menu

Wednesday 3 October 2012

ဘော်လခဲ ရွာသစ်ရေတာကာစီမံကိန်းကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်အား ထိခိုက်မည်ကို KCSN စိုးရိမ်

Photo: ‎ဘော်လခဲ ရွာသစ်ရေတာကာစီမံကိန်းကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်အား ထိခိုက်မည်ကို KCSN စိုးရိမ်

ကောင်းမြတ်ဖြိုး ( မြစ်မခ )
 3 Oct, 2012

ကယားပြည်နယ်၊ ဘော်လခဲမြို့နယ်အတွင်းရှိ ရွာသစ်ရေကာတာစီမံကိန်းအား အကောင်အထည်ဖော်ရာ၌ ပွင့်လင်းမြင်သာ မှုမရှိခြင်းကြောင့် ကယားပြည်နယ်(ကရင်နီ)ငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေ နိုင်ကြောင်း Karean Civil Society Network (KCSN)  တာဝန်ခံတစ်ဦးက ဆိုသည်။

“KNPP ရဲ့လုပ်ဆောင်ချက်အားလုံးက ပြည်သူလူထုငြိမ်းချမ်းရေးရရှိဖို့အတွက် တောင်းဆိုပေးခြင်းဖြစ်တယ်၊ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ခံယူတယ်၊ ကျွန်တော်တို့ လူမှုအဖွဲ့အနေနဲ့လည်း ၀င်ရောက်လှုပ်ရှားတယ်၊ဒါပေမဲ့ အစိုးရဘက်က ပွင့်လင်းမြင်သာမှုမရှိသေးဘူးလို့ ထင်တယ်။” ဟု ကရင်နီလူမှုအဖွဲ့အစည်းများ ကွန်ယက် (Karen Civil Society Network)တာဝန်ခံ ဦးခူးမီရယ်က အောက်တိုဘာ(၂)ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ၌  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်သည်။

မေ(၄)ရက်နေ့ကလည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် အစိုးရဘက်မှဝန်ကြီးများ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အဆိုပါစီမံကိန်းအားရပ်တန့်ပေးရန် (KNPP)က တောင်းဆို ဆွေးနွေးခဲ့ကြောင်းကိုလည်းသိရသည်။

ထိုသို့ဆွေးနွေးခဲ့ပြီးနောက် သဘောတူညီချက် အချက်(၂၀) အား သဘောတူခဲ့ကြရာတွင် သဘောတူ ညီချက်(၆)၌ “ကယားပြည်နယ်အတွင်း အကောင်အထည်ဖော်မည့် ရွာသစ်စီမံကိန်းအပါအ၀င် အကြီးစား စီမံကိန်းများကို အများပြည်သူလူထု လူမှုအသင်းအဖွဲ့များအား လေ့လာခွင့်ပြုရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန်အတွက် အသိပေးသွားရန် သဘောတူသည်။” ဟူ၍ ပါသည်။

ထို သဘောတူညီချက်(၆) အရ KCSN မှ ရွာသစ်ရေကာတာစီမံကိန်းသို့ စက်တင်ဘာက(၂၅)ရက်နေ့က လေ့လာရန်ရောက်ရှိခဲ့ပြီး လုံခြုံရေးယူထားသော တပ်မ(၅၅)နှင့်တွေ့ဆုံကာ တပ်မ၏အထက်ညွှန်ကြားမှု ကိုစောင့်ဆိုင်းသော်လည်း တစ်စုံတစ်ရာထူးခြားမှုမရှိခဲ့သဖြင့် နှစ်ညအိပ် သုံးရက်ခရီးဖြင့် ပြန်လှည့်ခဲ့ရသည်။

ထိုရွာသစ်ရေကာတာကိစ္စကဲ့သို့သော ကိစ္စရပ်များမှာ လောပိတရေအားလျှပ်စစ် တည်ဆောက်ချိန်က တစ်ချိန်နှင့် ၂၀၁၃ တွင် အထက်ပေါင်းလောင်းဆည် ရေစတင်လှောင်မည်ဖြစ်ခြင်းကြောင့် ကျေးရွာစုစုပေါင်း (၂၂)ရွာနှင့် အိမ်ထောင်စုပေါင်း (၇၀၀၀) ခန့် ရွှေ့ပြောင်းရဖွယ်ရှိကြောင်း သိရသည်။

ယခင်တပ်မတော်အစိုးရအနေဖြင့် ၂၀၁၀ ခုနှစ်တွင် တရုတ်အစိုးရပိုင်(ယူနာပြည်နယ်အခြေစိုက်) Datang companyနှင့် ရေကာတာ (၃)ခု ဆောက်လုပ်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်းကိုလည်း သိရသည်။

ထို ရေကာတာ (၃)ခုတွင် ရွာသစ်ရေကာတာသည် မီဂါဝပ် ၆၀၀၊ ပွန်ချောင်း တွင် ၁၃၀ မီဂါဝပ်နှင့် တစ်ဘက် ချောင်း(ရှမ်း-ကယားနယ်စပ်)တွင် ၁၁၀ မီဂါဝပ် စီမံကိန်းတို့ဖြစ်သည်။

အဆိုပါ ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက်အား (၂၀၀၉ )ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ကယား(ကရင်နီ)လူမျိုးများ၏ အရေးကိစ္စများ၌ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်း ခဲ့ကြောင်းကိုလည်း သိရသည်။

News from: Myit Makha Mediagroup
Post by အေးချမ်းမွန်‎
ကယားပြည်နယ်၊ ဘော်လခဲမြို့နယ်အတွင်းရှိ ရွာသစ်ရေကာတာစီမံကိန်းအား အကောင်အထည်ဖော်ရာ၌ ပွင့်လင်းမြင်သာ မှုမရှိခြင်း
ကြောင့် ကယားပြည်နယ်(ကရင်နီ)ငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေ နိုင်ကြောင်း Karean Civil Society Network (KCSN) တာဝန်ခံတစ်ဦးက ဆိုသည်။

“KNPP ရဲ့လုပ်ဆောင်ချက်အားလုံးက ပြည်သူလူထုငြိမ်းချမ်းရေးရရှိဖို့အတွက် တောင်းဆိုပေးခြင်းဖြစ်တယ်၊ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ခံယူတယ်၊ ကျွန်တော်တို့ လူမှုအဖွဲ့အနေနဲ့လည်း ၀င်ရောက်လှုပ်ရှားတယ်၊ဒါပေမဲ့ အစိုးရဘက်က ပွင့်လင်းမြင်သာမှုမရှိသေးဘူးလို့ ထင်တယ်။” ဟု ကရင်နီလူမှုအဖွဲ့အစည်းများ ကွန်ယက် (Karen Civil Society Network)တာဝန်ခံ ဦးခူးမီရယ်က အောက်တိုဘာ(၂)ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်သည်။

မေ(၄)ရက်နေ့ကလည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် အစိုးရဘက်မှဝန်ကြီးများ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အဆိုပါစီမံကိန်းအားရပ်တန့်ပေးရန် (KNPP)က တောင်းဆို ဆွေးနွေးခဲ့ကြောင်းကိုလည်းသိရသည်။

ထိုသို့ဆွေးနွေးခဲ့ပြီးနောက် သဘောတူညီချက် အချက်(၂၀) အား သဘောတူခဲ့ကြရာတွင် သဘောတူ ညီချက်(၆)၌ “ကယားပြည်နယ်အတွင်း အကောင်အထည်ဖော်မည့် ရွာသစ်စီမံကိန်းအပါအ၀င် အကြီးစား စီမံကိန်းများကို အများပြည်သူလူထု လူမှုအသင်းအဖွဲ့များအား လေ့လာခွင့်ပြုရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန်အတွက် အသိပေးသွားရန် သဘောတူသည်။” ဟူ၍ ပါသည်။

ထို သဘောတူညီချက်(၆) အရ KCSN မှ ရွာသစ်ရေကာတာစီမံကိန်းသို့ စက်တင်ဘာက(၂၅)ရက်နေ့က လေ့လာရန်ရောက်ရှိခဲ့ပြီး လုံခြုံရေးယူထားသော တပ်မ(၅၅)နှင့်တွေ့ဆုံကာ တပ်မ၏အထက်ညွှန်ကြားမှု ကိုစောင့်ဆိုင်းသော်လည်း တစ်စုံတစ်ရာထူးခြားမှုမရှိခဲ့သဖြင့် နှစ်ညအိပ် သုံးရက်ခရီးဖြင့် ပြန်လှည့်ခဲ့ရသည်။

ထိုရွာသစ်ရေကာတာကိစ္စကဲ့သို့သော ကိစ္စရပ်များမှာ လောပိတရေအားလျှပ်စစ် တည်ဆောက်ချိန်က တစ်ချိန်နှင့် ၂၀၁၃ တွင် အထက်ပေါင်းလောင်းဆည် ရေစတင်လှောင်မည်ဖြစ်ခြင်းကြောင့် ကျေးရွာစုစုပေါင်း (၂၂)ရွာနှင့် အိမ်ထောင်စုပေါင်း (၇၀၀၀) ခန့် ရွှေ့ပြောင်းရဖွယ်ရှိကြောင်း သိရသည်။

ယခင်တပ်မတော်အစိုးရအနေဖြင့် ၂၀၁၀ ခုနှစ်တွင် တရုတ်အစိုးရပိုင်(ယူနာပြည်နယ်အခြေစိုက်) Datang companyနှင့် ရေကာတာ (၃)ခု ဆောက်လုပ်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်းကိုလည်း သိရသည်။

ထို ရေကာတာ (၃)ခုတွင် ရွာသစ်ရေကာတာသည် မီဂါဝပ် ၆၀၀၊ ပွန်ချောင်း တွင် ၁၃၀ မီဂါဝပ်နှင့် တစ်ဘက် ချောင်း(ရှမ်း-ကယားနယ်စပ်)တွင် ၁၁၀ မီဂါဝပ် စီမံကိန်းတို့ဖြစ်သည်။

အဆိုပါ ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက်အား (၂၀၀၉ )ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ကယား(ကရင်နီ)လူမျိုးများ၏ အရေးကိစ္စများ၌ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်း ခဲ့ကြောင်းကိုလည်း သိရသည်။

Myit Makha Mediagroup

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis