menu

Tuesday 28 August 2012

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၃ / ၂၀၁၂ )
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်
(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်)

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(က) တို့အရ အော

က်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီး များအား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်-

(၁)ဦးခင်မောင်မြင့်
ဆောက်လုပ်ရေးဝန်ကြီးဌာန

(၂)ဦးဇော်မင်း
အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန


(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

(နိုင်ငံတော် သမ္မတရုံး ၀က်ဆိုဒ်မှ)
 ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၅ / ၂၀၁၂ )
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်
(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်)

ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉) တို့အရ ပြန်ကြား
ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်း အား သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်သည်။


(ပုံ) သိန်းစိန်

နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

(နိုင်ငံတော် သမ္မတရုံး ၀က်ဆိုဒ်မှ)
 
 ပြည်ထောင်စုစာရင်းစစ်ချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၄ / ၂၀၁၂ )
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်
(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်)

ပြည်ထောင်စုစာရင်းစစ်ချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(က)
တို့အရ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင် အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။

(ပုံ) သိန်းစိန်

နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

(နိုင်ငံတော် သမ္မတရုံး ၀က်ဆိုဒ်မှ)
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis