menu

Wednesday 3 October 2012

အဓိကရုဏ်းကြောင့် လူသေဆုံးခဲ့သည့် ရှားခဲကြီးအင်း အများလုပ်ကိုင်နိုင်အောင် လေလံကြေးလျော်ပြီ

အဓိကရုဏ်းကြောင့် လူ သုံးဦး သေဆုံးခဲ့သော ရှားခဲကြီးအင်းကို အများလုပ်ကိုင်နိုင်သည့် ဘုံစားအင်းအဖြစ်သို့ သတ်မှတ်ပေးလိုက်သည်ဟု ဧရာဝတီတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။

စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျုံပျော်မြို့နယ်၊ ရှားခဲကြီး အင်း ကျေးရွာ၌ ဒေသခံရေလုပ်သားများ နှင့် လေလံအောင်ထားသည့် ဝိုင်း ဝိုင်းလည် က
ုန်ထုတ်သမအသင်း တို့ကြား ရှားခဲကြီးအင်း လုပ်ကိုင် ခွင့်အပေါ် အခြေခံ၍ အဓိကရုဏ်း ဖြစ်ပွားခဲ့ရာလူသုံးဦး သေဆုံး၍ နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဝန်ကြီးချုပ် ဦးသိန်း အောင်နှင့် အဖွဲ့သည် ရှားခဲကြီး၊ ရှားခဲလေးရွာသို့ ရောက်ရှိလာပြီး ဘုံစားအင်းအဖြစ် လုပ်ကိုင်ခွင့်ပြု မည် ဖြစ်ကြောင်း၊ ပြဿနာများနှ င့် သေဆုံးမှု အပေါ် တရားဥပဒေအ တိုင်းဖြေရှင်းသွားမည်ဟု အေးအေး ချမ်းချမ်း ဖြေရှင်းကြရန် ပြောကြားခဲ့ ကြောင်း ဒေသခံတစ်ဦးက ပြော သည်။ ”ဘဏ္ဍာငွေ နစ်နာရင် နစ်နာ ပါစေ။ လေလံအောင်ထားတဲ့သူကို ၆၅ သိန်း ပေးလျော်ပြီးဖြစ်ပွားပြီး နောက်ရက်အတွင်းမှာပဲ ဘုံစားအင်း အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။
ဒေသခံ ရေလုပ်သားများသည် သြဂုတ်လ ၁၅ ရက်နေ့တွင်လည်း ကောင်း၊ စက်တင်ဘာလ ၂၂ ရက် နေ့နှင့် ၂၃ ရက်နေ့တို့တွင်လည်း ကောင်း ဝိုင်းဝိုင်းလည် ကုန် ထုတ် သမအသင်းအား ဝင်ရောက်ဖျက် ဆီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့ည၌ ဖြစ်ပွားခဲ့သည့် အဓိက ရုဏ်း၌ ရဲတပ်ဖွဲ့ဝင်များ၏ သေနတ် ဖြင့် ပစ်ခတ်မှြုေ ကာင့် လူသုံးဦး သေ၍ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။”ဒေသခံ ရေလုပ်သားအဖွဲ့ထဲ က တလုပ် ဆိုတဲ့ သူက စက်တင် ဘာလ ၂၇ ရက်နေ့ည ၇ နာရီ လောက်မှာ အရက်မူးပြီး အရန်မီး သတ်က မီးသတ်ဗိုလ်ရဲ့ အိမ်ထဲကို ဝါးရင်းတုတ်နဲ့ဝင်ရိုက်လို့ မီးသတ် ဗိုလ် ခေါင်းကွဲသွား တယ်။ ပြီးတော့ သူကအိမ်အပြင်ဘက်ကို ဓားကိုင် ထွက်ပြီး ဝိုင်းဝိုင်းလည် ကုန်ထုတ် သမအသင်းကလူတွေကို စိန်ခေါ် နေလို့ ရပ်ကွက်ရုံးက သူ့ကိုခေါ်ပြီး ဖျောင်းဖျ တယ်။ သူလည်း ရပ်ကွက် ရုံးက ပြန်ရောလမ်းမှာ ဝိုင်းဝိုင်းလည် သမအသင်းက လူတွေရောက်လာ ပြီး သူ့ကိုတုတ်တွေနဲ့ ဝိုင်းရိုက်ကြ တော့တာပဲ။ နောက်ရပ်ကွက်ရုံးက လူတွေက သူ့ကို ရုံးထဲပြန်ခေါ်သွား တဲ့အချိန်မှာ သူ့ရဲ့သမီးက သူ့ အဖေကို လူအုပ်နဲ့ဝိုင်းရိုက်နေတာ မြင်တဲ့အတွက် ရွာထဲက လူတွေကို လာပြောလို့ ရပ်ကွက်ရုံးကို လိုက် သွားကြတယ်”ဟု ၄င်းက ဆို သည်။ထို့နောက် အဆိုပါ ရိုက်နှက်မှု ဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဒဏ်ရာအပြင်းအ ထန်ရရှိထားသူ တလုပ် အား ဆေးရုံ သို့ပို့ရန် ပြင်ဆင်နေစဉ် ဒေသခံ ရေလုပ်သားအဖွဲ့ ရောက်ရှိလာ ကြောင်း၊ ¤င်းအဖွဲ့၏ လူအင်အား ၂ဝဝ ခန့်ကရဲတပ်ဖွဲ့ဝင်များအား ဝိုင်း၍ တလုပ်(ခ)ဝင်းနိုင် အား ရဲ တပ်ဖွဲ့ဝင်များမှ ရိုက်နှက်သည်ဟု ယူဆကာ တုတ်များ၊ ခဲများဖြင့် ပစ် ပေါက်ကြကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ က သေနတ် မိုးပေါ်ထောင်ပစ်၍ လူစုခွဲရန် ထပ်မံ သတိပေးပြောကြား ခဲ့သော်လည်း မရသည့်အပြင်ရဲတပ်ဖွဲ့ဝင်များထံမှ သေနတ်အား ဝင် ရောက်လုယူရန် ကြိုးပမ်းခဲ့သည့်အ တွက် ရဲတပ်ဖွဲ့ဝင်များက လူအုပ် အတွင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ရ ခြင်းဖြစ်ကြောင်း ကျုံပျော်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ရှင်းပြ သည်။ထိုသို့ ရဲတပ်ဖွဲ့ဝင်များ၏ သေ နတ်ဖြင့်ပစ်ခတ်မှုကြောင့် အဆိုပါ နေရာ၌ ကတုံး (ခ) ကြည်သိန်းမှာ ဝမ်းဗိုက်၌ သေနတ်ကျည်မှန်ကာ နေရာ၌ သေဆုံးခဲ့ပြီး ကိုဝင်းသန်း၊ ကိုကျော်ဇင်သန်းနှင့် ကိုကျော်သန်း ဝေတို့ သုံးဦးမှာ သေနတ် ဒဏ်ရာ များ ရရှိ၍ ကျုံပျော်မြို့နယ် ဆေးရုံ သို့ တင်ပို့ခဲ့ကြောင်း၊ အလားတူ လူအုပ်စုဖြင့် ဝိုင်းဝန်းရိုက်နှက်ခြင်း ခံရသော တလုပ် (ခ) ဝင်းနိုင် ဆို သူမှာ ဟင်္သာတဆေး ရုံသို့ တင်ပို့ ရန်သွားစဉ် လမ်း၌ သေဆုံးခဲ့ ကြောင်း၊ သေနတ်ဒဏ်ရာရရှိသူများ အား ဒဏ်ရာပြင်းထန်သည့်အတွက်ကျုံပျော်ဆေးရုံမှ ပုသိမ်ဆေးရုံသို့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် လွှဲပြောင်းပို့ဆောင်ခဲ့ရာ ကိုကျော် သန်းဝေမှာ ပုသိမ်ဆေးရုံ၌ ထပ်မံ သေဆုံးခဲ့ရကြောင်း ဒေသခံရေလုပ် သားအဖွဲ့မှ ဦးစိုးက ပြောသည်။ ”တလုပ်ကို သွားခေါ်ပြီး ဆေး ရုံပို့ဖို့အတွက် ရပ်ကွက်ရုံးမှာ သွား တောင်းတာကို ရဲတွေက ဝိုင်းဝိုင်း လည် သမအသင်းက လူတွေကို အကာအကွယ်ပေးထားပြီး လူအုပ် ထဲကို သေန တ်နဲ့ပစ်လို့ ဒေသခံ တွေက ခဲတွေနဲ့ ပြန်ပစ်ရတာ”ဟု ၄င်းက ဆိုသည်။ ဒေသခံရေလုပ်သား အဖွဲ့မှ ဝိုင်းဝိုင်းလည် ကုန်ထုတ်သမအ သင်းအား မီးရှို့မည်ဟု သတင်းရရှိ ထားသည့်အတွက် မလိုလားအပ် သော ပြဿနာများ ထပ်မံမဖြစ်ပွား စေရန် ရှားခဲကြီးရွာအား သံဆူး ကြိုးများ ကာရံ၍ ရဲအင်အား ၂ဝဝ အားချထားကာ ခရိုင်ရဲမှူးကို ယ်တိုင် လုံခြုံရေးတာဝန် ယူထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ သိရသည်။

PN-020, PN-051
Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis