menu

Wednesday 3 October 2012

တစ်နာရီလျှင် မိုင် ၁ဝဝဝ ကျော် မောင်းနှင်နိုင်သည့် ဒုံးကျည် မော်တော်ယာဉ် ပထမဆုံးအကြိမ် အဖြစ် ဗြိတိန်တွင် စမ်းသပ် မောင်းနှင်မည်

Photo: ‎တစ်နာရီလျှင် မိုင် ၁ဝဝဝ ကျော် မောင်းနှင်နိုင်သည့် ဒုံးကျည် မော်တော်ယာဉ် ပထမဆုံးအကြိမ် အဖြစ် ဗြိတိန်တွင် စမ်းသပ် မောင်းနှင်မည်

ဗြိတိန် နိုင်ငံသည် နိုင်ငံတွင်းရှိ စက်မှု ပညာရှင်များ တီထွင်ထားသော ဒုံးကျည် စွမ်းအင်ဖြင့် မောင်းနှင်သွားလာ နိုင်သည
့် ခဲတံပုံ သဏ္ဌာန်ရှိ မျိုးစပ် မော်တော်ယာဉ် တစ်စင်းကို ပထမဆုံး အကြိမ်အဖြစ် နယူးကီးကွန် ဝေါလ်လေဆိပ်၌ အောက်တိုဘာ ၃ ရက် တွင် စမ်းသပ် မောင်းနှင်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အဆိုပါ ဒုံးကျည် မော်တော်ယာဉ်သည် ဒုံးကျည်နှင့် ဂျက်လေယာဉ် အင်ဂျင် နှစ်မျိုးဖြင့်မျိုးစပ်ထားသော မော်တော်ယာဉ် ဖြစ်ပြီး ပုံစံအားဖြင့် ခဲတံ တစ်ချောင်း၏ ပုံသဏ္ဌာန် ရှိကြောင်း သိရ သည်။ မော်တော်ယာဉ်၏ ကိုယ်ထည်မှာ ၁၂ ပေရှည်ပြီး အလေးချိန် ၉၉၂ ပေါင် ရှိကြောင်းနှင့် တစ်နာရီလျှင် မိုင် ပေါင်း ၁ဝဝဝ ကျော်အထိ မောင်းနှင်နိုင်ကြောင်း၊ သာမန် ဆလွန်း ကားများနှင့် ဂျက် လေယာဉ်များထက် ပိုမို လျင်မြန်စွာ မောင်းနှင်နိုင်ရန် တီထွင်ထားကြောင်း သိရသည်။

၎င်းဒုံးကျည် မော်တော်ယာဉ် တည်ဆောက်မှုကို ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ထောက်ပံ့ပေးခဲ့ပြီး ယင်း မော်တော်ယာဉ် ကြီးသည် ဥရောပတွင် ထုတ်လုပ်ခဲ့သမျှ ဒုံးကျည်နှင့် ဂျက် အင် ဂျင်တပ် မော်တော်ယာဉ်များ အနက် အကြီးဆုံး မော်တော်ယာဉ် ဖြစ်ကြောင်းနှင့် နှစ်ပေါင်း ၂ဝ အတွင်း လန်ဒန်မြို့၌ ပြုလုပ်ခဲ့သော စမ်းသပ်မှု များ၌လည်း အကြီးကျယ် ဆုံးသော စမ်းသပ်မှု တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိကြောင်း သိရသည်။

News from : မြ၀တီ
Post by  အေးချမ်းမွန်‎

  မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis