menu

Thursday 30 August 2012

အိမ်သာသော နေ့များဆီသို့(ရေးသားသူ-မောင်သာချို)


 (တစ်)
ဝတ္ထုဆန်ဆန်၊ ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တို့နှင့် တင်းကျမ်း ပြည့်နှက်နေသည့်အတွက် ခေတ် သစ်သမိုင်းဆရာတို့အနေနှင့် လုံး စေ့ပတ်စေ့ ဘ၀င်ကျနိုင်စရာအ ကြောင်းမရှိသော ''ဦးကုလား မဟာရာဇ၀င်ကြီး''၏ အလိုအရ ဆိုလျှင်ဖြင့် ပုဂံဘုရင်တစ်ပါး၏ ကျဆုံးခန်းသည် ရေအိမ်နှင့်ပတ် သက်နေပါလေသည်။ ဟုတ်ပါ သည်ရေအိမ်။ သည်နေ့အိမ်သာ ဟု ခေါ်ဝေါ်သုံးနှုန်းနေကြသည့် ရေအိမ်။
    ပုဂံခေတ်က ခမည်းတော် အလောင်းစည်သူမင်းကိုသေအံ့ မူးမူး အခြေအနေသို့ ရောက်ရှိနေ သည် မှန်ပါလျက် ဘုရင်အမြန် ဖြစ်လိုဇောဖြင့် လုပ်ကြံခဲ့သည်ဆို သော အဖသတ်သား နရသူ၊ နောင်တော်မင်းရှင်စောကို လုပ် ကြံခဲ့သော နရသူ၊ နာမည်ကျော် ဓမ္မရံကြီးဂူဘုရားကို တည်ထားခဲ့ သော နရသူ၊ ထိုနရသူ၏ မိဖုရား တစ်ပါးက ပဋိက္ကရားမင်း၏ သမီး တော်ဖြစ်ပါသည်။ ဘုရင်နရသူက ရေအိမ်သို့ဝင်လေသောအခါ သန့် သက်ရေ တစ်နည်းအားဖြင့် ကိုယ် လက်သန့်စင်ရန် ရေကိုမဆောင် ယူဘဲ ၀င်ခဲ့ရာ ပဋိက္ကရားမင်းသမီး က မယူဆောင်ရကောင်းလားဟု အပြစ်တင်ပါ၏။ ဤတွင် ဘုရင် နရသူအမျက်ထွက်ကာ ကွပ်မျက် ပါလေသည်။ ယင်းကို ပဋိက္ကရား မင်းက မကျေမနပ်ဖြစ်လေရာ ပုဏ္ဏားရှစ်ယောက်ကို ပုဂံသို့ စေ လွှတ်ပြီး နရသူကိုလုပ်ကြံခိုင်းခဲ့ကြောင်း၊ သို့ဖြင့် အိမ်တော်ရှင်ခေါ် နရသူခေါ် ကုလားကျမင်း နတ် ရွာစံခဲ့ရကြောင်း ထိုရာဇ၀င်တို့က ဆိုကြရာ ရေအိမ်သို့ဝင်စဉ် ရေ မသုံးသည့်အတွက် ပြဿနာစခဲ့ရ ကြောင်း မြင်သာ ထင်သာရှိနေ သည့်အတွက် ပုဂံခေတ်က အိမ် သာတွေမှာ ရေသုံးနေပြီလားဟု စဉ်းစားစရာဖြစ်ပါသည်။

    ခေတ်သစ်သုတေသီတို့၏ အဆိုအရမူ အိမ်သာ၌ ရေဖြင့် သန့်စင်ခြင်းလုပ်ငန်းကို ခရစ်နှစ် ၁၇၇၅ ခုနှစ်ကမှ စသည်ဟုဆိုပါ ၏။ ထား။နောက်တစ်ခါ ရေအိမ်ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပြန်သည်က ဘိုးတော်ဘုရားပဲ ဖြစ်ပါသည်။ ကုန်းဘောင်ခေတ်၌ အလောင်း ဘုရားပြီးနောက် နန်းတက်သည့် သူ၏ ပထမသားတော် နောင် တော်ကြီးမင်းလွန်သော် ဒုတိယ သားတော် ဆင်ဖြူရှင်နန်းတက်ပါ သည်။
    ဆင်ဖြူရှင်က သားတော်စဥ့် ကူးမင်းအား အိမ်ရှေ့မင်းပေးပြီး အင်းဝ၌ နန်းစံနေခဲ့ရာ အလောင်း ဘုရား၏ တတိယသားတော်ဖြစ် သူဘိုးတော်ဘုရားသည် စစ်ကိုင်း တွင် မင်းသားဘ၀ဖြင့် အိမ်နိမ့်စံ နေခဲ့ရဖူးပါသည်။ သို့ဖြင့် နောင် သော် ဘိုးတော်ဘုရား အမရပူရ ၌ နန်းတက်ပါသည်။ ထိုအခါ စစ် ကိုင်း၌ နေရစဉ်ကသူငယ်ချင်းများ ဖြစ်ခဲ့ကြသော ဦးမှော် ဒေါ်တုတ် တို့ဇနီးမောင်နှံက နန်းတော်သို့ လိုက်ချလာခဲ့ရာ ဘိုးတော်ဘုရား က ကောင်းမွန်စွာကြိုဆိုဧည့်ခံပြီး နန်းဓလေ့ကို လိုက်လံ ပြသစဉ် ရေအိမ်လည်း ပါလာပါသည်။ ဤ တွင် ဘုရင့်ရေအိမ်တွင်း၌ ရေအင် တုံနှင့် ပိုးပ၀ါကို တွေ့ရာ ဘိုးတော် ဘုရားက အညစ်အကြေးကို ရေ ဖြင့် သန့်စင်ပြီးသော် ပိုးပ၀ါဖြင့် လက်ကို သုတ်ရကြောင်းဆိုရာ ငယ်သူငယ်ချင်းတို့က တုတ်ခ နောင်းနှင့်မှ အားရကြောင်း ပြော ဆိုပုံများကို မှော်ဘီဆရာသိန်းကြီး ၏ ပါးစပ်ရာဇ၀င်ထဲ၌ ဖတ်ခဲ့ရ သည်များကို အမှတ်ရနေမိပါ သည်။ ပါးစပ်ရာဇ၀င်ဆိုပြန်တော့ လည်း ဘိုးတော်ဘုရား အိမ်သာ တက်သောအခါ ရေသုံး၊မသုံးဆို သော ကိစ္စကို ထားလိုက်ပါလေ တော့။
    သို့သော် တစ်ခုသေချာသည် မှာကား  ကျွန်တော်တို့နိုင်ငံ၌မူ ယခုအထိ အိမ်တိုင်းအိမ်တိုင်း၌ ရေလောင်းအိမ်သာ မရှိကြသေး သလို လူတိုင်းလူတိုင်းတို့ကလည်း ရေဖြင့် ဆေးကြောသန့်စင်သမှု မပြုကြသေးခြင်းပင် ဖြစ်ပါလေသည်။
(နှစ်)
    ကွယ်လွန်သူ စာရေးဆရာ ကြီးမောင်ထင်၏ မြင်ဝါတောင် ကို ဖတ်ခဲ့ရစဉ်က မြန်အောင်၊ ကြံ ခင်းတစ်ကြော ရခိုင်ရိုးမကြီး၏ နံ ဘေးရှိ မြင်ဝါတောင်ဝန်းကျင်က ရွာကလေးများသို့ ဆရာမောင် ထင်ရောက်သွားစဉ် အိမ်သာဟူ သော ဝေါဟာရကို မကြားဖူးသ လို မျက်နှာပေးဖြင့်   ၀ိုင်းကြည့် နေခဲ့ကြပြီး သူကြီးအိမ်တစ်အိမ် ထဲ၌သာ အုပ်ချုပ်ရေးဆိုင်ရာ အ ရာရှိ အရာခံများရောက်လာပါက အသုံးပြုရန် မည်ကာမတ္တအိမ်သာ ကလေးကို မီးဖိုချောင်နှင့် တွဲထား ရာ ခြေတံရှည် မီးဖိုချောင်ဖြစ် သဖြင့် အညစ်အကြေးတို့ မြေ ပြင်ဆီကျသွားလိုက် ၀က်များက ပြေးစားလိုက်လုပ်နေပုံကို ထိုစဉ် က မြို့ပိုင်ဖြစ်သူ ဆရာမောင်ထင် သရုပ်ဖော်ရေးခြစ်ထားခဲ့ရာ ကျွန်တော်တို့ ပြုံးခဲ့ကြရဖူးပါသည်။
    တကယ်တော့ သည်နေ့အ ထိလည်း အိမ်သာဟူသည့် ဝေါ ဟာရကို နားမလည်ကြသူတွေက ကျေးလက်တောရွာတော်တော် များများမှာ ရှိနေကြပါသေးသည်။ တောထိုင်သည်ဟူသည့် သူတို့ ၏ ဝေါဟာရအတိုင်း တကယ့်ကို တောစပ်တစ်နေရာရာသို့ ပြေး ကာ အညစ်အကြေးစွန့်ခြင်း ကိစ္စ ကို ဖြေရှင်းနေကြဆဲ ရှိပါသေး သည်။ တုတ်နှင့်ရှင်းသူကရှင်း စက္ကူနှင့် ရှင်းသူကရှင်း။ မြစ်တွေ ချောင်းတွေကို အခြေခံကာ မြို့ ရွာတည်ထောင်ထားသည့် နေ ရာတွေမှာ မြစ်ကမ်း၏ ချောင်း ကမ်းစပ်ဆီမှာ အိမ်သာကလေး တွေ တန်းစီလို့။ မလှမ်းမကမ်းမှာ ဖြင့် အ၀တ်လျှော်သူကလျှော် ရေ  ချိုးသူက ချိုး။ နာမည်ကျော် အင်း လေးကန်ကြီးထဲမှာပင်လျှင် အ ညစ်အကြေးကို ကန်ထဲသို့ စွန့်နေ ရပါသေးသည်။
      အချို့အချို့သော မြို့ခပ် ရွယ်ရွယ်ကလေးတွေဆီမှာ တည်း ခိုခန်းမရှိ။ ထို့ပြင် အများသုံးသန့် စင်ခန်းမရှိ။ ရပ်ဝေးက ဧည့်သည် တစ်ယောက်ယောက်ရောက် လာပြီဆိုလျှင် ဘယ်မှာ ကိုယ်လက်သန့် စင်ရမည် မသိ။ ရန်ကုန်လိုမြို့ကြီး မှာပင်လျှင် ကမ္ဘာလှည့်ဧည့်သည် တို့အတွက် မျက်နှာမငယ်ရသော အဆင့်မြင့်အများဆုံးသန့်စင်ခန်း မရှိသေးသည်ကို အများအသိဖြစ် ပါသည်။
(သုံး)
    ကမ္ဘာကို လှမ်းမျှော်ကြည့် လိုက်တော့ အိမ်သာဇာတ်လမ်း တွေက တော်တော့ကို စိတ်ဝင် စားဖို့ကောင်းပါသည်။
    အင်္ဂလန်လက်ရွေးစင် ဘော လုံးအသင်း၏ နည်းပြဖြစ်ခဲ့သူ အဲရစ်ဆင်ဆိုလျှင် ပေါင် ၂ ဒသမ ၃ သန်းဖြင့် ၀ယ်ထားသည့် ရီးဂျန့် ပန်းခြံအနားက အိမ်တွင်သူ၏ အိမ်သာကို နံရံလေးဘက်လုံး မှန် အကြည်ဖြင့် ကာထားသည်ဟု ဆို ပါသည်။
    ကမ္ဘာကျော် အာဂျင်တီးနား အသင်း၏ တိုက်စစ်မှူးဖြစ်ခဲ့သူ မာရာဒိုနာ   ၂၀၁၀ ခုနှစ် တောင် အာဖရိကတွင် ကျင်းပသည့် ကမ္ဘာ့ဖလးပွဲသို့အလာ သူ့အိမ်သာ ကိုသူယူလာဖူးပါသည်။ E-Bidet တံဆိပ်တဲ့။ ထိုင်ခုံကို အပူပေးလို့ ရသတဲ့။ လေမှုတ်စက်၊ အခြောက် ခံစက်၊ လက်ဆေးကြွေဇလုံ၊  ရေ ဇလုံ၊ ရေတိုင်ကီ၊ ပိုက်ခေါင်းခလုတ် အကုန်ပါသတဲ့။ ၄၅၀ ဒေါ်လာ တန်သတဲ့။ မြန်မာငွေငါးသိန်း လောက်တန်သည့် ဖင်ထိုင်ခုံဟုပဲ ဆိုပါတော့။
     Nuim တံဆိပ် အိမ်သာက တော့ တော်တော်ကလေး ဈေး ကြီးပါသည်။   ရေဆွဲခလုတ်က အော်တို။ အဖုံးအဖွင့်အပိတ်က အော်တို။ ရေပန်းက အော်တို။ အ ခြောက်ခံစက်က အော်တို။ ထိုင် ခုံက ကြိုက်သလိုရွှေ့။ ခြေထောက် ကို အနွေးပေးသော စက်နှင့်။ FM လိုင်းတွေ MP3 တွေနှင့်။ ဒေါ်လာ ၆၃၀၀ ဆိုတော့ မြန်မာ ငွေသိန်း ၅၀ လောက် တန်နေသည့် ထိုင်ခုံ။
    ဇင်ဘာဘွေ သမ္မတရောဘတ်  မူဂါဘီကမူ ကုန်စည်ပြပွဲ တစ်ခုသို့ တက်ရောက်နေခိုက် သူ၏ အိမ်သာကို    လုံခြုံရေးယူရသူ ရဲဖြစ် သည့် အလိုအစ်မက်ဘ် ဟူနျူက အိမ်သာဝင်တက်သဖြင့် ထောင် ၁၀ ရက်ပင် ချပစ်ခဲ့ဖူးပါသည်။
    အိန္ဒိယနိုင်ငံကမူ အိမ်သာ စနစ်ဆိုးပုံရပါ၏။ စီးပွားရေးမြို့ တော် မွမ်ဘိုင်းရှိ ရာဖစ်နာဂါဟူ သော ရပ်ကွက်၌ မိသားစု ၂၀၀၀ လူ ၁၀၀၀၀ တွင် လက်ကိုင်ဖုန်း လူတိုင်းရှိသော်လည်း ကိုယ်ပိုင် အိမ်သာလည်း မရှိ။ အများဆုံး အိမ်သာလည်း မရှိ။ in the open ခေါ် တောထိုင်သည့်နည်းတဲ့။ အချို့ရပ်ကွက်များ၌မူ အများသုံး အိမ်သာရှိသော်လည်း တန်းစီ လျှင် တစ်နာရီခန့် စောင့်ရတတ် ပြန်လေသတဲ့။ သည်တော့ တစ်ခါ သုံးပြီးလျှင် လွှင့်ပစ်ရသည့် ဥညန့ျန အိမ်သာကလေးတွေက နှစ်ရူ
ပီးပဲပေးရလေရာ သုံးပျော်သော် လည်း ဟိုပစ်သည်ပစ်က တစ် ခက်။ လူဦးရေသန်းတစ်ထောင်တွင် ဖုန်းရှိသူက သန်း ၆၇၀၊ အိမ်သာ သုံးသူက ၃၆၆ သန်းဟုဆိုသဖြင့် လစ်သလိုကိစ္စရှင်းနေသူတွေက သန်း ၆၅၀ တောင်မှဆိုသည့် သဘော။
    တရုတ်ပြည်ကမူ အိမ်သာကို ရှေ့တွင်လည်း အကာအရံမထား၊ လူတစ်ယောက်နှင့်  တစ်ယောက် ကြားတွင်လည်း ဘာမှအကာအ ရံ မထားသဖြင့် တစ်ယောက်နှင့်  တစ်ယောက် မိမွေးတိုင်း ဖမွေး တိုင်း မြင်လျက်ကိစ္စရှင်းနေကြရ သည်မှာ တော်တော့ကို မျက်နှာ အထားရခက်ပါသည်။
    ကမ္ဘာ၌ ကမ္ဘာ့အိမ်သာအဖွဲ့ ဟူသည်ကလည်းရှိထားရာ အဖွဲ့ ခေါင်းဆောင် ဂျက်ဆင်းမ်က တရုတ်ပြည်၏ အိမ်သာစနစ်ညံ့ ဖျင်းမှုကြောင့် ကမ္ဘာ့လှည့်ခရီး သည်တို့   တွန့်ကြရွံ့ကြကြောင်း >မက်ဟခဲ့ရာ    ယခုဘေဂျင်း (Beijing)၌ သန့်စင်ခန်းများကို နာရီဝက်တစ်ခါ သန့်ရှင်းရမည်ဟူ သတတ်။ ယင်ကောင်နှစ်ကောင် ထက် မပိုရ။ ပိုသော် သန့်ရှင်းရေး ၀န်ထမ်းကို အရေးယူမည်ဟူ သတတ်။
    ကမ္ဘာပေါ်၌ ခေတ်မီသန့် ရှင်းသည့် အိမ်သာကို အသုံးပြုသူ မှာ ၂ ဒသမ ၅ ဘီလီယံသာ ရှိ သည်ဆိုရာ ကမ္ဘာ့လူဦးရေက ၆ ဘီလီယံပဲ ထားပါဦး၊ ၄ ဘီလီယံ (သို့မဟုတ်)လူဦးရေသန်း ၄၀၀၀ လောက် ဖြစ်သလို ကိစ္စရှင်းနေ သည့်သဘောပင် ဖြစ်ပါသည်။
    ဒါ့ကြောင့်များလား မသိ။ ကွန်ပျူတာသူဌေးကြီး ဘီလ်ဂိတ် က အိမ်သာကိစ္စအတွက် ငွေတွေ သုံးနေလိုက်တာ။ အိမ်သာထဲမှာ နေရောင်ဖြင့် ရေကိုပြန်သုံးနိုင်ရန် စမ်းသပ်ဖို့အတွက်     ကယ်လီ ဖိုးနီးယား နည်းပညာသိပ္ပံသို့ ဒေါ် လာတစ်သိန်း၊ အခြားတက္ကသိုလ် ရှစ်ခုသို့ ဒေါ်လာလေးသန်း၊ သန့် စင်ခန်းစနစ်ခေတ်မီ တိုးတက်ရေး စမ်းသပ်မှုအတွက် သုံးရန် ဒေါ် လာ ၃ ဒသမ ၄ သန်းတဲ့။ စုစု ပေါင်းဒေါ်လာ ၆ သန်းကျော်၊ ၇ သန်းလျာထားသည့်သဘော။ မြန်မာငွေကုဋေ ၆၀၀ ကျော်၊ ၇၀၀ သုံးမည့် အစီအစဉ်ဟုပဲ ဆို ကြပါစို့။
    ကျွန်တော်ကတော့ မြန်မာ တစ်နိုင်ငံလုံးတွင် လင်းလင်းကျင်း ကျင်းနှင့် ခြောက်သွေ့သန့်ရှင်း သည့် သန့်စင်ခန်းတွေ မလုပ်နိုင် သေးလျှင်ရှိစေ။ လူဝင်လူထွက် များပြားသည့် အထူးသဖြင့် နိုင်ငံ တကာဧည့်သည် များပြားသည့် ရန်ကုန်လို၊  မန္တလေးလို၊  တောင် ကြီးလို ပုဂံလိုမြို့များ၌ အဆင့်မြင့် သန့်စင်ခန်းကြီးတွေရှိစေချင်ပါ သည်။ မြို့တိုင်းလိုလိုတွင် အ ကောင်အထည် ဖော်နိုင်တော့  လည်း ပို၍ ကောင်းသည်ပဲပေါ့။ သို့သော် အချို့ အချို့၏ စုတ်ပြတ် ညံ့ဖျင်းလှသော စိတ်ဓာတ်တွေကို တော့ ပြောင်းလဲရမည်ဖြစ်ပါ၏။ လူဆိုသည်မှာ ကိုယ့်အညစ်အ ကြေးကို ကိုယ်သန့်စင်အောင်လုပ် ဖို့ တာဝန်ရှိပါသည်ဆိုသော မဟတ္တမဂန္ဒီ၏ စကားလောက်ကို မှ သဘောမပေါက်သူ လူ့တိရစ္ဆာန် (Animan)တွေကလည်း အများသားမဟုတ်လား။        ။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis