menu

Sunday 7 October 2012

တရုတ် အမျိုးသားများနှင့် လက်ထပ်လျှင် ကျပ်သိန်းပေါင်းများစွာ ရမည်ဟု စည်းရုံးကာ လူကုန်ကူးမှုများ ရှိလာ

Photo: တရုတ် အမျိုးသားများနှင့် လက်ထပ်လျှင် ကျပ်သိန်းပေါင်းများစွာ ရမည်ဟု စည်းရုံးကာ လူကုန်ကူးမှုများ ရှိလာ

06 OCTOBER 2012  

မြန်မာနိုင်ငံ အတွင်းရှိ မြန်မာ အမျိုးသမီးများကို တရုတ် အမျိုးသား များနှင့် လက်ထပ်လျှင် ငွေကြေး ကျပ်သိန်းပေါင်းများစွာ ရရှိမည်ဖြစ်ကြောင်း စည်းရုံးကာ လူကုန်ကူးမှုများ ရှိလာကြောင်း ၂၇-၉-၂၀၁၂ ရက်တွင် လူကုန်ကူးမှု တားဆီးနှိမ်းနင်းရေး အဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဦးညွန့်လှိုင် က ပြောကြားသည်။
“ကျွန်တောတို့ မြန်မာနိုင်ငံရဲ့ လူကုန်ကူးခံရတဲ့ အကြောင်းအများစုရဲ့ ၈၀ ရာခိုင်နှုန်းလောက်က တရုတ်နိုင်ငံရဲ့ တရုတ် အမျိုးသားတွေကို လက်ထပ်ဖို့ ရောင်းတာဖြစ်တယ်။ ဘာလို့လဲဆိုရင် ဒါက တရုတ်ပြည်ရဲ့ လိုအပ်ချက်လို ဖြစ်နေတယ်။ တကယ်ဆိုရင် တရုတ်မှာ လူကုန်ကူး တိုက်ဖျက်တဲ့ ဥပဒေက မရှိသေးဘူး။ ဒါပေမဲ့ သူတို့ကတော့ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ကော်မရှင်တော့ ဝင်ပြီးသွားပြီ။ တရုတ်ပြည်မှာက အမျိုးသမီးနဲ့ အမျိုးသား နှုန်းထားတွေက ကွာဟနေတယ်။ ကျေးလက်က အမျိုးသမီးတွေဆိုရင် မြို့ပြကို ထွက်ကြတယ်။ ဒီတော့ ကျေးလက်က တရုတ် အမျိုးသားတွေအတွက် အမျိုးသမီးတွေက အလိုလို လိုအပ်လာတယ်။ မြန်မာနိုင်ငံကလည်း ဒီဈေးကွက်ကို အကြောင်းပြပြီး တရုတ်အမျိုးသားနဲ့ လက်ထပ်ရမယ်၊ ကလေးတစ်ယောက် မွေးရမယ်၊ ပြီးရင် ကျပ်သိန်း ၃၀ လောက် ရမယ်၊ အိမ်ပြန်လာရမယ်ဆိုပြီး စည်းရုံးလာတယ်။ ဒါကို သဘောတူတဲ့ လူကလည်း သဘောတူတယ်။ ဒီတော့ မကြာခင် အောက်တိုဘာလမှာ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိ အစည်းအဝေး တရုတ်မှာ လုပ်မှာ ဖြစ်ပါတယ်” ဟု ယင်းက ပြောကြားသည်။
လူကုန်ကူးမှု တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ဒေါ်ဥမ္မာအိအိချောကလည်း “အခုလို လူကုန်ကူးမှုတွေ ဖြစ်နေရတာတွေကို ကျဆင်းသွားအောင် ဆိုရင်တော့ သူများနိုင်ငံတွေလို အလုပ်အကိုင် အခြေအနေတွေ ပိုပေးရမယ်။ လစာတွေလည်း သူများနိုင်ငံတွေလို ပေးမယ်။ လုပ်ရတဲ့ အလုပ်တွေကလည်း ဒီထက် ပိုများလာမယ်ဆိုရင် တခြားနေရာတွေကို သွားမှာ မဟုတ်ပါဘူး။ အမှန်တကယ်ဆိုရင် လူကုန်ကူးမှုကို လက်ခံတဲ့ နိုင်ငံနဲ့ ပို့တဲ့ နိုင်ငံ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ အခု ဒီနှစ်အတွက်လည်း ချင်းရွှေဟော် (တရုတ်ဘက်) မှာ နယ်စပ်ဆက်ဆံရေးရုံး ဖွင့်ဖို့ ရှိတယ်” ဟု ပြောကြားသည်။ လူကုန်ကူးမှု နှိမ်နှင်းရေးအတွက် ရန်ကုန်မြို့တွင်းရှိ မြို့နယ် ၄၃ မြို့နယ်မှာ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ရပ်ကွက်၊ ကျေးရွာအဆင့် စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်း လုပ်ဆောင်သည့်အတွက် အဆိုပါ မြို့များတွင် လူကုန်ကူးမှု ကျဆင်းလာသော်လည်း ယခင်နှစ်၏ ပထမ ခြောက်လတာ ကာလနှင့် ယခုနှစ် ပထမ ခြောက်လတာ ကာလ နှိုင်းယှဉ်လျှင် လူကုန်ကူးမှု အများကြီး လျော့ကျသွားခြင်း မရှိကြောင်း သိရသည်။ လူကုန်ကူးမှု နှိမ်နင်းရေး အတွက်လည်း နယ်စပ်များဖြစ်သော မူဆယ်-ရွှေလီ၊ ရွှေလီ-လွယ်ကျယ် နယ်စပ်ရုံးများကို ဖွင့်လှစ်ထားကြောင်း သိရသည်။

ပြည့်ရည်ဖူး

News from :  PYI MYANMAR
Post By : Aye Chan Mon
မြန်မာနိုင်ငံ အတွင်းရှိ မြန်မာ အမျိုးသမီးများကို တရုတ် အမျိုးသား များနှင့် လက်ထပ်လျှင် ငွေကြေး ကျပ်သိန်းပေါင်းများစွာ ရရ
ှိမည်ဖြစ်ကြောင်း စည်းရုံးကာ လူကုန်ကူးမှုများ ရှိလာကြောင်း ၂၇-၉-၂၀၁၂ ရက်တွင် လူကုန်ကူးမှု တားဆီးနှိမ်းနင်းရေး အဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဦးညွန့်လှိုင် က ပြောကြားသည်။
“ကျွန်တောတို့ မြန်မာနိုင်ငံရဲ့ လူကုန်ကူးခံရတဲ့ အကြောင်းအများစုရဲ့ ၈၀ ရာခိုင်နှုန်းလောက်က တရုတ်နိုင်ငံရဲ့ တရုတ် အမျိုးသားတွေကို လက်ထပ်ဖို့ ရောင်းတာဖြစ်တယ်။ ဘာလို့လဲဆိုရင် ဒါက တရုတ်ပြည်ရဲ့ လိုအပ်ချက်လို ဖြစ်နေတယ်။ တကယ်ဆိုရင် တရုတ်မှာ လူကုန်ကူး တိုက်ဖျက်တဲ့ ဥပဒေက မရှိသေးဘူး။ ဒါပေမဲ့ သူတို့ကတော့ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ကော်မရှင်တော့ ဝင်ပြီးသွားပြီ။ တရုတ်ပြည်မှာက အမျိုးသမီးနဲ့ အမျိုးသား နှုန်းထားတွေက ကွာဟနေတယ်။ ကျေးလက်က အမျိုးသမီးတွေဆိုရင် မြို့ပြကို ထွက်ကြတယ်။ ဒီတော့ ကျေးလက်က တရုတ် အမျိုးသားတွေအတွက် အမျိုးသမီးတွေက အလိုလို လိုအပ်လာတယ်။ မြန်မာနိုင်ငံကလည်း ဒီဈေးကွက်ကို အကြောင်းပြပြီး တရုတ်အမျိုးသားနဲ့ လက်ထပ်ရမယ်၊ ကလေးတစ်ယောက် မွေးရမယ်၊ ပြီးရင် ကျပ်သိန်း ၃၀ လောက် ရမယ်၊ အိမ်ပြန်လာရမယ်ဆိုပြီး စည်းရုံးလာတယ်။ ဒါကို သဘောတူတဲ့ လူကလည်း သဘောတူတယ်။ ဒီတော့ မကြာခင် အောက်တိုဘာလမှာ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိ အစည်းအဝေး တရုတ်မှာ လုပ်မှာ ဖြစ်ပါတယ်” ဟု ယင်းက ပြောကြားသည်။
လူကုန်ကူးမှု တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ဒေါ်ဥမ္မာအိအိချောကလည်း “အခုလို လူကုန်ကူးမှုတွေ ဖြစ်နေရတာတွေကို ကျဆင်းသွားအောင် ဆိုရင်တော့ သူများနိုင်ငံတွေလို အလုပ်အကိုင် အခြေအနေတွေ ပိုပေးရမယ်။ လစာတွေလည်း သူများနိုင်ငံတွေလို ပေးမယ်။ လုပ်ရတဲ့ အလုပ်တွေကလည်း ဒီထက် ပိုများလာမယ်ဆိုရင် တခြားနေရာတွေကို သွားမှာ မဟုတ်ပါဘူး။ အမှန်တကယ်ဆိုရင် လူကုန်ကူးမှုကို လက်ခံတဲ့ နိုင်ငံနဲ့ ပို့တဲ့ နိုင်ငံ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ အခု ဒီနှစ်အတွက်လည်း ချင်းရွှေဟော် (တရုတ်ဘက်) မှာ နယ်စပ်ဆက်ဆံရေးရုံး ဖွင့်ဖို့ ရှိတယ်” ဟု ပြောကြားသည်။ လူကုန်ကူးမှု နှိမ်နှင်းရေးအတွက် ရန်ကုန်မြို့တွင်းရှိ မြို့နယ် ၄၃ မြို့နယ်မှာ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ရပ်ကွက်၊ ကျေးရွာအဆင့် စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်း လုပ်ဆောင်သည့်အတွက် အဆိုပါ မြို့များတွင် လူကုန်ကူးမှု ကျဆင်းလာသော်လည်း ယခင်နှစ်၏ ပထမ ခြောက်လတာ ကာလနှင့် ယခုနှစ် ပထမ ခြောက်လတာ ကာလ နှိုင်းယှဉ်လျှင် လူကုန်ကူးမှု အများကြီး လျော့ကျသွားခြင်း မရှိကြောင်း သိရသည်။ လူကုန်ကူးမှု နှိမ်နင်းရေး အတွက်လည်း နယ်စပ်များဖြစ်သော မူဆယ်-ရွှေလီ၊ ရွှေလီ-လွယ်ကျယ် နယ်စပ်ရုံးများကို ဖွင့်လှစ်ထားကြောင်း သိရသည်။

ပြည့်ရည်ဖူး

 PYI MYANMAR

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis