menu

Wednesday 3 October 2012

ဖားကန့်မြို့ပေါ်တွင် မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ မဂျာဆိုင်းအိန်အတွက် ဖခင်ဖြစ်သူကိုယ်တိုင် လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြား

Phar Kant (Kachin State, Burma)
စက်တင်ဘာလ ၁၃ ရက်နေ့က ဖားကန့်မြို့ ဆွတ်ငိုင်ယန်ရွာအ၀င်တွင် ပစ်ခတ်မှုများကြောင့် ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန်(အသက် ၁၄)နှစ် သေဆုံးခဲ့ရသည့်အမှုနှင့် ပတ်သက်ပြီး အဖြစ်မှန်ကို ဖော်ထုတ် အရေးယူပေးရန် ဖခင်ဖြစ်သူ ဦးဘရန်ရှောင်က မြန်မာနိ
ုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ အောက်တိုဘာလ ၁ ရက်နေ့က တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်သည် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကျောင်းဆင်းချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မဂျာဆိုင်းအိန်သည် ၎င်းတက်ရောက်နေသည့် ဖားကန့်အထက်တန်းကျောင်းမှ နေထိုင်ရာ ဆွတ်ငိုင်ယန်သို့ ပြန်လာစဉ် လမ်း၌ပစ်ခတ် မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

မဂျာဆိုင်းအိန်၏ မိဘများအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက နိုင်ငံတော်သမ္မတရုံး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၂) စစ်မဟာဗျူဟာအဖွဲ့(ဖားကန့်)နှင့် ဖားကန့်မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနသို့ စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
'ကျွန်တော်သမီးရဲ့ ဖြစ်စဉ်ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာပါ။ ကျွန်တော့်လိုပဲ တခြားသော မိဘတွေကိုလည်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံစေချင်ဘူး။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဆီကိုလည်း တိုင်ကြားစာ ဆက်ပို့ဖို့ ရှိပါတယ်။ ကျွန်တော့်သမီးကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန် ပေါ်စေချင်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့သော ဦးဘရန်ရှောင်၏ တိုင်ကြားစာတွင် ''နောက်နောင် မည်သည့်ပြည်သူလူထုကိုမျှ ဥပဒေနှင့် မညီညွတ်သော လုပ်ရပ်မျိုး မလုပ်ကြရန် တင်ပြထားပြီး တပ်မတော်သည် ကျောင်းသူ၊ ကျောင်းသားများနှင့် ပြည်သူကို ပစ်သည့် တပ်မတော်မဟုတ်ဘဲ ပြည်သူကိုကာကွယ်သည့် တပ်မတော်သာ ဖြစ်စေလိုပြီး မတည်ငြိမ်သော ဒေသများတွင် ယခုကဲ့သို့ တရားဥပဒေမဲ့ ပြုလုပ်မှုများလည်း လုံးဝမရှိစေလိုတော့ကြောင်း''ဖော်ပြထားသည်။

မဂျာဆိုင်းအိန်၏ ဖခင်ဦးဘရန်ရှောင်က ''ကျွန်တော်သမီးရဲ့ ဖြစ်စဉ်ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာပါ။ ကျွန်တော့်လိုပဲ တခြားသော မိဘတွေကိုလည်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံစေချင်ဘူး။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မ တီဆီကိုလည်း တိုင်ကြားစာဆက်ပို့ဖို့ ရှိပါတယ်။ ကျွန်တော့်သမီးကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန်ပေါ်စေချင်ပါတယ်။ လောလောဆယ်တော့ သက်ဆိုင်ရာက အကြောင်းပြန်လာတာ မရှိသေးပါဘူး''ဟု ပြောကြားခဲ့သည်။

  Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis