menu

Sunday 7 October 2012

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ 2.75G (GSM) Internet Service များ (၃ဝ)မိနစ်ခန့် ဆက်သွယ်မှု ခေတ္တဆိုင်းငံ့ရန် အသိပေးတင်ပြချက်

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၊ GSM / UMTS မိုဘိုင်းလ်တိုးချဲ့တပ်ဆင်ရေးစီမံကိန်းအရ ဆောင် ရွက်လျက်ရှိသော ရန်ကုန်မြို့ Huawei GSM / UMTS စနစ်တွင် ချိတ်ဆက်အသုံး ပြုလျက်ရှိသည့် Internet User များမှာ နေ့စဉ်နှင့်အမျှ တိုးတက်များပြာ
းလာ လျက်ရှိရာ SGSN Capacity (2.75 G) Expansion ပြုလုပ်ခြင်းကို အောက်ဖော် ပြပါ နေ့ရက်၊ အချိန်များတွင် ပြုလုပ်ဆောင်ရွက်မည် ဖြစ်ပါသည်-

နေ့စွဲ အကြောင်းအရာ ပြတ်တောက်ချိန်
၁ဝ-၁ဝ-၂ဝ၁၂ SGSN Upgrade နံနက် (ဝ၂းဝဝ) နာရီမှ
(ဗုဒ္ဓဟူးနေ့) (ဝ၂း၃ဝ)နာရီထိ(၃ဝ)မိနစ်
၁၅-၁ဝ-၂ဝ၁၂ Resource Adjustment နံနက်(ဝ၂းဝဝ)နာရီမှ
(တနင်္လာနေ့) ပြုလုပ်ခြင်း (ဝ၂း၃ဝ)နာရီထိ (၃ဝ)မိနစ်

၂။ အထက်ဖော်ပြပါအတိုင်း လုပ်ငန်းဆောင်ရွက်မည့် နေ့ရက်၊ အချိန်အတွင်း ရန်ကုန်မြို့ Huawei Network SGSN နှင့်ချိတ်ဆက်ထားသော အောက်ဖော်ပြ ပါ ဒေသများတွင် သုံးစွဲနေသော ဂျီအက်စ်အမ် တယ်လီဖုန်းများ၏ 2.75G (GSM) Internet Service များ (၃ဝ)မိနစ်ခန့် ဆက်သွယ်မှု ခေတ္တဆိုင်းငံ့မည်ဖြစ် ပါကြောင်း အသိပေးတင်ပြအပ်ပါသည်-

(က) ရန်ကုန်တိုင်းဒေသကြီး
မှော်ဘီ၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ လှိုင်၊ အင်းစိန်၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်/မြောက်/အရှေ့) ထောက် ကြန့်၊ လှည်းကူး၊ ရွှေပေါက္ကံ၊ ရွှေပြည်သာ
(ခ) ပဲခူးတိုင်းဒေသကြီး(အရှေ့/အနောက်)
(ဂ) ဧရာဝတီတိုင်းဒေသကြီး
(ဃ) တနင်္သာရီတိုင်းဒေသကြီး
(င) နေပြည်တော် (တောင်ပိုင်း)
(စ) ရခိုင်ပြည်နယ်
(ဆ) ရှမ်းပြည်နယ်(အရှေ့/တောင်)
(ဇ) ကယားပြည်နယ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

  မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis