menu

Wednesday 3 October 2012

ဆက်သွယ်ရေး ကဏ္ဍအား ပုဂ္ဂလိက တယ်လီဖုန်း အော်ပရေတာ တင်ဒါခေါ်ယူရေး နိုင်ငံတကာ ကုမ္ပဏီများ ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိ

Photo: ‎ဆက်သွယ်ရေး ကဏ္ဍအား ပုဂ္ဂလိက ကဏ္ဍပါဝင် ဆောင်ရွက်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေ တယ်လီဖုန်း အော်ပရေတာ တင်ဒါခေါ်ယူရေး နိုင်ငံတကာ ကုမ္ပဏီများ ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိ

အာဆီယံ ဆက်သွယ်ရေးနှင သတင်း အချက်အလက် နည်းပညာဆိုင်ရာ အရာရှိကြီးများနှင့် ဆက်သွယ်ရေး ဥပဒေပြု သူများ ကောင်စီတို့၏ ခေါင်းဆောင်များ အလွတ်သဘော အစည်း အဝေးကို ယနေ့တွင် ပုဂံမြို့ရှိ ရွှေနန်းတော် ဟိုတယ်၌ ကျင်းပသည်။

ယင်းအစည်းအဝေးမှာ ယခင်နှစ် မှစ၍ နေပြည်တော်၌ ကျင်းပခဲ့သော အာဆီယံ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးမှ တာဝန်ယူခဲ့သော ဥက္ကဋ္ဌ တာဝန်ထမ်းဆောင် နေစဉ်အတွင်း ကျင်းပသော အစည်းအဝေး ဖြစ်သည်။

အစည်းအဝေးတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်းက ယခု အစည်းအဝေး၏ ယမန်နေ့က ပြုလုပ်ခဲ့သော အာဆီယံ အိုင်စီတီဆု ရွေး ချယ်ပေးရေး နောက်ဆုံးအဆင့် ရွေးချယ်ပွဲအား အောင်မြင်စွာ ပြုလုပ်နိုင်ခြင်းကို ဂုဏ်ယူပါကြောင်း၊ အာဆီယံ၏ ရှေ့လုပ်ငန်းစဉ်များ အတွက် စီမံကိန်းများနှင့် ဘတ်ဂျက်ဆိုင်ရာ များ ကို ဆွေးနွေး ဆုံးဖြတ်ကြ စေလိုကြောင်း၊ အာဆီယံ အိုင်စီတီ ၂ဝ၁၅ ခုနှစ် စီမံကိန်း၏ အချိန်နှင့် တစ်ပြေးညီ အကောင် အထည်ဖော်မှုကို ယခု အစည်းအဝေးမှ ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါကြောင်း။

ထို့အပြင် အောက်တိုဘာ ၄ရက်တွင် ဆက်သွယ်ရေး ဥပဒေပြုသူများ အဖွဲ့နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးသူများ၏ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို ဆက်လက် ကျင်းပမည်ဟု သိရှိရကြောင်း၊ မိမိတို့ ဒေသတွင်းနှင့် နိုင်ငံအတွက် အရေးပါသော Public PrivatePartnership အား အကောင်အထည် ဖော်နိုင်ရန်အတွက် များစွာ အရေးပါသော ဆွေးနွေးပွဲ တစ်ရပ်ဖြစ်မည် ဖြစ်သဖြင့် များစွာ ဂုဏ်ယူ မျှော်လင့်မိကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍအားပုဂ္ဂလိက ကဏ္ဍပါဝင် ဆောင်ရွက်နိုင် စေရန် အတွက် ပြုပြင် ပြောင်းလဲမှု များ ကြိုးပမ်း ဆောင်ရွက်နေသည့် အချိန်အခါကောင်း ဖြစ်ကြောင်း၊များမကြာမီ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးသူများမှ ယှဉ်ပြိုင် ဆောင်ရွက်မှုများ ဆောင်ရွက်ရတော့မည် ဖြစ်ကြောင်း၊ ယခုပြုပြင် ပြောင်းလဲမှု အစ ပျိုးချိန်တွင် မိမိတို့မှ တယ်လီဖုန်း အော်ပရေတာ တင်ဒါခေါ် ယူရေးအတွက် နိုင်ငံတကာ အကြံပေး ကုမ္ပဏီများ ဖိတ်ခေါ်၍ ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါ ပြုပြင် ပြောင်းလဲမှုများနှင့် လိုက်လျော ညီထွေ ဆောင် ရွက်နိုင် မည့် ဆက်သွယ်ရေး ဥပဒေပြု အဖွဲ့များ၏ အခန်းကဏ္ဍမှာ ပိုမိုအရေး ပါလာကြောင်း၊ မိမိတို့၏ ဆက်သွယ်ရေး ဥပဒေ မှာလည်းလုပ်ထုံး လုပ်နည်း များအတိုင်း ဆောင်ရွက်ထားပြီး ပြည်သူ့ လွှတ်တော်တွင် ဖတ်ကြား ဆွေးနွေးနိုင် တော့မည် ဖြစ်ကြောင်း၊ အဆိုပါ ဥပဒေမှ ဆက်သွယ်ရေး ကဏ္ဍ ပြုပြင် ပြောင်း လဲမှုများ အတွက် အဓိကကျသော ဥပဒေ ပိုင်းဆိုင်ရာ အထောက် အကူများ ရရှိလာတော့မည် ဖြစ်ကြောင်း၊ ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံတကာမှ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များလည်း ဆောင်ရွက်နိုင် တော့မည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံ နိုင်ငံများမှ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဆိုင်ရာ အရာရှိကြီးများနှင့် ဆက်သွယ်ရေး ဥပဒေပြု ကောင်စီတို့မှ ခေါင်းဆောင်များ တက်ရောက်ကြပြီး အောက်တိုဘာ ၄ ရက် အထိ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး ဆိုင်ရာကိစ္စရပ်များကို ဥပဒေ ပြုသူများနှင့် အာဆီယံနိုင်ငံများမှ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လုပ်ကိုင်သူကုမ္ပဏီများ ပါဝင်၍ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရ သည်။

News from : မြ၀တီ
Post by အေးချမ်းမွန်‎
အာဆီယံ ဆက်သွယ်ရေးနှင သတင်း အချက်အလက် နည်းပညာဆိုင်ရာ အရာရှိကြီးများနှင့်
ဆက်သွယ်ရေး ဥပဒေပြု သူများ ကောင်စီတို့၏ ခေါင်းဆောင်များ အလွတ်သဘော အစည်း အဝေးကို ယနေ့တွင် ပုဂံမြို့ရှိ ရွှေနန်းတော် ဟိုတယ်၌ ကျင်းပသည်။

  မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis