menu

Sunday 7 October 2012

ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ ၃ဦးအား အမှုဖွင့်

မန္တလေးမြို့တော်တွင် ယခုနှစ် မေလ တတိယပတ် အတွင်းက ပြုလုပ်ခဲ့သည့် လျှပ်စစ် ဓာတ်အား ပြည့်ဝစွာ ရရှိရေးအတွက် ဖယောင်းတိုင် ထွန်း၍ လူစုလူဝေးဖြင့် စီတန်း လှည့်လည်မှုတွင် ပါဝင်သူ သတင်းစာ ဆရာ တစ်ဦး အပါအဝင် ဒေသခံ သုံးဦးအား ချမ်းအေးသာစံ မြို့နယ် အမှတ် ၈ ရဲစခန်းက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေ၊ ပုဒ်မ ၁၈ြ
ဖင့် အမှုဖွင့် ထားကြောင်း မန္တလေး ဒေသခံများ ကပြောကြားသည်။

“အမဆီကို ၆ရက်နေ့က လာအကြောင်းကြားတယ်၊ စခန်းမှာ စစ်ချက်ယူမယ် ဆိုတာ၊ သူတို့ လာခေါ်တဲ့ အချိန်မှာ မအားသေးလို့ဒီနေ့မှ သွားလိုက်တယ်၊ မေးတာကတော့ ဖယောင်းတိုင် ထွန်းတုန်းက ဖြစ်စဉ်တွေကို မေးတယ်၊ အမလည်း ပြန်မေးလိုက်တယ်၊ မေ ၂၂ ရက်က ထောက်လှမ်းရေးရုံးမှာ စစ်ချက်ပေးပြီးသားလို့ ပြောတော့ စခန်းက အမှုဖွင့်တာ ရဲစစ်ချက် မရှိသေးလို့စစ်မေးတာပါလို့ ဖြေတယ်၊အမတို့ကို မေ ၂၇ ရက်ကတည်းက အမှုဖွင့်ထားတယ်လို့ စခန်းမှူးက ပြောတယ်“ဟု ဒေါ်အမာနီက ပြောကြားသည်။

မန္တလေးမြို့တွင် ဖယောင်းတိုင်ထွန်း၍ လျှပ်စစ်ဓါတ်အားများ ပြည့်ဝစွာ ရရှိရေးအတွက် ဆန္ဒ ဖော်ထုတ်မှုများ ပြုလုပ်ခဲ့စဉ်က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေ ထွက်ရှိပြီး သော်လည်း နည်းဥပဒေမှာ မထွက်ရှိသေးကြောင်း ယခုကဲ့သို့ ရဲစခန်းက နောက်ကြောင်းပြန် အရေးယူခြင်းသည် ပြည်သူလူထုကို ခြိမ်းခြောက်သည့် ပုံစံဖြစ်နေကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

စခန်းသို့လာရောက် အစစ်ခံရန် ရဲစခန်းမှ ဖုန်းဆက် အကြောင်းကြား ခဲ့သော်လည်း ကျန်းမာရေး မကောင်းသဖြင့် မလာနိုင်သေးကြောင်း အကြောင်းပြန် လိုက်သည်ဟု ယင်းဆန္ဒပြမှုတွင် ပါဝင်သူ ဦးမင်းထက်ငြိမ်းချမ်း ကဆိုသည်။

စက်တင်ဘာလ ဒုတိယပတ် အတွင်းက မုံရွာမြို့တွင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်သော ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့သော်လည်း ယင်းဆန္ဒပြပွဲတွင် ပါဝင် ခဲ့သူများကို အရေးယူမည် မဟုတ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၈၈ မျိုးဆက် ကျောင်းသားများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်တို့မှ တစ်ဆင့် ဒေသခံများအား အတည်ပြု ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis