menu

Sunday 7 October 2012

ငပုတောမြို့နယ်တွင် ဆင်စွယ်ခိုးဂိုဏ်း ဖမ်းဆီးရမိ

Photo: ငပုတောမြို့နယ်တွင် ဆင်စွယ်ခိုးဂိုဏ်း ဖမ်းဆီးရမိ
Sunday, October 07, 2012

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တောကလေး
အုပ်စု တောကြီးချောင်းအတွင်း သြဂုတ် ၈ ရက်က တောဆင်ရိုင်း အကောင်ငယ်တစ်ကောင်၊ နှာမောင်း ဖြတ်တောက်ခံရပြီး သေဆုံး၍
ေ
ရတွင် မျောနေသည်ကိုလည်းကောင်း၊ စက် တင်ဘာ ၁၈ ရက်က သစ်ပုတ်ကြိုးဝိုင်း အကွက်အမှတ်(၁၁၄) ကုက္ကိုချောင်း အတွင်း
တောဆင်အထီးတစ်ကောင် မြားဒဏ်ရာဖြင့် နှာမောင်းအရင်းမှဖြတ်
်တောက်ခံရပြီး သေဆုံးနေသည်ကို လည်းကောင်း တွေ့ရှိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ငပုတော မြို့နယ် သစ်တောဦးစီးဌာနမှ စက်တင်ဘာ ၁၇ ရက်က တရားလိုပြုလုပ်၍ မြို့မရဲစခန်း သို့ အမှုဖွင့်တိုင်ကြားခဲ့သည်။

တိုင်ကြားချက်နှင့်ပတ်သက်၍ စက် တင်ဘာ ၂၆ ရက်က တောင်ကလေး ရဲကင်းမှူး ဒုတိယရဲအုပ်ခင်မောင် ထွေးနှင့်အဖွဲ့၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ ကျုံကူးရဲစခန်းမှ ဒုတိယရဲအုပ်ကိုကို အောင်တို့ ပူးပေါင်းအဖွဲ့သည် ငပုတော မြို့နယ် ရွာသစ်ရွာနေ ဌေးမြင့် (ဘ) ဦး ညီထွေး အသက် ၅ဝ နှစ်နှင့် ငပုတော မြို့နယ် စမ်းကြီးရွာနေသူများဖြစ်သည့် ခင်မောင်မြင့် (ဘ) ဦးခင်ရီ အသက် ၃၈ နှစ်၊ မျိုးသက်အောင် (ဘ) ဦးသိန်းဝင်း အသက် ၂၂ နှစ်၊ စိုးမင်းပိုင် (ဘ) ဦးငမိုး အသက် ၂၂ နှစ်၊ မျိုးအောင် (ဘ) ဦးသိန်းဝင်း အသက် ၂၅ နှစ်၊ မောင် အေး (ဘ) ဦးဖိုးထူး အသက် ၂၉ နှစ်၊ တိုက်မောင်း (ဘ) မသိရ၊ အသက် (မသိရ)စုစုပေါင်း ခုနစ်ဦးတို့အား စစ် ဆေးခဲ့သည်။

မျိုးသက်အောင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော သက်သေခံပစ္စည်းများအား စမ်းကြီး ကျေးရွာအုပ်စု ခေါင်းဖြတ်တောင်ရှိ တဲအနီး တောတွင်းချုံများအတွင်း ဝှက် ထားသော သက်သေခံ
ပစ္စည်းများဖြစ်သည့် ပြောင်းဖြုတ်ထားသော ဒင်နှင့် ပြောင်းကာ
တွဲလျက်ရှိသော သေနတ် လေးလက်၊ သံထည်ပြောင်း ခုနစ်ခု၊ လုပ်ကျည် သုံးတောင့်၊ ကျည်ခွံသုံးခု၊ သံ ကျည်ဖူး လေးခု၊ ဘောစိ ၄၅ လုံး၊ ယမ်း စိမ်းဘူး သုံးဘူး၊ မီးကူးယမ်း/နောက်ပို့ ယမ်း ၁၃ ခု၊ တိတ်အကြည် နှစ်ခွေ၊ ပတ် တီးလိပ် တစ်ခု အသုံးပြု ပြီး ယမ်းခွေ ၇ဝ ခု၊ ဖော့ကတ်လေးခု၊ ကျည်ခွံထုတ်တံ နှစ်ချောင်း၊ ထိပ်ဖူးချွန် ပုံစံပါ ဝါးတုတ်တစ်ချောင်း
တို့အား ဖော်ထုတ် သိမ်းဆည်းရ မိခဲ့သည်။

ဖမ်းဆီးရမိသူ ခုနစ်ဦးအား ငပုတောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် စစ်ဆေးချက် များရယူဆောင်ရွက်လျက် ရှိကြောင်းနှင့် ကွင်းဆက်တရားခံများ ဖော်ထုတ် ရရှိရေး အချိန်နှင့်တစ်ပြေးညီ ဖမ်းဆီးရမိနိုင်ရေး ဥပဒေအရ ထိရောက် စွာ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြ၀တီ
ဓာတ်ပုံ - မြစ်မခ
News from :Myanmar Online News
Post By : Aye Chan Mon

Myanmar Online News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis