menu

Sunday 7 October 2012

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း သမ္မတ၏ ပြင်ဆင်ချက် အရေးပေါ် အစည်းအဝေးခေါ် ဆွေးနွေးမည်

Photo: နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း သမ္မတ၏ ပြင်ဆင်ချက် အရေးပေါ် အစည်းအဝေးခေါ် ဆွေးနွေးမည်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ အောက်တိုဘာ ၈ ရက်နေ့တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူဆွေးနွေးသွားမည်ဟု ပူးပေါင်းကော်မတီမှ သိရသည်။

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသော်လည်း နိုင်ငံတော် သမ္မတမှ အချက် ၁၆ ချက်ဖြင့် ပြန်လည်ပေးပို့လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကနှင့်အတူ ပြည်သူ့လွှတ်တော်မှ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ၁၅ ဦး၊ အမျိုးသားလွှတ်တော်မှ ကော်မတီဝင် ၁၅ ဦးတို့မှ လွှတ်တော်အစည်းအဝေး မကျင်းပမီ နေပြည်တော်ရှိ လွှတ် တော်အတွင်း အစည်းအဝေးကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
...
“အစည်းအဝေး မလုပ်လို့ မဖြစ်တဲ့ အခြေအနေပါ။ နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက်နဲ့ ပေးပို့လာတဲ့ ပြင်ဆင်ချက်တွေက တိတိကျကျ မသိရသေးဘူးဆိုတော့ အစည်းအဝေးရောက်မှ ကြည့်ပြီး ကြိုတင် လေ့လာဆွေးနွေးထားမှ ရမှာပါ။ ဒါမှ ပဉ္စမအကြိမ် လွှတ်တော်မှာ ဟန်ချက်ညီညီနဲ့ အတည်ပြု သွားနိုင်မယ် ထင်ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ယင်းဥပဒေကို အတည်ပြုပြီးပါက နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများသည် အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်လာမည် ဖြစ်ပြီး ယခု အစိုးရသစ် သက်တမ်းတွင် အချိန်မီ အကောင်အထည် ပေါ်ပေါက်သွားမှသာ ဘက်စုံထောင့်စုံမှ ပြုလုပ်နေသော အစိုးရ ပြယုဂ်ကို ပီပြင်ပေါ်လွင်ရန် အထောက်အကူ ဖြစ်စေမည် ဖြစ်သောကြောင့် အမှန်တကယ် အရေးတကြီး လိုအပ်နေသော ဥပဒေ တစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတမှ ပြန်လည်ပေးပို့လာသည့် အချက်အလက်များကို ကြိုတင်လေ့လာ၍ ကော်မတီဝင်တို့၏ လေ့လာတွေ့ရှိချက်နှင့် ဖြစ်နိုင်ခြေ ရှိမည့် ကိစ္စများကို ပူးပေါင်းကာ ပြည်ထောင်စုသို့ အမြန်ဆုံး တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ သဘောထားနှင့်ပြင်ဆင်ချက်၌ ဥပဒေကြမ်း တစ်ခုလုံးရှိ အခန်း ၁၉ ခန်း၊ အပိုဒ်တစ်ခုလုံးရှိ အပိုဒ် ၅၆ ပိုဒ်တွင် ပြင်ဆင်ချက် ၁၁ ချက်နှင့် ဥပဒေရေးထုံး ပြင်ဆင်ချက် ၅ ချက် ပါဝင်ကြောင်း အကြမ်းဖျင်း သိရသည်။


News from : yatanarpon 
Post By : Aye Chan Mon
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ အောက်တိုဘာ ၈ ရက်နေ့တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူဆွေ
းနွေးသွားမည်ဟု ပူးပေါင်းကော်မတီမှ သိရသည်။

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသော်လည်း နိုင်ငံတော် သမ္မတမှ အချက် ၁၆ ချက်ဖြင့် ပြန်လည်ပေးပို့လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကနှင့်အတူ ပြည်သူ့လွှတ်တော်မှ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ၁၅ ဦး၊ အမျိုးသားလွှတ်တော်မှ ကော်မတီဝင် ၁၅ ဦးတို့မှ လွှတ်တော်အစည်းအဝေး မကျင်းပမီ နေပြည်တော်ရှိ လွှတ် တော်အတွင်း အစည်းအဝေးကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
...
“အစည်းအဝေး မလုပ်လို့ မဖြစ်တဲ့ အခြေအနေပါ။ နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက်နဲ့ ပေးပို့လာတဲ့ ပြင်ဆင်ချက်တွေက တိတိကျကျ မသိရသေးဘူးဆိုတော့ အစည်းအဝေးရောက်မှ ကြည့်ပြီး ကြိုတင် လေ့လာဆွေးနွေးထားမှ ရမှာပါ။ ဒါမှ ပဉ္စမအကြိမ် လွှတ်တော်မှာ ဟန်ချက်ညီညီနဲ့ အတည်ပြု သွားနိုင်မယ် ထင်ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ယင်းဥပဒေကို အတည်ပြုပြီးပါက နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများသည် အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်လာမည် ဖြစ်ပြီး ယခု အစိုးရသစ် သက်တမ်းတွင် အချိန်မီ အကောင်အထည် ပေါ်ပေါက်သွားမှသာ ဘက်စုံထောင့်စုံမှ ပြုလုပ်နေသော အစိုးရ ပြယုဂ်ကို ပီပြင်ပေါ်လွင်ရန် အထောက်အကူ ဖြစ်စေမည် ဖြစ်သောကြောင့် အမှန်တကယ် အရေးတကြီး လိုအပ်နေသော ဥပဒေ တစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတမှ ပြန်လည်ပေးပို့လာသည့် အချက်အလက်များကို ကြိုတင်လေ့လာ၍ ကော်မတီဝင်တို့၏ လေ့လာတွေ့ရှိချက်နှင့် ဖြစ်နိုင်ခြေ ရှိမည့် ကိစ္စများကို ပူးပေါင်းကာ ပြည်ထောင်စုသို့ အမြန်ဆုံး တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ သဘောထားနှင့်ပြင်ဆင်ချက်၌ ဥပဒေကြမ်း တစ်ခုလုံးရှိ အခန်း ၁၉ ခန်း၊ အပိုဒ်တစ်ခုလုံးရှိ အပိုဒ် ၅၆ ပိုဒ်တွင် ပြင်ဆင်ချက် ၁၁ ချက်နှင့် ဥပဒေရေးထုံး ပြင်ဆင်ချက် ၅ ချက် ပါဝင်ကြောင်း အကြမ်းဖျင်း သိရသည်။


  yatanarpon

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis