menu

Thursday 30 August 2012

တရားဆိုင် ဟူးကောင်း လယ်မြေများ ယုဇနက အကုန် ပြန်ပေးမည်

ယုဇနကုမ္ပဏီက သိမ်းထားသည့် ကချင်ပြည်နယ်ဟူးကောင်း ဒေသမှ တရားစွဲဆိုထားသည့် လယ်မြေများ ကို အလုံးစုံပြန် လည် ပေးမည်ဟုကုမ္ပဏီဥက္က ဦးဌေးမြင့်က ပြောကြောင်းသိရသည်။

ဩဂုတ်၃ဝရက်နေ့တွင် ရန်ကုန်မြို့အဆိုပါ ကုမ္ပဏီရုံးချုပ်ရှေ့တွင် ဟူးကောင်းဒေသခံ တောင်သူများ ဆန္ဒပြ ရန်စီစ

ဉ်ထားစဉ် ဦးဌေးမြင့်က ယင်းတောင် သူများအားခေါ်ယူညှိုနှိုင်းခဲ့ခြင်းဖြစ် ကြောင်းသည့် အတွက် ဆန္ဒပြပွဲမဖြစ် မြောက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဆောင်သူ ဒေါ်ဘောက် ဂျာကပြောသည်။

''ကျွန်မတို့ကို ဦးဌေးမြင့်က နေပြည်တော်ခေါ်ပြီး ညှိုပေးတယ်။ဒါ ကြောင့်ဆန္ဒပြပွဲ လည်း ပျက်သွား တာပါ။ သူပြောတာကတော့ ကုမ္ပဏီကို တရားစွဲထားတဲ့လယ်မြေတွေအကုန်လုံး ကိုပြန်ပေးပါ့ မယ်လို့ ပြောတယ်။ အခု တရားရုံးမှာတိုင်ထားတဲ့တောင်သူတွေ ရဲ့လယ်ဧကသုံးထောင်လောက်ကို လယ် ပြန်စိုက်လို့ရတဲ့ အခြေအနေထိ လုပ်ပေး ပါ့မယ်လို့နှုတ်ကတိတော့ ရလာပါပြီ။ အရင်က ဒီလယ်မြေပေါ်မှာ အကျိုးအမြတ် ကို တစ်ဝက်စီယူမယ်လို့ပြောပေမယ့် တောင်သူတွေဘက်က လက်မခံကြ ပါဘူး။


လယ်မြေတွေပျက်စီးသွားတဲ့အတွက်လျော် ကြေးငွေတွေကိုလည်းပြန်တောင်းထား ပါတယ် ''ဟု ယင်းကဆိုသည်။
ယုဇနကုမ္ပဏီမှ သိမ်းထား သည့်လယ်မြေပေါင်း နှစ်သိန်းကျော်ရှိရာ တွင် တရားစွဲဆို ထားသည့် လယ်ပိုင် ရှင်များ ၏ဆန္ဒအတိုင်း လယ်ပြန်စိုက်နိုင်သည့် အခြေအနေရောက်သည်အထိ ပြန်လည် ပြုပြင်ပေး ရန်အတွက် ရှေ့နေများနှင့်အတူ စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း လည်း ဒေါ်ဘောက်ဂျာ ကပြော သည်။

''ဦးဌေးမြင့်က နေပြည်တော်မှာ လွှတ်တော်တက်နေရတဲ့အတွက် နောက် တစ်ပတ်မှာ ကျွန်မတို့နဲ့ တွေ့မယ်လို့ပြော တယ်။တရားရုံးမှာ တိုင်ကြားထားတဲ့ အတွက် လယ်တွေကို လည်း တရားရုံးဆုံး ဖြတ်တဲ့ အတိုင်း လုပ်ပေးဖို့ကို တောင်းဆို ထားတယ်။သူကလည်းညှိုပေး ပါမယ်လို့ ပြောတယ်'' ဟုဒေါ်ဘောက်ဂျာ ကဆွေးနွေး ချက်များကိုရှင်းပြသည်။

အဆိုပါ လယ်မြေများကို ၂၀၀၇ ခုနှစ်တွင်ယုဇနကုမ္ပဏီက သိမ်း ယူထားကာ အဓိက ပီလောပီနံ စိုက်ပျိုးနှင့် ကြံတို့စိုက်ပျိုး ထားကြောင်းသိရသည်။
 Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis