွေကို ‘သဘောရိုွးသသိငေအ့ နဲ့ ရေးသား ဖော်ပြတာ ရယ်၊ စာနယ်ဇင်းသမားအနေ နဲ့ အများဝေဖန်ချက်ပြုရန် အတွက် သဘောရိုးနဲ့ ထင်မြင် ချက် ရေးသားတာနဲ့ ဥပဒေအရ ပဋိညာဉ်အရ တစ်ဦးတစ် ယောက်ရဲ့ ပြုမူမှုကို သဘော ရိုးနဲ့ ဝေဖန်ထောက်ပြတာတွေ ဟာ ကင်းလွတ်ချက်မှာ အကျုံး ဝင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အသရေ ပျက်စေနိုင်တယ်လို့ သိရှိပြီးဖြစ်တဲ့ အကြောင်း အရာကို ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း ပြုလုပ်မယ်ဆိုရင်တော့ အောက် ပါ စီရင်ထုံးအရ ငြိစွန်းသွားမှာ ဖြစ်ပါတယ်။
”သတင်းစာများ တွင် ဖြစ်စေ၊ အခြားရေးသား ထုတ်ဝေသော စာစောင်အသီး သီးတွင်ဖြစ်စေ၊ တစ်ပါးသူအား အသရေပျက် စသော အရေး အသားများ ထည့်သွင်းဖော်ပြ သည့်အခါ အယ်ဒီတာများ နည်းတူ ထည့်သွင်းသူ (ရေး သားသူ) ကာယကံရှင်၌လည်း တာဝန်ရှိသည်။ [မောင်မြင့်ဦးနှင့် ပထစ (ဒေါ်သီသီ) ၁၉၇၄၊ မတစ ၆ဝ]” ဒါကြောင့် စာရေးသူ အပါ အဝင် စာနယ်ဇင်းသမားများ အနေနဲ့ မီဒီယာ လွတ်လပ်ခွင့် ကို၊ စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ တည့်မတ် တဲ့ချိန်ခွင်လျှာနဲ့ သ ဘောရိုွးသသိငေအ့ နဲ့ ‘ဝမ်း တွင်မသို ဟုတ်တိုင်းဆိုကာ’ ရေးသား တင်ပြကြပါမှသာ ကင်းလွတ်ချက် ဘောင်အတွင်း အကျုံးဝင်ပြီး ပုဒ်မ ၅ဝဝ ဘေး မှ ကင်းဝေးနိုင်ကြမည် ဖြစ်ပါ ကြောင်း၊ စေတနာလောင်းကာ တင်ပြလိုက်ရပါတယ်။

မောင်မြတ်ထွန်း

POPULAR NEWS

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis