menu

Wednesday 3 October 2012

SKY Net လိုင်း ၁၁လိုင်းလုံးမရသေး

Photo: ‎SKY Net လိုင်း ၁၁လိုင်းလုံးမရသေး

ရန်ကုန် အောက်တိုဘာ ၃
ှ
Sky Net ရုပ်သံလိုင်းမှ ယခုလ ၁ရက်နေ့တွင် ရုပ်သံလိုင်း ၁၁လိုင်းတိုးချဲ့ပြသမည်ဟုထုတ်ပြန်ထားသော်လည်း လက်ရှိတွင် ရုပ်သံလိုင်း သုံးလိုင်းသာထုတ်လွှင့်နေကြောင်းသိရသည်။
အောက်တိုဘာလ ၁ရက်နေ့ မှ စတင်၍ Thaicoms ဂြိုလ်တုမှ Apstar 7 ဂြိုလ်တုသို့ပြောင်းလဲ တပ်ဆင်သူများအား ရုပ်သံကြည့်ရှု့ခွင့် အခမဲ့တစ်လနှင့် ရုပ်သံလိုင်း ၁၁လိုင်းအား တို့ချဲ့ကြည့်ရှုခွင့် ပေးမည်ဟု Sky Net မှ စက်တင်ဘာလတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

တိုးချဲ့ပြသနိုင်ခြင်းမရှိဘဲ Nickelodeon ,MTV SEA နှင့် MU tv ရုပ်သံလိုင်း သုံးလိုင်းကိုသာထုတ်လွှင့်ထားသည်။ယင်းသို့ ထုတ်လွှင့်ပေးရာတွင်လည်း Auto Scan ပြုလုပ်မှသာကြည့်ရှုနိုင်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ Sky Net ရုံးချုပ်အားမေးမြန်းရာ တာဝန်ရှိသူတစ်ဦးက ချက်ချင်း ၁၁လိုင်းကြည့်ရှုခွင့် ရရှိဦးမည်မဟုတ်ကြောင်း၊ တဖြည်းဖြည်းချင်းသာ တိုးချဲ့ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းရုပ်သံလိုင်း ၁၁လိုင်းအားလုံးမည်သည့် အချိန်တွင် အပြီးသတ်ထုတ်လွှင့်ပေးမည်ဆိုသည်ကို မပြောပြနိုင်သေးကြောင်းပြောသည်။

PN 052

News from: Popular Myanmar News Journal
Post by အေးချမ်းမွန်‎
ရန်ကုန် အောက်တိုဘာ ၃

Sky Net ရုပ်သံလိုင်းမှ ယခုလ ၁ရက်နေ့တွင် ရုပ်သံလိုင်း ၁၁လိုင်းတိုးချဲ့ပြသမည်ဟုထုတ်ပြန်ထားသော်လည်း လက်ရှိတွင် ရုပ်သံလိုင်း သုံးလိုင်းသာထုတ်လွှင့်နေကြောင်းသိရသည်။
အောက်တိုဘာလ ၁ရက်နေ့ မှ စ
တင်၍ Thaicoms ဂြိုလ်တုမှ Apstar 7 ဂြိုလ်တုသို့ပြောင်းလဲ တပ်ဆင်သူများအား ရုပ်သံကြည့်ရှု့ခွင့် အခမဲ့တစ်လနှင့် ရုပ်သံလိုင်း ၁၁လိုင်းအား တို့ချဲ့ကြည့်ရှုခွင့် ပေးမည်ဟု Sky Net မှ စက်တင်ဘာလတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

တိုးချဲ့ပြသနိုင်ခြင်းမရှိဘဲ Nickelodeon ,MTV SEA နှင့် MU tv ရုပ်သံလိုင်း သုံးလိုင်းကိုသာထုတ်လွှင့်ထားသည်။ယင်းသို့ ထုတ်လွှင့်ပေးရာတွင်လည်း Auto Scan ပြုလုပ်မှသာကြည့်ရှုနိုင်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ Sky Net ရုံးချုပ်အားမေးမြန်းရာ တာဝန်ရှိသူတစ်ဦးက ချက်ချင်း ၁၁လိုင်းကြည့်ရှုခွင့် ရရှိဦးမည်မဟုတ်ကြောင်း၊ တဖြည်းဖြည်းချင်းသာ တိုးချဲ့ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းရုပ်သံလိုင်း ၁၁လိုင်းအားလုံးမည်သည့် အချိန်တွင် အပြီးသတ်ထုတ်လွှင့်ပေးမည်ဆိုသည်ကို မပြောပြနိုင်သေးကြောင်းပြောသည်။

PN 052
Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis