IEEE 802.11 ဟာ ဝိုင်ဖိုင်လို့ လူသိများတဲ့ ကြိုးမဲ့ကွန်ရက် နည်းပညာဖြစ်
ပါတယ်။ အခုအခါမှာတော့ အဲဒီ ဝိုင်ဖိုင်ကွန်ရက် နည်းပညာလို ခန္ဓာကိုယ်
အတွင်းမှာ သတင်းအချက်အလက်တွေေ
ပးပို့နိုင်မယ့် ဇီဝအင်တာနက်စနစ် Bi-Fi ကို စတန်းဖို့ဒ်တက္ကသိုလ်က ဇီဝအင်ဂျင်နီယာတွေက ဖန်တီးလိုက်နိုင်ပါတယ်။
ဒီစနစ်က M13 လို့ အမည်ပေးထားတဲ့ ဗိုင်းရပ်စ်ပိုး အမျိုးအစားကို အခြေခံပြီး ဖန်တီးထားတာပါ။ M13 ကို ခန္ဓာကိုယ်ထဲမှာ ထားရှိခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တွေအကြားမှာ အလုပ်လုပ်ဆောင်မှုတွေ အချက်အလက် ပို့ဆောင်မှုတွေ ပိုပြီး ကောင်းမွန်လာမယ်လို့ သိရပါတယ်။ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ဖြစ်စဉ်တွေမှာလည်း ဒီနည်းပညာက အများကြီး အသုံးဝင်လာဦးမှာပါ။ ကမ္ဘာကြီးအတွင်းမှာ ဖြစ်ပျက်သမျှ သတင်း အချက်အလက်တွေကို အင်တာနက် ကွန်ရက်တွေကနေ တစ်ဆင့် အပြန်ပြန် အလှန်လှန် ပေးပို့ ဆက်သွယ်နိုင်သလို ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေရဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဇီဝဗေဒဆိုင်ရာ ထိန်းချုပ် အလုပ်လုပ်ဆောင်မှုတွေနဲ့ သတင်း အချက်အလက်တွေ ပေးပို့ပြီး ဒီဖန်တီးမှုအသစ်က အကျိုးပြုပါလိမ့်မယ်။ M13 ကို ဖန်တီးတီထွင်သူတွေက စတန်းဖို့ဒ် တက္ကသိုလ်မှာ အလုပ်သင် ဇီဝအင်ဂျင်နီယာ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိုနီကာအော့တစ်နဲ့ လက်ထောက် ပါမောက္ခ ဒရူးအန်ဒီတို့ပဲ ဖြစ်ပါတယ်။ ဒီ M13 Bi-Fi ကွန်ရက်ချိတ်ဆက်မှုဟာ ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ သကြားဓာတ်တွေရဲ့ အနည်းအများပေါ် မူတည်ပြီး အလုပ်လုပ်ဆောင်မှု ကွဲပြားမယ်လို့လည်း သိရပါတယ်။
အနာဂတ် ရောဂါရှာဖွေရေးပိုင်းမှာ များစွာ အသုံးဝင်လာမယ်လို့ သိရပြီး ဒီ M13 ကို ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်တဲ့ အချိန်မှာ ပုံမှန် အခြေအနေနဲ့ ဘယ်လိုမှ ရှာဖွေလို့ မရနိုင်တဲ့ ဇီဝစနစ် အလုပ်လုပ်ဆောင်မှုတွေနဲ့ လတ်တလော ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တွေရဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေ အားလုံးကို သိရှိခွင့်ပေးမှာ ဖြစ်တာကြောင့်လည်း ဆေးဝါးကုသရေးနဲ့ ဆေးပညာ ကဏ္ဍအတွက် အများကြီး အကျိုးသက်ရောက်မှု ရှိစေမယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ အလုပ်သင် ဇီဝအင်ဂျင်နီယာ ဖြစ်တဲ့ အော့တစ်က “ဒီဖန်တီးမှုက ဇီဝစနစ်နဲ့ ပတ်သက်တဲ့ သုတေသန တံခါးတစ်ချပ်ကို ဖွင့်လိုက်သလိုပါပဲ။ ခန္ဓာကိုယ်အတွင်းမှာ သဘာဝအလျောက် ပြီးပြည့်စုံတဲ့ အလုပ်လုပ်ဆောင်မှုတွေ ရှိနေပါတယ်။ဇီဝအင်တာနက်စနစ်ဟာ အခုအချိန်မှာ အစောဆုံးအဆင့်မှာ ရှိနေပြီး ဆေးပညာကဏ္ဍမှာ အသုံးချမယ်လို့ ပြောထားပေမယ့် ဘာတွေ ဆက်ဖြစ်လာဦးမယ် ဆိုတာကတော့ အချိန် စောင့်ရပါဦးမယ်။ ၁၉၇၀ ပြည့်နှစ် ဝန်းကျင်မှာ စတင်ခဲ့တဲ့ သတင်း အချက်အလက် ဖြန့်ဝေပေးပို့ရေး အင်တာနက် စနစ်ဟာ လက်ရှိအချိန်လို ပုံစံအမျိုးမျိုးနဲ့ အသုံးပြုနေတာကို အဲဒီအချိန်က စိတ်ကူး ယဉ်မိခဲ့ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ Bi-Fi ကို အနာဂတ်မှာ ဘယ်လို အသုံးချကြမယ်ဆိုတာက ပြောဖို့ စောနေပါသေးတယ်” လို့ ဆိုခဲ့ပါတယ်။
ITTIMES

No comments:
Post a Comment