menu

Sunday 7 October 2012

နိုင်ငံပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုမှုစွဲချက်ဖြင့် ဖိလစ်ပိုင်သမ္မတဟောင်းအာရိုယို ဖမ်းဆီးခံရ

Photo: နိုင်ငံပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုမှုစွဲချက်ဖြင့် ဖိလစ်ပိုင်သမ္မတဟောင်းအာရိုယို ဖမ်းဆီးခံရ		

SUNDAY, 07 OCTOBER 2012 11:44

၂၀၁၁ ခုနှစ်က ပြည်ပတွင်ဆေးကုရန် မနီလာလေဆိပ်မှထွက်ခွာမည့် အာရိုယို ထွက်ခွာခွင့်တားဆီးခံရစဉ်
ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုမှုအတွက် ဂလိုရီယာအာရိုယိုကို ဆေးရုံ၌ အောက်တိုဘာ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နိုင်ငံပိုင် အောင်ဘာလေရန်ပုံငွေမှ ဒေါ်လာ ၈ ဒသမ ၈ သန်းကို ကိုယ်ရေးကိုယ်တာအကျိုးအမြတ်အတွက် လွှဲပြောင်းသုံးစွဲခဲ့သည်ဟု စွပ်စွဲခံရသည့် သမ္မတဟောင်း အာရိုယိုကို ဖမ်းဆီးရန် တရားရုံးကဖမ်းဝရမ်းတစ်ခု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မနီလာရှိ စစ်ဆေးရုံတစ်ခုတွင်  ကုသမှုခံယူရန်အတွက် ဆေးစစ်မှုများပြုလုပ်နေသည့် အာရိုယိုကို ရဲများက၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အာရိုယိုသည် ရွေးကောက်ပွဲတွင် မသမာမှုပြုလုပ်မှုစွဲချက်ဖြင့် ယခုလနှစ်အစောပိုင်းတွင်  ထိန်းသိမ်းခံခဲ့ရသော်လည်း ဇူလိုင်လ၌ အာမခံဖြင့်ပြန်လည်လွတ်မြောက်ခဲ့သည်။

အာရိုယိုသည် ရွေးကောက်ပွဲတွင်ပြန်လည် ရွေးချယ်ခံရန်အတွက် လွှတ်တော်သို့စာရွက်စာတမ်းများ တင်သွင်းခဲ့ပြီးနောက် တစ်ရက်အကြာတွင်ဖမ်းဆီးမိန့် ထွက်ရှိလာခြင်းဖြစ်သည်။

အသက် ၆၅ နှစ်အရွယ်ရှိ အာရိုယိုသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဖိလစ်ပိုင်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။ အာရိုယိုသည် လက်ရှိတွင် အောက်လွှတ်တော်မှ ဥပဒေပြုအမတ်တစ်ဦး ဖြစ်သည်။ ကျောရိုးနှင့် ဆက်စပ်သောရောဂါဝေဒနာခံစားနေရသည့် အာရိုယိုသည် ခန္ဓာကိုယ်တွင်းရေဓာတ်ခန်းခြောက်မှုအတွက် ကုသမှုခံယူရန် ဆေးရုံတက်ရောက်ခြင်းဖြစ်သည်။

အာရိုယိုသည် နိုင်ငံတော်ပိုင်ရန်ပုံငွေ အလွဲသုံးစားပြုမှုစွဲချက်အပြင် ၂၀၀၇ ခုနှစ်ရွေးကောက်ပွဲ တွင်မဲမသမာမှုပြုလုပ်သည့်စွဲချက်နှင့် တရုတ်ကုမ္ပဏီတစ်ခုနှင့် broadband  သဘောတူညီမှုတစ်ခုကိုဖျက်သိမ်းမှုအပေါ် ခြစားမှုများနှင့်ပတ်သက်သည့် စွဲချက်များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ယင်းစွဲချက်အားလုံးကို အာရိုယိုက ငြင်းဆိုခဲ့သည်။

ဖိလစ်ပိုင်တွင် ငွေကြေးအလွဲသုံးစားပြုသည့်ပြစ်မှုအတွက် အာမခံမရှိဘဲ ယင်းပြစ်မှုအတွက် အများဆုံးထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။	အာရိုယိုသည် ပြည်ပတွင်ဆေးကုသမှုခံယူရန်အတွက် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာရန်ကြိုးစားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ပထမအကြိမ် ဖမ်းဆီးခံခဲ့ရသည်။

Ref:BBC

News from : Eleven Media Group
Post By : Aye Chan Mon
၂၀၁၁ ခုနှစ်က ပြည်ပတွင်ဆေးကုရန် မနီလာလေဆိပ်မှထွက်ခွာမည့် အာရိုယို ထွက်ခွာခွင့်တားဆီးခံရစဉ်
ဖိလစ်ပိုင်သမ္မတအဖြ
စ် တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုမှုအတွက် ဂလိုရီယာအာရိုယိုကို ဆေးရုံ၌ အောက်တိုဘာ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နိုင်ငံပိုင် အောင်ဘာလေရန်ပုံငွေမှ ဒေါ်လာ ၈ ဒသမ ၈ သန်းကို ကိုယ်ရေးကိုယ်တာအကျိုးအမြတ်အတွက် လွှဲပြောင်းသုံးစွဲခဲ့သည်ဟု စွပ်စွဲခံရသည့် သမ္မတဟောင်း အာရိုယိုကို ဖမ်းဆီးရန် တရားရုံးကဖမ်းဝရမ်းတစ်ခု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မနီလာရှိ စစ်ဆေးရုံတစ်ခုတွင် ကုသမှုခံယူရန်အတွက် ဆေးစစ်မှုများပြုလုပ်နေသည့် အာရိုယိုကို ရဲများက၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အာရိုယိုသည် ရွေးကောက်ပွဲတွင် မသမာမှုပြုလုပ်မှုစွဲချက်ဖြင့် ယခုလနှစ်အစောပိုင်းတွင် ထိန်းသိမ်းခံခဲ့ရသော်လည်း ဇူလိုင်လ၌ အာမခံဖြင့်ပြန်လည်လွတ်မြောက်ခဲ့သည်။

အာရိုယိုသည် ရွေးကောက်ပွဲတွင်ပြန်လည် ရွေးချယ်ခံရန်အတွက် လွှတ်တော်သို့စာရွက်စာတမ်းများ တင်သွင်းခဲ့ပြီးနောက် တစ်ရက်အကြာတွင်ဖမ်းဆီးမိန့် ထွက်ရှိလာခြင်းဖြစ်သည်။

အသက် ၆၅ နှစ်အရွယ်ရှိ အာရိုယိုသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဖိလစ်ပိုင်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။ အာရိုယိုသည် လက်ရှိတွင် အောက်လွှတ်တော်မှ ဥပဒေပြုအမတ်တစ်ဦး ဖြစ်သည်။ ကျောရိုးနှင့် ဆက်စပ်သောရောဂါဝေဒနာခံစားနေရသည့် အာရိုယိုသည် ခန္ဓာကိုယ်တွင်းရေဓာတ်ခန်းခြောက်မှုအတွက် ကုသမှုခံယူရန် ဆေးရုံတက်ရောက်ခြင်းဖြစ်သည်။

အာရိုယိုသည် နိုင်ငံတော်ပိုင်ရန်ပုံငွေ အလွဲသုံးစားပြုမှုစွဲချက်အပြင် ၂၀၀၇ ခုနှစ်ရွေးကောက်ပွဲ တွင်မဲမသမာမှုပြုလုပ်သည့်စွဲချက်နှင့် တရုတ်ကုမ္ပဏီတစ်ခုနှင့် broadband သဘောတူညီမှုတစ်ခုကိုဖျက်သိမ်းမှုအပေါ် ခြစားမှုများနှင့်ပတ်သက်သည့် စွဲချက်များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ယင်းစွဲချက်အားလုံးကို အာရိုယိုက ငြင်းဆိုခဲ့သည်။

ဖိလစ်ပိုင်တွင် ငွေကြေးအလွဲသုံးစားပြုသည့်ပြစ်မှုအတွက် အာမခံမရှိဘဲ ယင်းပြစ်မှုအတွက် အများဆုံးထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။ အာရိုယိုသည် ပြည်ပတွင်ဆေးကုသမှုခံယူရန်အတွက် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာရန်ကြိုးစားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ပထမအကြိမ် ဖမ်းဆီးခံခဲ့ရသည်။

Ref:BBC

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis