menu

Sunday 7 October 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ဂျိမ်းစ ဘွန်းမင်းသား ရော်ဂျာမိုး မြန်မာသို့ လာမည်

Photo: ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ဂျိမ်းစ ဘွန်းမင်းသား ရော်ဂျာမိုး မြန်မာသို့ လာမည်

06 OCTOBER 2012 

ကမ္ဘာကျော် ဂျိမ်းစဘွန်း မင်းသား ရော်ဂျာမိုး သည် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် မည်ဖြစ်ကြောင်း သိရသည်။
ယခု အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်သော ဂျိမ်းစဘွန်း မင်းသား ရော်ဂျာမိုး သည် မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အားကျသူတစ်ဦးဖြစ်ပြီး အမျိုးသမီးတစ်ယောက် အနေဖြင့် ယခုကဲ့သို့ စွန့်လွှတ်အနစ်နာခံနိုင်ခြင်းကိုလည်း ချီးကျူးလေးစားရသူ တစ်ယောက်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်အတွင်းမှာ အိုင်ယာလန်နိုင်ငံ ဒက်ဗလင်မြို့ သို့ ရောက်ရှိခိုက် ရော်ဂျာမိုးသည်လည်း အဆိုပါ မြို့သို့ ရောက်ရှိနေ ခဲ့ပြီး ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံ ကာနှင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး တွေ့ဆုံရန် ပြောကြားခဲ့ကြောင်း သိရသည်။
ရော်ဂျာမိုးသည် ၎င်း၏ အပန်းဖြေ အားလပ်ရက်ကို မြန်မာနိုင်ငံ၌ အချိန် ကုန်လွန်စေမည်ဖြစ်ပြီး ရာသီဥတု သုံးမျိုးရှိသည့် မြန်မာနိုင်ငံ ကို နိုင်ငံခြားသားများ အထူးစိတ်ဝင်စားကြသည်။ ရော်ဂျာမိုးသည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေနှင့် လူသားအကျိုးပြု လုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်သူ ဖြစ်သည်။ မြန်မာနိုင်ငံသို့ လာရောက်စဉ် ရုပ်ရှင်လောကသားအချို့နှင့် တွေ့ဆုံရန်ရှိပြီး မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်ကောင်းများ၊ အဆက်အသွယ်ကောင်းများ ရှာဖွေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Thedoelwin

News from :  PYI MYANMAR
Post By : Aye Chan Mon
ကမ္ဘာကျော် ဂျိမ်းစဘွန်း မင်းသား ရော်ဂျာမိုး သည် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် မည်ဖြစ်ကြောင
်း သိရသည်။
ယခု အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်သော ဂျိမ်းစဘွန်း မင်းသား ရော်ဂျာမိုး သည် မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အားကျသူတစ်ဦးဖြစ်ပြီး အမျိုးသမီးတစ်ယောက် အနေဖြင့် ယခုကဲ့သို့ စွန့်လွှတ်အနစ်နာခံနိုင်ခြင်းကိုလည်း ချီးကျူးလေးစားရသူ တစ်ယောက်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်အတွင်းမှာ အိုင်ယာလန်နိုင်ငံ ဒက်ဗလင်မြို့ သို့ ရောက်ရှိခိုက် ရော်ဂျာမိုးသည်လည်း အဆိုပါ မြို့သို့ ရောက်ရှိနေ ခဲ့ပြီး ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံ ကာနှင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး တွေ့ဆုံရန် ပြောကြားခဲ့ကြောင်း သိရသည်။
ရော်ဂျာမိုးသည် ၎င်း၏ အပန်းဖြေ အားလပ်ရက်ကို မြန်မာနိုင်ငံ၌ အချိန် ကုန်လွန်စေမည်ဖြစ်ပြီး ရာသီဥတု သုံးမျိုးရှိသည့် မြန်မာနိုင်ငံ ကို နိုင်ငံခြားသားများ အထူးစိတ်ဝင်စားကြသည်။ ရော်ဂျာမိုးသည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေနှင့် လူသားအကျိုးပြု လုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်သူ ဖြစ်သည်။ မြန်မာနိုင်ငံသို့ လာရောက်စဉ် ရုပ်ရှင်လောကသားအချို့နှင့် တွေ့ဆုံရန်ရှိပြီး မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်ကောင်းများ၊ အဆက်အသွယ်ကောင်းများ ရှာဖွေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Thedoelwin

  PYI MYANMAR

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis