menu

Wednesday 3 October 2012

ဆေးတက္ကသိုလ်ကျောင်းသား ကားဖြင့်တိုက်ခံရ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အင်းလျားလိပ်ဟိုတယ်ဝင်းအတွင်းရှိ ဒီဂျေဘားတွင် ယမန်နေ့ည သန်းခေါင်အချိန်မှာ လူငယ်များ အချင်းများရာမှ ကားဖြင့် တိုက်သည့်အတွက် မောင
်ဝေအောင်အမည်ရှိ ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားမှာ ရန်ကုန်ပြည်သူ့ဆေးရုံးကြီး ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိသည်။

ဖြစ်ပွားပုံမှာ ဒီဂျေဘားတွင် လူငယ်များအချင်းများကြပြီး အဆိုပါ ဆေးကျောင်းသား မောင်ဝေအောင်နှင့်သူငယ်ချင်းများ ပြန်ထွက်လာစဉ် လူငယ်တစ်ဦးမှာ လန်ခရူဆာမော်တော်ကားဖြင့် လိုက်လံတိုက်သဖြင့် ရှောင်တိမ်းသော်လည်း မောင်ဝေအောင်ကို ၀င်ရောက်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆေးတက္ကသိုလ်ကျောင်းသား မောင်ဝေအောင်၏ ဦးလေးဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုဌေးကြွယ်က “ဒီဖြစ်စဉ်က ရမ်းကားမှုတစ်ခုပဲ။ သူ့လက်ထဲမှာ သေနတ်ရှိနေရင် သေနတ်နဲ့ ပစ်မှာပဲ။ မြန်မာပြည်မှာ ဥပဒေစိုးမိုးမှုရှိအောင် လုပ်ကြမယ်ဆိုရင် ဒီလိုကိစ္စ မျိုးတွေကို တိတိကျကျကိုင်တွယ် ကြရလိမ့်မယ်”ဟု ဆိုသည်။ အလားတူ ဦးလေးတစ်ဦးဖြစ်သူ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြိုးမင်းသိန်းက “ဒီလူငယ်လေးက ဒါမျိုးဖြစ်တာ ဒါပထမအကြိမ် မဟုတ်ဘူး။ သူ့မိဘ အ၀န်းအ၀ိုင်းက အကာအကွယ်ပေးကြတယ်။ နောက်ကြရင် ဒီထက် ပိုဆိုးသွားလိမ့်မယ်။ ဒီကလေးကို ဥပဒေဆိုတာ ဘာလဲ၊ ဥပဒေဘာကြောင့် လိုက်နာဖို့လိုအပ်သလဲဆိုတာသိအောင် လုပ်ဖို့က သူ့မိဘနဲ့ အ၀န်းအ၀ိုင်းမှာ လည်း တာဝန်ရှိတယ်”ဟု ဆိုပါသည်။

အဆိုပါကျောင်းသား မောင်ဝေအောင်မှာ ဦးခေါင်းနှင့် မျက်နှာတို့တွင် ကားတိုက်ခံရသော ဒဏ်ရာများရရှိထားပြီး ညာဘက်ညှပ်ရိုးကျိုးသွားကြောင်း သိရသည်။ ဦးနှောက်နှင့် အာရုံကြောဌာန ရန်ကုန်ဆေးရုံကြီးတွင် ကုသလျက်ရှိသည်။

Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis