menu

Wednesday 3 October 2012

အမျိုးသမီးငယ် တစ်ဦး ကာဘော်လစ်ဆီသောက် သေဆုံး

ရန်ကုန် ၊အောက်တိုဘာလ ၃

သံလျင် မြို့နယ် ဖားကူး ကျေးရွာတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး ကာဘွန်လစ်ဆီ သောက်၍ သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။
...
အဆိုပါမိန်းကလေးမှာ ဖားကူးကျေးရွာတွင်နေထိုင်ကာ ဈေးရောင်း လုပ်ကိုင်သူ တစ်ဦး ဖြစ်ပြီး၊ ချစ်သူဖြစ်သူက

မကြာခင်ရက်ပိုင်းအတွင်းက လမ်းခွဲခဲ့ကြောင်း၊ အလုပ်လုပ်ကိုင်သော ကုန်စုံဆိုင်မှ ကာဘွန်လစ်ဆီ ပုလင်းအား ယူ၍ နေအိမ်တွင် သောက်သုံးခဲ့ခြင်း ဖြစ်သည်ဟု မှုခင်း မှတ်တမ်းများအရ သိရသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်းအမှတ် ၃/၁၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သရက်ပင်ချောင် ရဲစခန်းထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis